← Chapters

အကြံအသစ်

Vol. 29 Ch. 429

အကြံအသစ်

Vol. 29 Ch. 429

အေးချမ်းသော ဆောင်းရာသီည။ 

ကောင်းကင်တွင် တိမ်လွှာနုနုနှင့် တောက်ပသော လရောင်ကို လူတိုင်း တွေ့နိုင်ပါသည်။ 

လမ်းမီးရောင်များဖြင့် လင်းနေသာ မြို့ပြမှာ တောင်တန်းများကြား ကြယ်ရောင်နှင့် လရောင်ကို အားပြုနေရသော ပန်းချီကိုတော့ မှီနိုင်မည် မဟုတ်ပေ။ 

မော်ဂန်အုပ်စု၏ အာရှ-ပစိဖိတ် ရုံးခွဲ။ 

ရုံးခန်းအသစ်မှာ သစ်နက်များဖြင့် ဆောက်လုပ်ထားပြီး ယုချင်း၏ အေးစက်သော မျက်နှာအား ထင်ဟပ်နေ၏။ 

အခြား ကော်ဖီစားပွဲ၊ လက်ဖက်ရည်အိုးများ၊ အပင်များ ဘာမှ မရှိတော့ပေ။ 

လေထုထဲတွင် ခပ်ချိုချိုအနံ့ကို ရနေသေး၏။ 

အသုံးပြုထားသည်မှာ မကြာသေးမှန်း သိသာသည်။ 

အရင်ရုံးအဟောင်းကိုတော့ မထိုင်ဖြစ်ကြတော့ပေ။ 

ဘုံး ဘုံး ဘုံး!

လူးကပ်စ် ဝှီးချဲပေါ်ထိုင်ရင်း လက်တင်သည့်နေရာကို ဒေါသတကြီး ထု၍ ကျိန်ဆဲလိုက်သည်။ 

“အမှိုက်တွေ”

သူ့ရှေ့တွင် ယုချင်းမှာ လက်ပိုက်လျက် ထိုင်နေပြီး မျက်နှာမှာ အရင်လို အေးစက်လျက် လူးကပ်စ်အား ဂရုမစိုက်သလို ကြည့်နေသည်။ 

လူးကပ်စ်လည်း သူ့ဟက်ကာအဖွဲ့အား ဆဲဆိုနေဆဲပင်။ 

နောက်ဆုံးတော့ သူတို့ ခိုးဝင်နေသော ကွန်ယက်မှာ အရေးမကြီးဘဲ ထိုအချိန်အတွင်း တစ်ဖက်မှ သူတို့ကို ပြန်ထောက်လှမ်းခြင်း ခံလိုက်ရ၏။ 

လူးကပ်စ်ကွန်ပျူတာကိုပင် အဓိကပစ်မှတ်အဖြစ် ခိုးဝင်နေခဲ့ပါသည်။ 

အထူးသဖြင့် အသံခိုးနားထောင်ခြင်းမှာ ခံရအခက်ဆုံး ဖြစ်လေသည်။ 

သူတို့ ဟားစ်စစ်တပ်ထံမှ အချက်အလက်များ ရနေပြီဟု ထင်ထားသော်လည်း လူးကပ်စ်တစ်ယောက် အရူးဖြစ်ခဲ့ရသည်။ 

သူ့ ဒူးဒဏ်ရာကိုပင် ဂရုမစိုက်နိုင်ဘဲ ဝှီးချဲအပေါ် ထိုင်၍ ဟက်ကာအဖွဲ့အား အသံများ ပြာသည်အထိ ဆဲဆိုနေ၏။ အနည်းဆုံး ဒေါသပုံချစရာမှာ ထိုနေရာသာ ရှိလေသည်။ 

သို့သော် ထိုသို့ ဆဲဆိုခြင်းက အလုပ်မဖြစ်ပေ။ 

လူးကပ်စ်နှင့် ယုချင်းတို့မှာ ထိုအခြေအနေကြောင့် မတတ်သာဘဲ ပစ္စည်းများ အမြန် သိမ်းဆည်း၍ ဘာမှ သေချာ မပြင်ဆင်ထားရသေးသော ယာယီရုံးခန်းသို့ ပြောင်းလာခဲ့ရ၏။ 

