အနီးကပ် တိုက်ခိုက်ခြင်း
Vol. 32 Ch. 475
ပိတ်လှောင်နေသော ဓာတ်လှေကားထဲတွင်။
ဆွဲဆောင်မှုရှိသော အမျိုးသမီးမှာ ရုတ်တရက် လင်းချွမ်ထံ တွန်းထုတ်ခံလိုက်ရသည်။
ခရိုနေးသည် အရှိန်ဖြင့် ကျွမ်းကျင်စွာ စလှုပ်ရှားလေ၏။
သူ့ညာဘက်လက်မှ ခါးတွင် ချိတ်ထားသော သေနတ်ကို အမြန်လှမ်းကိုင်သည်။
အရှိန်မှာ အလွန်လျင်မြန်ပြီး ကြွက်သားအတွင်းထဲမှ အကျင့်ပါ၍ မှတ်မိနေသောကြောင့်သာ ပြုလုပ်နိုင်သော အရာဖြစ်၏။ စဉ်းစားနေချိန် မရှိဘဲ ရုတ်တရက် မျက်လှည့်ပြသကဲ့သို့ ညာဘက်လက်ထဲ၌ သေနတ်တစ်လက် ရောက်နေနှင်လေပြီ။
အမျိုးသမီးမှာ ယိုင်၍ကျလာသောကြောင့် လင်းချွမ်မြင်ကွင်းကို ပိတ်ကာထားခြင်းတော့ မရှိပေ။
အားလုံး သေချာမြင်လိုက်ရ၏။
မြေညီထပ်တွင် စတွေ့စဉ်က လင်းချွမ် မပြင်ဆင်ရသေးချိန် ရုတ်တရက် ပစ်လိုက်လျှင်ပင် ၉၀% အောင်မြင်နိုင်ပါသည်။
သို့သော် ယခုတော့ လင်းချွမ်မှာ ထိပ်တန်း လုပ်ကြံသူတစ်ဦး ဖြစ်၍ အသင့်ပြင်ထားပြီး ဖြစ်၏။
ခရိုနေးမှ အမျိုးသမီးကို တွန်းလိုက်ချိန်တည်းက လင်းချွမ် တိုက်ခိုက်ရန် စိတ်ထဲတွင် တွေးထားပြီး တစ်ဖက်မှ သေနတ်ကို ကိုင်လိုက်သောအခါ အမျိုးသမီးကို ဘေးသို့ ဖယ်လိုက်ပြီး ဖြစ်၏။
အမျိုးသားနှစ်ဦး ဆက်တိုက် အမြန် လှုပ်ရှားလိုက်ကြသည်။
ခရိုနေး သေနတ်မောင်းကို အမြန်ဆွဲသော်လည်း လင်းချွမ်၏လက်မှာ ပိုမြန်၏။
သူ၏ သန်မာသော ညာဘက်လက်သည် လင်းယုန် နှုတ်သီးကဲ့သို့ ခရိုနေးကို ထိန်းချုပ်ထားလိုက်သည်။
သူ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသော်လည်း လွယ်ကူသော သားကောင်တော့ အဖြစ်မခံပေ။
ဘယ်ဘက်လက်ကို အမြန်လှုပ်ရှားကာ လင်းချွမ်လက်အား ပြန်ဖမ်း၏။
သို့သော် လင်းချွမ်မှာ ပိုမြန်ဆဲပင်။
သူ့လက်ကို ကျားတစ်ကောင် ခဲထားသကဲ့သို့ လုံးဝပင် မလှုပ်ရှားနိုင် ဖြစ်နေသည်။
ချီးပဲ။
သူ လင်းချွမ်အား စိုက်ကြည့်နေသည်။
လင်းချွမ်၏ တောက်ပသော မျက်လုံးများထဲတွင် သူ့ပုံရိပ်ကို ပြန်တွေ့နေရပြီး လင်းချွမ်မှာတော့ ပြုံးသယောင် ဖြစ်နေ၏။
သို့သော် စဉ်းစားနေရန် အချိန်မရှိပါ။
သူ လက်ကို အောက်ဘက်သို့ အမြန်လှုပ်၍ ရှောင်လိုက်သည်။
ထိုအခါ လင်းချွမ် ရုတ်တရက် ဟန်ချက်ပျက်သွားပြီး ထိုအချိန်တွင် ခရိုနေး တံတောင်ဖြင့် တွတ်လေ၏။
ထိပ်တန်း လုပ်ကြံသူ အလကား ဖြစ်လာခြင်း မဟုတ်ပေ။
နှစ်ဦးလုံး အတွေ့အကြုံနှင့် အရည်အချင်း ပြည့်ဝကြသည်။
ထိုသို့ ဆွဲ၍ ရှောင်လိုက်ခြင်းဖြင့် ခရိုနေး၏ လက်များ လွတ်သွားပြီး ဒူးခေါင်းဖြင့် လင်းချွမ်ကို ထပ်တိုက်သည်။
လျင်မြန်၍ အားပြင်း၏။ လင်းချွမ်၏ ဗိုက်ကိုသာ ထိသွားလျှင် ချက်ချင်း လဲကျကာ ဆက်တိုက်ခိုက်နိုင်တော့မည် မဟုတ်ပေ။
