← Chapters

လူမနည်းလွန်းဘူးလား

Vol. 33 Ch. 495

လူမနည်းလွန်းဘူးလား

Vol. 33 Ch. 495

“ဒါ အရမ်း များလွန်းတယ် မဟုတ်ဘူးလား”

မြစ်ကမ်းဘေး စားသောက်ဆိုင်၏ သီးသန့်ခန်းထဲ၌ ရှချင်းချင်း မျက်မှောင်ကြုတ်ကာ လင်းချွမ်အား ကြည့်နေသည်။

အန်လင်းရဲစခန်းမှ ဆိုက်ဘာဌာန ရဲဝန်ထမ်းတစ်ဦး အနေဖြင့် ဟက်ကာများအကြောင်း အတော်အတန် သိထားပါသည်။ AW နှင့် နောက်ဆုံးတစ်ခါ ထိပ်တိုက် တွေ့ပြီးနောက် ဆိုက်ဘာအဖွဲ့အနေဖြင့် အမြဲ သတိထားနေရပြီး AW အကြောင်းကိုလည်း ပိုသိလာရသည်။

မြောက်အမေရိကတွင် အကြီးဆုံးဟက်ကာအဖွဲ့ ဖြစ်သည့် AW မှာ အဖွဲ့အစည်းအများစုတွင် ပါဝင်နေပြီး အချို့နိုင်ငံများမှ အစိုးရအဖွဲ့များနှင့်ပင် ပတ်သက်နေသည်။

ချင်းချင်းလည်း ကြားဖူးထား၏။

လင်းချွမ် AW ကို ရှင်းလင်းမည့် အစီအစဉ်မှာ တုံ့ပြန်မှု မည်သို့ ဖြစ်မည်နည်း။

ရှန်ချန်းချန်း ခေါင်းငြိမ့်ပြ၍

“မော်ဂန်အုပ်စုကို ဆွဲချဖို့ကလည်း ခက်မှာပဲမလား”

လင်းချွမ် ရေနွေးကြမ်း ယူသောက်ပြီးနောက် ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလျက်

“ကျွန်တော်က ရှေးရိုးစွဲတယ် ထင်ပါတယ်။ သိတယ်မလား။ AW က ကျွန်တော်တို့ကို အမြဲ ကြည့်မရ ဖြစ်နေတာလေ။ ဒီရက်ပိုင်းလည်း ခံစားမိမှာပေါ့။ ၇၂၀ အကာအကွယ်ကို ဆက်တိုက် တိုက်ခိုက်နေတာ”

ချင်းချင်း ခေါင်းငြိမ့်ပြ၏။

“ဟုတ်တယ်။ အန်လင်း ကွန်ယက်အဖွဲ့က အချက်အလက်တွေ တွေ့တယ်”

လင်းချွမ်မှ ဆက်၍

“နောက်ပြီး AW က ကျွန်တော်တို့ အကာအကွယ်နဲ့ ကုမ္ပဏီထုတ်ကုန်တွေကို သေချာ လေ့လာနေတယ်လည်း ကြားတယ်”

ချင်းချင်း မှင်တက်သွားပြီး

“၇၂၀ အကာအကွယ်ကို ဖျက်ဆီးပြီး ထပ်တိုက်ခိုက်မလို့လား”

“အဲ့ရည်ရွယ်ချက်ကလွဲပြီး တခြားတော့ မစဉ်းစားမိဘူး”

လင်းချွမ် ခေါင်းငြိမ့်ပြလိုက်သည်။

ထိုသို့ တိုက်ခိုက်ရန်သာ မဟုတ်လျှင် တခြားအကြောင်း မရှိနိုင်ပါ။ နည်းပညာတိုးတက်အောင်လား။

