လင်းချွမ်အကြောင်း သိရပြီ
Vol. 33 Ch. 493
“မိုးတောင်လင်းသွားပြီလား”
လီထုန် မျက်လုံးကိုပွတ်လျက် ဟိုတယ်ခန်းအပြင်ဘက်ရှိ နူးညံ့သော နေရောင်ခြည်ကို ကြည့်ကာ ရေရွတ်လိုက်သည်။
ဝတ္ထုထဲမှ ပြန်ထွက်ကာ အပြင်လောကကို ကြည့်ရသောကြောင့် အနည်းငယ်တော့ မူးဝေနေ၏။
ထို့နောက် မျက်လုံးမှိတ်၍ (၂) နာရီမျှ ပြန်အိပ်ပြီးမှ ပြင်ဆင်ကာ ရဲစခန်းဆီ ထွက်လာခဲ့သည်။
“အစ်မလီ မျက်ကွင်းတွေကျနေပါလား”
အန်လင်းရဲစခန်းမှ အင်တာပိုယာယီရုံးခန်းထဲ ရောက်သောအခါ ချင်ယွန်းမှ မေးလိုက်သည်။
လီထုန် ရယ်မောလျက်
“ညက တစ်ညလုံး ဝတ္ထု ထိုင်ဖတ်လိုက်မိတာလေ”
“တစ်ညလုံးလား”
ချင်ယွန်း မျက်လုံးပြူးသွား၏။
လီထုန် ပြုံးကာ
“အဲ့လိုပဲ ဆိုပါတော့”
“အရမ်း အာရုံစိုက်နိုင်တာပဲ။ အဲ့တာကြောင့်လည်း တော်တယ်လို့ နာမည်ကြီးတာကိုး”
ချင်ယွန်း လေးစားစွာ ပြော၏။
လီထုန် လက်ယမ်းလျက်
“အာရုံစိုက်နိုင်တယ်လို့ မဟုတ်ပါဘူး။ လင်းချွမ်ဝတ္ထုတွေကိုက လက်ကမချနိုင်အောင် စွဲတာ”
ချင်ယွန်း လီထုန်အတွက် လက်ဖက်ရည်ငှဲ့ပေးလိုက်ပြီး
“ကျွန်တော်လည်း သူ့ဝတ္ထုတွေဖတ်ပြီး ညဉ့်နက်တာတွေ ရှိဖူးပါတယ်”
လီထုန် လက်ဖက်ရည် တစ်ကျိုက်မော့ပြီးနောက်
“ဒီတစ်လောတော့ မင်းနည်းနည်း ပင်ပန်းတော့မယ် ထင်တယ်”
“အစ်မလီ တာဝန်အသစ် ပေါ်လာလို့လား”
“အဲ့သဘောမျိုးပေါ့”
လီထုန် ခဏစဉ်းစားပြီးမှ
“ဒီရက်ပိုင်း လင်းချွမ်ဝတ္ထုတွေ အကုန်ပြီးအောင် ဖတ်လိုက်မလို့လေ။ လှည့်စားခြင်းက ရုပ်ရှင်တော့ ကြည့်ပြီးပေမဲ့ မူရင်းလည်း ဖတ်ချင်သေးတယ်”
“ဟင်။ တာဝန်အသစ်ဆိုတာ လင်းချွမ်ဝတ္ထုတွေ ဖတ်ဖို့လား”
“အဲ့တာ တာဝန်ပဲ မဟုတ်ဘူးလား”
“အင်း ဟုတ်ပါတယ်လေ”
ချင်ယွန်း နေရခက်စွာ ရယ်မော၍ ပြောမိသည်။
လီထုန်မှာ ဝတ္ထုထဲမှ တစ်ခုခု ရှာတွေ့ရန် လေ့လာနေပုံ ပေါ်ပါသည်။
နောက်ထပ် ရက်ပိုင်းအတွင်း အောင်မြင်နိုင်၏။
“နည်းနည်းတော့ ပင်ပန်းလိမ့်မယ်”
လီထုန်မှ ချင်ယွန်းပုခုံးကိုပုတ်ကာ ပြောလိုက်သည်။
“အစ်မလီကမှ ပိုပင်ပန်းမယ် ထင်ပါတယ်”