အရေးကြီးဆုံးမှာတော့ နှစ်ယောက်သား၏ ကိုယ်ပိုင်ဖုန်းများမှလွဲ၍ အခြား လျှပ်စစ်ပစ္စည်းများ လုံးဝ ရှိမနေပေ။ 

တစ်ပူပေါ် တစ်ပူဆင့်လေသည်။ 

သူတို့၏ ပြီးပြည့်စုံသည့် အစီအစဉ်မှာ သူတို့ကို အသုံးချထားသော လင်းချွမ်အား ပြန်ဖျက်ဆီးရန် ဖြစ်သည်။ 

အရင်ကအမှား ထပ်မဖြစ်ရန် လင်းချွမ် လက်လှမ်းမမီသည့် ကွန်ယက်ဖြင့် ကာကွယ်ထားရ၏။ 

လူးကပ်စ်မှာ နောင်တရနေဆဲပင်။ 

ယုခီခီတစ်ယောက် လင်းချွမ်ကို မိတ်ဆွေအဖြစ် အဘယ်ကြောင့် ထားချင်နေမှန်း နောက်ဆုံးတော့ နားလည်သွားသည်။ 

ဒီအွန်လိုင်းစာရေးဆရာက တစ်ခုခုပဲ။ 

သူ့ကိုသာ ပူးပေါင်းနိုင်လျှင် မော်ဂန်အုပ်စုအနေဖြင့် အာရှ-ပစိဖိတ်သာမက မြေအောက်လောကတစ်ခုလုံးကိုပင် သိမ်းပိုက်နိုင်ပါသည်။ 

သို့သော် ထိုစာရေးဆရာမှာ သူတို့နှင့် ဆန့်ကျင်ဘက်တွင် ရှိနေပြီး လုံးဝ ရန်ညှိုးများလည်း ပိုကြီးလာ၏။ 

ထို့ကြောင့် တစ်ခုတည်းသောအဖြေမှာ သူ့ကို ရှင်းထုတ်ရန် ဖြစ်လာသည်။ 

ဟူး…

လူးကပ်စ် သက်ပြင်းချ၍ စိတ်ကိုလျှော့ကာ ယုချင်းအား ကြည့်လိုက်သည်။ 

“ယု ဒီကိစ္စအတွက် ကျွန်တော် အများဆုံး တာဝန်ယူတယ်ဆိုပေမဲ့ လင်းချွမ်ကလည်း လွန်လွန်းပါတယ်။ ကျွန်တော့် အသုံးမကျတဲ့အဖွဲ့က နည်းနည်းမှတောင် မလှုပ်နိုင်ဘူး”

ယုချင်း မကျေမနပ်ဖြင့်

“နောက်ဆုံးတော့ မင်းဟက်ကာအဖွဲ့က အသုံးမကျမှန်း ဝန်ခံပြီပေါ့။ ဒါပေမဲ့ လင်းချွမ်ကို AW ကတောင် မနိုင်တာ အခု ဘာဖြစ်သွားလဲ”

ယုချင်း ဒေါသအလွန်ထွက်နေသည်။ 

သူ ထိုအမှုအတွက် အကုန်အကျ အလွန်များလေပြီ။ 

သူနှင့်ရင်းနှီးခဲ့ဖူးသော လူတစ်ယောက်လည်း လင်းချွမ်ထံမှ လက်နက်များ ဝယ်ယူရန် စုံစမ်းနေ၏။ 

ယုံကြည်ရသော သတင်းတစ်ခု ရထားပြီး သူတို့နှစ်ယောက်တွေ့ကာ လက်နက်ဝယ်ရန် ပြင်နေပြီဟုပင် သိရသည်။ 

ထိုတာဘန်လူမှာ အလွန်ချမ်းသာပြီး ယုချင်းထံမှ ဝယ်နေကျဖြစ်၏။ 

ထိုကဲ့သို့ ဖောက်သည်အကြီးများ လျော့သွားလျှင် စစ်လက်နက်များပုံ၍ အတော်လေး ထိခိုက်နိုင်သည်။ 

ယုချင်း ထိုပြဿနာကိုတွေးရင်း တစ်ခုခုကို တွေးမိသွား၏။ 

“ဝါတာလူး”

အဘယ်ကြောင့်ဆိုသော် သူ ထို (၃) ရက်အတွင်း လုံးဝ ကောင်းကောင်း မအိပ်နိုင်ခဲ့ချေ။ 

မျက်လုံးတစ်ဝိုက်၌ မျက်ကွင်းများပင် ပေါ်နေလေပြီ။ 

“အင်း”

