လက်ဖက်ရည် ပြောင်းပေးပါ
Vol. 31 Ch. 463
စစ်ဆေးရေးအခန်းထဲမှ ထွက်လာပြီးနောက် ရှန်ချန်းချန်းနှင့် ဟူတာချန်းတို့ အိပ်မက်ထဲမှ လမ်းလျှောက်လာသကဲ့သို့ ဖြစ်၏။
နှစ်ဦးလုံးမှာ ကျွမ်းကျင် ပြစ်မှုစုံစမ်းရေးဝန်ထမ်းများ ဖြစ်ပြီး စစ်ဆေးရေးအတွက် အတွေ့အကြုံများစွာ ရှိလေသည်။ ရှန်ချန်းချန်း အလုပ်ဝင်သည်မှာ သိပ်မကြာသေးသော်လည်း အမှုများစွာ ကိုင်ဖူး၏။
သို့သော် ယုချင်းကဲ့သို့ တရားခံမျိုးတော့ မတွေ့ဖူးပါ။
ခုနလေးတင် စကားတစ်ခွန်းမှ မဟခဲ့သူက ယခုအချိန်တွင် သူသိသမျှ အားလုံး ဖွင့်အန်လာလေသည်။
ဘာတွေဖြစ်နေတာလဲ။
သူတို့စိတ်ထဲတွင် ထိုမေးခွန်းသာ တဝဲလည်လည် ဖြစ်နေသည်။
ထို့ကြောင့် စစ်ဆေးရေးပြီးဆုံးသောအခါ သူ ယုချင်းကို အထူးတလည် မေးမိသည်။
“ခုနကကျတော့ ဘာလို့ ဘာမှမပြောတာလဲ”
မေးခွန်းမှာ တိုက်ရိုက်ဆန်သော်လည်း ရှန်ချန်းချန်း စိတ်မထိန်းနိုင်တော့၍ မေးလိုက်သည်။
ယုချင်း ချက်ချင်းမဖြေဘဲ ခဏငြိမ်နေပြီးမှ
“လင်းချွမ်ကိုပဲ မေးကြည့်လိုက်ပါ”
ထို့နောက် လုံးဝ တိတ်ဆိတ်သွားတော့သည်။
ရှန်ချန်းချန်းမှာ ပါးစပ်လေး ပွစိပွစိဖြင့် ကျန်ခဲ့သည်။ လင်းချွမ် ဒီလူကတော့။ ဘယ်လိုလျှို့ဝှက်နည်းတွေ သုံးလို့ ယုချင်းက ချက်ချင်း ပြောလာတာလဲ။ ငါလည်း ဒီနည်းသာသိရရင် နောက်ပိုင်း စစ်ဆေးရေးတွေမှာ အေးဆေးပဲ။
“လင်းချွမ် လက်ဖက်ရည် သောက်ဦးမလား”
ရှန်ချန်းချန်း ဧည့်ခန်းထဲ ရောက်လာပြီး ပြုံး၍ မေးလိုက်သည်။
လင်းချွမ်မှာ နံရံမှ ပန်းချီကားကိုကြည့်နေရင်း သူ့အသံကြား၍ လှည့်လာ၏။
“ရဲမေရှန် ဖျော်ပေးမှာကို သောက်လို့ရတာလား”
“ဒါပေါ့။ ရပါတယ်”
သူ အခြားနေ့သာဆိုလျှင် လင်းချွမ်အား ပြန်ခံပြောနေမည် ဖြစ်သော်လည်း ယခုအချိန်တွင် ဝှက်ဖဲကို သိချင်နေသောကြောင့် ရင်းနှီးစွာဖြင့် လက်ဖက်ရည် ဖျော်ပေးလိုက်သည်။
ဘေးတွင် ကြည့်နေသော ဟူတာချန်းမှာ နှာခေါင်းရှုံ့လျက် စလေ၏။
“ရဲမေရှန်က ကျွန်တော့်အတွက်တောင် တစ်ခါမှ လက်ဖက်ရည် ဖျော်မပေးဖူးဘူး”
လင်းချွမ် မျက်ခုံးပင့်မိပြီး
“ဟုတ်လား”
ရှန်ချန်းချန်း ဟူတာချန်းဘက်လှည့်ကာ အံကြိတ်၍
“အဖွဲ့မှူးဟူက လက်ဖက်ရည် မကြိုက်ဘူးမလား”