ချင်ယွန်း သူ့မျက်ကွင်းနက်များကိုကြည့်ကာ ပြောမိ၏။
ဝတ္ထုများမှ လေ့လာသုံးသပ်ခြင်းသည် ပိုခက်ခဲကာ အာရုံစိုက်ရပေမည်။
လီထုန်မှာတော့ ပြုံးလျက်သာ ရှိသည်။
ထို့နောက် ဖုန်းထုတ်၍ လင်းချွမ်ဝတ္ထုများ ဆက်၍ဖတ်ရန် ပြင်လိုက်သည်။
နေ့လယ်နားချိန်၊ အိပ်ချိန်၊ မျက်လုံး ခဏအနားပေးချိန်မှလွဲ၍ စားရင်း၊ လမ်းလျှောက်ရင်း၊ နောက်ဆုံး သန့်စင်ခန်းဝင်ရင်းအထိ တောက်လျှောက် ဖတ်နေသည်။
တစ်ခါတစ်ရံ မှုခင်းရဲတပ်ဖွဲ့မှ ရှန်ချန်းချန်းထံသွားကာ ဆွေးနွေးတတ်သေး၏။
“လင်းချွမ် ခေါင်းဆောင်လီက ဒီတစ်လော လုံးဝ အရူးအမူး အခြေအနေ ဖြစ်နေတာနော်”
ရှန်ချန်းချန်း လင်းချွမ်အား စာလှမ်းပို့သည်။
“အစ်မလီက ဘာဖြစ်လို့လဲ”
“ရှင့်ဝတ္ထုတွေပဲ ဆက်တိုက် ဖတ်နေတာလေ”
ရှန်ချန်းချန်း ပြန်ဖြေလိုက်၏။
“ရဲသားချင် ပြောတာတော့ အိပ်ချိန်လောက်ကလွဲပြီး အမြဲ ဝတ္ထုပဲ ဖတ်နေတာတဲ့။ နောက်ပြီး တစ်ခါတစ်လေ ကျွန်မနဲ့ လာဆွေးနွေးသေးတယ်။ ရှင့်ပြစ်မှုသက်သေတွေ ရှာနေသလိုပဲ”
“ချန်းချန်းက ပြောလိုက်လား”
“ဒါပေါ့”
“ကောင်းပါပြီ”
“ရှင်ဖြေတာကြီးက ထူးဆန်းလိုက်တာ”
ရှန်ချန်းချန်း အံ့ဩနေ၏။
“ကျွန်တော့်စာအုပ်တွေ ဖတ်ကြည့်ဖို့ ညွှန်းထားတာလေ။ ရလဒ်ကောင်းသားပဲ”
လင်းချွမ် ရယ်မောကာ ပြော၏။
“ရှင် ညွှန်းလိုက်တာလား”
“စာရေးဆရာက သူ့စာအုပ်သူ ညွှန်းတာ ဘာဖြစ်လို့လဲ”
“ဟုတ်ပါတယ်လေ။ ဒါပေမဲ့ ရှင့် ပြစ်မှုသက်သေတွေ ရှာတွေ့သွားမှာ မစိုးရိမ်ဘူးလား”
“မတွေ့မှာပဲ စိုးတာပါ။ ရှာတွေ့လေ ကောင်းလေပဲ”
သူ ကျေနပ်စွာ ပြော၏။
သူ့စာအုပ်များ ဖတ်မှ သူ့အရည်အချင်းကို ပိုယုံလာမည် ဖြစ်သည်။
“နေဦး။ ခေါင်းဆောင်လီလာမှ ကျွန်မ ပိုမြင်သာအောင် ပြောပေးလိုက်မယ်”
“ကျေးဇူးပါဗျာ”
“နောက်ဆုံး အထဲဝင်နေရမှ အဆိုးမဆိုနဲ့နော်”
ရှန်ချန်းချန်း စနောက်၍ ပြောလိုက်၏။
ထို့နောက် စကားစပြတ်သွားကြသည်။
နောက်ပိုင်းတွင်လည်း ရှန်ချန်းချန်းနှင့် လီထုန်တို့ မကြာခဏတွေ့၍ စကားပြောဖြစ်ခဲ့ကြ၏။
