← Chapters

ယုချင်းက ဖျက်ဆီးလိုက်တာပဲ

Vol. 32 Ch. 471

ယုချင်းက ဖျက်ဆီးလိုက်တာပဲ

Vol. 32 Ch. 471

ရှန်ချန်းချန်း မှင်တက်နေမိသည်။

ရှချင်းချင်းလည်း ထို့အတူပင်။

အမျိုးသမီး (၂) ဦး အချင်းချင်းကြည့်၍ နားမလည်နိုင် ဖြစ်နေကြ၏။

ခုနလေးတင် လင်းချွမ်မှ လုပ်ကြံသူကို ဖမ်းမိပြီဟု ရှင်းရှင်း ဖုန်းဆက်လာသည်။

နေပါဦး။

ရှန်ချန်းချန်း မျက်လုံးလေးပြူးလျက်

“ရှင်းရှင်း လုပ်ကြံသူက ခရိုနေးလား”

သူ ထိပ်တန်းလုပ်ကြံသူအဖြစ် သိထားသော နာမည်အား မေးလိုက်သည်။

“ဟုတ်တယ်။ လင်းချွမ် သူ့ကိုဖမ်းဖို့ တော်တော် ကြိုးစားလိုက်ရတာ”

ကျန်းရှင်းရှင်း ခေါင်းငြိမ့်ပြ၏။

“ကောင်းပြီ။ မမ အခုပဲ ရဲစခန်းကို အကြောင်းကြားပြီး လာခဲ့မယ်”

ရှန်ချန်းချန်း ရင်တဒိတ်ဒိတ်ခုန်လျက် ထိတ်လန့်နေသည်။

သူ့ဆရာနှင့် ရင်ဆိုင်ခဲ့ဖူးသော ထိပ်တန်းလုပ်ကြံသူလား။

သူလား။

ဒါမှမဟုတ် နာမည်တူနေတာလား။

သူတွေးရင်း ကျောရိုးထဲအထိ ချမ်းစိမ့်သွားသည်။

ထိုလူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လင်းချွမ်တစ်ယောက် လုပ်ကြံသူထံမှ တိုက်ခိုက်ခံခဲ့ရသည်မှာတော့ အမှန်ပင်။

ရှန်ချန်းချန်းနှင့် ရှချင်းချင်းတို့ စိတ်လှုပ်ရှားစွာဖြင့် ရဲစခန်းအား အမြန် အကြောင်းကြားကာ လင်းချွမ်ဆီသို့ အမြန် ထွက်သွားကြလေ၏။

…

ထိုနေ့လယ်ကို ပြန်သွားကြည့်လျှင်။

ယုချင်းနှင့် ပတ်သက်၍ လင်းချွမ်၏ သတင်းများ အတော် ပျံ့နှံ့သွားသည်။

ကုမ္ပဏီအနီးအနားတွင် သူလျှိုအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူများမှာ ဖြစ်စဉ်အစအဆုံးကို သေချာ မတွေ့လိုက်ရသောကြောင့် အချင်းချင်း ပြန်ပြောရင်း ရုပ်ပုံကားချပ်ဆက်သကဲ့သို့ ဖြစ်နေသည်။

ယုချင်းကို လင်းချွမ် ဖမ်းလိုက်ပြီ ဟူသောသတင်းမှာ လျင်မြန်စွာ ပေါက်ကြားကုန်သည်။

မော်ဂန်အုပ်စုသာမက လူးကပ်စ်လည်း ထိုအကြောင်းကို ချက်ချင်း သိထားပြီးလေပြီ။

ထို့အပြင် အရှေ့တောင်အာရှရှိ နယ်စပ်ဒေသမှ ပိုင်ရှန်အုပ်စုသည်လည်း လင်းချွမ်အား မျက်စိဒေါက်ထောက် စောင့်ကြည့်နေသောကြောင့် သတင်း ရထားပြီး ဖြစ်၏။

အန်လင်းမြို့စွန်၊ လျှို့ဝှက် မြေအောက် ကာစီနို။

ထိုနေရာမှာ အပြင်လောကနှင့် လုံးဝ ဖြတ်တောက်ထားပြီး ထူပိန်းသော လိုက်ကာများသည် နေရောင်ခြည်ကို အပြည့်အဝ ကာကွယ်ထား၏။ အထဲတွင် မီးဆိုင်းများမှ အလင်းအနည်းငယ်သာ ရှိပြီး ဆေးလိပ်နံ့ ခပ်ပြင်းပြင်းများ လေထုထဲ ပြည့်နှက်ကာ အေးစိမ့်၍ စိတ်ဖိစီးစရာ အနေအထားမျိုး ဖြစ်နေသည်။

