← Chapters

အေးဂျင့်တွေလား

Vol. 30 Ch. 438

အေးဂျင့်တွေလား

Vol. 30 Ch. 438

လင်းချွမ် ခေါင်းငြိမ့်လျက်

“ကောင်းပြီ။ ငါးကို ခဏပေးကူးထားလိုက်”

လင်းချွမ် သူတို့အကြံကို သဘောပေါက်ကာ ခဏစဉ်းစား၍ ရှင်းရှင်းအား ချက်ချင်း ဖုန်းခေါ်လိုက်သည်။ 

‘တီ တီ တီ…’

“ရှင်းရှင်း အခု ဘယ်မှာလဲ”

ဖုန်းဝင်သည်နှင့် လင်းချွမ်မှ မေးလိုက်သည်။ 

“ရုံးမှာလေ သူဌေး။ နိုးပြီလား စောသားပဲ”

ကျန်းမှ သွက်လက်သော အသံလေးဖြင့် နှုတ်ဆက်လိုက်၍ သူ့မျက်နှာလေးလည်း ပြုံးရွှင်နေမည်ဟု လင်းချွမ် ခန့်မှန်းမိ၏။ 

လင်းချွမ်မှ

“ကိစ္စတစ်ခု ရှိလို့။ ရုံးမှာပဲ စောင့်နေနော်။ စာတွေ ဘာမှ မပြန်နဲ့ဦး”

၇၂၀ ကုမ္ပဏီ။ သူဌေး ရုံးခန်း။ 

ကျန်းမှာ လင်းချွမ်ခုံတွင် ထိုင်ရင်း ဖုန်းကိုကြည့်၍ မှင်တက်နေ၏။ သို့သော် လင်းချွမ်၏ သတိပေးချက် ဖြစ်သောကြောင့် ပြန်မမေးဘဲ လက်ခံလိုက်သည်။ 

“ဟုတ်ကဲ့ပါ”

သူ ဖုန်းချပြီးနောက် နှုတ်ခမ်းလေးစူကာ ရေရွတ်မိသည်။ 

“ခုနလေးတင်ကမှ အိမ်ကထွက်လာတာကို။ ဘာကိစ္စ ရှိလို့လဲ”

ထိုမနက်က ရှချင်းချင်းမှာ သူ့မိတ်ဆွေများနှင့် ၇၂၀ ကုမ္ပဏီသို့ ရောက်လာခဲ့ပြီး ကားလ်အမှုအတွက် စုံစမ်းလေ၏။ ကျန်းမှာတော့ လင်းချွမ်၏ သတိထားမှုကြောင့် အမှုမှန်ကို မြန်မြန် ဖော်ထုတ်နိုင်၍သာ စိတ်အေးရပါသည်။ မဟုတ်လျှင် မထင်မှတ်ထားသော ကိစ္စများ ဖြစ်နိုင်၏။ 

“ဟူး…”

ကျန်း သက်ပြင်းချမိ၏။ 

မကြာမီ လင်းချွမ် လင်းကျန်အဆောက်အဦမှ ၇၂၀ ကုမ္ပဏီသို့ ရောက်လာသည်။ 

“သူဌေး”

ကျန်း သူ့ကို ချက်ချင်း ပြေးဖက်လိုက်ရာ ကျန်း၏ ပါးဖောင်းဖောင်းလေးသည် လင်းချွမ်ရင်ဘက်၌ အိခနဲ ဖြစ်သွားသည်။ 

လင်းချွမ် သူ့ဆံနွယ်အား ထုံးစံအတိုင်း သပ်ပေးလိုက်၏။ 

ထို့နောက် လင်းချွမ်အတွက် လက်ဖက်ရည် ဖျော်ပေးရင်း

“သူဌေး ခုနက ကိစ္စဆိုတာ ဘာလဲ”

“မင်းရဲ့ အယ်ဒီတာလေ မှတ်မိသေးလား”

“ဒါပေါ့။ ရှင့်ကို ကြောက်ကြတဲ့ အစ်ကိုဟောက်နဲ့ ဟော”

ကျန်း ပြုံး၍ ပြောလိုက်၏။ 

ကားလ် အဖမ်းခံရပြီးနောက် လင်းချွမ်လည်း ထိုကဲ့သို့ ရုံးခန်းထဲ ခိုးနားထောင်ခြင်း မဖြစ်စေရန် အထူးဂရုစိုက်ခဲ့သည်။ 

သူ ရုံးခန်းတံခါး ပိတ်လိုက်ပြီးမှ

“သူတို့ (၂) ယောက်က ကို့လက်အောက် ရောက်လာပြီ။ အေးဂျင့် အသစ်တွေပေါ့”

“ဟင်”

ကျန်း မျက်လုံးလေးပြူးလျက် လင်းချွမ်အား ကြည့်နေသည်။ 

“အေးဂျင့်အသစ်လား”

လင်းချွမ် သူ့ကို ထိုင်စေ၍ နားအနားကပ်ကာ အစအဆုံး ရှင်းပြလိုက်သည်။ 

ကျန်းတစ်ယောက် ခေါင်းငြိမ့်လိုက်၊ ခေါင်းယမ်းလိုက်ဖြင့်

“သူဌေး ကျွန်မ သိပ်နားမလည်ဘူး”

