← Chapters

ဝိုင်းထားပြီ

Vol. 31 Ch. 459

ဝိုင်းထားပြီ

Vol. 31 Ch. 459

ကျုံချန်းအဆောက်အဦ။

လှေကားမှာ ပုံမှန်အားဖြင့် သုံးလေ့မရှိသောကြောင့် လက်ရန်းများ၌ ဖုန်များ အထပ်ထပ် ဖြစ်နေသည်။

သန့်ရှင်းရေးဝန်ထမ်းများမှလွဲ၍ ယုချင်းတို့မှာ ထူးထူးခြားခြား ရောက်လာကြ၏။

ဟူး…

(၁၆) လွှာကို တက်ရသည်မှာ ကိစ္စမရှိလျှင်ပင် တစ်ဆက်တည်း သွားရသည့်အတွက်တော့ ကိုယ်ခံအား အတော်ကောင်းရန် လိုသည်။

ဦးဆောင်သူ ယုချင်းပင် မောပန်းလာ၏။

အရှေ့တောင်အာရှမှ နယ်စပ်၊ ထို့နောက် အန်လင်းသို့ တစ်ဆင့် ပြောင်းစီးလာရသည်။ လမ်းတစ်လျှောက်တွင်လည်း ခြေရာဖျောက်ရန် ကားတစ်တန်၊ ခြေလျင်တစ်တန်ဖြင့် အမျိုးမျိုး ပြောင်းခဲ့ရသောကြောင့် ဝိညာဉ်ပင် လွင့်ချင်နေကြပြီ။

လင်းချွမ်အား အကောင်းဆုံး ရင်ဆိုင်၍ ပြဿနာမတက်စေရန် လှေကားကို မြန်မြန် မတက်နိုင်တော့ချေ။

(၁၃) အုပ်စုကြီးမှာ ခြေသံလည်း အရမ်းမကျယ်စေရန် ဂရုစိုက်ရသေး၏။

ထိုစဉ် ယုချင်းမှ လှမ်းမေးသည်။

“ဟို (၂) ယောက်ကို ရှင်းပြီးပြီလား”

“သူတို့ ဟန်မြစ်အပိုင်းထဲ ရောက်တည်းက ဆွဲပြီး ရှင်းပြီးပါပြီ။ ဘာအကြောင်းအရာမှ မပေါက်ကြားပါဘူး”

“After they entered the Han River area, we drugged them and confined them. No word of this operation will leak,” her aide replied.

တပည့်တစ်ဦးမှ ပြန်ဖြေသည်။

ယုချင်း ခေါင်းငြိမ့်ပြ၍

“လင်းချွမ်ကရော”

“လင်းချွမ်လည်း လုံးဝ ထင်ထားမှာ မဟုတ်ဘူး။ ပုံမှန်အတိုင်း သူ့ကောင်မလေးနဲ့ အလုပ်သွားတယ်။ အခုချိန်လောက်ဆို နေ့လယ်စာစားပြီး နှပ်နေလောက်ပြီ”

ယုချင်း တပည့်၏စကားကို နားထောင်ရင်း ပြုံးသွားသည်။

သူ ၇၂၀ ကုမ္ပဏီကို မကြာခဏ ကြားခဲ့ဖူးပါသည်။

ယုခီခီမှ အလုပ်ခန့်မည့်သူရှိကြောင်း စပြောစဉ်က လင်းချွမ်နာမည်ကို စကြားဖူးခြင်း ဖြစ်၏။

သို့သော် မည်သူမျှ လက်ရှိအခြေအနေအထိ ဖြစ်လာမည်ဟု မထင်ထားခဲ့ချေ။

ယုချင်းမှာ တစ်မီတာကျော်သာ လိုတော့သော လှေကားထစ်များကို မော့ကြည့်ရင်း တစ်လှမ်းချင်း ဆက်တက်လာသည်။