“ငါ ပြောမိလို့လား”
ဟူတာချန်း ကြောင်တောင်တောင် ပြန်ကြည့်နေ၏။
“အဖွဲ့မှူးက အရမ်းမေ့တတ်တာပဲ”
ဟူတာချန်း ရယ်မောကာ ကိုယ်တိုင် တစ်ခွက်ဖျော်၍ ရှန်ချန်းချန်းဘေး ဝင်ထိုင်ကာ မေးခွန်းကို စောင့်နေလိုက်သည်။
ရှန်ချန်းချန်း လင်းချွမ်အား သူ့ရှေ့တွင် ထိုင်ရန် လက်ပြလိုက်လေ၏။
ထို့နောက် မျက်လုံးအရောင်လေးများ တောက်လျက် စိတ်ဝင်တစားဖြင့်
“လင်းချွမ် ကျွန်မ အရမ်းသိချင်နေလို့ မေးစရာရှိတယ်”
လင်းချွမ် လက်ဖက်ရည် ယူသောက်ကာ
“ဒီ ပူအာလက်ဖက်ရည်ကို ထင်ကွမ်ရင်နဲ့ လဲပေးလို့ ရလား”
ရှန်ချန်းချန်း မမေးမီ လင်းချွမ် လက်ဖက်ရည်ကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် အရင်ပြောလိုက်၏။
ရှန်ချန်းချန်း ခဏစွံ့အ၍ လင်းချွမ်အား ခြေအဆုံး ခေါင်းအဆုံး ကြည့်နေသည်။
ထို့နောက် သတိပြန်ဝင်လာသည်နှင့် ချက်ချင်း ဧည့်ခန်းထဲမှ ထွက်သွားပြီး အဆာပြေမုန့်အခန်းထဲ၌ ထင်ကွမ်ရင် လက်ဖက်ရည်ကို သွားရှာလေ၏။
ထို့နောက် ထင်ကွမ်ရင် လက်ဖက်ခြောက်ထဲ ရေနွေးတစ်ခွက်ထည့်ကာ လင်းချွမ်ရှေ့ ပြန်ချထားပေးလိုက်သည်။
လင်းချွမ်ပြုံး၍
“အဖွဲ့မှူးဟူ ထင်ကွမ်ရင် လက်ဖက်ရည်ကို ဒီလိုပဲ ဖျော်ရတာလား”
အဖွဲ့မှူးဟူမှာ နေရခက်စွာဖြင့် အမြန် လက်ယမ်းကာ
“လင်းရယ် ရဲမေရှန် ပြောသလိုပဲ။ ကျွန်တော်က လက်ဖက်ရည် သိပ်မကြိုက်ဘူးဗျ။ ထင်ကွမ်ရင် လက်ဖက်ရည်လည်း ဘယ်လိုဖျော်ရလဲ မသိဘူး။ ဟို ကျွန်တော် အလုပ်လေးတွေ ရှိသေးလို့ အရင်သွားနှင့်မယ်နော်”
ထို့နောက် ချက်ချင်း ထွက်သွားလေတော့သည်။
ထိုအခါမှ လင်းချွမ် ပြုံးသွား၏။
သူ တမင်လုပ်မှန်း သိသာပါသည်။
ရှန်ချန်းချန်းအား စနောက်လိုက်ရ၍ ကျေနပ်နေမိသည်။
ရှန်ချန်းချန်းကိုယ်တိုင်လည်း လင်းချွမ်အတွေးကို ကောင်းကောင်း သိ၏။ သို့သော် မျက်နှာမှ အပြုံးကို ထိန်းလျက်
“လင်းချွမ် ကျွန်မမေးခွန်း မေးလို့ရပြီလား”
လင်းချွမ် လက်ဖက်ရည်ပူပူကို မှုတ်ပြီးနောက် ရယ်မောလျက်
“မေးပါဗျ”
ရှန်ချန်းချန်း မျက်နှာလေး ဝင်းပသွားပြီး ရှေ့သို့ကိုင်းကာ
“ခုနက စစ်ဆေးရေးခန်းထဲမှာလေ ယုချင်း အကုန် ဝန်ခံလိုက်ပြီ သိလား”
