← Chapters

အိမ်မှာထိုင်နေသလို

Vol. 29 Ch. 421

အိမ်မှာထိုင်နေသလို

Vol. 29 Ch. 421

ထိုအချိန် မိနစ် (၃၀) မျှအတွင်း တရားသူကြီးနှင့် အကူများမှာ သေချာပေါက် အလုပ်အရှုပ်ဆုံး ဖြစ်လေသည်။ 

ယခုအမှုမှာ မည်သူပဲ ကြည့်ပါစေ ဖိအား အလွန်များပြီး အချက်အလက်များစွာ ပါဝင်၏။ နိုင်ငံတကာသိ လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီနှင့် ပြည်တွင်းပြည်ပမှ လက်ခံအားပေးသည့် အွန်လိုင်း စာရေးဆရာတို့၏ အားပြိုင်မှုတို့အပြင် အရှေ့အလယ်ပိုင်း လက်နက်ကိုင်များနှင့် အမျိုးသား လက်နက် ရှာဖွေရေးအဖွဲ့တို့၏ ပတ်သက် အာရုံစိုက်ခြင်းကိုပါ ခံနေရသည်။ 

ပြောရလျှင် လင်းချွမ် ဟားစ်စစ်တပ်မှ လီယိုကို အကူအညီတောင်း၍ သက်သေလိုက်ခံလျှင် နိုင်နိုင်ခြေ များပါသည်။ 

သို့သော် လင်းချွမ်မှာ အခြားနည်းလမ်းကို ရွေးချယ်ခဲ့၏။ 

ပြန်လည် တိုက်ခိုက်ခြင်းနည်း ဖြစ်ပါသည်။ 

ဥပဒေဖြင့် သက်သေပြလျှင် ဆာနီယာအကြောင်း ပြန်မဖော်နိုင်ဘဲ ရှုံးနိုင်၏။ 

ထို့ကြောင့် မော်ဂန်အုပ်စုမှာ AW နှင့် ဆာနီယာတို့ကို ပူးပေါင်းကာ သူ့ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်လေသည်။ 

သူ ထိုရိုက်ချက်ကို ရှောင်နိုင်လျှင်ပင် လင်းချွမ် တစ်ယောက်တည်း ဆုံးရှုံးမှုကို ခံစားရမည် မဟုတ်ပေ။ 

တစ်ဖက်မှ တိုက်ခိုက်လျှင် သူလည်း ရိုက်ချရမည်။ 

ထို့အပြင် ယခုရိုက်ချက်မှာ သွေးကြွေးဆပ်ခြင်းပင်။ 

သူ့သဘာဝမှာ နူးညံ့၊ သိမ်မွေ့၊ သန့်ရှင်း၊ လန်းဆန်းနေတတ်သော်လည်း တစ်ချိန်တည်းတွင် အဆုံးမဲ့ ရက်စက်တတ်ပါသည်။ 

ထိုအခြေအနေမှာတော့ သူ့ကို သွားရှုပ်မိလျှင် ဖြစ်ပါသည်။ 

ထို့ကြောင့် လင်းချွမ် လူးကပ်စ်ကွန်ပျူတာထဲ ခိုးဝင်၍ နတ်ဘုရားမျက်လုံးဖြင့် မော်ဂန်အုပ်စုအကြောင်းများ စုံစမ်းထားခြင်း ဖြစ်၏။ 

သက်သေအကြောင်း ပြောချင်တာလား။ 

ကောင်းပြီလေ။ ဘယ်သူက ပိုအရည်အချင်း ရှိလဲ ကြည့်ကြသေးတာပေါ့။ 

လင်းချွမ်၏ ပုံရိပ်ယောင်လောကတွင် ရှေးဟောင်းပစ္စည်းအတု ပြုလုပ်ခဲ့ဖူးပြီး မည်သူမျှ အတုဟု မထင်လျှင် အစစ်သာ ဖြစ်ပါသည်။ 

သူ့အတွက် သက်သေဆိုသည်မှာ ထိုအဓိပ္ပာယ်ပင်။ 

လင်းချွမ် အကောင်းဆုံး သက်သေကို ရေးဆွဲထားပြီး သူ အကွက်ဆင်ထားမှန်း သိသွားလျှင်ပင် သက်သေအတု၏ နောက်ကြောင်းကိုတော့ လိုက်နိုင်မည် မဟုတ်။ 

