← Chapters

ဒီညက အကောင်းဆုံးပဲ

Vol. 32 Ch. 472

ဒီညက အကောင်းဆုံးပဲ

Vol. 32 Ch. 472

“ဟုတ်ကဲ့ ဆရာပြောတာ မှန်ပါတယ်”

ရှောင်းယန် ခေါင်းတဆတ်ဆတ်ငြိမ့်၍ ထောက်ခံ၏။

ရုတ်တရက် ကျားကြီးမှာ မျက်မှောင်ကြုတ်လျက်

“နေပါဦး။ ဒီနေ့ လုပ်ရပ်က တခြားသက်ရောက်မှု ရှိမယ်လား”

“ဒီအတိုင်း လျှောက်ပြောလိုက်တာပါ”

“ပြောပါဦး။ ဘယ်လို သက်ရောက်တာလဲ”

ရှောင်းယန် ခဏစဉ်းစားပြီးမှ

“ကျွန်တော် တွေးတာက ဒီနေ့ ယုချင်း လင်းချွမ်ကို ဝင်တိုက်ခိုက်တယ်လေ။ လင်းချွမ်က ကျွန်တော်တို့ အင်အားကို ယှဉ်နိုင်မှာ မဟုတ်တဲ့အပြင် ယုချင်းကို ဖမ်းနိုင်တာက သူတို့အတွက် အောင်မြင်မှုကြီးပဲ။ အခုအချိန်မှာ သူ့အတွက် စိတ်အပေါ့ပါးဆုံး ဖြစ်နေလောက်ပါတယ်”

ကျားကြီး စိတ်ရှည်ရှည် နားထောင်ပြီးနောက် မေးစေ့အား ပွတ်ကာ သေချာ စဉ်းစားနေသည်။

“မင်းပြောတာလည်း အဓိပ္ပာယ်ရှိသားပဲ”

“အဓိပ္ပာယ် ရှိတာလား”

ရှောင်းယန်မျက်လုံးပြူးလျက် ချက်ချင်းပြုံးကာ အားရပါးရ ထောက်ခံလေသည်။

ကျားကြီးလည်း ခေါင်းငြိမ့်ပြ၍

“မင်း မမှားဘူး။ အခုအချိန်က လင်းချွမ် စိတ်လျှော့ထားတဲ့အချိန် ဖြစ်မှာ”

“ဒါဆို ကျွန်တော်တို့…”

ရှောင်းယန် လုပ်ငန်းစတော့မည်လားဟု မေးချင်၏။

ကျားကြီး လက်ပြ၍

“ကိုယ်တိုင်တော့ သွားလို့မရဘူး။ အရမ်း အန္တရာယ် များတယ်။ မတော်တဆ တစ်ခုခုသာ ဖြစ်ရင် ဒီနေ့ အခြေအနေလို ငါတို့ လွယ်လွယ် ကျရှုံးသွားနိုင်တယ်”

“မှန်ပါတယ် ဆရာ”

“ရှောင်းယန် ဒီလိုလုပ်။ လင်းချွမ် ရဲစခန်းက ပြန်ရင် စောင့်ကြည့်ဖို့ လူတစ်ယောက် လွှတ်ထားလိုက်။ သူ့ပတ်ဝန်းကျင်မှာ လုံခြုံရေးချထားလားပဲ ကြည့်ခိုင်း”

“ဟုတ်ကဲ့ပါ”

“ဪ နောက်ပြီး ငါတို့ ဆက်သွယ်ထားတဲ့ လုပ်ကြံသူတွေထဲမှာ အန်လင်းကို ဘယ်နှစ်ယောက် ရောက်ပြီလဲ”

ရှောင်းယန် ချက်ချင်း တက်ဘလက်ဖွင့်ကာ စစ်ဆေး၍

“ဆရာ လက်ရှိတော့ ထိပ်တန်းလုပ်ကြံသူ ခရိုနေး ရောက်နေပါပြီ။ တွေ့ကြည့်ချင်လား”

“ခရိုနေးလား”

ရှောင်းယန်မှ သူ့နောက်ကြောင်းများ ရှင်းပြလိုက်သည်။

အားလုံး နားထောင်ပြီးနောက် ကျားကြီး ခေါင်းငြိမ့်၍

“သူပဲ”

ဟင်

ရှောင်းယန် မှင်တက်၍ နားမလည်နိုင် ဖြစ်နေသည်။

ကျားကြီး မတ်တပ်ထရပ်ကာ ရှောင်းယန်ပုခုံးအား ပုတ်လျက်

“ရှောင်းယန် မင်းက ငယ်သေးတော့ ဒီအကြောင်းတွေ သေချာ မသိသေးဘူးပေါ့။ ဒါပေမဲ့ မင်း ခုနက ပြောတာတော့ မှန်တယ်။ လင်းချွမ် စိတ်လွတ်ကိုယ်လွတ် နေနေတဲ့အချိန်မှာ ခရိုနေးကို လှုပ်ရှားခိုင်းရမယ်။ နိုင်ရင် အကုန်နိုင်ပြီ။ ရှုံးလည်း ကိစ္စမရှိဘူး”