ရန်သူဟောင်းကြီးကို နောက်ဆုံးတော့ တွေ့ရတော့မည်။

အမှန်အတိုင်း ဆိုရသော သူ လင်းချွမ်ကို လေးစားအားကျမိပါသည်။

လက်နက်ဝိဇ္ဇာ ဝတ္ထုထဲ၌ မစ္စတာလင်းဆိုသူ၏ အပြုအမူ၊ အကျင့်များနှင့် လက်နက်နှင့် ပတ်သက်သည့် ဗဟုသုတများကြောင့် သူ လင်းချွမ်နှင့် ရင်းနှီးသူ ဖြစ်ချင်ခဲ့၏။

သို့သော် စိတ်မကောင်းစွာဖြင့် လုံးဝ ပြောင်းပြန် ဖြစ်နေခဲ့ကြသည်။

သူတို့ချင်း ဆန့်ကျင်ဘက်တွင် ရပ်မိကြ၏။

ယခုတော့ သူ့ရန်ညှိုးကို လက်စားချေရန် ရောက်လာရလေပြီ။

“လင်းချွမ် ငါလာပြီ။ ရှင် သိပ်အံ့ဩသွားမှာပဲ”

ယုချင်း စိတ်ထဲတွင်တွေးရင်း ခပ်သွက်သွက် ဆက်တက်လာသည်။

ထိုအုပ်စု၏ ပန်းတိုင်မှာ (၁၆) လွှာ ဖြစ်၏။

ရုတ်တရက်။

ယုချင်း ရပ်သွားပြီး

“ရပ်လိုက်”

သူ့စကားကြောင့် အားလုံး လန့်သွားကြသည်။

“ခေါင်းဆောင် ဘာဖြစ်လို့လဲ”

တပည့်တစ်ဦးမှ မျက်မှောင်ကြုတ်ကာ မေး၏။

ယုချင်း လက်ညှိုးနှင့် နှုတ်ခမ်းကို ကပ်၍ တိုးတိုးနေရန် အချက်ပြလိုက်ပြီး

“နားထောင်။ ဒါ အချက်ပေးသံမလား”

အချက်ပေးသံလား။

အားလုံး မှင်တက်နေ၏။

ယုချင်း အသက်ရှူအောင့်၍ အာရုံစိုက်ကာ နားထောင်နေ၏။ လှေကားခွင်အပြင်ဘက်တွင် အချက်ပေးသံ ခပ်တိုးတိုး ကြားနေရသည်။

ရဲများ ရောက်နေသည့်အဓိပ္ပာယ်ပင်။

“ကြားတယ်”

တပည့်လေးမှာ မျက်နှာပျက်လျက် လေးနက်စွာ ပြောလေ၏။

“ခေါင်းဆောင် ကျွန်တော်တို့ဆီ လာနေတာလား”

(၁၃) ယောက်အုပ်စုထဲမှ တစ်ယောက်က ထပြောသည်။

သူ့အမေးကြောင့် အားလုံး ကြောင်စီစီနှင့် ရင်ထဲ ထိတ်သွားကြ၏။

သူတို့ အဖမ်းခံရမည်ကိုတော့ ကြောက်ပါသည်။

မည်သည့်တရားခံမှ ရဲကားအချက်ပေးသံကို မကြားချင်ပါ။

ခေါင်းပေါ်တွင် သေမင်းမှ စောင့်ကြည့်၍ အပြစ်များ ဆုံးဖြတ်တော့မလို ခံစားရ၏။

အသံမှာ ပိုကျယ်၍ ပိုရှင်းလင်းလာသည်။

လှေကားမှပင် သိသာထင်ရှားစွာ ကြားနေရ၏။

တိုက်ပွဲ စတင်လေပြီ။

တပည့်များမှ

“မဖြစ်နိုင်တာ။ ကျွန်တော်တို့ ဒီလုပ်ငန်းကို ဂရုစိုက်ပြီး အစီအစဉ်ဆွဲထားတာလေ။ ပေါက်ကြားစရာမှ မရှိတာ။ အသံတွေက ဒီအတိုင်း ရဲကားတွေ ကင်းလှည့်တာနေမှာပေါ့။ အရမ်း မလန့်ပါနဲ့”

