← Chapters

ခရိုနေးလား

Vol. 32 Ch. 477

ခရိုနေးလား

Vol. 32 Ch. 477

ဓာတ်လှေကားထဲ၌။

ခရိုနေးတစ်ယောက် လင်းချွမ်၏ အပြင်းအထန် ထိုးသိပ်ခြင်း ခံလိုက်ရသည်။ လက်များ အနောက်သို့ လိမ်ကာ မောဟိုက်၍ မလှုပ်ရှားနိုင် ဖြစ်နေသည်။

တိုက်ခိုက်မှု အစအဆုံးတွင် သူ လုံးဝ မယှဉ်နိုင်လိုက်ပေ။

ခရိုနေးမှာ အတွင်းအင်္ဂါများပါ ထိသွားပုံရပြီး သွေးများပင် အန်လာ၏။

တစ်ကိုယ်လုံး နာကျင်လျက် စကားတစ်လုံးမှ မပြောနိုင်ဘဲ တိတ်ဆိတ်နေသည်။

လင်းချွမ် ခရိုနေးကိုဆွဲ၍ ဓာတ်လှေကားထဲမှ ထွက်လာလေသည်။

ထို့နောက် အပြင်ရောက်သောအခါ ခရိုနေး ကုတ်အင်္ကျီဖြင့် ပြန်ချည်ထားလိုက်၏။

လင်းကျန်အဆောက်အဦ၊ (၃၂) လွှာ။

ညမှာ ပိန်းပိတ်အောင် မှောင်မိုက်နေပြီး ပန်းချီကဲ့သို့ ထင်ရ၏။

မြစ်ပြင်ဆီမှ လေအေးများ တိုက်ခတ်လာပြီး လှိုင်းများ တရိပ်ရိပ် တက်ကာ ငါးဖမ်းထွက်လာသော လှေငယ်များမှာ တလူးလူး လှုပ်ရှားနေသည်။

လေအေးများမှာ ပြတင်းပေါက်မှ တိုက််ခတ်လာပြီး ခရိုနေးမျက်နှာပေါ် ဆင်းသက်လာကြ၏။

တစ်ဖက်ခြမ်းတွင်မူ အဆောက်အဦခြံထဲမှ သစ်ပင်များလည်း ယိမ်းနွဲ့၍ သစ်ရွက်ချင်း ရိုက်ခတ်သံများမှာ သက်ပြင်းချသံလိုလို၊ တီးတိုးစကား ပြောသံလိုလို ထင်ရ၏။ ကောင်းကင်၌ ကြယ်ရောင်များ ထင်ရှားကာ လရောင်သည် လင်းထိန် တောက်ပနေသည်။

ခရိုနေး မအောင်မြင်လျှင်ပင် တစ်ခါမှ အဖမ်းမခံရဖူးပေ။

ယခုတော့။

သူ့လုပ်ကြံသူအလုပ်မှာ အသက် (၂၀) ဝန်းကျင် လူငယ်လေးလက်ထဲ၌ ဘဝဆုံးရပေတော့မည်။

တစ်ကိုယ်လုံး ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်လျက် ရင်တဒိတ်ဒိတ် ခုန်နေ၏။

အဖြစ်အပျက်မှာ အလွန် လျင်မြန်လွန်းပါသည်။

ခရိုနေး လင်းချွမ်အား စွံ့အ၍ စိုက်ကြည့်နေသည်။

လင်းချွမ်လည်း ခရိုနေးအား ခြေအဆုံး ခေါင်းအဆုံး ကြည့်ရင်း တွေးနေလေသည်။

(၃) စက္ကန့်မျှ ကြာပြီးနောက်။

လင်းချွမ်မှ

“ခရိုနေး အင်္ဂလန်က ထိပ်တန်းလုပ်ကြံသူ ဟုတ်တယ်မလား”

ခရိုနေး ခေါင်းမော့လာပြီး မျက်မှောင်ကြုတ်လျက်

“မင်းရော လုပ်ကြံသူ လောကကပဲလား”

လင်းချွမ်မှာ သူ့အကြောင်းကို သိနေ၍ ထူးဆန်းပါသည်။

သို့သော် သူ ဝန်ခံမည်မဟုတ်ပါ။

လင်းချွမ်လက်ထဲ အဖမ်းခံရသည်မှာ အလုပ်သာ ဆုံးရှုံးပြီး ဘဝဆုံးခြင်းတော့ မဟုတ်။

သူ့အတွက် အခွင့်အရေး ရှိပါသေးသည်။

သို့ရာတွင် အသက်နှင့်တော့ အလွန်သက်ဆိုင်နေ၏။

ရန်ညှိုးရှိနေသော လင်းချွမ်မှာ သူ့ကို လုံးဝ လက်လွှတ်ပေးမည် မဟုတ်ချေ။

“ငါ အဲ့လောကက ဟုတ်ဟုတ် မဟုတ်ဟုတ် ဘာအရေးကြီးလဲ”

ခရိုနေး တိတ်ဆိတ်နေ၏။

အမှန်လည်း အရေးတော့မကြီးပါ။

လင်းချွမ်သည်လည်း လုပ်ကြံသူလောကထဲမှ ဖြစ်လျှင် သေချာပေါက် ထိပ်တန်းအဆင့် ဖြစ်ပေမည်။

လုပ်ကြံသူလောက၏ တောက်ပသော ကြယ်ပွင့်မှာ သူသာ ဖြစ်လိမ့်မည်။

“ငါ့ကို ခရိုနေးလို့ ဘာလို့ ပြောနိုင်တာလဲ”