လူးကပ်စ်မှာ တပည့်များရှေ့တွင် အားရပါးရ ပြောဆိုနေသော်လည်း ယုချင်းနှင့် ရင်ဆိုင်ရချိန်တွင်တော့ ခွန်းတုံ့မပြန်နိုင်တော့ချေ။ 

ယုချင်းမှ သူ့ကို သက်သေအတွက် ဟားစ်စစ်တပ် အချက်အလက်များ ခိုးယူခိုင်းလိုက်သော်လည်း အိတ်ပေါက်နှင့် ဖားကောက် ဖြစ်ခဲ့၏။ 

လူးကပ်စ် သူ့ဒေါသများကို ဝမ်းနည်းမှုအဖြစ် ပြောင်း၍ သက်ပြင်းချကာ

“ယု စိတ်ဆိုးနေတာ သိပါတယ်။ ဒါပေမဲ့ အဲ့တာပဲ တွေးမနေပါနဲ့။ လင်းချွမ်လို ဟက်ကာအရည်အချင်း ရှိတဲ့သူက AW ကိုတောင် အနိုင်ယူခဲ့တာလေ။ ကျွန်တော်လည်း ဘာမှမတတ်နိုင်ဘူး”

ညနေခင်းလေပြေမှာ အခန်းထဲ ဝင်ရောက်လာပြီး နဂိုအေးစက်၍ ကြက်သီးထစရာ ကောင်းနေသော အခန်းမှာ ပို၍ အေးသွားစေ၏။ 

ယုချင်း မတ်တပ်ထရပ်ကာ ကော်ဖီဖျော်၍ ဇွန်းဖြင့် အသာမွှေနေသည်။ 

ထို့နောက် ကော်ဖီအနည်းငယ် သောက်လိုက်မှ စိတ်ငြိမ်သွားသလို ခံစားရသည်။ 

ပြီးမှ လူးကပ်စ်ကိုကြည့်၍

“အခုက အပြစ်တွေ ပြိုင်တင်နေရမယ့်အချိန် မဟုတ်ဘူးလေ။ ဆာနီယာကို အမျိုးသား လက်နက်ရှာဖွေရေးအဖွဲ့ရဲ့ တရားစွဲမှုကနေ ကယ်ရမယ်။ လင်းချွမ်ကို ရှင်းရမယ်”

လူးကပ်စ် ဝှီးချဲလေး လှိမ့်လျက် ယုချင်းအနား ရောက်လာသည်။ 

“ယု အခု အကြံကောင်း ရှိလို့လား”

ယုချင်း ခေါင်းယမ်းလျက်

“အကြံကောင်းလား။ သိပ်မကြာခင်ပေါ့”

“အဲ့တာက…”

လူးကပ်စ် လန့်သွား၏။ 

သူ စီမံအုပ်ချုပ်ရေးတွင် ကျွမ်းကျင်နိုင်သော်လည်း နည်းပညာ အကွက်ကျရန်တော့ ယုချင်းကိုသာ အားကိုးရပါသည်။ 

ဒေါက် ဒေါက် ဒေါက်!

တံခါးခေါက်သံကြား၍ လှည့်ကြည့်လိုက်သောအခါ အင်္ကျီအဖြူ၊ စကတ်အနက်နှင့် အသားကပ်ဘောင်းဘီ အနက်လေး ဝတ်ဆင်ထားသော အတွင်းရေးမှူးမလေးကို တွေ့ရသည်။ အရင်အတိုင်း ဆွဲဆောင်မှုရှိကာ ကြည့်ကောင်းနေဆဲပင်။ 

သို့သော် လူးကပ်စ် စိတ်မဝင်စားပုံဖြင့်

“ဘာကိစ္စရှိလို့လဲ ပြောလေ”

မိန်းကလေးမှာ သူတို့နှစ်ယောက်ကို ဝေ့ကြည့်ပြီးနောက် ရာသီဥတု မကောင်းမှန်း သိလိုက်ကာ ပိုကြောက်နေမိသည်။ 

“အထွေထွေ မန်နေဂျာနဲ့ မမလေးယု လင်းချွမ်ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ခိုင်းထားလို့လေ။ အဲ့တာ သတင်းအသစ် ရလို့ပါ”

All Chapters