← Chapters

အရေးကြီးကိစ္စလား

Vol. 31 Ch. 454

အရေးကြီးကိစ္စလား

Vol. 31 Ch. 454

ကျန်း ကြောက်ကြောက်လန့်လန့် ကြည့်၍

“ကစားပွဲလား”

လင်းချွမ်ပြုံးကာ

“ရာသီဥတု အခြေအနေအရ ဒီလိုပဲ ပြောလိုက်တာပါ”

ကျန်း သက်ပြင်းချလျက်

“ကျွန်မလည်း အဝတ်လဲလိုက်ဦးမယ်။ ရှင်နဲ့ လိုက်ခဲ့မယ်”

“ဘယ်ကိုလဲ”

လင်းချွမ် မျက်မှောင်ကြုတ်ကာ ပြန်မေး၏။

“ကျွန်မလည်း တိုက်ခိုက်ရေးတွေ လေ့ကျင့်ထားတယ်လေ။ အရင်လို အားမနည်းတော့ပါဘူး။ ယုချင်းကို ရှင်နဲ့အတူ တိုက်ခိုက်နိုင်ပါတယ်”

“အပြင်သွားစရာ မလိုပါဘူး”

လင်းချွမ် ခေါင်းယမ်းပြလေသည်။

“အပြင်မသွားဘဲ ဘယ်လို တိုက်ခိုက်မှာလဲ”

ကျန်း နားမလည်နိုင်စွာ ကြည့်နေ၏။

လင်းချွမ် သူ့ကို ဆိုဖာပေါ် ထိုင်စေလိုက်ပြီး ဖုန်းဖွင့်၍ နံပါတ်တစ်ခုကို ခေါ်လိုက်သည်။

ထို့နောက် ပြုံး၍

“မင်္ဂလာပါ။ ရဲစခန်းကလား မသိဘူး”

“လင်းချွမ်။ ဒါ အန်လင်းရဲစခန်းက ပြစ်မှုစုံစမ်းရေး ရဲမေ ရှန်ချန်းချန်းဆီ ရောက်နေပါတယ်။ ဘာကိစ္စများ ရှိလို့လဲ”

တစ်ဖက်မှ ရှန်ချန်းချန်းသည်လည်း လင်းချွမ်နှင့် လိုက်လျောညီထွေစွာ သရုပ်ဆောင်ပေး၏။

လင်းချွမ် ကျန်း၏ ဆံနွယ်များအား သပ်ရင်း

“ရဲမေရှန် ကျွန်တော် ရဲစခန်းကို တိုင်ကြားစရာ ရှိလို့ပါ။ အဖွဲ့မှူး ဒါမှမဟုတ် ဒါရိုက်တာကို ဆက်သွယ်ပေးနိုင်မလားဗျ”

အန်လင်းရဲစခန်းတွင်။

ရှန်ချန်းချန်း ပြုံးလျက်

“ဒီည သူတို့တွေ အစည်းအဝေးရှိတာကို ကြိုသိလို့များ ဆက်လိုက်တာလား”

“မသိပါဘူး”

“ရှင် သတင်းရထားပြီးပြီထင်တာ။ သူတို့ အခု အစည်းအဝေး ထိုင်နေကြတယ်လေ”

ရှန်ချန်းချန်း တိုင်ကပ်နာရီကို လှမ်းကြည့်ကာ

“ပြီးတော့မှာပါ။ အရေးကြီးကိစ္စလား”

“အရမ်းတော့လည်း မဟုတ်ပါဘူး။ အရှေ့တောင်အာရှ ဂိုဏ်းကြီးတစ်ခုရဲ့ သတင်းရထားလို့”

လင်းချွမ် ခပ်အေးအေး ပြော၏။

“ဒါ အရမ်းအရေးမကြီး…”

ရှန်ချန်းချန်း ပြောနေရင်း ရုတ်တရက် မှင်တက်ကာ

“ရှင် ဘာပြောလိုက်တာ”

“ရဲမေရှန်ပြောတော့ ပရော်ဖက်ရှင်နယ် ပြစ်မှုစုံစမ်းရေး ရဲမေဆို။ ဒီလိုကိစ္စနဲ့ ဖုန်းခေါ်တာလောက်ကို အရမ်းကြီး မလန့်သင့်ဘူးထင်တယ်”

လင်းချွမ်မှ အတွေ့အကြုံရှိသော လေသံဖြင့် ပြော၏။

ရှန်ချန်းချန်း မျက်နှာလေး ရဲလျက်

“ကျွန်မ အခုပဲ ဒါရိုက်တာဆီ သွားလိုက်ဦးမယ်”

“အရမ်းမလောနဲ့။ ဖြည်းဖြည်းသွားပါ။ သူတို့ ထွက်မပြေးပါဘူး”

