← Chapters

နတ်သားလား

Vol. 33 Ch. 481

နတ်သားလား

Vol. 33 Ch. 481

ထိုမှတ်တမ်းမှာ ဓာတ်လှေကား ညာဘက်အပေါ်ထောင့်ရှိ စီစီတီဗွီမှ ရထားခြင်း ဖြစ်၏။

ဗီဒီယိုထဲတွင် တောက်ပသော မီးရောင်အောက်၌ ခရိုနေးမှာ ခပ်မိုက်မိုက် အမျိုးသမီးကို ဖက်လျက် ဓာတ်လှေကားထဲ ဝင်လာသည်။

“အချစ်ရေ”

မိန်းကလေး၏ ခပ်ချွဲချွဲအသံ ထွက်လာ၏။

သူ့မျက်နှာမှာ အရက်သောက်ထား၍ နီရဲနေသည်။

ခရိုနေးမှာ အမျိုးသမီးနောက်ကျောကို ပွတ်သပ်ရင်း ပြုံးရွှင်လျက် အီစီကလီ ပြောနေလေသည်။

သို့သော် ဗီဒီယိုထဲတွင် သူ့ပုံကို သေချာမမြင်ရပေ။

“ဒါ ခရိုနေးပဲ”

ကျန်းမင် ခပ်တိုးတိုး ရေရွတ်၏။

အခြားသူများမှာတော့ ခရိုနေးအကြောင်း သေချာ မသိ၍ တိတ်ဆိတ်၍သာ ကြည့်နေသည်။

ကျန်းမင်မှ ကွန်ပျူတာကို လက်ညှိုးထိုးရင်း ဆက်ရှင်းပြသည်။

“ခရိုနေးက ဟန်ဆောင်တာ သိပ်တော်တာ။ သူ့လက်ကောက်ဝတ်ကို ကြည့်လိုက်။ အကောင်းစား နာရီ ပတ်ထားပြီး အဝတ်အစားကလည်း စတိုင်လ်ကျကျနဲ့ မြာပွေတဲ့ ဘဲကြီးအထာပဲ။ သူရွေးထားတဲ့ ကောင်မလေးဆို ပိုတောင် ဟန်ဆောင်လို့ လိုက်ဖက်သေးတယ်။ တကယ် ကွက်တိ”

ရှန်ချန်းချန်းမှ

“ဒီမိန်းကလေးက လင်းချွမ်ကို ဂရုမစိုက်တဲ့အပြင် ယောက်ျားလေးကို အိမ်ခေါ်လာသေးတယ်လေ”

“အမှန်ပဲ”

ကျန်းမင် ခေါင်းငြိမ့်ပြ၍ ထူးချွန်သော သူ့တပည့်ကို ဂုဏ်ယူစွာကြည့်၍

“နောက်ပြီး အဲ့အချိန်မှာ ခရိုနေးက မိန်းကလေးကိုပဲ လုံးဝ အာရုံစိုက်ထားတယ်။ ဘာမှ ထူးဆန်းတာ မတွေ့ရဘူး။ ကွက်တိပဲ”

“လင်းချွမ်က ဘယ်လိုလုပ် သိသွားတာပါလိမ့်”

ဟူတာချန်းမှ ရေရွတ်ရင်း ပြောမိသည်။

ကျန်းမင်နှင့် ရှန်ချန်းချန်းတို့လည်း တိတ်ဆိတ်နေ၏။

ခရိုနေးနှင့် မိန်းကလေးတို့ ဓာတ်လှေကားထဲ ဝင်လာပြီးနောက် တံခါးပိတ်သွားကာ အပေါ်သို့ တက်လာသည်။ မြေညီထပ်တွင် တံခါးပြန်ပွင့်သွား၏။

လင်းချွမ်မှာ ဖုန်းကြည့်နေရင်းမှ တံခါးပွင့်လာသောအခါ ခရိုနေးနှင့် အမျိုးသမီးကို တစ်ချက် လှမ်းကြည့်ပြီးမှ အပေါ်ရှိ စီစီတီဗွီကို စစ်လိုက်သည်။

