← Chapters

သူဌေးမ တွေ့ပြီလား

Vol. 29 Ch. 428

သူဌေးမ တွေ့ပြီလား

Vol. 29 Ch. 428

“တကယ်လည်း မှန်နေတာတွေ့ရတယ်။ ကျွန်တော့်ရဲ့ အေးဂျင့်လုပ်သက်တစ်လျှောက် တာဝန် (၇၂) ခုမှာ (၃၀) က အမျိုးသမီးပစ်မှတ်တွေကို ချဉ်းကပ်ရတာလေ’

‘ချောမောတဲ့ယောက်ျားကနေ ဆွဲဆောင်တာဆိုတော့ တစ်ခါမှ မကျရှုံးဖူးဘူး’

‘…’

ယုယွီ ဆိုဖာကိုမှီလျက် နှာခေါင်းလေး ရှုံ့ကာ

“ချောမောတဲ့ယောက်ျားရဲ့ ဆွဲဆောင်မှုကို ကျွန်မဆီတော့ ဘာလို့ မသုံးတာလဲ။ အောင်မြင်လားလို့ ကြည့်ချင်ပါသေးတယ် ဟွန့်”

သူ တစ်ယောက်တည်း ရေရွတ်နေမိ၏။ 

အိမ်တွင် တစ်ယောက်တည်း ရှိနေ၍ တော်သေးသည်။ မဟုတ်လျှင် အချစ်ရူးမလေးအဖြစ် မြင်ကြပေမည်။ 

ထို့နောက် ဝတ္ထုကို ဆက်၍ ဖတ်ပြန်သည်။ 

လင်းချွမ်မှာ အစပိုင်းသာ ပို့သေး၏။ 

ယုယွီသည် အယ်ဒီတာတစ်ယောက် ဖြစ်သည့်အလျောက် စာဖတ်မြန်သော်လည်း လင်းချွမ်စာအုပ်ကိုတော့ အလေးထားကာ ဖတ်လေ့ရှိသည်။ 

ထို့ကြောင့် ပုံမှန်ထက်တော့ ပိုကြာနေ၏။ 

“ကောင်လေးရေ ချောမောတဲ့ အေးဂျင့်ရဲ့ ဆွဲဆောင်မှုကို အပြင်မှာ ပြပေးပါလား”

ယုယွီ ဝတ္ထုဖတ်ပြီးနောက် လင်းချွမ်အား စာပို့လိုက်သည်။ 

လင်းချွမ်သည် ဟော့ပေါ့စားပြီး အိမ်ပြန်ရောက်စဖြစ်ကာ အနားယူနေသည်။ 

ယုယွီ၏စာကို တွေ့သောအခါ ရယ်လျက်

“ယုယွီက ဘာလို့  မေးတာလဲ”

“သိချင်လို့ပေါ့”

“ဒါက ရိုးရိုးလေးပါ။ ကျွန်တော့်အတွက်တော့ ဘာမှ အားထုတ်စရာတောင် မလိုဘူး”

“ဟင် အားထုတ်စရာ မလိုဘူးတဲ့လား”

ယုယွီ လန့်သွားသလို ပြောလိုက်သည်။ 

“အဟမ်း နောက်တာပါဗျာ”

လင်းချွမ် အမြန်ပြန်ရှင်း၏။ 

“ကျွန်တော်ပြောချင်တာက မစ္စတာလင်းက နဂိုတည်းက ချောမောပြီး သွက်လက်တဲ့ လူငယ်လေးလေ။ စာအုပ်ထဲမှာ သူ့ပစ်မှတ်တွေက အားကောင်းတဲ့ အမျိုးသမီးတွေ၊ ချမ်းသာတံ့ မိန်းကလေးတွေဆိုတော့ သူတို့အကြိုက်က ကွဲပြားတယ်လေ”

“အတိအကျ ပြောပါဦး”

လင်းချွမ် ခဏစဉ်းစား၍

“ကျွန်တော် နားလည်သလောက် ပြောတာပါ။ တရားဝင်ကြီးတော့ မဟုတ်ပါဘူး”

“ဒါပေမဲ့ ရှင့်စာအုပ်ထဲက အမြင်က ထူးဆန်းတယ်နော်။ ရှင်ပြောတာတွေကို ယုံမိတော့မလို့”

ယုယွီ စနောက်၍ ပြော၏။ 

လင်းချွမ် နေရခက်စွာဖြင့်

“ဒီအတိုင်း ရေးလိုက်တာပါဗျာ။ အရမ်းကြီး မတွေးပါနဲ့”

“ကျွန်မသာ အယ်ဒီတာ မဟုတ်ရင် အချစ်ရေး အကြံပေးသူ ဖြစ်လောက်တယ်။ ချမ်းသာတဲ့ မိန်းမတွေကို ဖမ်းဖို့လေ”

