← Chapters

ဒီကောင်လေး သာမာန် မဟုတ်ဘူးပဲ

Vol. 31 Ch. 455

ဒီကောင်လေး သာမာန် မဟုတ်ဘူးပဲ

Vol. 31 Ch. 455

ရုံးခန်းထဲတွင်။

ညခင်းလေပြည်မှာ အခန်းထဲထိ ဝင်ရောက်လာပြီး လူ (၃) ဦး၏ ပါးပြင်များအား ဖြတ်သန်းသွားသည်။

ထိုအခါမှလည်း သူတို့ သတိပြန်ဝင်လာ၏။

ဒါရိုက်တာကျန်းပြောင်မှ ချက်ချင်းပင်

“လင်း သက်သေ အတိအကျရှိလား။ အခုချက်ချင်း လူလွှတ်လိုက်မယ်။ မဟုတ်သေးဘူး။ ငါကိုယ်တိုင် လာခေါ်မယ်”

“ဟုတ်ကဲ့ပါ”

လင်းချွမ် ထိုအဖြေကို ခန့်မှန်းထားပြီး ဖြစ်ပါသည်။

နာရီဝက်ခန့်အကြာတွင်။

ရှန်ချန်းချန်းမှာ SUV ကားကို မောင်းလျက် လင်းချွမ်အိမ်ရှေ့ ရောက်လာသည်။

ကျန်းလည်း အဝတ်အစားလဲကာ အသင့်စောင့်နေ၏။

ထို့နောက် အားလုံး ရဲစခန်းသို့ ပြန်ရောက်လာကြသည်။

လေ၏အလျင်နှင့်အတူ ဆောင်းရာသီညချမ်းတွင် လျင်မြန်စွာ မောင်းနှင်လာ၏။

လင်းချွမ် ရဲစခန်းထဲ ဝင်လိုက်သောအခါ အနည်းငယ် အံ့ဩသွားမိသည်။

ည (၁၁) နာရီထိုးနေပြီဖြစ်သော်လည်း သူနှင့် ရင်းနှီးနေသူ အများစုမှာ အချိန်ပိုဆင်းလျက် ရှိကြသည်။

ဥပမာ ဆိုက်ဘာလုံခြုံရေးဌာနမှ ယုရှန်၊ မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှ ဟီစုန်းတို့ ဖြစ်၏။

အရေးကြီးကိစ္စရှိ၍ အသင့်ပြင်ထားပုံနှင့် တူနေသည်။

သို့သော် သူ အခြားကိစ္စမမေးပေ။

ပြစ်မှုစုံစမ်းရေးအဖွဲ့သို့ တန်းသွားလေ၏။

ကျန်းပြောင် သူ့ကို ကြိုဆိုနေရာပေးလိုက်သည်။

လင်းချွမ်မှာ တရားဝင်ရာထူး မရှိသော်လည်း သူ့စွမ်းဆောင်ရည်ကြောင့် မည်သည့်နေရာ ရောက်ပါစေ လေးစားခံရပါသည်။ အထူးသဖြင့် ကျန်းပြောင် သဘောကျ ကြောက်ရွံ့ရသော စွမ်းဆောင်ရည် ဖြစ်၏။

လင်းချွမ်၏ ပြစ်မှုစုံစမ်းဖော်ထုတ်ရေး စွမ်းရည်ကို သဘောကျပြီး စိုးရိမ်ရသည်မှာတော့ သူကိုယ်တိုင် ပြစ်မှုကျူးလွန်မည်ကိုပင်။

လင်းချွမ်သာ ပြစ်မှုကျူးလွန်လျှင် တွေးရဲစရာ မရှိပေ။

သူ့လို အတွေ့အကြုံရှိ ရဲမှူးကြီးပင် လင်းချွမ်အား ဖမ်းဆီးရန် ခက်ပေလိမ့်မည်။ လင်းချွမ် ပြစ်မှုများတွင် သက်သေပေါ်မည် မဟုတ်ပါ။

