သူမလာရင် ငါတို့ သွားမယ်
Vol. 30 Ch. 439
ရုံးခန်းထဲတွင်။
“အဲ့လောက် မြန်လား”
လင်းချွမ် မျက်ခုံးပင့်လျက် ကျန်းရှင်းရှင်း၏ဖုန်း မက်ဆေ့ချ်ကို ကြည့်နေမိသည်။
ဟော၊ ကုဒ်နာမည် သင်းခွေချပ် (၂) ထံမှ ဖြစ်၏။
ထိုထဲသို့ ဝင်ကြည့်လိုက်သောအခါ
“ကျန်း သတင်းကောင်း ပြောပြမလို့။ မင်းရဲ့ ဆေးနတ်ဘုရားဝတ္ထုကို လူတစ်ယောက်က ရုပ်ရှင်အဖြစ် ပြန်ရိုက်ဖို့အတွက် မူပိုင်ခွင့် ဝယ်ချင်တယ်တဲ့”
လင်းချွမ် ခဏစဉ်းစား၍ စာပြန်လိုက်သည်။
“ရုပ်ရှင် ရိုက်ဖို့လား”
အနောက်တွင် အံ့ဩသည့် အီမိုဂျီပုံလေးပါ ပါ၏။
“ဟုတ်တယ်။ အစက စာအုပ်အနေနဲ့ ထုတ်ဖို့ပဲ ဆွေးနွေးထားတာလေ။ ဒါပေမဲ့ တစ်ဖက်လူက တော်တော်လေး စိတ်ဝင်စားနေတယ်။ စာအုပ် ထုတ်ဝေခွင့်တင် မကဘူး။ ရုပ်ရှင်ရိုက်ကူးခွင့်ပါ တောင်းလာတာ”
ဟောမှ ပြန်ဖြေသည်။
ထိုအချိန်တွင် ဟောအနောက်၌ ယုချင်းနှင့် လူးကပ်စ် ရပ်နေပြီး အစောင့်အကြပ်များကဲ့သို့ သေချာ ကြည့်နေသည်။
ထို့ကြောင့် ဟောတစ်ယောက် စာရိုက်ရင်း လက်များပင် တုန်နေလေ၏။
လင်းချွမ်မှ
“ကျေးဇူးတင်လိုက်တာ အစ်ကိုဟောရယ်။ ရုပ်ရှင်ရိုက်ကူးခွင့် ရောင်းလိုက်ရင် ဘယ်လောက် ရမှာလဲဟင်”
ဟော သူ့အနောက်မှ ယုချင်းကို လှည့်ကြည့်လိုက်သောအခါ ယုချင်းမှ
“လာပြီး ဆွေးနွေးလို့ ခေါ်ထုတ်လိုက်။ လူချင်းတွေ့မှ ဈေးပြောတာပေါ့လို့”
ဟော ခေါင်းငြိမ့်ပြ၍ ထိုအတိုင်း ပြန်ပြောလိုက်သည်။
“အရှေ့တောင်အာရှ အထိတောင်လား။ အခုချက်ချင်းကြီးက ဘာမှလည်း မပြင်ဆင်ထားဘူး။ ကောင်လေးနဲ့ အရင်တိုင်ပင်ကြည့်လိုက်ဦးမယ်နော်”
လင်းချွမ် ကျန်းရှင်းရှင်းအစား အစအဆုံး ပြောလိုက်၏။
ယုချင်း ခေါင်းတငြိမ့်ငြိမ့်ဖြင့်
“ငါတို့ သိထားတဲ့ ကျန်းရှင်းရှင်းနဲ့ ကွက်တိပဲ”
ဘေးမှ လူးကပ်စ်မှာ မျက်မှောင်ကြုတ်လျက်
“သူ လင်းချွမ်နဲ့ တိုင်ပင်ရင် သေချာပေါက် မလာဖြစ်လောက်ဘူးပေါ့”
“ဒါပေါ့”
ယုချင်း ဟောအား ခဏနားနေရန် လက်ပြ၍ သူလည်း ဆိုဖာ၌ ဝင်ထိုင်လိုက်သည်။
လူးကပ်စ်မှာ သူ့မျက်နှာချင်းဆိုင်တွင် ထိုင်လျက် တုတ်ကို မှီထောက်ထားသည်။