ယုယွီ အားရပါးရ ရယ်မောကာ ပြောသည်။ 

လင်းချွမ်လည်း ခံရခက်စွာ ရယ်မော၍

“ဒါဆိုလည်း ကျွန်တော့်ကို သူဌေးမတစ်ယောက်နဲ့ မိတ်ဆက်ပေးဦးလေ”

ယုယွီ ခဏငြိမ်သွားပြီးနောက်

“ရှင့်မှာ အခုထိ သူဌေးမ မရှိသေးဘူးလား”

“အာ အဲ့တာကို ဘယ်လို သိတာလဲ”

“သူက အဖွဲ့ထဲမှာတင် ရှိနေတာလေ။ ရှင်နဲ့အတူ ရိုက်ထားတဲ့ပုံ တင်ထားတာကို တွေ့လိုက်တာ”

ယုယွီ ဆူသလိုလေး ပြော၏။ 

လင်းချွမ် ရှင်းရှင်းကို လျှို့ဝှက်နံပါတ်ကဲ့သို့ ကာကွယ်ထားသော်လည်း ယုယွီကတော့ သိပြီးနေလေပြီ။ 

သူ ရုတ်တရက် ဘာပြောရမည်မသိ ဖြစ်နေ၏။ 

ပုံရိပ်ယောင်လောကတွင် မိန်းကလေးများအား လှည့်စားနိုင်သော်လည်း အပြင်တွင်တော့ နေရခက်လှသည်။ 

ပုံရိပ်ယောင်လောက၌ တစ်ခုခု ဆုံးရှုံးလျှင် သာမာန် ဆုံးရှုံးမှုသာဖြစ်ပြီး တကယ်မဟုတ်ပေ။ 

လက်တွေ့မှာတော့ ကွဲပြား၏။ 

ကျန်းရှင်းရှင်း၊ ယုယွီ၊ ရှန်ချန်းချန်း၊ ရှချင်းချင်း အားလုံး လက်တွေ့တွင် တကယ်ရှိနေကြသည်။ 

ထို့ကြောင့် သူတို့နှင့် ပတ်သက်ရာတွင် ပိုဂရုစိုက်ရ၏။ 

ယခုကိစ္စမှာလည်း ရှင်းပြရ ခက်ပါသည်။ 

သူ ခေါင်းယမ်း၍ မကောင်းသည့်အတွေးများ ဖယ်ကာ တိုက်ရိုက်သာ ပြောလိုက်၏။ 

“သူက သူဌေးသမီးဆိုတာ မှန်ပါတယ်။ ကျွန်တော့် အိမ်ပိုင်ရှင်လေ”

“ရေနဲ့ အနီးဆုံးသူက လရိပ်ကို အရင်တွေ့ရတာပဲ”

ယုယွီ နှုတ်ခမ်းလေးစူကာ ခေါင်းယမ်း၍ ပြောလိုက်သည်။ 

ထို့နောက် သက်ပြင်းချမိ၏။ 

လင်းချွမ်မှာ သူ့လက်အောက်တွင် အတော်ကြာအောင် စာရေးခဲ့ပြီး သူကိုယ်တိုင်လည်း လင်းချွမ်ဝတ္ထုဆိုလျှင် ဂရုတစိုက်ဖတ်၍ အားလုံးနှင့် အတိုက်အခံပြုလုပ်ကာ ရအောင် ထုတ်ဝေလေ့ရှိသည်။ 

“ကျွန်တော်တို့ စာအုပ်အကြောင်း ပြောနေတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် အတင်းအဖျင်းတွေ ရောက်ကုန်တာလဲ”

လင်းချွမ် စကားလမ်းကြောင်း ပြန်တည့်လိုက်၏။ 

နှလုံးသားရေးရာကို အမျိုးသမီးတစ်ဦးနှင့် ပြောနေသည်မှာ ပြစ်မှုပင်။ 

“စာအုပ်အကြောင်းပဲ ပြောကြတာပေါ့။ စာအုပ်အကြောင်း”

ယုယွီလည်း ပြုံး၍ လက်ခံ၏။ 

ထို့နောက် နှစ်ယောက်သား ထိပ်တန်းအေးဂျင့် ထုတ်ဝေရေးကိစ္စများ ဆက်ပြောကြလေသည်။ 

ထိုစာအုပ်ကိုလည်း ပြည်တွင်းရော ပြည်ပပါ ဖြန့်ရန် တွေးထားလိုက်သည်။ 

ယုယွီမှ ကြော်ငြာကိစ္စများ အားလုံးပါ တာဝန်ယူမည် ဖြစ်၍ လင်းချွမ်အတွက် ဘာမှ စိတ်ပူစရာ မရှိပေ။ 