ပိုင်ရှန်အုပ်စု၏ ဟန်မြစ်အပိုင်း ဒေသခံမန်နေဂျာ ကျားကြီးသည် လည်သာခုံမြင့်ပေါ် ထိုင်နေပြီး ဈေးကောင်းသည့် ကတ်ရှ်မီးယားကုတ်ကို ဝတ်ဆင်လျက် လက်ချောင်းများကြားတွင် ဆေးလိပ်တစ်လိပ် ညှပ်ထားသည်။

သူ ဆေးလိပ်ကို တစ်ချက်တောက်လိုက်ပြီး ပြာအချို့မှာ ငွေရောင် ဆေးလိပ်ပြာခွက်ထဲ လွင့်စင်သွား၏။

သူ့အရှေ့တွင် လက်ထောက် ရှောင်းယန် ရပ်နေသည်။

ယုချင်း၏အခြေအနေကို တင်ပြနေခြင်းပင်။

ကျားကြီး နားထောင်ရင်း မျက်မှောင်ကြုတ်လျက်

“ယုချင်းက အရမ်း လက်လွတ်စပယ် လုပ်တာပဲ”

ရှောင်းယန် တွန့်သွားပြီး

“အစ်ကိုဟူ ဒီကိစ္စကြောင့် တော်​တော် အထိနာကုန်တယ်နော်။ အင်အားစုတွေ တော်တော်များများ သတိပေးထားမှ ကျွန်တော်တို့…”

သူ စကားကို ဆက်မပြောဘဲ ကျားကြီးအား စဉ်းစားရန် အချိန်ပေးလိုက်သည်။

ကျားကြီး ထိုကိစ္စကို စီစဉ်နေသည်မှာ အတော်ပင် ကြာလေပြီ။ ထို့ကြောင့်လည်း အန်လင်းအထိ လာ၍ မြေအောက်ကာစီနို အသွင်ယူ ဖွင့်လှစ်ကာ လင်းချွမ်အား အရှင်ဖမ်းနိုင်ရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်၏။

ထိုလူမှာ သူ့အစ်ကို၏ ရန်သူကြီးလည်းဖြစ်ကာ သူ့ကြောင့် စက်ရုံလည်း ပျက်စီးသွားခဲ့ရသည်။

ထို့ကြောင့် အခြားအကြောင်းအရင်း မရှိလျှင်ပင် လင်းချွမ်အား လက်ရ ဖမ်းချင်ပါသည်။

သို့ရာတွင် ယုချင်း၏လှုပ်ရှားမှုမှာ အလျင်လိုလွန်းပြီး သူ နှစ်သစ်ကူးရက်၌ စီစဉ်ထားသည်များ ပျက်စီးသွားစေ၏။

ထိုတိုက်ခိုက်မှုကြောင့် လင်းချွမ်တစ်ယောက် ပိုသတိထားနေနိုင်ပြီး နောက်ပိုင်း ထပ်ဖမ်းရန် ပိုခက်သွားလေပြီ။

ကျားကြီး အစိုးရိမ်ဆုံးမှာတော့ ရဲများမှ လင်းချွမ်အား (၂၄) နာရီ အကာအကွယ် ပေးနေမည်ကို ဖြစ်သည်။

ထိုသို့ဆိုလျှင် သူ့အတွက် အခွင့်အရေး အတော်ကို နည်းသွားလေပြီ။

သူ့အစ်ကိုအတွက် လက်စားချေရမည် ဖြစ်သော်လည်း ကျွမ်းကျင်မုဆိုးကဲ့သို့ သားကောင်ကိုယ်တိုင် ထောင်ချောက်ထဲ ဝင်လာမည်ကို စိတ်ရှည်ရှည် စောင့်ချင်၏။

သို့သော် ပိုင်ရှန်အုပ်စုမှာတော့ မစောင့်နိုင်တော့ပေ။

အချိန် (၁) လသာ ရထား၏။

သူ လင်းချွမ်ကို (၁) လအတွင်း မဖမ်းနိုင်ပါက အဖွဲ့ထဲ၌ အပြစ်ပေးခံရတော့မည်။

ကျားကြီးမှာ ဆေးလိပ်ကို ခပ်ပြင်းပြင်း ရှိုက်လိုက်ပြီးနောက် ကျန်သော ဖင်ဆီခံကို ပြာခွက်ထဲ ဖိချေ၍ မီးသတ်လိုက်သည်။ မျက်လုံးများမှာလည်း ကြောက်စရာကောင်းအောင် စူးရှနေ၏။