ယုချင်း ခဏငြိမ်၍ စဉ်းစားပြီးနောက် ခေါင်းငြိမ့်ကာ

“တိုက်ဆိုင်တာ ဖြစ်မယ်။ မစိုးရိမ်ကြနဲ့”

သို့သော် ထိုစဉ် အသံချဲ့စက်ဖြင့် အော်သံတစ်ခု ထပ်ကြားရ၏။

“လှေကားက လူကြီးမင်းတို့။ ကျွန်တော်တို့ အားလုံးကို ဝိုင်းထားပြီးပါပြီ။ လက်နက်ချပြီး မြန်မြန် အညံ့ခံပါ”

ယုချင်း မျက်မှောင်ကြုတ်ကာ အတော်လေး သွေးပျက်သွား၏။

တပည့်တစ်ဦးဆိုလျှင် ချက်ချင်း ဒူးများတုန်၍ ခွေကျသွားလေသည်။ ထို့နောက် ယုချင်းကို လှမ်းကြည့်၍

“ခေါင်းဆောင် သူတို့ ကျွန်တော်တို့ဆီ လာနေတာ။ အားလုံး ပေါ်သွားပြီ”

အခြားသူများလည်း မျက်နှာများ ဖြူဖျော့လျက် ဝရုန်းသုန်းကား ဖြစ်နေကြသည်။

အသံချဲ့စက်မှအသံမှာ ဆက်၍ ထွက်ပေါ်နေဆဲပင်။

ပထမတစ်ခေါက်က တရုတ်လို အော်ပြီး ယုချင်းတို့ နားမလည်မည်စိုး၍ အင်္ဂလိပ်လို၊ မလေးရှားလိုမျိုးပါ ဆက်တိုက် ပြောနေသည်။

“ရဲတွေ ရောက်နေပြီ။ အဆောက်အဦကိုလည်း ဝိုင်းထားပြီတဲ့။ ဘယ်လိုလုပ်ကြမလဲ”

အဖွဲ့ဝင်တစ်ဦးမှ လှေကားပြတင်းပေါက်ကို သေမင်းတံခါးဝကဲ့သို့ ကြောက်ကြောက်လန့်လန့် ချောင်းကြည့်ရင်း ပြော၏။

အောက်ထပ်တွင် ရဲဝန်ထမ်းများ တန်းစီရပ်နေပြီး ရဲကားဥဩဆွဲသံနှင့်အတူ အချက်ပြမီးရောင်မှာလည်း နေ့ခင်း၌ပင် စူးရှစွာ လင်းလက်နေသည်။

အဖွဲ့ဝင်များမှာ လက်နက်အပြည့်အစုံနှင့် တင်းတင်းကြပ်ကြပ် နေရာယူထားပြီး ယင်တစ်ကောင်ပင် အဝင်အထွက် မလုပ်နိုင်လောက်ပါ။

ထိုတပည့် ရုတ်တရက် ပိုသွေးပျက်ရသည်မှာ သူ ပြတင်းပေါက်မှ လှမ်းကြည့်စဉ် နဖူး၌ လေဆာမီးအနီစက်လေး ပေါ်လာခြင်း ဖြစ်၏။

စနိုက်ပါမှ ပစ်မှတ်ဖမ်းသည့် အနီစက်ပင်။

သူ ချက်ချင်း ပြန်ပုန်းနေလိုက်၏။

“တခြားအထပ်တွေမှာ ဖြန့်ပြီးနေကြ”

ယုချင်းမှ ခေါင်းဆောင်ပီသစွာဖြင့် စိတ်ကိုထိန်းကာ ချက်ချင်း အမိန့်ပေးလိုက်သည်။

သူတို့ လူစုခွဲနေခြင်းက ပို၍ လွတ်မြောက်နိုင်ပါသည်။

သို့သော် လင်းချွမ်မှာ သူ့အကြံကို ကြိုသိနေသယောင်ဖြင့် အထပ်တိုင်းတွင် အစောင့်များ ချထားပြီးလေပြီ။

All Chapters