← Chapters

ယာဉ်တိုက်မှု

Vol. 29 Ch. 433

ယာဉ်တိုက်မှု

Vol. 29 Ch. 433

လူးကပ်စ် ချက်ချင်း လက်ယမ်း၍ ဖြူစင်သောပုံဖြင့်

“ကျွန်တော်က ဒီအတိုင်း ပြောလိုက်တာပါ”

ယုချင်း ရယ်မောလျက်

“ဒါပေမဲ့ သူ့ရဲ့ ပထမဆုံး အေးဂျင့်တာဝန်က ကောင်းကောင်း ပြီးသွားတယ်လေ”

“ကျွန်တော်က ကျောက်ယွန်း သမီးလေး မွေးန့အတွက် သူတို့အိမ်မှာ ညစာလိုက်စားတဲ့အထိပဲ ရှိသေးတယ်”

လူးကပ်စ်မှ ဆို၏။ 

“နောက်တော့ ဘာဆက်ဖြစ်သွားတယ် ထင်လဲ”

ယုချင်း မျက်လုံးတစ်ဖက် မှိတ်ပြကာ မေးလိုက်သည်။ 

လူးကပ်စ် ချက်ချင်း လက်ပြ၍ ထပ်မပြောရန် တားလိုက်သည်။ 

“ကြိုမပြောနဲ့လေ။ သူ့အကြံကို မှန်းထားတာတော့ ရှိပါတယ်”

ယုချင်း မျက်ခုံးပင့်လျက်

“မင်းဦးနှောက်နဲ့လား”

လူးကပ်စ် ပြန်မပြောဘဲ အံကြိတ်နေသော်လည်း စိတ်ထဲတွင် မကျေမနပ် ဖြစ်နေမိသည်။ 

ငါသာ အေးဂျင့်ဆိုရင်လည်း ဒီအတိုင်းလုပ်ပြီး ပိုတောင် ပြီးပြည့်စုံဦးမယ်။ 

ဘာလာမလဲ ဟုတ်လား။ 

သေချာမသိပေမဲ့ လင်းချွမ်မှာ လှည့်ကွက်ရှိလား ကြည့်ရမှာပေါ့။ 

‘ကျောက်ယွန်းအိမ်မှာ သူနဲ့ သူ့သမီးပဲ ရှိတယ်’

‘အမှန်အတိုင်း ပြောရရင် ကျောင်းရဲ့ လုံခြုံရေး တစ်ယောက်အနေနဲ့ ယန်အုပ်စုဥက္ကဋ္ဌရဲ့ အတွင်းရေးမှူးအိမ်ကို ဝင်ရတာ တော်တော် ထူးဆန်းတယ်’

‘ဒါပေမဲ့ အခုတော့ သမီးလေးနဲ့ ရင်းနှီးတော့ အဓိပ္ပာယ် ရှိသွားတာပေါ့’

‘သမီးလေးက သူ့အခန်းကိုပါ ခေါ်ပြသေးတယ်’

‘ကျောက်ယွန်း သူ့သမီးကို အရမ်းချစ်လို့ ဂရုစိုက် ပြင်ဆင်ပေးထားမှန်း သိသာပါတယ်’

‘နောက်တော့ စားပွဲပေါ်က ဓာတ်ပုံကို လက်ညှိုးထိုးပြပြီး သူ့အဖေကို မိတ်ဆက်ပေးတယ်’

‘ကျောက်ယွန်းကတော့ တံခါးနားမှာ ရပ်ကြည့်ရင်း ကျွန်တော် ပြန်အလှည့်မှာ အကြည့်ချင်း ဆုံမိသွားတယ်’

‘ထမင်းစားရင်း ကျွန်တော် သူ့အမျိုးသားအကြောင်း တမင် ထည့်ပြောကြည့်တဲ့အခါ ကျောက်ယွန်းမျက်လုံးတွေက ဝမ်းနည်းဆွေးမြေ့သွားတာကို တွေ့ရတယ်’

‘အေးဂျင့်အလုပ်မှာ အမူအရာဖတ်တာကလည်း ပညာတစ်ခုပဲလေ’

‘(၇) နှစ်တောင် ကြာပြီးပေမဲ့ သု့ယောက်ျားကို အရမ်းချစ်နေသေးတယ်လို့ ကောက်ချက်ချမိတယ်’

