သံသယရှိသူလင်း
Vol. 29 Ch. 430
လင်းချွမ်အကြောင်း ကြားသောအခါ လူးကပ်စ်နှင့် ယုချီတို့ အတွင်းရေးမှူးမလေးအား ချက်ချင်း လှည့်ကြည့်မိသည်။
အတွင်းရေးမှူးလေးသည် ကြောက်လန့်စွာ ကြည့်၍
“သူ သူ ဝတ္ထုအသစ် ထွက်ပြီ”
“ဝတ္ထုလား”
လူးကပ်စ် မျက်မှောင်ကြုတ်လျက်
“ဝတ္ထုထွက်တာ ဘာဖြစ်လို့လဲဟ။ သွားစမ်းပါ”
အတွင်းရေးမှူးလေး တွန့်သွားကာ ပြန်ထွက်ရန် ပြင်လိုက်သည်။
ထိုစဉ် ယုချင်းမှ ပြန်လှမ်းခေါ်၏။
“သူက ဘာစာအုပ် ထုတ်လို့လဲ”
အတွင်းရေးမှူးလေးမှ
“ထိပ်တန်းအေးဂျင့်တဲ့။ တရုတ်ဗားရှင်းကတော့ ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်မှာ တင်ထားပြီ။ အင်္ဂလိပ်ဗားရှင်းလည်း နိုင်ငံတကာမှ ရနေပါပြီ”
ယုချင်း ခဏစဉ်းစား၍
“ထိပ်တန်းအေးဂျင့်… သူ တကယ်ပဲ အေးဂျင့် ဖြစ်နိုင်လား”
“ဟင်”
လူးကပ်စ် ပါးစပ်အဟောင်းသားဖြင့် အံ့ဩသွားပြီး
“လင်းချွမ်က အေးဂျင့်တဲ့လား”
“မင်း ကျွမ်းကျင်အလုပ်ကို နားမလည်ဘူးလား”
ယုချင်းမှ အထင်သေးသလိုကြည့်၍ ပြောလေသည်။
“အင်း”
လူးကပ်စ် နေရခက်စွာ ရယ်မော၍
“ယု သူရေးတဲ့ဝတ္ထုပေါ် မူတည်ပြီး အဲ့လိုတွေးလို့တော့ မရဘူးလေ”
ယုချင်းမှာ လူးကပ်စ်ကို အဖက်မလုပ်ချင်ပုံဖြင့်
“မင်း လင်းချွမ်ဝတ္ထုကို ဖတ်ဖူးလို့လား”
လူးကပ်စ် ပါးစပ်အဟောင်းသားလေးဖြင့် ခဏတွေဝေသွားသည်။
“နည်းနည်းတော့ ဖတ်ဖူးပါတယ်”
ယုချင်း မျက်မှောင်ကြုတ်ကာ
“မင်း အာရှ-ပစိဖိတ် ရုံးခွဲရဲ့ ခေါင်းဆောင် ဘယ်လိုလုပ် ဖြစ်လာတာလဲ”
လူးကပ်စ် အနည်းငယ် တင်းသွားပြီး
“အာရှ-ပစိဖိတ်ရုံးခွဲရဲ့ အဓိက စီးပွါးရေးက လောင်းကစား၊ မူးယစ်ဆေးလေ။ အဲ့တာတွေ ကျွန်တော် ကျွမ်းသားပဲ”
“အဲ့တာဆိုလည်း ပြီးတာပဲ”
ယုချင်းမှ စိတ်ပျက်လက်ပျက်ဖြင့်
“ဆိုရိုးရှိတယ်လေ။ ကိုယ့်ကိုယ်ကိုယ် သိမယ်။ ရန်သူအကြောင်းကို သိမယ်ဆိုရင် တိုက်ပွဲ (၁၀၀) လည်း အနိုင်ယူနိုင်တယ်တဲ့။ လင်းချွမ်က ဝတ္ထုရေးရတာ ကြိုက်တယ်။ သူ့ဝတ္ထုအောက်က ကောမန့်တွေကိုကြည့်ရင် ပရိသတ်က အတ္ထုပတ္တိလား၊ ပြစ်မှုမှတ်တမ်းလားတောင် ထင်ကြတာ”
လူးကပ်စ် ခေါင်းတငြိမ့်ငြိမ့်ဖြင့်
“အဲ့တော့ သူ့ဝတ္ထုတွေဖတ်ရင် သူ့အကြောင်း ပိုသိနိုင်တယ်ပေါ့”
“ဒါပေါ့”
ယုချင်း အေးစက်စွာပြုံးလျက် ကော်ဖီ ထပ်သောက်ကာ ထိုငတုံးလုပ်ဖော်ကိုင်ဖက်ရှိ၍ အားမငယ်ရန် သူ့ကိုယ်သူ နှစ်သိမ့်နေသည်။