“ယုချင်း ဒီမိန်းမက အရှေ့အလယ်ပိုင်းမှာ နံပါတ်တစ် လက်နက်ရောင်းဝယ်သူ ဖြစ်ခဲ့ပြီးတော့ အခု ဇွတ်တရွတ်အပြုအမူတွေနဲ့ ငါ့အစီအစဉ်ကို ဝင်ရှုပ်တယ်ပေါ့”

သူ ယုချင်းနှင့် အရင်ရှင်းရတော့မည်။

ပိုင်ရှန်အုပ်စု၍ လတ်တလော စစ်လက်နက်များမှာ ယုချင်းနှင့် ညှိနှိုင်းထားပြီး ဖြစ်သော်လည်း ယုချင်းမှ ဈေးမြှင့်၍ ခေါ်ခဲ့ပါသည်။

ထိုအခါ ပိုင်ရှန်အုပ်စုအနေဖြင့် လက်နက်စက်ရုံ ပြောင်းခြင်း သို့မဟုတ် ကိုယ်တိုင် နည်းပညာ ရယူခြင်းအတွက် စဉ်းစားရတော့၏။

သူတို့ ချက်ချင်း လင်းချွမ်ကို မျက်စိကျသွားကြသည်။

ထိုအကြောင်း စဉ်းစားမိသောအခါ ကျားကြီး စားပွဲကို လက်ဖြင့်ထု၍ နှာခေါင်းရှုံကာ ရှောင်းယန်အား လှည့်မေးလိုက်သည်။

“လင်းချွမ် အခု ဘယ်မှာလဲ”

“ယုချင်း အဖမ်းခံရပြီးတော့ ရဲကားနဲ့ အတူ လိုက်သွားပါတယ်။ လုပ်ငန်းစဉ်အတိုင်းဆိုရင် သက်သေထွက်ပေးနေလောက်မှာပါ”

ကျားကြီး သက်ပြင်းချကာ စိတ်ပြန်ထိန်းလိုက်သည်။

“လင်းချွမ် နောက်ပိုင်း ဒီထက်ပိုပြီး ဂရုစိုက်နေလိမ့်မယ်”

ရှောင်းယန် ခေါင်းငြိမ့်ပြ၏။

ရုံးခန်းထဲတွင် တိတ်ဆိတ်သွားကြသည်။

တောက်ပသော နေရောင်ခြည်မှာ ထိုချောင်ကျ၍ မှောင်မိုက်သော အခန်းထဲအထိ ဝင်ရောက်ခြင်းငှါ မစွမ်းနိုင်ပေ။ မီးရောင်ဖျော့ဖျော့အောက်ရှိ ကျားကြီး၏ မျက်နှာမှာတော့ အတော်လေး ခက်ထန် ကြမ်းတမ်းနေသည်။

“အကြံကောင်း ရှိလား”

ရုတ်တရက် ကျားကြီး ရှောင်းယန်ကို လှမ်းကြည့်ကာ မေးလိုက်သည်။

ရှောင်းယန် ဇက်ကလေး ပုသွားပြီး

“ကျွန်… ကျွန်တော် မသိပါဘူး”

“မသိဘူးလား”

ကျားကြီး စိုက်ကြည့်လျက်

“မင်းက ပုံမှန်ဆို ထက်မြက်သားပဲ။ ဘာလို့ အခု ဘာအကြံဉာဏ်မှ မထွက်ရတာလဲ”

ရှောင်းယန် မျက်နှာလေးငယ်နေသည်။

သို့သော် ကျားကြီး၏ ထပ်ခါထပ်ခါ ဖိအားပေးမှုကြောင့် နောက်ဆုံးတော့ တုန်တုန်ရီရီဖြင့် အသံထွက်လာသည်။

“ဆရာ ဒီနေ့ ဖြစ်ရပ်က … တခြား သက်ရောက်မှုရှိမယ် ထင်တယ်”

“မင်း ရူးနေပြီလား”

ကျားကြီး ခုံမှထရပ်ကာ အော်လိုက်သည်။

ရှောင်းယန် အနောက်သို့ အမြန်ဆုတ်လိုက်ကာ ကြောက်ကြောက်လန့်လန့်ဖြင့်

“ကျွန်တော်က ဒီအတိုင်း ပြောလိုက်တာပါ။ ဆုံးဖြတ်ချက်ကို ဆရာပဲ ချရမှာပါ”

ကျားကြီး သူ့ကို အေးစက်စွာကြည့်လျက်

“ဒီနေ့ဖြစ်စဉ်အတွက် အကြံထွက်လာလို့ မင်း ကံကောင်းသွားတယ်”

All Chapters