လင်းချွမ် တွေဝေ တုံ့ဆိုင်းမှုမရှိ အားလုံး လက်ခံ၏။ 

ယုယွီနှင့် သူတို့နှစ်ယောက်မှာ စုံတွဲများ မဟုတ်သော်လည်း အကြံပေး ဆွေးနွေးရာတွင် အတော်လေး အားကိုးရသည်။ 

ထိုအချိန်တွင် ဟက်ကာလောက စာအုပ်သည်လည်း အတော် အောင်မြင်၍ subscription (၃၀၀) ကျော် ရှိနေပြီ ဖြစ်သောကြောင့် လင်းချွမ်စာအုပ်အသစ်ကို ပြည်ပအထိ ဖြန့်ရန် အယ်ဒီတာချုပ်အား အေးဆေး ပြောနိုင်ပါသည်။ 

မည်သို့ပင်ဖြစ်စေ သူ အရင်တစ်ခါတည်းက လောင်းကြေးမထပ်ပေးခဲ့လျှင် လင်းချွမ်၏စနစ်တွင် ဟက်ကာလောကမှ တက်လာမည် မဟုတ်ချေ။ 

အနည်းဆုံး တစ်ဆင့်ချင်း တက်နိုင်လျှင်ပင် ဤမျှ မြန်မည် မဟုတ်။ 

(၃) ရက်မျှ ကြာသောအခါ လင်းချွမ်၏စာအုပ်အသစ် စီစဉ်ထားသည့်အတိုင်း ထွက်ရှိလာသည်။ 

ပြည်ပတွင်တော့ အပြည့် ဘာသာမပြန်ရသေးသောကြောင့် ပထမပိုင်းအဖြစ်သာ ထွက်ရှိထား၏။ နောက်တစ်ပိုင်းကို စောင့်ရပေဦးမည်။ 

ထိုနေ့တွင် အခြားကိစ္စကြီးတစ်ခုလည်း ပေါ်လာသည်။ 

အမျိုးသား လက်နက်ရှာဖွေရေးအဖွဲ့မှ ဆာနီယာကုမ္ပဏီအား လျော်ကြေး ဒေါ်လာ သန်း (၃၀၀) ပေးရန် အမိန့်ချထား၏။ 

ထိုသတင်းမှာ တစ်ကမ္ဘာလုံးအထိအောင် ပျံ့နှံ့သွားသည်။ 

အစက ဆာနီယာ၏ ကိုယ်စားလှယ် စတိဗ်တစ်ယောက် စစ်ဆေးရန် အဖမ်းခံလိုက်ရသည်အထိသာ သိထားရမှ ရုတ်တရက် များပြားသော လျော်ကြေးကို တွေ့လိုက်ရ၍ အားလုံး အံ့ဩသွားကြ၏။ 

ထိုသတင်းကို ဆိုရှယ်မီဒီယာအသီးသီးမှ တင်နေကြပြီး ဝေဖန်တုံ့ပြန်မှုများလည်း တက်ကြွနေ၏။ 

[တကယ်ကြီး ဖြစ်နေတာပဲ]

[ဒါဆို ဆာနီယာက အစတည်းက လှည့်စားခဲ့တာပေါ့’

[အွန်လိုင်းစာရေးဆရာဆိုတာ အမျိုသား လက်နက်ရှာဖွေရေးအဖွဲ့က နေမယ်]

[သူက အဲ့လိုတွေ ဝင်ပါလို့ ရလို့လား]

[ဘယ်လို စာရေးဆရာက အခုခေတ်မှာ တစ်မျိုးတည်း လုပ်လို့လား]

[…]

မော်ဂန်အုပ်စုမှ ခိုင်းထားသော လင်းချွမ်အား မုန်းတီးစကား ပြောဆိုသူများလည်း ရှိ၏။ 

သို့သော် အတော်လေး နည်းသွားလေပြီ။ 

ဤသို့ဖြင့် လင်းချွမ်၏ စာအုပ်အသစ်မှာ အောင်မြင်သွားပြန်သည်။ 

…

ထိုညတွင် ကောင်းကင်ကြီးမှာ ပန်းချီရေးထားသကဲ့သို့ အပြာနှင့် ခရမ်းရောင် ရောယှက်လျက် ထိုအပေါ်တွင် လရောင်ဖြူဖြူမှာ တောက်ပနေ၏။ အိပ်မက်ကမ္ဘာထဲရှိ ပုံပြင်လောကထဲ ရောက်သွားသလိုပင် ခံစားရစေသည်။ 

All Chapters