လင်းချွမ် ရယ်မောကာ ပြော၏။

ရှန်ချန်းချန်း အစည်းအဝေးခန်းထဲ ထပြေးရန် ကြံပြီးမှ

“ကျေးဇူးနော် လင်းချွမ်”

“ကျွန်တော့်ကို ဘာလို့ ကျေးဇူးတင်တာလဲ”

“အရေးကြီး အချက်အလက်တွေ တိုင်ကြားပေးလို့ပေါ့”

ရှန်ချန်းချန်း ခပ်တိုးတိုးလေး ထပ်ပြောလေသည်။

“ပြီးတော့ ကျွန်မဆီ တိုက်ရိုက် ဆက်ပေးတဲ့အတွက်ရော”

လင်းချွမ်တွင် အဖွဲ့မှူးဟူတာချန်းနှင့် ဒါရိုက်တာ ကျန်းပြောင်တို့၏ ဖုန်းနံပါတ်များ ရှိထားပြီး ဖြစ်ကြောင်း လူတိုင်းသိပါသည်။

သို့သော် သူ့ကိုရွေးချယ်၍ ဖုန်းဆက်လာ၏။

ထိုအခြေအနေမှာ မည်သည့်အဓိပ္ပာယ်နည်း။

သူ့ကို ထောက်ပံ့ပေးခြင်း၍ ဖြစ်သည်။

သူ အတွေးလွန်နေခြင်းပင်။

လင်းချွမ်မှာ ရှန်ချန်းချန်းနှင့် ပိုရင်းနှီးခြင်း မှန်သော်လည်း ရာထူးကြီးများကို ရုတ်တရက် ဆက်သွယ်ပါက နေရခက်မည်စိုးသောကြောင့် ဖြစ်၏။

ထိုကဲ့သို့ ကူညီထောက်ပံ့ရန်ဟူ၍တော့ များများစားစား မတွေးမိချေ။

အန်လင်းရဲစခန်း၊ အစည်းအဝေးခန်း။

ဒါရိုက်တာကျန်းမှာ အနက်ရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး ခေါင်းထိပ်၌ ဆံပင်ဖြူအနည်းငယ် ထောင်နေ၏။

အခန်းထဲမှ အခြားခေါင်းဆောင်များသည်လည်း မျက်အိတ်များ ဖောင်း၍ ဇရာကို ထင်ဟပ်နေကြသည်။

အားလုံး ဒီရက်ပိုင်း အလုပ်ရှုပ်နေသောကြောင့် ပြုပြင် လှပနိုင်စွမ်းမရှိဘဲ ဖြစ်၏။

မူးယစ်နှိမ်နင်းရေးဌာနမှ ဟီစုန်းမှာမူ အလွန်ပင်ပန်းထား၍ မျက်တွင်းများ နက်နေသည်။

အမှုတွင် တစ်ခုခု လစ်ဟာနေသကဲ့သို့ ခံစားကြရ၏။

ဟူတာချန်း လက်ထဲမှ ဘောပင်ကိုချကာ မျက်လုံးများ ပွတ်လိုက်သည်။ အခန်းထဲမှ မီးရောင်ကြောင့် သူ့မျက်လုံးများ ကျိန်းစပ်လာသောကြောင့်ပင်။

“အဖွဲ့မှူးဟူ ဘာပြောချင်တာ ရှိသေးလဲ”

ဟူတာချန်း ခေါင်းယမ်းပြ၍

“မရှိပါဘူး။ ဒါရိုက်တာကျန်း ပြောတာ မှန်ပါတယ်။ ဒီအမှုကို သေချာဆင်ခြင်ပြီး နောက်တာဝန်တွေမှာလည်း တင်းတင်းကြပ်ကြပ် လုပ်ဆောင်ရပါမယ်”

ကျန်းပြောင် ပြုံးလျက်

“အဖွဲ့မှူးဟူ စိတ်အေးနေတယ် ထင်တယ်”

ဟူတာချန်း ရယ်မောလျက်

“ဘယ်လိုပြောလိုက်တာလဲ ဒါရိုက်တာရယ်။ ကျွန်တော်က အမြဲတမ်း အသင့်ပါပဲ။ ရန်သူပေါ်လာတာနဲ့ တိုက်ခိုက်နိုင်တယ်”

“မင်းတို့ ပြစ်မှုစုံစမ်းရေးအဖွဲ့မှာ အကူအညီ ရထားပေမဲ့ အရမ်း စိတ်အေးမနေနဲ့ဦး”