“ကောင်းလိုက်တာ ဆရာရယ်”

ရှောင်းယန် တက်ကြွစွာဖြင့် လက်မနှစ်ဖက်လုံး ထောင်ပြ၏။

ထိပ်တန်းလုပ်ကြံသူတစ်ဦး ဖြစ်သည့် ခရိုနေးမှာ ပုန်းကွယ်ခြင်းတွင် ကျွမ်းကျင်ပြီး လင်းချွမ်အား အရှင်ဖမ်းလိုက်နိုင်လျှင် တာဝန် ပြီးဆုံးလေပြီ။

ထိုအခါ လင်းချွမ်၏နည်းပညာအတွက် ဒေါ်လာ (၁၀) သန်းဖြင့် ရရှိနိုင်လေပြီ။

ခရိုနေး ကျရှုံး၍ ထွက်ပြေးနိုင်သည်ဖြစ်စေ၊ အဖမ်းခံရသည်ဖြစ်စေ ပိုင်ရှန်အုပ်စုနှင့် ကျားကြီးအတွက် ထိခိုက်မှု မရှိပါ။

မြေအောက်လောကမှာ အလွန်ရက်စက်ကြပါသည်။

“အခုပဲ ခရိုနေးနဲ့တွေ့ဖို့ စီစဉ်လိုက်ပါ့မယ်”

ရှောင်းယန် ချက်ချင်း ဆက်သွယ် အကြောင်းကြားလိုက်သည်။

သို့သော် ခရိုနေးမှာ လူချင်းတွေ့ရန် ငြင်းပယ်ကာ ဖုန်းနှင့်သာ ပြောမည်ဟု ဆို၏။

“ဒီလုပ်ကြံသူတွေရဲ့ စည်းမျဉ်းကလည်း ရှုပ်လိုက်တာ”

ကျားကြီး မကျေမနပ် ရေရွတ်မိသော်လည်း ဖုန်းနှင့် ဆက်သွယ်ခြင်းကိုသာ လက်ခံလိုက်ရသည်။

“ဟယ်လို ခရိုနေး”

ကျားကြီး အတင်းပြုံးချို၍ အင်္ဂလိပ်လို ပြောလိုက်သည်။

ခရိုနေးအသံမှာ ညအမှောင်ထဲမှ ကျားသစ်ကဲ့သို့ ခပ်ဩဩဖြစ်၏။

“ဟယ်လို သူဌေး”

လုပ်ကြံသူအများစုမှာ သူတို့အလုပ်ရှင်ကို သူဌေးဟု ခေါ်တတ်ကြသည်။

သို့သော် ခရိုနေး၏ အသံမှာတော့ ဘာမှ ဂရုမစိုက်ပုံ ပေါ်လေသည်။

“ခရိုနေး ကျွန်တော်တို့အခုပဲ သတင်းအသစ် ရလို့”

ကျားကြီးမှာ တစ်ဖက်လေသံကို ဂရုမစိုက်ဘဲ လင်းချွမ်နှင့် အခြေအနေအား ရှင်းပြလိုက်၏။

အားလုံး တစ်ရက်အတွင်း ဖြစ်သွားခြင်းပင်။

ခရိုနေးအသံမှာ အနည်းငယ် နူးညံ့သွား၏။ ခုနလောက် မမာတော့ပေ။

“သူဌေး ပြောချင်တာ နားလည်ပါတယ်။ လင်းချွမ်အတွက် ဒီည လုပ်ငန်းစချင်တာမလား”

“ဟုတ်ပါတယ်ဗျ။ ဒီညက လှုပ်ရှားလို့ အကောင်းဆုံးပဲ။ ထပ်ပြီး အချိန်ဆွဲနေရင် အခြေအနေတွေ ပြောင်းသွားနိုင်တယ်”

“ကောင်းပါပြီ”

ခရိုနေး လက်ခံလိုက်၏။

“ကျွန်တော်ကိုယ်တိုင်လည်း အခွင့်အရေးကို တန်ဖိုးထားတဲ့သူပါ”

နှစ်ယောက်သား အစီအစဉ် အသေးစိတ်နှင့် တည်နေရာ၊ ထွက်ပေါက်တို့ကို ဆက်လက် ဆွေးနွေးလေသည်။

ဤသို့ဖြင့် အချိန်မှာ ညနေစောင်းသို့ပင် ရောက်နေလေပြီ။

ရှောင်းယန်၏ တပည့်မှာ လင်းချွမ် ရဲစခန်းမှ ရှန်ချန်းချန်းနှင့်အတူ ထွက်သွားပြီး ခပ်အေးအေးပုံစံ ဖြစ်ကြောင်း အကြောင်းကြားလာသည်။