ထိုအခါ စီစီတီဗွီထဲတွင် လင်းချွမ်၏မျက်နှာမှာ အပြည့်အဝ ပေါ်လာ၏။

“ခရိုနေးပြောတာ မှန်တယ်။ လင်းချွမ် သတိထားပြီး နေနေတာပဲ”

ဟူတာချန်းမှ အသေးစိတ်ကို ကြည့်ရင်း ပြော၏။

ချက်ချင်းပင် လင်းချွမ်တစ်ယောက် ဓာတ်လှေကားထဲ ဝင်လာသည်။

ခရိုနေးနှင့် အမျိုးသမီးမှာ ဘယ်ဘက်ခြမ်းတွင် ရပ်နေပြီး လင်းချွမ်သည် ညာဘက်၌ ရှိ၏။

ထို့အပြင် ခရိုနေးဘက်မှ နံရံကို မျက်နှာမူထားလေသည်။

“ဒီပုံစံက လင်းချွမ် အသင့်အနေအထား စောင့်နေပုံပဲ”

ရှန်ချန်းချန်း မျက်မှောင်ကြုတ်၍ ကြည့်နေရင်း ပြောလိုက်သည်။

ကျန်းမင် စဉ်းစားကာ

“အခုတည်းက သတိထားနေတာဆိုရင် ခရိုနေးကို တစ်ချက်ကြည့်ရုံနဲ့ သိတာလား။ အဲ့တာ မဖြစ်နိုင်ဘူးလေ”

“ဒါဆို ဒီပုံစံရပ်နေတာက တမင်မဟုတ်ရင် မတော်တဆ တိုက်ဆိုင်တာလား”

ရှန်ချန်းချန်းအမေးကြောင့် ကျန်းမင် ခဏတွေဝေသွားပြီးမှ

“ဟုတ်မှာပေါ့”

လင်းချွမ် တစ်ချက်ကြည့်ရုံဖြင့် ခရိုနေးအကြောင်း သိမည်ဟု မထင်ထားပေ။ သူ့အကဲခတ်နိုင်စွမ်း မည်မျှ ရှိမည်နည်း။

ပါရမီရှင်အဆင့်ကို ကျော်လွန်၍ နတ်သားဟုပင် ခေါ်ဆိုနိုင်လောက်သည်။

အားလုံး မော်နီတာကို ဆက်ကြည့်ကြ၏။

ဓာတ်လှေကားတံခါး ပိတ်သွားပြီး အပေါ်သို့ ဆက်တက်သွားသည်။

အထဲတွင် (၃) ယောက်သား တည်ငြိမ် အေးချမ်းနေဆဲပင်။

ခရိုနေးမှာ မိန်းကလေးကို ဖက်လျက် သူ့ကိုလည်း မိန်းကလေးက ပြန်ဖက်ထားသည်။

နှစ်ယောက်သားမှာ စိတ်မရှည်စွာဖြင့် မောဟိုက်နေ၏။

လင်းချွမ်ကတော့ ငြိမ်သက်စွာ ရပ်ရင်း သူတို့ကို တစ်ချက် တစ်ချက် လှမ်းလှမ်းကြည့်သည်။

ယခုအချိန်အထိ အားလုံး ပုံမှန်ရှိနေဆဲပင်။

ဓာတ်လှေကားတံခါး ပွင့်သွား၏။

သို့သော် လင်းချွမ်မှာ ထွက်မည့်ပုံ မရှိပေ။

ခရိုနေး လင်းချွမ်ကို သေချာကြည့်နေပြီးမှ အမျိုးသမီးကို ပြန်ကြည့်လိုက်သည်။

ထိုအချိန်တွင် ခရိုနေးအပြုံး တံ့သွားသည်ကို ရှန်ချန်းချန်းတို့အားလုံး တွေ့လိုက်ရသည်။