အေးဂျင့်အသစ်လေး ဟောက်နှင့် ဟောမှာတော့ အချင်းချင်း လှမ်းကြည့်၍ ထိုင်စရာနေရာ မရှိသောကြောင့် ဘေး၌သာ ရပ်နေရသည်။
“သူ ပြည်ပထွက်မလာရင် ကျွန်တော်တို့လည်း လှုပ်ရှားလို့ မရဘူးလေ”
လူးကပ်စ် အားမလိုအားမရ ပြောလိုက်သည်။
ယုချင်း ပြုံးလျက်
“လင်းချွမ်ရဲ့ချစ်သူအနေနဲ့ ကျန်းရှင်းရှင်းလည်း အများကြီး သတိထားတတ်မှာပဲ။ သူ အခုချက်ချင်း လာမယ်ဆိုတာကမှ ထူးဆန်းတာ။ သူ ပြည်ပ ထွက်မလာရင် ငါတို့ သွားလို့ ရတာပဲ”
“အန်လင်းကို သွားမယ်လို့ ပြောချင်တာလား”
လူးကပ်စ် နားမလည်နိုင်စွာ ပြန်မေး၏။
“အဲ့မှာ ငါ့ညီမနဲ့လည်း တွေ့လို့ရတယ်လေ”
ယုချင်း ပြုံး၍ ပြောသည်။
“ကိုကိုးလား။ ဟုတ်တယ်နော်။ မတွေ့တာတောင် ကြာပြီ”
လူးကပ်စ်မှာ နူးညံ့သောအသံဖြင့်
“အဝေးကွင်းမှာဆော့ဖို့က စီစဉ်ရတာတော့ ခက်မယ်နော်”
“အဝေးကွင်းလား”
ယုချင်း သူ့ကိုကြည့်၍ ရယ်မောကာ
“မင်းက ခီခီ့ရဲ့ အန်ကျောက်မှာ ကြိုးစားနေထိုင်ခဲ့တဲ့ နှစ်တွေကို အထင်သေးလိုက်တာပဲ”
သူ့စကားကြောင့် လူးကပ်စ် တိတ်ဆိတ်သွား၏။
ယုခီခီမှာ အန်ကျောက်ရှိ အန်ကျောက်ဆေးဝါးတွင် တာဝန်ယူကာ ဖွံ့ဖြိုးအောင် ပြုလုပ်ထားပါသည်။
နောက်ဆုံးတာဝန်၌ ကျရှုံးကာ အဖမ်းခံခဲ့ရသော်လည်း အရင် စွမ်းဆောင်ရည်များမှာ တော်ရုံမဟုတ်ပေ။
ထို့ကြောင့်လည်း ယုချင်း၏ လက်နက် နည်းလမ်းကို ထောင်အတွင်း ရယူ၍ သေဒဏ်မှ လွတ်လာခြင်း ဖြစ်သည်။
အဆက်အသွယ်ကောင်းကောင်း မရှိလျှင် ထိုနည်းပညာမှာ ခီခီ့လက်ထဲ မည်သို့ ရောက်နိုင်မည်နည်း။
ယုချင်း ရယ်မောလျက်
“အန်ကျောက်ဆိုတာ ငါတို့ရဲ့ နယ်မြေတစ်ဝက်လို့ ပြောလို့ ရပါတယ်။ နောက်ပြီး အန်ကျောက်မှာဆိုရင် လင်းချွမ်နဲ့ ကျန်းရှင်းရှင်းတို့ ပိုပြီး စိတ်အေးလက်အေးနဲ့ သတိလက်လွတ် ဖြစ်နေလိမ့်မယ်”
“ယုကတော့ တကယ် တစ်ခုခုပဲ”
လူးကပ်စ် ခေါင်းငြိမ့်ကာ အသိအမှတ် ပြု၏။
ယုချင်း ဟောက်နှင့် ဟောတို့ကို ကြည့်ကာ
“အဲ့အခါကျရင် မင်းတို့နှစ်ယောက် အဖွဲ့ထဲ ပူးပေါင်းရမယ်နော်”