“ဟင်”

လင်းချွမ် မျက်ခုံးပင့်မိသည်။ 

ကျန်း သူ့ကို ငေးကြည့်လျက်

“အစ်ကိုဟောက်နဲ့ ဟောက ဘယ်လိုလုပ် အေးဂျင့်အသစ် ဖြစ်လာတာလဲ”

“ဖြစ်လို့ မရဘူးလား”

လင်းချွမ် ပြန်မေးမိ၏။ 

“ရပါတယ်။ ဒါပေမဲ့ သူတို့က… နည်းနည်း ထုံလားလို့”

လင်းချွမ် သူ့စကားကြောင့် လက်ဖက်ရည် ယူသောက်ရင်း ရယ်မောလိုက်သည်။ 

“ရှင်းရှင်း ကိုကြည့်သလောက်တော့ မင်းဆိုလည်း အေးဂျင့်အဖြစ် သင့်တော်တာပဲ”

လင်းချွမ်မှ ပြော၏။ 

ကျန်း သူ့ကို ငေးစိုက်ကြည့်ရင်း

“သူဌေးအကြည့်တေါက မရိုးသားဘူးနော်”

လင်းချွမ် လက်ဖက်ရည်ခွက်ကို ချကာ ပြုံး၍

“ရှင်းရှင်း စဉ်းစားကြည့်နော်။ ထက်မြက်တဲ့လူတစ်ယောက်က အေးဂျင့်ဖြစ်လာရင် တစ်ဖက်ရန်သူက ချက်ချင်း သတိထားမိသွားမှာပဲ”

“ထုံတဲ့သူဆိုရင်ရော”

ကျန်းမှ ပြန်မေးသည်။ 

“အဲ့လိုလူတွေကို ဘယ်သူမှ ဂရုမစိုက်ဘူးလေ။ အဲ့တော့ သူတို့က တကယ် သင့်တော်တာပဲ”

“အဲ့တာလည်း ဟုတ်သားနော်”

ထိုစဉ် ရုတ်တရက် ကျန်း အတွေးတစ်ခု ဝင်လာပြီး။ 

“ခုနက ကျွန်မကိုလည်း အေးဂျင့်ဖြစ်ဖို့ သင့်တော်တယ်ဆိုတော့ ထုံတယ်လို့ ပြောချင်တာလား”

လင်းချွမ် နေရခက်စွာဖြင့်

“အရမ်းထုံတဲ့အထိတော့ မဟုတ်ပါဘူး”

ကျန်း လက်သီးသေးသေးလေးကို မြှောက်၍ ထိုးမည့်ဟန်ဖြင့် 

“ကျွန်မ ကိုယ်ခံပညာ လေ့ကျင့်ထားတယ်နော်။ နောက်တစ်ခါ အလဲထိုးပစ်မယ်။ ရှင် ကျွန်မထက် ထုံတာကို ဝန်ခံရလိမ့်မယ်”

“ကို့ကို နိုင်မှာ သေချာလို့လား”

ကျန်းမှ ဒေါသထွင်သလိုဖြင့် နှာခေါင်းလေး ရှုံ့ရင်း ပြေးထိုးလေသည်။ 

သို့သော် အရှိန်လွန်၍ လင်းချွမ်မှ ဖက်ထားလိုက်ရ၏။ 

“သူဌေး ရုံးခန်းထဲမှာနော်”

“အဟမ်း”

လင်းချွမ် ချောင်းဟန့်၍ ခပ်မတ်မတ်လေး ထိုင်လိုက်ပြီး

“အရေးကြီးကိစ္စကို အရင် ဆွေးနွေးတာပေါ့”

ကျန်းလည်း ပြုံးလျက်

“သူဌေး ကျွန်မ မေးစရာရှိတယ်”

“ပြောလေ”

“မမချင်းချင်းလည်း သိချင်နေတဲ့ကိစ္စပါ။ မနက်က ကားလ်အမှု စုံစမ်းရင်း ကုမ္ပဏီကို ရောက်လာသေးတယ်လေ။ အဲ့တာ ရှင်က အေးဂျင့်တွေအကြောင်း ဘယ်လိုလုပ် အဲ့လောက် သိနေတာလဲတဲ့”

ကျန်း ရယ်မော၍ ပြောသည်။ 

“ဘာပြန်ပြောလိုက်လဲ”

“ရှင်က မှတ်တမ်းရုပ်ရှင်တွေကြည့်၊ စာအုပ်တွေ ဖတ်ထားလို့လို့”

လင်းချွမ် ရယ်မောကာ

“ဟုတ်တယ်။ အဲ့လိုပဲပေါ့”

“ကျွန်မက တကယ် ယုံမယ် ထင်နေလို့လား”

လင်းချွမ်၏ ချစ်သူအနေဖြင့် သူ့အကြောင်း အတော်လေး သိပါသည်။ 

“ဒါဆိုလည်း ကိုက အေးဂျင့်ဆိုတာ ဝန်ခံပါတယ်”

All Chapters