ထို့ကြောင့် အဖက်ဖက်ကိုတွေး၍ လင်းချွမ်အား ဂရုတစိုက် ဆက်ဆံရသည်။

“လင်း ဒီကိစ္စက အရမ်းအရေးကြီးတယ်။ အသေးစိတ် ပြောလို့ရအောင်လို့ ရဲစခန်းကို ခေါ်လိုက်ရတာပါ။ မော်ဂန်အုပ်စုက စစ်လက်နက် ရောင်းတဲ့ ယုချင်းနဲ့ သု့အဖွဲ့တွေ အန်လင်းကို လာမယ်တဲ့လား။ သူတို့ ဘာဒုစရိုက်မှုကို စီစဉ်နေတာလဲ”

ကျန်းပြောင် စားပွဲတစ်ဖက်တွင်ထိုင်ရင်း လှမ်းမေး၏။

အဖွဲ့မှူးဟူတာချန်းမှာ လက်ဖက်ရည် ပြင်ပေးရင်း သူတို့စကားကို စိတ်ဝင်တစား နားထောင်နေသည်။ လင်းချွမ် ကျေးဇူးတင်စကား ပြောပြီးနောက် ကျန်းပြောင်အား လှမ်းကြည့်၍ ပြုံးကာ

“ဒါရိုက်တာကျန်း အမှန်အတိုင်း ပြောရရင် သူတို့ အန်လင်းကိုလာတာ ကျွန်တော့်ကို ဖမ်းဖို့ပါ”

ကျန်းပြောင် လန့်သွားမိ၏။

“မင်းကို ဖမ်းဖို့လား”

လင်းချွမ် ခေါင်းငြိမ့်ပြ၍

“ဟုတ်ပါတယ်။ ဆာနီယာ လက်နက်ကုမ္ပဏီကို မှတ်မိသေးလား”

ကျန်းပြောင် ခဏစဉ်းစားပြီးနောက် လင်းချွမ်အား စွပ်စွဲပြောဆို၍ အမှုဖြစ်ခဲ့သည့် နိုင်ငံခြားကုမ္ပဏီအား သတိရသွားသည်။

လင်းချွမ်မှ ဆက်၍

“ဆာနီယာအမှုမှာ အဓိကကြိုးကိုင်တာ မော်ဂန်အုပ်စုက ယုချင်းလေ။ အရင်က သူ အရှေ့အလယ်ပိုင်း လက်နက်လောကမှာ အများကြီး လွှမ်းမိုးထားနိုင်တယ်။ အဲ့ကနေတစ်ဆင့် အရှေ့တောင်အာရှကို ဝင်ဖို့ ကြိုးစားနေတာ။ ဒါပေမဲ့ ကျွန်တော်က သူ့စီးပွါးရေးထဲ ဝင်ရှုပ်သလိုဖြစ်ပြီး ဆက်တိုက် လိုက်ဖျက်ဆီးနေတော့တာပဲ”

ကျန်းပြောင် နားထောင်ရင်း တုန်လှုပ်သွား၏။

သူ လင်းချွမ်နှင့် ဆာနီယာ၏အမှုအကြောင်း ကြားသော်လည်း အသေးစိတ် မသိပေ။

ယခုလို လင်းချွမ် အစအဆုံး ရှင်းပြမှ အတော် အံ့ဩနေရသည်။

ဒီလင်းဆိုတဲ့ ကောင်လေးက ရာရာစစ မော်ဂန်အုပ်စုလို မှောင်ခိုလောကမှာ နာမည်ကြီးတဲ့အဖွဲ့ကို ရန်သွားစခဲ့တာပဲ။ ဒါက အန်လင်းရဲစခန်း သေးသေးလေးကနေ ကိုင်တွယ်နိုင်တာမျိုး မဟုတ်တော့ဘူးလေ။

ဒီကောင်လေး အတော်မွှေပါလား။

ထိုစဉ် ရှန်ချန်းချန်းမှ

“အစကို လိုက်ရင် ယုချင်းရဲ့ညီမ ယုခီခီဆိုတာ အန်လင်းမှာ အန်ကျောက်ဆေးဝါးစက်ရုံက မူးယစ်ဆေး ခိုးထုတ်မှုနဲ့ ထောင်ကျနေပါတယ်။ အဲ့ယုခီခီကိုလည်း လင်းချွမ်ကိုယ်တိုင် ဖမ်းခဲ့တာပါ”

ကျန်းပြောင် ခေါင်းငြိမ့်ပြ၍

“မှတ်မိပြီ”