နှစ်ဦးသားမှာ ပြန်လည်း မငြင်းနိုင်ဘဲ ခေါင်းငြိမ့်ရုံသာ တတ်နိုင်၏။
လင်းချွမ် သူတို့ကို ကြိုပြောထားသည့်အတိုင်း မှန်နေပါသည်။
သူတို့ အန်ကျောက်သို့ ထပ်ရောက်ပေတော့မည်။
“ဒါပေမဲ့ နောက်ထပ် စဉ်းစားစရာ ရှိသေးတယ်”
လူးကပ်စ်မှ လေးနက်စွာ ပြော၏။
“အဲ့တာလား…”
ယုချင်း မျက်မှောင်ကြုတ်၍ ဟောက်နှင့် ဟောတို့ကို လက်ပြလိုက်သည်။
“မင်းတို့ သွားနှင့်ကြ”
ထိုအခါ ဘော်ဒီဂတ် (၂) ဦးနှင့် အတွင်းရေးမှူးလေးတို့ပါ ဟောက်တို့ကို စောင့်ကြည့်ရင်း ထွက်သွားသောကြောင့် အခန်းထဲ၌ ယုချင်းတို့ (၂) ယောက်သာ ကျန်ခဲ့သည်။
လူးကပ်စ် မျက်နှာပျက်လျက်
“အခု အားလုံးက လင်းချွမ်ကိုပဲ စောင့်ကြည့်နေကြတာနော်။ အမျိုးသား လက်နက် ရှာဖွေရေးအဖွဲ့က တရားစွဲထားတဲ့ကိစ္စမှာလည်း အမှန်တော့ လက်နက်နည်းပညာက လင်းယုန်ဆိုတဲ့ ကုမ္ပဏီအောက်မှာ ရှိတာ။ အဲ့တာလည်း တခြား မဟုတ်ဘူး။ လင်းချွမ်အပိုင်လေ”
ယုချင်းမျက်နှာလည်း လေးနက်သွား၏။
“သူက တကယ် နာမည်ကြီးနေတာပဲ။ လူတိုင်း စိတ်ဝင်စားနေကြလောက်တယ်။ အထူးသဖြင့် စစ်လက်နက် နည်းပညာမှာပေါ့”
အခြားသူများ မသိလောက်သော်လည်း လက်နက်ဝိဇ္ဇာ ဝတ္ထုထဲတွင် အဝေးထိန်းဒုံးကျည်လောင်ချာပင် မကဘဲ အခြား လက်နက်ကြီးများအကြောင်း ပါသေး၏။
ထို့ကြောင့် လက်နက်ဝိဇ္ဇာဝတ္ထုကို ဖတ်ပြီးသူတိုင်း စိတ်ကူးယဉ်ဝတ္ထုဟု မတွေးဘဲ လက်နက်နည်းပညာ စာအုပ်ကဲ့သို့ ထင်နေကြသည်။
သို့သော် ဝတ္ထုထဲ ပါဝင်သည့် ရေအောက် အဖျက်ဒုံးကျည်မှာတော့ ထင်သလောက် နာမည်မထွက်၊ ဈေးကွက်တွင်လည်း မတွေ့ရသေးဘဲ လျှို့ဝှက်ချက်ကဲ့သို့ ရှိနေသည်။
ထိုလက်နက်များမှာ အသံ၍အလျင်ထက်ပင် မြန်သေးသည်။
ထိုလက်နက်ကြီးကြောင့် လင်းချွမ်ကို ပစ်မှတ်ထားနေကြမှန်း ယုချင်း ခန့်မှန်းမိပါသည်။
လူးကပ်စ် အရှေ့တိုးလာပြီး အသံခပ်အုပ်အုပ်ဖြင့်
“ကျွန်တော် ယုံကြည်ရတဲ့ဆီက ကြားထားတာ ရှိတယ်။ တချို့ အန်ကျောက်ကို ကိုယ်တိုင် သွားပြီး တချို့လည်း လျှို့ဝှက် အေးဂျင့်တွေ လွှတ်ထားတယ်တဲ့။ သူလျှိုထက်မြင့်တဲ့အဆင့်တွေပေါ့”