‘ကျောက်ယွန်း သူ့သမီးကို ထည့်တွေးလို့ပဲလား ကျွန်တော်တို့ချင်း သိပ်မရင်းနှီးသေးဘူး ထင်လို့ပဲလား မသိပေမဲ့ ယောက်ျားအကြောင်းကို သိပ်မပြောပြဘူး’

‘ဟုတ်ပါတယ်လေ။ ကျွန်တော်တို့ချင်း သမီးလေးကျောင်းမှာ တွေ့ဖြစ်ကြပေမဲ့ ခေါင်းငြိမ့် ပြုံးပြ နှုတ်ဆက်ရုံပဲ ရှိတာ’

‘ဘယ်လိုလုပ် ကျွန်တော့်ကို အရေးကြီးတာတွေ ပြောဦးမှာလဲ’

‘ဒါပေမဲ့ အခု ကျွန်တော်က သူ့သမီးရဲ့ မိတ်ဆွေဖြစ်နေပြီဆိုတော့ မကြာခင် ပိုခင်လာတော့မှာပါ’

‘ကျွန်တော် တာဝန်အောင်မြင်ဖို့ အရမ်း မလောပါဘူး’

‘အဲ့ညက ကျွန်တော် သူတို့အိမ်ကပြန်ပြီး ကျောင်းအဆောင်ကိုရောက်တော့ လုံခြုံရေးအလုပ်ကို ဆက်ထမ်းဆောင်ရတယ်’

‘နောက်တစ်ပတ်လောက်ကျတော့ သူ့ယောက်ျား ကားမတော်တဆမှုနဲ့ ဆုံးတဲ့အကြောင်းကို သေချာ စုံစမ်းတယ်’

လူးကပ်စ် ခဏရပ်သွား၏။ 

ကျောက်ယွန်းယောက်ျားအမှုကို ဘာလို့ စုံစမ်းတာလဲ။ 

မတော်တဆ မဟုတ်လို့လား။ 

(၇) နှစ်တောင် ကြာနေပြီကို။ ရှာတွေ့ဦးမှာလား။ 

သူ အသံထွက်ရေရွတ်မိမလို ဖြစ်သွားသော်လည်း ယုချင်းမှ စာအုပ်ထဲ နစ်မျော၍ အာရုံစိုက် ဖတ်နေသည်ကို တွေ့သောကြောင့် သူ့စကားများကို ပြန်မျိုသိပ်ထားလိုက်၏။ 

‘ကျောက်ယွန်းရဲ့ ယောက်ျားက လွန်ခဲ့တဲ့ (၇) နှစ်က ကားမတော်တဆမှုနဲ့ ဆုံးတာပါ’

‘ကျွန်တော် အမှုဖိုင်တွေ ပြန်ကြည့်ပြီး သက်သေတွေ ပြန်ရှာတာတော့ ရှင်းနေတာပဲ’

‘ကုန်ကားမောင်းသမားက အရှိန်ပြင်းပြင်း မောင်းလာပြီး မီးရောင်မှိန်မှိန်နဲ့ ညမှောင်တဲ့အချိန် လမ်းထောင့်အကွယ်မှာ တိုက်မိသွားတာ။ စိတ်မကောင်းပေမဲ့ အမှုမှာ ဘာမှ မသင်္ကာစရာ မတွေ့ရဘူး။ သာမာန် ယာဉ်မတော်တဆမှုပဲ’

‘ဒီဘက်ကို ဆက်သွားလို့ မဖြစ်မှန်းသိတော့ အေးဂျင့်တစ်ယောက်အနေနဲ့ နောက်ထပ် နည်းလမ်း ရှာရတယ်’

‘ကျွန်တော့်တာဝန်က ယန်ချင်းရဲ့ ပြစ်မှုမှတ်တမ်းတွေ ရှာပြီး သရုပ်မှန်ကို ဖော်ထုတ်ဖို့လေ’

‘ဒီတော့ အစီအစဉ် ပြန်ဆွဲရတာပေါ့’

‘အေးဂျင့်တစ်ယောက်ရဲ့ ဘဝက ဟန်ဆောင်မှုတွေ ပြည့်နေတာပါပဲ’

‘ထူးထူးခြားခြားကြီး သနားကြင်နာတာတွေတော့ မခံစားရဘူး။ တရားမျှတမှု ဆောင်ရွက်ဖို့က အဓိကပဲလေ’

‘အဲ့ဒီ ဖြူစင်တဲ့ ကလေးမသာ ကျွန်တော့်အကြောင်း သိရင် နားလည်ပေးသင့်ပါတယ်’