ထိုစဉ် လူးကပ်စ်မှ အတွင်းရေးမှူးလေးကိုကြည့်၍
“ခုနကပြောတာလေ။ လင်းချွမ်စာအုပ်ကို ဘယ်မှာ တင်ထားတာ”
“ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်ရဲ့ နိုင်ငံတကာလင့်ခ်ထဲမှာပါ”
“ဪ အဲ့တစ်ခုတည်းလား”
အတွင်းရေးမှူးလေး ခဏစဉ်းစား၍
“မားစ် ဝက်ဘ်ဆိုဒ်ဆိုပြီး အရှေ့တောင်အာရှမှာလည်း ရှိပါတယ်။ အဲ့မှာလည်း တင်ထားတယ်”
“ကောင်းပြီ။ တခြား တင်ပြစရာ ရှိသေးလား”
“ဒါပါပဲ”
“ဒါဆို သွားလို့ရပြီ။ လင်းချွမ်အကြောင်း ကြည့်ကြသေးတာပေါ့”
လူးကပ်စ်မှ ချက်ချင်း ဖုန်းထုတ်၍ ကြည့်လိုက်သည်။
သူ ထိုဆော့ဖ်ဝဲလ် ရှိထားပြီး ဖြစ်သော်လည်း လင်းချွမ်ဝတ္ထုကို မဖတ်ဖြစ်ပေ။
အမှန်တော့ မည်သည့်စာအုပ်မှ မဖတ်ပါ။
မော်ဂန်အုပ်စု၏ အာရှ-ပစိဖိတ် ရုံးခွဲခေါင်းဆောင်မှာ ဝတ္ထုဖတ်နေခြင်းသည် ထူးဆန်းလှ၏။
သို့သော် ယခုတော့ အခြေအနေ မတူတော့ပေ။
လင်းချွမ်ဝတ္ထုကို ဖတ်ခြင်းက တာဝန်တစ်ခုလို ဖြစ်နေ၏။
သူ ဒူးဒဏ်ရာလည်း ရထား၍ ဝှီးချဲပေါ်၌သာ အနားယူရမည် ဖြစ်သောကြောင့် ဝတ္ထုဖတ်ရင်း အချိန်ကုန်နိုင်သည်။
ထို့နောက် စာအုပ်ကို ဖွင့်ကြည့်လိုက်၏။
‘အမည်: မစ္စတာလင်း’
‘အသက်: (၂၄) နှစ်’
‘လိင်အမျိုးအစား: ကျား’
‘အလုပ်အကိုင်: အေးဂျင့်’
‘ကုဒ်အမည်: လင်းယုန်’
‘တာဝန်ကျဌာန: လုံခြုံရေးဗျူရို’
‘အဆင့်: SSS’
‘တွေ့တဲ့အတိုင်း အပေါ်ကတော့ ကျွန်တော့်ရဲ့ အခြေခံ အချက်အလက်တွေပေါ့’
done up all official-looking, those who don’t know would really think he’s an ace agent.”
စာအုပ်အဖုံးမှာ ရိုးရှင်း၍ စာအုပ်အမည်၊ စာရေးသူ ကလောင်အမည်တို့ကိုသာ ရေးထားသည်။
လူးကပ်စ် နှာခေါင်းရှုံ့၍ အပြစ်တင်သလိုဖြင့်
“စာအုပ်အဖုံးနဲ့ကတော့ တကယ့် အေးဂျင့်အစစ်လိုပဲ”
ယုချင်း သူ့ကို တစ်ချက်လှမ်းကြည့်၍
“တကယ် ဖြစ်နေရင်ရော”
“ဖြစ်နိုင်လို့လား။ သူ့အသက် ဘယ်လောက်မို့လို့လဲ”
လူးကပ်စ်မှာ လုံးဝ မယုံကြည်နိုင်ပေ။
လင်းချွမ်သည် အသက် (၂၅) နှစ်သာရှိသေးပြီး မည်သို့ အလုပ်အားလုံးကို ကျွမ်းကျင်မည်နည်း။
ဟက်ကာ၊ လက်နက်ဝိဇ္ဇာ၊ ယခု အေးဂျင့်အထိဆိုလျှင် အမေ့ဗိုက်ထဲတွင်တည်းက သင်ယူနေမှ ဖြစ်မည်။
“ဒီလောက်နဲ့ ကောက်ချက်မချလိုက်ပါနဲ့ဦး”
ယုချင်း ဂရုမစိုက်သလိုပြော၍ သူကိုယ်တိုင်လည်း ဝတ္ထုကို စဖတ်ရန် ပြင်လိုက်၏။