ထိုအချက်မှာ ပို၍ပင် မဖြစ်နိုင်ချေ။

အမြတ်ကို အလေးထားသော ဟက်ကာများမှာ လင်းချွမ်ကို ဒုက္ခပေးရန်သာ ဖြစ်နိုင်ပါသည်။

လင်းချွမ်သာ ရှုံးသွားပါက အန်လင်း၏ ဆိုက်ဘာ လုံခြုံရေးလည်း ပြိုကွဲသွားပေမည်။

ထို့နောက် AW ရှုံးစဉ်ကကဲ့သို့ ပြန်မလှည့်နိုင်အောင် ဖြစ်သွားလိမ့်မည်။

ထိုအချိန်တွင် ရှချင်းချင်းနှင့် ရှန်ချန်းချန်းတို့ တိတ်ဆိတ်နေမိ၏။

သူတို့အမြင်တွင် လင်းချွမ်မှာ အလွန်ရဲတင်းလွန်းနေသည်။

ခဏအကြာမှ ချင်းချင်းမှ

“လင်းချွမ် ရှင် ဘယ်လောက် ယုံကြည်ချက် ရှိလဲ”

လင်းချွမ် ပြုံး၍ လက်ညှိုးတစ်ချောင်း ထောင်ပြသည်။

“ဆယ်ပုံတစ်ပုံလား”

ရှန်ချန်းချန်း မျက်မှောင်ကြုတ်ကာ မေး၏။

လင်းချွမ် လက်ညှိုးလေး ယမ်းလျက်

“မဟုတ်ဘူး။ တစ်ရာ ရာခိုင်နှုန်း”

ချင်းချင်းမှ

“ရှင့်မှာ အစီအစဉ် ရှိပြီးသားလား”

“အစီအစဉ်ကတော့ ရှိပါတယ်။ လူအင်အားပဲ မလောက်တာ။ လူအင်အားသာ ရရင် ချက်ချင်း စလို့ ရတယ်”

လင်းချွမ် ရယ်မော၍ ပြော၏။

“အဲ့တော့ ဒီလိုခက်ခဲတဲ့အလုပ်ထဲကို ကျွန်မကိုပါ ဆွဲထည့်မယ်ပေါ့”

ချင်းချင်း နှုတ်ခမ်းလေးစူကာ ပြော၏။

“အဲ့တာ ရဲမေရှရဲ့ အောင်မြင်မှုပဲလေ”

လင်းချွမ် လေးနက်စွာဖြင့်

“ဒီပုံအတိုင်းဆိုရင် ဒီနှစ်အတွင်း အဖွဲ့မှူး ရာထူးတိုးတော့မှာပဲ”

ချင်းချင်းမှာ ယခုမှ ဂျူနီယာအဆင့် ဖြစ်သောကြောင့် အဖွဲ့မှူးအဆင့်အထိ အလွန် အလှမ်းဝေးပါသည်။

ထို့ကြောင့် ရယ်မောလျက်

“ဒီည ဘာမှမသောက်ထားတာကို။ အိပ်မက် မက်နေသလိုပါလား”

“AW ကို ဖျက်ဆီးမယ့် ရဲမေရှရဲ့ အိပ်မက်တွေ တကယ် ဖြစ်လာတော့မယ်လေ”

လင်းချွမ် သွားဖွေးဖွေးလေးများ ပေါ်အောင် ပြုံးလျက် ပြောလိုက်သည်။

“လိုအပ်ရင် ကူညီပေးရတာတော့ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ခုနကပြောတဲ့ လူအင်အားကရော”

ချင်းချင်း ထပ်မေးလိုက်သည်။

“ဟန်မြစ်အပိုင်းကလူနဲ့ ပြောရမှာပေါ့”

လင်းချွမ် အကြီးအကဲကျုံကို ဆိုလိုမှန်း ချက်ချင်း သဘောပေါက်လိုက်သည်။

“ကျွန်မကရော”

ချန်းချန်း လင်းချွမ်ကို လှမ်းကြည့်ကာ မေးလိုက်၏။

ရဲမေများမှာ ကူညီချင်သူများဖြစ်၍ ငြင်းဆန်မည် မဟုတ်ပေ။

သို့သော် ရှန်ချန်းချန်း မည်သည့်တာဝန် ယူရမည်ကိုတော့ လင်းချွမ် မပြောရသေး ဖြစ်၏။

“ရဲမေရှန်လုပ်ရမှာက ရိုးရိုးလေးပါ”

