← Chapters

မူးယစ်ရာဇာအစစ် ဖြစ်မှာ

Vol. 33 Ch. 492

မူးယစ်ရာဇာအစစ် ဖြစ်မှာ

Vol. 33 Ch. 492

ညမှာ တဖြည်းဖြည်း ပိုနက်လာပြီး ပတ်ဝန်းကျင်၌ တိတ်ဆိတ်မှု လွှမ်းခြုံနေ၏။

လီထုန်မှာ ဟိုတယ်ကုတင်ပေါ် လှဲလျောင်းရင်း ခေါင်းအုံးကိုဖက်လျက် ဖုန်းသုံးနေသည်။ ဖုန်းထဲမှ ဝါကျင့်ကျင့်စာရွက်၏ အလင်းရောင်ကြောင့် သူ့အသားအရည်များပင် အဝါရောင်သန်းနေ၏။

သူ လင်းချွမ်နှင့် စကားပြောခဲ့သည်မှာ သာမာန် စကားပြောရုံ မဟုတ်ပေ။

ထိုည၌ သူ လင်းချွမ်၏ဝတ္ထုအသေးစိတ်ကို စဖတ်လေသည်။

လီထုန်တစ်ယောက် ထိပ်တန်းအေးဂျင့်၊ ကျွမ်းကျင်လှသော လုပ်ကြံသူတို့၏ အချို့တစ်ဝက်ကို ဖတ်ပြီးနောက် ရုပ်ရှင် ပြန်ရိုက်ထားသော လှည့်စားခြင်းကိုလည်း ကြည့်ထားသည်။

ထို့နောက် ဆက်၍ သူ ရင်းနှီးပြီးသော အမျိုးအစား ဖြစ်သည့် ရေခဲနက်ကို ရွေးထားလေ၏။

‘ကျွန်တော့်နာမည်က မစ္စတာလင်း’

‘အမှောင်သခင်လို့လည်း ခေါ်လို့ရပါတယ်’

‘အပေါ်ယံမှာတော့ အန်ကျောက်ရဲ့ နာမည်ကြီး စီးပွါးရေးလုပ်ငန်းရှင်ပေါ့’

‘ဒါပေမဲ့ နောက်ကွယ်မှာ အန်ကျောက် မြေအောက်လောကကို ထိန်းချုပ်ပြီး မူးယစ်ဆေးဈေးကွက်နဲ့ ပြည်ပအထိ တင်ပို့ပေးနေတယ်’

‘ကျွန်တော့်ဘဝမှာ မူးယစ်ဆေးတွေ မရေတွက်နိုင်အောင် ထုတ်ပြီး ပြည်ပကို ပို့ပေးခဲ့ဖူးတယ်’

‘ကျွန်တော့်ဘဝမှာ မရေတွက်နိုင်လောက်အောင် မူးယစ်ဆေးတွေ ထုတ်ပြီး ရောင်းဖူးတယ်’

‘ဆေးစွဲနေတဲ့သူတွေကိုလည်း အများကြီး တွေ့ဖူးလို့ အကြံပေးချင်တာကတော့ ဘဝကို တန်ဖိုးထားပါ။ မူးယစ်ဆေးနဲ့ ဝေးဝေးမှာနေပါ’

‘…’

လီထုန် ရယ်မောလိုက်မိသည်။

ဝတ္ထုဖတ်ခြင်းမှာ စိတ်ပေါ့ပါးစေရန် ဖြစ်ပြီး လွယ်ကူသော နည်းဖြင့် ချဉ်းကပ်လေ့ ရှိပါသည်။

ထိုအခြေအနေတွင်တော့ သူ ရယ်မောမိကာ

“မူးယစ်ရာဇာကြီးတဲ့လား။ စိတ်ဝင်စားစရာပဲ”