ဟူတာချန်း ခေါင်းတဆတ်ဆတ် ငြိမ့်၏။

ဆိုက်ဘာလုံခြုံရေးအဖွဲ့မှ ယုရှန်လည်း ထောက်ခံလေသည်။

“ယုရှန် မင်းတို့အဖွဲ့က ရှချင်းချင်းက နည်းပညာ တော်ပေမဲ့ လက်လွှတ်ထားလို့တော့ မရဘူး။ ဒီလို မထင်မှတ်ဘဲ ပေါက်ကြားတာမျိုးကို သင်ခန်းစာ ယူရမယ်”

“နားလည်ပါပြီ”

“ကောင်းပြီ။ အစည်းအဝေးကို ဒီလောက်နဲ့ ရပ်တာပေါ့”

ကျန်းပြောင် သူ့မှတ်စုစာအုပ်ကို သိမ်း၍ ထိုင်ခုံမှ ထရပ်လိုက်၏။

ထိုအခါမှ အခြားအဖွဲ့မှူးများလည်း သက်ပြင်းချနိုင်တော့သည်။

ဟီစုန်းတစ်ယောက်သာ မျက်နှာထားတင်း၍ တစ်ခုခုကို တွေးတောနေ၏။

နောက်ထပ်တာဝန်ကို မပေါက်ကြားဘဲ ဘယ်လိုလုပ် ဖမ်းနိုင်မလဲ။

ထိုအချိန်တွင် ကျန်းပြောင် အခန်းအပြင် ထွက်သွားပြီး ရှန်ချန်းချန်းကို ဖုန်းကိုင်လျက် တွေ့လေသည်။

သူ နွေးထွေးစွာ ပြုံးလျက်

“ရှန် အခုထိ မပြန်ရသေးဘူးလား”

ထိုကဲ့သို့ နှုတ်ဆက်မှုမျိုးကြောင့် ဟူတာချန်း၊ ယုရှန်တို့မှာတော့ မနာလိုဖြစ်ကြပေလိမ့်မည်။

ရှန်ချန်းချန်း သူ့အနားကပ်လာကာ

“ဒါရိုက်တာကျန်း အရေးတကြီး ဖုန်းဝင်လာလို့ပါ”

“ဘယ်ကလဲ”

ကျန်းပြောင် အမူအရာ ချက်ချင်း ပြောင်းသွားသည်။

“ဘယ်လိုဖုန်းမို့လို့ ဒါရိုက်တာကို ရှာရတာလဲ။ ဒါရိုက်တာ နားပါတော့။ ဒီလောက် ကိစ္စလေးတွေကို ကျွန်တော် ရှင်းလိုက်ပါမယ်”

အနောက်မှ ဟူတာချန်း ရောက်လာပြီး ပြော၏။

ရှန်ချန်းချန်းမှ ဆက်၍

“လင်းချွမ်ဆီက ဖုန်းပါ”

“လင်းချွမ်လား”

ဟူတာချန်း လန့်သွား၏။

“ထူးဆန်းလိုက်တာ။ သူကိုယ်တိုင် ဆက်တာလား”

ဟူတာချန်း ရေရွတ်ပြီးနောက် ဒါရိုက်တာကျန်းဘက်သို့ လှည့်၍

“ဒါရိုက်တာကျန်း လင်းချွမ် တကယ် အရေးကြီးလို့ ဆက်တာ ဖြစ်မယ်။ ရုံးခန်းကို သွားစုံစမ်းကြည့်တာပေါ့”

ကျန်းပြောင်လည်း ခေါင်းငြိမ့်၍ လိုက်သွား၏။

ထိုအခါ လင်းချွမ်နှင့် တိုက်ရိုက် ပြောဖြစ်လေသည်။

“ဒါရိုက်တာကျန်း ညဉ့်နက်မှ ဆက်လိုက်ရတာ အားနာပါတယ်ဗျာ”

လင်းချွမ်အသံမှာ ခုနထက် ပို၍ လေးနက်နေ၏။

ဖုန်းစပီကာဖွင့်ထားသောကြောင့် အားလုံး ကြားရပါသည်။

ကျန်းပြောင်မှ

“ရှန်ပြောတယ်။ အရေးကြီးကိစ္စဆို”

“ကျွန်တော် သတင်းတစ်ခု ကြားထားလို့ပါ။ အရှေ့တောင်အာရှမှာ လက်နက်ရောင်းတဲ့ ဂိုဏ်းကြီးတစ်ခုဖြစ်တဲ့ မော်ဂန်အုပ်စုရဲ့ ယုချင်းလေ။ သူနဲ့ သူ့အဖွဲ့တွေ အန်လင်းကို လာပြီး ပြစ်မှုကျူးလွန်မလို့ ကြားထားတယ်”

လင်းချွမ် အခိုင်အမာ ပြောလိုက်၏။

ရှန်ချန်းချန်းလည်း ယခုမှ အခြေအနေ အပြည့်အစုံကိုကြားကာ အတော်လေး လန့်သွားမိသည်။

All Chapters