သူ တည်ငြိမ်ချင်ယောင်ဆောင်နေသော်လည်း အသံမှာ သိသိသာသာ အားလျော့၍ အပြစ်လုပ်ထားမှန်း သိသာသည်။

လင်းချွမ် ရယ်မောကာ

“မင်းက လန်ဒန်လေသံနဲ့ ပြောနေတာလေ။ ကျန်တာက ဇူးဆို၊ ဘော့ရှ်နဲ့ အီဘန်လေ။ အဲ့တော့ မင်းကလွဲရင် ဘယ်သူ ရှိဦးမလဲ”

ခရိုနေး၊ ဇူးဆို၊ ဘော့ရှ်နဲ့ အီဘန်တို့မှာ လုပ်ကြံသူလောကတွင် အတော်လေး နာမည်ကြီးပါသည်။

ထိပ်တန်းအဆင့် ဖြစ်၏။

“အင်္ဂလန်မှာ လုပ်ကြံသူတစ်ယောက်တည်း ရှိလို့လား”

ခရိုနေး မျက်မှောင်ကြုတ်နေသည်။

“ငါ့ကိုလိုက်တဲ့ လုပ်ကြံသူအဆင့်ကိုတောင် မသိရင် ငါက ဒေါ်လာ (၁၀) သန်း တန်ပါ့မလား”

လင်းချွမ် ပြုံး၍ သူ့ကိုယ်သူ လက်ညှိုးထိုးပြ၏။

ညအချိန် မလှမ်းမကမ်းတွင် အန်လင်းမြစ်မှ ရေလှိုင်းများ တိုက်ခတ်သံကို ကြားရ၏။

ခရိုနေးမျက်လုံးများမှာ စူးရှနက်ရှိုင်းလှသည်။

သူရှေ့မှ အမျိုးသားကို ကြည့်နေမိ၏။

သူတို့ချင်း အရပ်မှာ မတိမ်းမယိမ်းဖြစ်ပြီး မျက်နှာကျ သေသပ်၍ မျက်ခုံးထင်းထင်းဖြင့် မျက်လုံးများမှာ ပြုံးသယောင် ဖြစ်နေသည်။ သူ့အရှိန်အဝါမှာ ဘေးဘီအထက် တောက်ပနေသေး၏။

ရုတ်တရက် နှစ်ဦးသား အကြည့်ချင်းဆုံသွားသောအခါ ခရိုနေး၏ အကြည့်စူးစူးနှင့် ဟန်ဆောင် တည်ဆောက်ထားသော စိတ်ဓာတ်ရေးရာတို့ ချက်ချင်း ပျက်ပြားသွားတော့သည်။

ဤသည်မှာ ထိပ်တန်းလုပ်ကြံသူချင်း၏ ချည်နှောင်မှုပင်။

ခရိုနေး ရယ်မော၍

“နောက်ဆုံးတော့ ငါ ရှုံးသွားတာပဲ”

လင်းချွမ်လည်း ပြုံးလျက်

“တိုက်ပွဲမှာ ထင်ရှားဖို့ အဓိကပဲ။ အင်္ဂလန်က ထိပ်တန်း လုပ်ကြံသူလည်း အန်လင်းမှာ သာမာန်လူ ဖြစ်နေတာပေါ့”

လင်းချွမ် သူ့သူဌေးအကြောင်း၊ မည်သို့ ဆက်စပ်မိကြောင်းတို့ကို မမေးပေ။

ထိုကဲ့သို့ ထိပ်တန်းလုပ်ကြံသူမျိုးမှာ လုံးဝ သစ္စာဖောက်၍ ဖွင့်ပြောမည် မဟုတ်။

လင်းချွမ်ကိုယ်တိုင် ထိုအလုပ်လုပ်ရလျှင်လည်း ထုတ်မပြောပေ။

လုပ်ကြံသူများကြား ပညာရှင်ဆန်သော စည်းကမ်းဖြစ်၏။

ထိုသို့ အတင်းအကြပ် စေခိုင်းခြင်းသည်လည်း စော်ကားသလို ဖြစ်ပါသည်။

ထို့ကြောင့် လင်းချွမ်လည်း မလုပ်ပါ။

သို့သော် သူ နီးနီးစပ်စပ် ခန့်မှန်းနိုင်ပါသည်။

ပိုင်ရှန်အုပ်စု။

“သူဌေး”

ရုတ်တရက် ရင်းနှီးသောအသံလေး လှေကားနားမှ ထွက်ပေါ်လာသည်။

ထိုမိန်းကလေးမှ စိတ်ရှုပ်ထွေးစွာဖြင့် လင်းချွမ်အား ကြည့်နေ၏။

ကျန်းရှင်းရှင်း။

လင်းချွမ်မှာ မြေညီထပ်မှ ဓာတ်လှေကားဖြင့် တက်လာပြီဟု ပြောထားသော်လည်း အတော်ကြာသည်အထိ ရောက်မလာပေ။ ထို့ကြောင့် သံသယဝင်လာပြီး ဓာတ်လှေကားသို့ ထွက်ကြည့်သောအခါ (၃၂) လွှာတွင် ရပ်နေလေသည်။

ထို့ကြောင့် စိတ်လှုပ်ရှားစွာဖြင့် လှေကားမှ လိုက်တက်လာခြင်း ဖြစ်၏။

ကျန်းရှင်းရှင်း ရင်တဒိတ်ဒိတ်ခုန်ကာ ကြောက်နေသည်။

သူဌေး တစ်ယောက်ယောက်နဲ့ ရန်ဖြစ်နေတာလား။

ထို့နောက် အိမ်ထဲမှ ဘေ့စ်ဘောရိုက်တံကို ပြေးယူကာ ချက်ချင်း တက်လာခဲ့တော့သည်။

All Chapters