လင်းချွမ်မှာတော့ သူ့အထပ်ရောက်နေသည်ကို သတိမထားမိသလိုဖြင့် ရပ်နေဆဲပင်။

သူ ခရိုနေးနှင့် အမျိုးသမီးကို လှမ်းကြည့်နေသည်အား တွေ့ရ၏။

ရှန်ချန်းချန်းတို့အားလုံး အသက်ရှူရန်ပင် မေ့နေကြသည်။

အထူးသဖြင့် ရှန်ချန်းချန်း ဖြစ်၏။

သူ လင်းချွမ်ဘက်မှ အောင်နိုင်သွားသည်ကို သိထားသော်လည်း ယခုလို တကယ့်မြင်ကွင်းအစစ်ကို တွေ့ရသောအခါ အတော်လေး ရှုပ်ထွေးသွားသည်။

ဒါက အင်္ဂလန်က လူသတ်ဘုရင်လေ။

ဓာတ်လှေကားတံခါးမှာ ပွင့်နေဆဲပင်။

အထဲမှ (၃) ယောက်လုံး မည်သူမှ မထွက်သွားသေးဘဲ ရှိနေ၏။

သူတို့၏ အခြေအနေ တင်းမာမှုကို ရှန်ချန်းချန်းတို့ပင် ခံစားမိပါသည်။

ဒင်!

ဓာတ်လှေကားတံခါး ပြန်ပိတ်သွားသည်။

ထို့နောက် အပေါ်သို့ ဆက်တက်သွား၏။

“ခဏလေး”

ကျန်းမင်မှ ရှချင်းချင်းအား ဗီဒီယိုကို ရပ်ရန် ပြောလိုက်သည်။

“အကြီးအကဲကျန်း ဘာလို့လဲ”

ဟူတာချန်းမှ မေးလိုက်၏။

ကျန်းမင် မျက်မှောင်ကြုတ်၍

“ဒီကနေစပြီး လင်းချွမ် သူ အန္တရာယ်ရှိနေတာကို သိသွားတဲ့ပုံပဲ”

ဟူတာချန်းမှာ ကျန်းမင်လောက် အတွေ့အကြုံ မရှိသော်လည်း စုံထောက်တစ်ဦးအနေဖြင့် ဉာဏ်ကောင်းပါသည်။

“ဟုတ်တယ်နော်။ လင်းချွမ်သာ မသိသေးဘူးဆိုရင် ဓာတ်လှေကားထဲက ထွက်သွားမှာလေ။ တကယ် ထွက်မိရင်တော့ ခရိုနေးဘက်က အခွင့်အရေး ရသွားပြီ”

ကျန်းမင် ရှချင်းချင်းကို လှမ်းကြည့်၍

“အရှေ့ (၄) စက္ကန့်လောက် ပြန်ရစ်ပေးပါ”

သူပြောသည့်အတိုင်း ပြန်ရစ်လိုက်သောအခါ အထပ် (၃၀) ၌ တံခါးပွင့်ချိန်ကို တွေ့ရသည်။

ကျန်းမင် ခရိုနေးအား လက်ညှိုးထိုးကာ

“ဒီမှာကြည့်လိုက်။ နောက်ထပ် အသေးစိတ်တာ ရှိတယ်”

ရှန်ချန်းချန်းနှင့် ဟူတာချန်းတို့ အချင်းချင်း လှည့်ကြည့်မိသည်။

ရှန်ချန်းချန်း မျက်လုံးအရောင်တောက်လျက်

“အဲ့တော့ အဲ့လိုပေါ့”

သူ သေချာ ကြည့်သောအခါ ခရိုနေးလက်မှာ အမျိုးသမီးကို ဖက်ထားရာမှ ရုတ်လိုက်ပြီး လင်းချွမ်အား စိုက်ကြည့်နေသည်။

All Chapters