ထိုသို့တိုက်ခိုက်ရင်း ခရိုနေး လင်းချွမ်၏ အဆင့်ကို ခန့်မှန်းနိုင်လိုက်၏။
ထို့ကြောင့် ဒူးခေါင်းသုံးသည့် နောက်ဆုံးတိုက်ကွက် ထုတ်ရလေသည်။
သူ လင်းချွမ်ကို ထွက်မပြေးနိုင်အောင် အပြည့်အဝ ထိန်းချုပ်၍ အရှုံးပေးသည့်ပုံစံ ဖြစ်စေချင်ပါသည်။
ထိုအခါမှ သူ့သေနတ်ကို လွတ်လွတ်လပ်လပ် အသုံးပြုနိုင်ပေမည်။
သေနတ်ရှိခြင်းမှာ သူ့အတွက် အားသာချက်တစ်ခု ဖြစ်၏။
လင်းချွမ် အမူအရာတင်းမာ၍ အကြောများ တင်းနေ၏။
သူ ခရိုနေးနှင့် ရင်ဆိုင်ရမည် ဖြစ်သောကြောင့် စိတ်ကို အပြည့်အဝ ပြင်ဆင်ထားသည်။ တစ်ချက်ကြည့်ရုံဖြင့် ကျွမ်းကျင်အဆင့်မှန်း သိသာ၏။
သို့သော် သူ ကျားဖြန့်စက်ရုံမှ လူမိုက် (၁၀) ယောက်ထက် ယခုလို ပြိုင်ဘက်မျိုး လိုချင်နေခဲ့ပါသည်။
သူ့စိတ်ထဲ၌ ကျေနပ် စိတ်လှုပ်ရှားနေလေ၏။
ယောက်ျားတစ်ယောက်၏ တိုက်ခိုက်လိုစိတ် ဖြစ်ပါသည်။
ပုံရိပ်ယောင်လောကထဲ ရောက်သွားသလိုပင် ခံစားရသည်။
ထိုအချိန်တွင် မစ္စတာလင်းနှင့် လင်းချွမ်တို့ ပေါင်းစည်းသွား၏။
ခရိုနေး၏ ဒူးတိုက်ကွက်ကို ကြုံသောအခါ ကာကွယ် ရှောင်ရှားခြင်း မရှိပေ။
တိုက်ခိုက်စွမ်းရည် ပြည့်ဝစွာဖြင့် အနောက်သို့ အနည်းငယ် ဆုတ်၍ တံတောင်ကို ထောင်ကာ နွားရိုင်းတစ်ကောင်ကဲ့သို့ ဘေးတိုက် ဝင်တိုးလိုက်၏။
ထိုအခါ ဒူးချက်ကို လွတ်သွားလေသည်။
တံတောင်ဖြင့် တိုက်ခိုက်ခြင်းမှာ ယခုအကြိမ်အတွက် အောင်မြင်သွား၏။
ခရိုနေးသည် ခြေထောက်တစ်ဖက်ထဲ ထောက်ထားရသောကြောင့် ဟန်ချက် မထိန်းနိုင်ဘဲ ဖရိုဖရဲ ဖြစ်သွား၏။
ချက်ချင်း ဖယ်၍ ရှောင်လိုက်ရသည်။
ထို့နောက် ညာဘက်လက်ဖြင့် သေနတ်ကို ထပ်စမ်းပြန်၏။
ထိုစဉ် လင်းချွမ်မှာ သူ့ညာဘက်သို့ ရုတ်တရက် ရောက်လာပြီး သေနတ်ကို လုရန် ပြင်သည်။
သူ ခန့်မှန်းချက် မှားသွားသည်။
လုံးဝ မှားလေပြီ။
သူ စိတ်ထဲတွင် အော်ဟစ်နေမိ၏။
အနောက်သို့ ထပ်ဆုတ်၍ နေရာရရန် ကြိုးစားသော်လည်း ထောင့်ဘက်တွင် ပိတ်မိသွားလေသည်။
လုံးဝ ရှောင်ထွက်ရန် မဖြစ်နိုင်တော့။
အနီးကပ် တိုက်ခိုက်ရတော့မည်။
လင်းချွမ် သူ့ကို သေနတ်ပေးမသုံးဘဲ ကျွမ်းကျင်စွာ တိုက်ခိုက်၏။
ဘုံး!
သူ အားအပြည့်ဖြင့် ထိုးချလိုက်ပြီး ခရိုနေး၏ ကာထားသော လက်ကောက်ဝတ်ကို အတိအကျထိသွားသည်။
သူ သံတုံးဖြင့် ရိုက်မိသလို နာကျင်သွားသော်လည်း အံကြိတ်၍ မျက်မှောင်ကြုတ်ကာ သည်းခံ၏။
သူ့လက်မှာ သေနတ်ကို ကိုင်ထားဆဲပင်။
သို့သော် လင်းချွမ် အသာစီး ရနေသည်။
ဓာတ်လှေကားထဲမှ နတ်ဘုရားကဲ့သို့ လုံးဝ မယှဉ်နိုင်ပေ။
ထိုအခြေအနေကို လုံးဝ မကြုံဖူးသော အမျိုးသမီးမှာတော့ ထောင့်တွင်ကပ်၍ တုန်ရီနေ၏။