သူ ရေရွတ်မိရင်း ပြန်တွေးသောအခါ သူ ကြုံတွေ့ဖူးသော ဇာတ်ရုပ်များ ဖြစ်နေလေသည်။

မူးယစ်ဆေးသည်လည်း သူကျွမ်းကျင်သော အပိုင်း ဖြစ်၏။

သူလျှိုအဖြစ်မှ ပြန်လာသည်မှာ မကြာသေးပေ။

ထို့နောက် ဝတ္ထုကို ဆက်၍ ဖတ်ကြည့်လိုက်သည်။

‘လင်းဆေးဝါးကလည်း တော်တော် ဒုက္ခရောက်ပြီး ရုန်းကန်နေရတယ်။ ငွေကြေးသာ ဆက်မထောက်ပံ့နိုင်ရင် ကျွန်တော် ကြိုးစားထားသမျှ အလကား ဖြစ်သွားတော့မှာ’

‘အံကြိတ်ပြီး အခွင့်အရေးကို ဆုပ်ကိုင်လိုက်တယ်’

‘ဒီလို ဆေးဝါးမျိုး ထုတ်ရတာ မခက်ပါဘူး။ မှောင်ခို ဝက်ဘ်ဆိုဒ်တွေမှာ တစ်နေရာစီကနေ နည်းနည်းစီ မှာလိုက်ရင် ရပြီ’

‘ကျွန်တော် ပါရမီပါပြီးသား ထင်တယ်’

‘ပထမဆုံး အယ်ဖာ-ဘရိုမိုဖီနယ်တန်ကို စမ်းသပ်ဖန်ပြွန်ထဲ ထည့်ပြီး အပေါ်ကနေ ဟိုက်ဒရိုကလိုရစ် အက်စစ် လောင်းချလိုက်တယ်…’

‘ပထမဆုံးအနေနဲ့ အောင်မြင်သွားပါပြီ’

‘…’

ရုတ်တရက် လီထုန် အမူအရာပြောင်းကာ ခပ်မတ်မတ် ထထိုင်လိုက်မိသည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ အံ့ဩနေ၏။

“ဒါက…”

သူ ပါးစပ်အဟောင်းသားဖြင့်

“ပညာရှင် အဆင့်ပဲ”

သူ ရေခဲနက်ထဲမှ မစ္စတာလင်း၏ မူးယစ်ဆေး ထုတ်လုပ်မှုကို နားလည်ပါသည်။ (၈၅) ရာခိုင်နှုန်း သန့်စင်ကာ လင်းချွမ်ထည့်ထားသော အချိုးအစားလည်း အကုန်မှန်၏။

သူ ပြစ်မှုပါရမီရှင်ဟု ပြောခဲ့သည်မှာ မဆန်းပေ။

“ချီးပဲ။ လေးစားစရာပဲ”

လီထုန် ဆဲဆိုသောစကားမျိုး ပြောခဲပါသည်။

သို့သော် ယခုတော့ ထိုသို့ခပ်ပြင်းပြင်း ပြောမှသာ သူ့ခံစားချက်များကို ထိထိမိမိ ဖော်ပြနိုင်ပေမည်။

ဟိုတယ်ထဲ၌။

အခန်းထဲတွင် သူ တစ်ဦးတည်းသာ ရှိနေပြီး သူ့အံ့ဩမှုကို တုံ့ပြန်ပေးမည့််သူ မရှိပေ။

ပြတင်းပေါက်မှ လေအေးများသာ တိုက်ခတ်လာ၍ လိုက်ကာလေးမှာ တလွင့်လွင့် ဖြစ်နေသည်။

သူ ပုံမှန်အားဖြင့် အာရုံစိုက်နိုင်စွမ်းမြင့်သူ ဖြစ်၏။

ထို့နောက် စိတ်ကိုထိန်း၍ စာအုပ်သာ ဆက်၍ ဖတ်လေသည်။

“လင်းချွမ်သာ ပြစ်မှုတွေဘက် ရောက်သွားရင် တကယ့် မူးယစ်ရာဇာကြီး ဖြစ်လာလောက်တယ်”

သူ ဖတ်နေရင်း ရေရွတ်မိသည်။ ထို့နောက် မကြာမီ ခေါင်းယမ်း၍

“ဖြစ်လောက်တာ မဟုတ်ဘူး။ သေချာတယ်။ ဖြစ်မှာ”