သူ ကျားကြီးကို ချက်ချင်း တင်ပြလိုက်၏။

ကျားကြီးမှာ လင်းချွမ်ဘေးတွင် အထူးရဲများ စောင့်ကြပ်ကာကွယ်ခြင်းရှိမရှိ ထပ်မေးပြန်သည်။

“မရှိပါဘူးတဲ့”

“ဟားဟားဟား”

အခန်းထဲ၌ ရယ်မောသံများ ညံသွားသည်။

စားသောက်ဆိုင်အထိ သေချာအောင် ဆက်လိုက်ကာ စုံစမ်းပြီးနောက် လုံခြုံရေး ချထားခြင်း မရှိ၍ ကျားကြီး ခရိုနေးအား ဝမ်းသာအားရ ပြန်ပြောလိုက်သည်။

ခရိုနေးမှာ အချက်အလက်များသာ မှတ်ထားပြီး စိတ်ရှည်သော မုဆိုးကဲ့သို့ စောင့်နေ၏။

သူ မည်သည့်နေရာ၌ ပုန်းအောင်း၍ မည်သို့ လှုပ်ရှားမည်ကို မည်သူမျှ မသိနိုင်ပေ။

ကျားကြီးကိုယ်တိုင်ပင် မသိချေ။

သူ ခရိုနေးထံမှ ယခုည သတင်းကောင်း ကြားရမည်ဟုသာ ယုံကြည်ထားသည်။

ကျားကြီးတစ်ယောက် နေ့လယ်က အဖြစ်အပျက်မှာ လင်းချွမ်၏ အစီအစဉ်ဟု မသိဘဲ အန်လင်းရဲစခန်းမှ ရုတ်တရက် ဝင်စီးနိုင်သည်ဟုသာ ထင်၏။

ထို့ကြောင့် ခရိုနေးကဲ့သို့ ထိပ်တန်း လုပ်ကြံသူမှာ လင်းချွမ်လို သာမာန်လူကို အလွယ်တကူ တိုက်ခိုက်နိုင်မည်ဟု တွေးထားလေသည်။

ညမှာ တဖြည်းဖြည်း မှောင်မိုက်လာ၏။

ရှန်ချန်းချန်းသည် လင်းချွမ်ကို လင်းကျန် အဆောက်အဦရှေ့အထိ လိုက်ပို့ပြီးမှ ပြန်သွားသည်။

ယုချင်းကို ရှင်းထုတ်လိုက်နိုင်၍ သူ့စိုးရိမ်မှုများထဲမှ တစ်ခုတော့ လျော့သွားပါသည်။

ယခုအခါ လူးကပ်စ်နှင့် ပိုင်ရှန်အုပ်စုသာ ကျန်ပါတော့သည်။

လူးကပ်စ်မှာ ခက်ခက်ခဲခဲ ဖမ်းရမည်မဟုတ်။ ယုချင်း ပေးသော သက်သေများဖြင့် အလွယ်တကူ ဆွဲချကာ မော်ဂန်အုပ်စု အာရှ-ပစိဖိတ်ရုံးခွဲအထိ ဖျက်ဆီးပစ်နိုင်ပါသည်။

ပိုင်ရှန်အုပ်စုအပေါ်လည်း လင်းချွမ် ယုံကြည်ချက် ရှိ၏။

နယ်စပ် ကျားဖြန့်အဖွဲ့မှာ ပိုင်ရှန်အုပ်စုအခွဲဖြစ်ပြီး သူကိုယ်တိုင် လူလိမ်ဘုရင် ဖြစ်ခဲ့သောကြောင့် ပိုင်ရှန်အုပ်စုကို သက်သက် ကြောက်နေစရာ မလိုပေ။

ထို့ကြောင့် လင်းချွမ်တစ်ယောက် ကျားကြီး တွေးထားသည့်အတိုင်း အတော်လေး စိတ်ပေါ့ပါးနေသည်။

သို့သော် စိတ်ပေါ့ပါးခြင်းနှင့် သတိလက်လွတ်ခြင်းမှာ မတူပေ။

လင်းချွမ် အမြဲသတိထားနေ၏။

သူ ပုံရိပ်ယောင်လောကထဲ ရှင်သန်ရင်း ထိုအကျင့် ရလာခဲ့ခြင်း ဖြစ်သည်။

ပုံရိပ်ယောင်လောက၌ သတိလက်လွတ်၍ ကျရှုံးလျှင် လုပ်ငန်း အဆုံးသတ်ကာ နောက်ဆက်တွဲ ဆုံးရှုံးမှု ကြီးပါသည်။

ထိုစဉ် လင်းချွမ် အဆောက်အဦဝန်းထဲ ဝင်လိုက်သည်နှင့် ရုတ်တရက် မျက်မှောင်ကြုတ်မိ၏။

ယခုည ခြံထဲတွင် အနည်းငယ် ကွဲပြားနေသည်။

All Chapters