ကင်မရာဖြင့် စောင့်ကြည့်ခြင်းမှ လွဲလျှင်ပေါ့။ 

လင်းချွမ်၏ အခင်းဖန်တီးခြင်း အရည်အချင်းမှာ အထင်သေး၍ မရပေ။ ထို့ကြောင့် ကားလ်ကဲ့သို့ ထိပ်တန်း ဟက်ကာပင် သူ့လှုပ်ရှားမှုကို သတိမထားမိခဲ့ခြင်း ဖြစ်၏။ 

သူ့နည်းလမ်းများကိုလည်း အသိအမှတ်ပြုမည် မဟုတ်ကြချေ။ 

လင်းချွမ်နှင့် မော်ဂန်အုပ်စုတို့ကြားမှ ထိပ်တိုက်တွေ့ဆုံမှုသာ ဖြစ်ကာ တရားမျှတမှု၊ လူကြီးလူကောင်းဆန်မှုများ မလိုအပ်ပေ။ မော်ဂန်အုပ်စုကဲ့သို့ နာမည်ကြီးကုမ္ပဏီအနေဖြင့် ဟာသဟုပင် ထင်ရသည်။ 

သူတို့ကို လုံးဝ ဝင်ရှုပ်လိုက်ခြင်း ဖြစ်၏။ 

လင်းချွမ်မှာ တည်ငြိမ်စွာ ရှိနေသည်။ 

သူ အမှန်တရားကို ဖော်ထုတ်ခြင်းထက် သူ့ကိုယ်သူသာ ကိုယ်စားပြု၍ အလွန်ဆုံး အမျိုးသား လက်နက်ရှာဖွေရေးအဖွဲ့အတွက်သာ အကျိုးအမြတ် ရှာပေးခြင်း၊ ရန်ပုံငွေရှာခြင်း၊ အမြှောက်များစွာ ထုတ်လုပ်ခြင်းတို့ကိုသာ ဆောင်ရွက်ပေးမည် ဖြစ်၏။ 

တရားရုံးကွင်းပြင်ထဲတွင် လေညင်းအေးအေးများ တိုက်ခတ်နေပြီး ပြတင်းပေါက် တစ်ဝက် ဖွင့်ထားသောကြောင့် တရားရုံး အခန်းထဲ ဝင်ရောက်လာကြသော်လည်း အခြေအနေ တင်းမာမှုများကိုတော့ မလျှော့ချနိုင်ပေ။ 

ဆာနီယာကုမ္ပဏီ၏ ကိုယ်စားလှယ် စတိဗ်သည် ခပ်တောင့်တောင့် ထိုင်လျက် မျက်လုံးများက တုန်လှုပ်ခြောက်ခြားကာ အသက်ရှူ အလွန်မြန်နေသည်။ 

သူ့ဘေးမှ ရှေ့နေသည်လည်း မျက်လုံးပြူးလျက် ဘာပြောရမည်မသိ ဖြစ်နေလေ၏။ 

အတွေ့အကြုံရှိသော ထိုရှေ့နေပင် အခြေအနေကို နားမလည်နိုင်တော့ဘဲ တရားခွင်၌ စွံ့အနေမိသည်။ 

အထူးသဖြင့် သူတို့ကို အပြင်လောကနှင့် အဆက်အသွယ် ဖြတ်ထားလေသည်။ 

ပုံမှန်အားဖြင့်တော့ ဥပဒေမချိုးဖောက်မချင်း အပြင်အဖွဲ့နှင့် ဆက်သွယ်နိုင်သော်လည်း ယခုအခါ ရုံးအပြင်ဘက်၌ ထောင်စောင့်များကဲ့သို့ လုံခြုံရေးများစွာ ရှိနေပြီး ဖုန်းကဲ့သို့ ဆက်သွယ်ရေး ပစ္စည်းများကိုလည်း သိမ်းထားပြီးဖြစ်သည်။ 