ရေခဲနက်ဝတ္ထုမှာ သာမာန် မူးယစ်ဆေး ထုတ်လုပ်နည်းများ ရေးထားရုံ မဟုတ်ပေ။

လီထုန်မှာ အင်တာပို၌ နှစ်ပေါင်းများစွာ တာဝန် ထမ်းဆောင်ဖူးသောကြောင့် အမြင်မတူပေ။

ဝတ္ထုထဲ၌။

သာမာန်ဆေးဝါးစက်ရုံမှ မူးယစ်ဆေး ထုတ်လုပ်ရေး စက်ရုံကြီး ဖြစ်သွားပြီး နည်းလမ်းအချို့ ထည့်ရေးထားသည်။ သို့သော် လျှို့ဝှက်နေစရာ မလိုလှချေ။

အံ့ဩစရာ ကောင်းသည်မှာ နည်းပညာလုပ်ငန်းများ ပါဝင်ကာ အရောင်းအဝယ်ဈေးကွက်နှင့်အတူ စီးပွါးရေး တိုးတက်လာခြင်း ဖြစ်၏။

မော်ဂန်နှင့် ပိုင်ရှန်ကဲ့သို့ လုပ်ငန်းစုကြီးများမှာမူ သူတို့၏ မူးယစ်ဆေးလောကကို ထုတ်ပြမည် မဟုတ်သည့်အပြင် မိသွားပါက အရေးကြီး အချက်အလက်များအားလုံး ဖျက်ပစ်မည် ဖြစ်၏။

သို့သော် ရေခဲနက်ဝတ္ထုထဲ၌မူ ထုတ်လုပ်ခြင်းမှ စတင်၍ တဖြည်းဖြည်း တိုးတက်လာသော လုပ်ငန်းအကြောင်းပါ ပါလေသည်။

လီထုန် အစအဆုံး သိလိုက်ရ၏။

ထို့နောက် မျက်လုံးမှိတ်လိုက်သောအခါ ထို လင်းဆေးဝါးစက်ရုံကို သေချာ မြင်ယောင်လာသည်။

အိပ်မက်မက်နေသကဲ့သို့ပင် ထင်ရ၏။

စာဖတ်သူများမှာတော့ ဝတ္ထုဟု ထင်သူရှိသလို ပြစ်မှုမှတ်တမ်းဟု တွေးသူလည်း ရှိ၏။

“လင်းချွမ် ယုံကြည်ချက် ရှိနေတာ မဆန်းပါဘူး”

လီထုန် လင်းချွမ်နှင့် စတွေ့သည့်အချိန်ကို ပြန်တွေးမိသည်။

အစကတော့ အင်အားမရှိဘဲ ဘဝင်မြင့်လွန်းသည်ဟု ထင်ခဲ့မိသော်လည်း ယခုမှ သူတစ်ယောက်တည်းဖြင့်လည်း မော်ဂန်နှင့် ပိုင်ရှန်တို့ကို ဖျက်ဆီးနိုင်ကြောင်း သိလာသည်။ အင်တာပိုထံမှ ခွင့်ပြုချက်ကို တရားဝင်ဖြစ်ရန် စောင့်နေခြင်း ဖြစ်၏။

မြောက်လေမှာ ပိုပြင်းလာပြီး သင်္ဘောဥဩဆွဲသံပင် ကြားလာရသည်။

သူ သတိမထားမိမီပင် မနက် (၃) နာရီ ထိုးနေလေပြီ။

လီထုန်မှာတော့ အားအင်အပြည့် ရှိနေဆဲပင်။

ခရမ်းပြာရောင် ကောင်းကင်ကြီး တဖြည်းဖြည်း ကွယ်ပျောက်ကာ အပြာရောင် မျက်နှာပြင်ပေါ်တွင် ဖြူလွလွ တိမ်ခိုးများ ဖြတ်သန်း ပျံ့ကျဲနေ၏။

All Chapters