လင်းချွမ် သူ့ကို လှည့်ကြည့်၍

“ရဲစခန်းမှာ အချက်အလက်တွေစုဖို့ တာဝန်ယူပေးပါ”

“ရှေ့တန်းမှာ တိုက်ခိုက်စရာ မရှိဘူးလား”

ရှန်ချန်းချန်း လက်သီးလေးမြှောက်လျက် ပြော၏။

“AW က ဟက်ကာအဖွဲ့ပဲလေ။ သွေးထွက်သံယို ဖြစ်စရာမှ မလိုတာ”

လင်းချွမ်ပြုံး၍ ပြော၏။

“အဲ့တာဆို အခု အကုန် သဘောတူပြီပေါ့”

ဘေးမှ ကျန်းရှင်းရှင်း၏ စကားကြောင့် (၃) ယောက်လုံး ရယ်မောလိုက်မိသည်။

လင်းချွမ် ရေနွေးကြမ်းခွက်ကို ဝိုင်ခွက်ကဲ့သို့ ကိုင်မြှောက်လိုက်ပြီး လေထဲတွင် ခွက် (၄) ခု ဆုံသွားတော့သည်။

…

နောက်တစ်နေ့။

ကျုံချန်မင်း လင်းချွမ်ထံမှ ဖုန်းရလေသည်။

ဖုန်းထဲတွင် လင်းချွမ် သူ့အတွေးများနှင့် အသေးစိတ် အစီအစဉ်တို့ကို ပြောပြ၏။ သူနှင့်အတူ ပါဝင်မည့် မိန်းကလေး (၃) ဦးအကြောင်းလည်း ရှင်းပြလိုက်သည်။

“လင်းရဲ့အကြံက စိန်ခေါ်မှုများတာပဲ”

အကြီးအကဲကျုံ၏ တွေးတွေးဆဆဖြင့် နားထောင်နေ၏။

“AW က ကျွန်တော်တို့ကို အမြဲစောင့်ကြည့်ပြီး ဒီရက်ပိုင်းတောင် တိုက်ခိုက်နေသေးတာ။ အရင်လို ပြန်တိုက်ရင် မလိုအပ်ဘဲ ထိခိုက်ကုန်မယ်”

လင်းချွမ်မှ အဓိပ္ပာယ်ကျကျ ရှင်းပြသည်။

အကြီးအကဲကျုံလည်း အတွေ့အကြုံရှိသူပီပီ ထိုအခြေအနေကို သဘောပေါက်ပါသည်။

“နားလည်ပါပြီ။ ဒါပေမဲ့ လူအဲ့လောက်နဲ့ အဆင်ပြေလို့လား”

သူသိထားသလောက် AW တွင် လူအင်အား များသည့်အပြင် အရည်အချင်းလည်း ရှိကြသည်။

လင်းချွမ်ပြောသည့် လူအရေအတွက်နှင့် ယှဉ်ရန် ဖြစ်နိုင်မည်လား။

“အန်လင်း ဆိုက်ဘာကွန်ယက်ဌာနက ရှချင်းချင်းလည်း ကျွန်တော့်ထက် မနိမ့်ပါဘူး။ သူလည်း အများကြီး ကိုင်တွယ်နိုင်လို့ AW ကို ရှင်းနိုင်မှာပါ”

လင်းချွမ် ချင်းချင်းအား ချီးကျူး၍ ပြောလိုက်၏။

အမှန်တော့ ရှချင်းချင်းမှာ ရာထူးနိမ့်သေးသော်လည်း လင်းချွမ်၏ ထောက်ခံချက်ဖြင့် အကြီးအကဲကျုံအနေဖြင့် သတိထားမိရလေပြီ။

“သူက တကယ် အရည်အချင်းရှိတာ။ ကျွန်တော်တို့ အာရုံစိုက်ပြီး စောင့်ကြည့်သင့်တယ်”

All Chapters