‘ကျောက်ယွန်းလည်း အသိစိတ် ရှိသေးရင်တော့ ဒီလိုပဲ တွေးရမှာပေါ့’

‘မဟုတ်လည်း ကျွန်တော် မှန်ကန်တာပဲ လုပ်ခဲ့တဲ့အကြောင်း သက်သေပြရလိမ့်မယ်’

‘ဒီတော့ ယာဉ်တိုက်မှုဘက် ပြန်လှည့်ရတယ်’

‘လုပ်ကြံတာက ကျွန်တော့် အားသာချက်လေ’

‘ယာဉ်တိုက်မှု ရိုးသားတာက အရေးမကြီးဘူး။ ယာဉ်မောင်းနဲ့ ယန်အုပ်စုကြားမှာ ထူးခြားတဲ့ ဆက်သွယ်ချက် ရှိနေပြီး ကျောက်ယွန်း အမျိုးသား ဆုံးရတာ ယန်အုပ်စုနဲ့ ပတ်သက်နေတယ်လို့ လုပ်ကြံပြနိုင်ရင် ရပြီ’

‘တစ်ပတ်လောက်အကြာမှာ ကျောက်ယွန်းနဲ့ ယာဉ်မောင်းကြား မထင်ထားတဲ့ တွေ့ဆုံမှုလေး ဖန်တီးပေးလိုက်တယ်’ 

‘ဒီတော့ ထင်တဲ့အတိုင်း ကျောက်ယွန်း ဒေါသတကြီး တုံ့ပြန်တာပေါ့’

‘ကျွန်တော်ကတော့ ထောင့်နားကနေ ကျောက်ယွန်းရဲ့ ဒေါသမျက်နှာ၊ အံကြိတ်ပုံတွေကို စိုက်ကြည့်နေတယ်။ သမီးလေးသာ ဘေးမှာမရှိရင် ယာဉ်မောင်းကို ချက်ချင်း ထရိုက်လောက်တယ်’

‘ဒီလိုတွေ့လိုက်တဲ့အခါ သူ့ရဲ့ နာကျင်စရာမှတ်ဉာဏ်တွေ ပြန်ပေါ်လာတယ်လေ’

‘သမီးလေးကတော့ ဘေးကနေ ဒီဦးလေးက ဘယ်သူလဲလို့ မေးတယ်’

‘ကျောက်ယွန်း ပြန်မဖြေဘူး’

‘ယာဉ်မောင်းလည်း ကျောက်ယွန်းကို မှတ်မိပြီး အလန့်တကြား ထပြေးပါလေရော’

‘(၃) ရက်အကြာမှာ’

‘ယန်အုပ်စုရဲ့ ပြိုင်ဘက်ကုမ္ပဏီက အကြီးအကဲတစ်ယောက် ယာဉ်တိုက်မှု ဖြစ်တာကို သိလိုက်ရတယ်’

‘စိတ်မကောင်းပေမဲ့ ဒီတစ်ခါတော့ သက်သေတွေ့ပြီ’

‘ဒီကိစ္စက တကယ်လည်း ယန်အုပ်စုက လုပ်ကြံတာ။ အဲ့အကြီးအကဲဆိုတာ သူတို့ကုမ္ပဏီကနေထွက်ပြီး ပြိုင်ဘက်ကုမ္ပဏီထဲ ဝင်သွားတာလေ’

‘သူသေတာက ရိုးရိုးလေးပဲ။ သူ မသိသင့်တာကို သိထားတယ်လို့ သံသယရှိလို့ပေါ့’

‘ကျွန်တော် ကျောက်ယွန်းကို ဒီကိစ္စ တိုက်ရိုက်မပြောပေမဲ့ သူကိုယ်တိုင် ရှာတွေ့ပြီး တွေးမိအောင် သက်သေတွေ ပြင်ပေးထားလိုက်တယ်’

‘ထင်တဲ့အတိုင်း ကုမ္ပဏီကြီးရဲ့ အတွင်းရေးမှူးအနေနဲ့ သက်သေကို ရှာတွေ့သွားတယ်’

‘သူ့ယောက်ျားနဲ့ ပတ်သက်တယ်လို့ပါ တွေးမိသွားပုံပဲ’

‘ကျောက်ယွန်းတစ်ယောက် ညလယ်ခေါင်ကြီး ယောက်ျားဓာတ်ပုံကိုဖတ်ရင်း ထငိုတယ်လို့ သူ့သမီးက ပြောပြလာတယ်’

All Chapters