“သိပါတယ်”
လင်းချွမ် အံ့ဩခြင်း မရှိပေ။
သို့သော် ရှန်ချန်းချန်း ပိုစိတ်ဝင်တစားဖြင့်
“အဲ့တာ သူ ထုတ်ပြောလာအောင် ရှင် ဘယ်လို လုပ်လိုက်တာလဲ”
“ရဲဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့က ပုံမှန် တာဝန်ပဲမလား”
လင်းချွမ် ပြုံး၍ ပြန်ဖြေ၏။
“ရှင် အမှန်အတိုင်း မပြောဘူးပေါ့လေ”
“အမှန်တော့ ရိုးရိုးလေးပါပဲ။ သူ လုပ်တာတွေ မှားကြောင်း သူ့ရင်ထဲရောက်အောင် ပြောပေးလိုက်ရုံပါ”
ရှန်ချန်းချန်း လင်းချွမ်အား စိုက်ကြည့်နေမိသည်။ သူ့ကို လိမ်နေသည်လားဟု ခန့်မှန်းခြင်း ဖြစ်၏။
သို့သော် သံသယဝင်စရာ မတွေ့ရပေ။
တရားခံရဲ့ ရင်ထဲရောက်အောင် ပြောရမှာလား။
ပြီးတော့ သူ ဘာမှားခဲ့ကြောင်းကိုလေ။
သူ့ဟာသူ မှားမှန်းသိရင် ဘာလို့ လုပ်မှာလဲ။
ရှန်ချန်းချန်း အမူအရာကြောင့် နားမလည်သေးမှန်း လင်းချွမ် သိလိုက်သည်။ ထို့နောက် အရင်ရှိနေသော ပူအာလက်ဖက်ရည်ကို ယူသောက်လိုက်သည်။
“ရှင် လိမ်နေတာ”
လင်းချွမ်မှ ခပ်အေးအေးပင်
“လိမ်နေတယ် ထင်ချင်ထင်မှာပေါ့။ ဒါပေမဲ့ ကျွန်တော်ကတော့ အမှန်လို့ပဲ ယုံချင်တယ်”
“ရှင် ကျွန်မကို လှည့်စားနေတာမလား”
ရှန်ချန်းချန်းမှာ သူ့ကို စူးရှစွာ ကြည့်နေသော်လည်း လင်းချွမ်မှာတော့ လက်ဖက်ရည်ကိုသာ အာရုံစိုက်နေ၏။
ထို့ကြောင့် ပို၍ နားမလည်နိုင် ဖြစ်ရသည်။
သူ ရုတ်တရက် လင်းချွမ်ကို ပြန်စချင်သောကြောင့် ထပ်မေးလိုက်သည်။
“ရှင် ယုချင်းရင်ထဲ ဘယ်လိုရောက်သွားတာလဲ။ ရှင်တို့က ရိုးသားရဲ့လား”
အဟက်!
လင်းချွမ် ရယ်မောမိလေသည်။
ကံကောင်းစွာဖြင့် လက်ဖက်ရည်မှာ မျိုချပြီးသောကြောင့် ပြန်ပန်းထွက်မလာခြင်း ဖြစ်၏။
“လင်းချွမ် လေးလေးနက်နက် ပြောပါ။ ရှင် အဖြေကောင်း ပေးနိုင်ရင် ဒီနေ့ ညစာလိုက်ကျွေးမယ်”
ရှန်ချန်းချန်း ရွေးချယ်စရာ မရှိတော့ဘဲ ထပ်ပြောရသည်။
လင်းချွမ် မျက်ခုံးပင့်မိပြီး
“ကောင်းပြီလေ။ ဒါဆို ကောင်းကောင်း ဖြေမယ်။ ယုချင်းနဲ့ စိတ်ချင်းဆက်ပြီး ပြောခဲ့တာတော့ အမှန်ပဲ။ အဲ့တာက အရမ်းထူးဆန်းတယ်။ ဒါပေမဲ့ တရားခံရဲ့ စိတ်ထားကို နားလည်ရင် သူနဲ့ ဆက်သွယ်ပြီး ပြောလို့ရပြီ။ အားလုံး ဝန်ခံလာလိမ့်မယ်”