“ယု ဝတ္ထုကို subscribe လုပ်ထားတာလား”
“မလုပ်ရင် ဘယ်ဖတ်လို့ရမလဲ”
ယုချင်း သူ့ကို အရူးကဲ့သို့ ကြည့်လိုက်လေသည်။
“ချီးပဲ။ subscribe လုပ်ပြီး သူ့ကို ပိုက်ဆံပေးရဦးမယ်”
လူးကပ်စ် မကျေမနပ် ဆဲဆိုလိုက်၏။
ယုချင်းမှာတော့ စာအုပ်တိုင်းကို subscribe လုပ်ထားသောကြောင့် ပရိသတ်အစစ်ဟုပင် ဆိုနိုင်ပါသည်။
သို့သော် ပြောင်းပြန်ဖြစ်၏။
“Subscribe မလုပ်ချင်ရင် နောက်ဝက်ဘ်ဆိုဒ်တစ်ခု ရှိတယ်လေ”
“မားစ်ဆိုတာ…”
ရုတ်တရက် သူ အတွေးတစ်ခု ဝင်လာ၏။
“ဘာလို့လဲ”
ယုချင်းမှ လှမ်းမေးသည်။
လူးကပ်စ် မျက်မှောင်ကြုတ်သွားပြီး
“ယု မားစ်ဝက်ဘ်ဆိုဒ်မှာ လင်းချွမ်စာအုပ်အသစ်တွေ ရှိနေတာ မထူးဆန်းဘူးလား”
ယုချင်း အစက မတွေးမိသော်လည်း လူးကပ်စ်စကားကြောင့် အမူအရာ ရှုပ်ထွေးသွား၏။
“နေပါဦး”
ယုချင်း သဘောပေါက်သွားပုံဖြင့် ပြော၏။
“သိပြီလား”
ယုချင်း ပြုံးလျက်
“ဒီဝက်ဘ်ဆိုဒ်က လင်းချွမ်နဲ့ပတ်သက်နေတာပဲ။ အရှေ့တောင်အာရှမှာပဲဆိုတော့ မြန်မြန်ရှာလိုက်”
ထို့နောက် အတွင်းရေးမှူးလေးအား ပြန်ခေါ်၍ ထိုအကြောင်းရှာရန် ခိုင်းလိုက်သည်။
“မင်း နိုးထလာပြီပဲ”
ယုချင်းမှ ချီးကျူး၏။
လူးကပ်စ် မြောက်သွားကာ ပြုံးလျက်
“ဖတ်ရအောင် ဖတ်ရအောင်။ လင်းချွမ်အကြောင်းသာ သေချာနားလည်ရင် လုံးဝဆွဲချလို့ ရပြီ”
ချက်ချင်းပင် မားစ်ဝက်ဘ်ဆိုဒ်ထဲ ဝင်၍ ဖတ်လေတော့သည်။
‘အမည်: မစ္စတာလင်း’
‘အသက်: (၂၄) နှစ်’
‘လိင်အမျိုးအစား: ကျား’
‘အလုပ်အကိုင်: အေးဂျင့်’
‘ကုဒ်အမည်: လင်းယုန်’
‘တာဝန်ကျဌာန: လုံခြုံရေးဗျူရို’
‘အဆင့်: SSS’
‘တွေ့တဲ့အတိုင်း အပေါ်ကတော့ ကျွန်တော့်ရဲ့ အခြေခံ အချက်အလက်တွေပေါ့’
‘…’
လူးကပ်စ်မှာ ခေါင်းဆောင်တစ်ဦးဖြစ်သည့်အလျောက် ဝေဖန်ရခြင်းကို သဘောကျပါသည်။ ထို့ကြောင့် အနည်းငယ် ဖတ်ပြီးသည်နှင့် စဝေဖန်လေ၏။
“သေချာလည်း မရေးထားပါဘူး”
ယုချင်း သူ့ကိုစိုက်ကြည့်၍
“အဲ့တာဆို ဘာလို့ မရေးတာလဲ”
“ကျွန်တော့်ဘဝကိုသာ ဝတ္ထုအဖြစ်ပြောင်းရင် လုံးဝ ပြစ်မှုမှတ်တမ်း ဖြစ်မှာလေ။ အတ္ထုပတ္တိအစစ်ပေါ့”
လူးကပ်စ် ဂုဏ်ယူဝင့်ကြွားစွာ ပြော၏။
“ဒါဆိုလည်း နိုင်ငံတကာက အလိုရှိသူဖြစ်သွားမှာပေါ့”
ယုချင်း သူ့မျက်နှာကို မထောက်တော့ဘဲ တိုက်ရိုက်သာ ပြောလိုက်သည်။
လူးကပ်စ် ခဏငြိမ်နေပြီးမှ ပြန်ပက်လေ၏။
“လင်းချွမ်ကရော ဘာလို့ အဖမ်းမခံရတာလဲ”