မည်သူမျှ ထွက်မပြေးနိုင်စေရန် အထူးအခြေအနေဖြင့် စောင့်ကြပ်နေခြင်း ဖြစ်၏။ 

ဆာနီယာအဖွဲ့အတွက်တော့ အလွန်အန္တရာယ်ရှိနေသော အမှတ်အသား ဖြစ်နေသည်။ 

ဟူး…

စတိဗ် သက်ပြင်းချလိုက်မိသည်။ 

အမှန်အတိုင်းဆိုလျှင် သူ့ဒေါသကိုပေါက်ကွဲထွက်၍ အားလုံး ဖျက်ဆီးရိုက်ခွဲလိုက်ချင်၏။ 

ဆာနီယာထဲ၌သာဆိုလျှင် မည်သူမျှ တားနိုင်မည် မဟုတ်ပေ။ 

သို့သော် အန်လင်းတရားရုံးသည် သူ့အိမ်ကွင်း မဟုတ်သောကြောင့် မည်သူမျှ မျက်နှာသာပေးမည် မဟုတ်ပါ။ သူ့အမူအကျင့်ကို ထိန်းနေရ၏။ 

ထို့ကြောင့် ဒေါသကို သက်ပြင်းချခြင်းအဖြစ် ပြောင်းလိုက်သည်။ 

ရှက်ရွံ့မှု၊ စော်ကားခံရမှုတို့ဖြင့် ရောထွေးနေသောကြောင့် (၃၀) မိနစ်အတွင်း လေအေးများ တိုက်ခတ်နေသော်လည်း စတိဗ်အတွက် မွန်းကြပ်ကာ ရာစုနှစ်တစ်ခုကဲ့သို့ ကြာသလို ခံစားနေရ၏။ 

သူ ချက်ချင်း ယုချင်းကို ဆက်သွယ်ကာ ဆဲဆိုလိုက်ချင်သည်။ 

“မင်း ဘာတွေ လုပ်လိုက်တာလဲ”

သို့မဟုတ် ဆာနီယာကို ဆက်သွယ်ကာ သူ အိမ်ပြန်ချင်ကြောင်း လုပ်ဖော်ကိုင်ဖက်များအား ရင်ဖွင့်ချင်ပါသည်။ 

စတိဗ်တစ်ယောက် သူ အန်လင်းမှ ချက်ချင်း မပြန်နိုင်တော့မည်ကို ရိပ်မိလာ၏။ 

ဒေါက်!

တရားသူကြီး၏ တူထုသံကြောင့် စတိဗ် ရုတ်တရက် သတိပြန်ဝင်လာကာ ခုခံသူနေရာတွင် ထိုင်နေသော လင်းချွမ်အား နာကျည်းမုန်းတီးစွာ လှမ်းကြည့်မိသည်။ 

ထိုအချိန်တွင် လင်းချွမ်မှာ အေးဆေးပေါ့ပါးစွာ ထိုင်နေပြီး လက်များက စားပွဲပေါ် တင်ကာ ခုံနောက်ကို မှီနေ၏။ ပုံစံမှာ သဘာဝကျကျဖြင့် ဖိအားမရှိဘဲ ပြုံးနေလေသည်။ 

ထိုထက် စိတ်အေးရလျှင် အိမ်တွင် ခြေချိတ်၍ ထိုင်သကဲ့သို့ အပြုအမူသာ ကျန်တော့သည်။ 

အတော်လေး အေးချမ်းနေမှန်းတော့ သိသာပါသည်။ 

ထိုလူမှာ ထိတ်လန့် ပူဆွေးစရာကောင်းသော တရားရုံး၌ပင် ထိုကဲ့သို့ ပေါ့ပါးနေသည်မှာ အလွန် ထူးဆန်းလေ၏။ 

“ချီးပဲ”

စတိဗ် စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ 

လင်းချွမ်မှာ စိတ်ကို ဖတ်နိုင်သကဲ့သို့ သူ့ဘက်ကို လှည့်ကြည့်ကာ မျက်ခုံးပင့်လျက် အပြစ်ကင်းသလို လုပ်ပြသည်။ 

စတိဗ်မှာ ပို၍ ဒေါသ ငယ်ထိပ်တက်လာသည်။ 

ထို့ကြောင့် ဒုတိယပိုင်း သက်သေ ထုချေခြင်းတွင် နှစ်ဖက်ရှေ့နေများမှသာ ဆောင်ရွက်ခဲ့ရလေ၏။ 

All Chapters