အဖြစ်အပျက် အစအဆုံးကို အစီအစဉ်တကျ ပြန်ဖြစ်ရန် အချိန်ခဏယူရပါသည်။

ကျန်းပြောင် လက်ဖက်ရည်သောက်ရင်း စိတ်ငြိမ်အောင် ထိန်းပြီးမှ

“လင်း ခုနက ပြောတာ သူတို့ မင်းကို ဖမ်းချင်တယ်ဆို။ ဘာလို့လဲဆိုတာ သိလား”

“ကျွန်တော် ထင်တာတော့ လက်နက်နည်းပညာတွေကြောင့် ဖြစ်ပါလိမ့်မယ်”

လင်းချွမ်လည်း လက်ဖက်ရည်တစ်ကျိုက်မော့ကာ ပြောသည်။

ယုချင်းမှ သူ့ကို အရှင်လိုချင်ခြင်းမှာ ထိုအချက်သာ အဖြစ်နိုင်ဆုံး ဖြစ်ပါသည်။

လက်နက်လောကတွင် ဤသို့ ပိုင်ဆိုင်မှုများနေခြင်းမှာ ခြိမ်းခြောက်ခြင်း မည်၏။

မော်ဂန်အုပ်စုအနေဖြင့် လူမိုက်ဂိုဏ်းပီသစွာ လူမိုက်နည်းဖြင့် လုယူပေလိမ့်မည်။

လင်းချွမ်၏ နည်းပညာကို တိုက်ရိုက်ရပါက ကိုယ်တိုင် လေ့လာစမ်းသပ်နေစရာ မလိုတော့ဘဲ ထုတ်လုပ်ရေးအဆင့်သို့ ချက်ချင်း သွားနိုင်ပါသည်။

ထိုအခါ အကျိုးအမြတ်မှာလည်း အတော်လေး ကြီး၏။

ကျန်းပြောင် တဖြည်းဖြည်း သဘောပေါက်လာသည်။

“လင်း ငါ ထပ်မေးစရာရှိတယ်။ အဲ့ဒီ ယုချင်းဆိုတာ မော်ဂန်အုပ်စုရဲ့ လက်နက်ရောင်းဝယ်ရေး ခေါင်းဆောင်ဆိုတဲ့ သက်သေရှိလား”

ယခုအမှုအတွက် ဝရမ်းထုတ်လျှင်ပင် အရေးကြီးသော အချက်အလက်များ လိုအပ်၏။

ထို့ကြောင့် လင်းချွမ်မှ အားလုံး ပြင်ဆင်ထားပြီး ဖြစ်ပါသည်။

USB တစ်ခုထုတ်ကာ ပေးလိုက်ပြီး ထိုထဲတွင် ယုချင်း၏ ပုံအပါအဝင် အခြား သူ့ဆောင်ရွက်ချက်များပါ ပါဝင်၏။

မကြာမီ ယုချင်း၏ ဒုစရိုက်မှုများမှာ ကွန်ပျူတာ မျက်နှာပြင်၌ ပေါ်လာတော့သည်။

ကျန်းပြောင် အာရုံစိုက်ကာ ကြည့်နေသည်။

ဟူတာချန်းလည်း ကိုယ်ကို ရှေ့ကိုင်းမိပြီး မျက်တောင်မခတ် ငေးနေ၏။

လင်းချွမ် ပြောသလိုပင် ယုချင်းကို ဖမ်းနိုင်ပါက ပတ်ဝန်းကျင်အတွက်လည်း ကောင်းမွန်သည့် အောင်မြင်မှုကြီး ဖြစ်ပေလိမ့်မည်။

ဤသို့ဖြင့် မိနစ် (၂၀) ဝန်းကျင် ကြာသွား၏။

ကံကောင်းစွာဖြင့် အရှေ့တောင်အာရှနှင့် အန်လင်းမှာ အရမ်းမနီးလှပေ။ ယုချင်းတို့ ချိန်းထားသည့်ရက်အတိုင်း ရောက်လာမည် မဟုတ်ကြောင်း လင်းချွမ် ခန့်မှန်းထားပါသည်။ အမြန်ဆုံးပင် မနက်ဖြန်မှ ရောက်နိုင်၏။

All Chapters