လီထုန်၏ အတွေးအမြင်များ ပိုကျယ်လာသည်။
ထိုအခြေအနေဖြင့် တစ်ပတ်ကျော် ကြာပြီးနောက်။
ဇန်နဝါရီလ (၉) ရက်။
“ကျေးဇူးပါ ချန်းချန်းရယ်”
လီထုန် ရှန်ချန်းချန်းကိုကြည့်ကာ ပြော၏။
ရှန်ချန်းချန်း ပြုံးလျက်
“ရပါတယ်ရှင်”
“ဒီည တို့တွေ ညစာအတူစားကြမလား”
လီထုန် သူ့ကို ကျေးဇူးတင်ချင်ပါသေးသည်။ သူသာ အတူ မဆွေးနွေးပေးလျှင် တစ်ယောက်တည်း လမ်းပျောက်နေနိုင်၏။
ရှန်ချန်းချန်းမှာတော့ ယဉ်ကျေးစွာ ငြင်းလိုက်၏။
“ကျွန်မ ဒီညတော့ ချိန်းထားပြီးသား ရှိနေလို့ပါ အစ်မလီ”
“လင်းချွမ်နဲ့လား”
ရှန်ချန်းချန်း လက်ယမ်း၍
“လင်းချွမ် မဟုတ်ပါဘူး။ ရှင်းရှင်းနဲ့။ လင်းချွမ် ကောင်မလေးလေ”
“သိပါပြီ။ အဲ့တာဆိုလည်း နောက်တစ်ခါမှပေါ့”
“ဟုတ်ကဲ့ပါရှင်”
ထို့နောက် နှုတ်ဆက်ကာ ရှန်ချန်းချန်း ထွက်လာခဲ့သည်။
ရုံးခန်းထဲ၌ လီထုန်တစ်ဦးတည်း ကျန်ခဲ့၏။
စားပွဲပေါ်တွင် အရေးကြီးအချက်များ မှတ်ထားသော မှတ်စုစာအုပ် (၃) အုပ် ရှိလေသည်။
သူ ဝတ္ထုများဖတ်ရင်း ရလာသည့်အချက်များ ဖြစ်၏။
လီထုန် သက်ပြင်းချလျက် စာအုပ်များဖွင့်ကာ ပြန်ဖတ်မှတ်နေသည်။
ထို့နောက် ဖုန်းထုတ်ကာ တစ်ယောက်ယောက်ကို ဆက်လိုက်၏။
ကျောက်ဟိုင်ဖျင်။
တီ တီ တီ…
“ရဲမေလီ”
ကျောက်ဟိုင်ဖျင်အသံ ထွက်ပေါ်လာသည်။
“ဆရာကျောက် ကျွန်မ အရေးတကြီး တင်ပြစရာ ရှိလို့ပါ”
“အဲ့ဘက်မှာ ထူးခြားပြီလား”
“မော်ဂန်နဲ့ ပိုင်ရှန်ဘက်က ထူးခြားတာတော့ မရှိသေးပါဘူး။ ဒါပေမဲ့ လင်းချွမ်အကြောင်းတော့ သိထားပါပြီ”
“လင်းချွမ်လား”
“ဟုတ်ပါတယ်။ ဒီတစ်လော သူ့ဝတ္ထုတွေဖတ်ပြီး သေချာ လေ့လာထားတာ။ အံ့ဩစရာတွေ တွေ့ရပါတယ်”
ကျောက်ဟိုင်ဖျင် မှင်တက်သွား၏။
ဝတ္ထုဖတ်ပြီး လူအကြောင်း လေ့လာတာလား။
“ပြောပါဦး”
သူ ခဏငြိမ်နေပြီးနောက် ပြန်ပြောလိုက်သည်။
“လင်းချွမ်က အရမ်း အန္တရာယ်များတဲ့လူပါ”
“ဘယ်လိုမျိုးလဲ”
“အတိအကျပြောရရင် သူက ပြစ်မှုတွေကို ပြီးပြည့်စုံအောင် ကျူးလွန်နိုင်တယ်။ လုံးဝ ပြစ်မှု ပါရမီရှင်ပဲ”
လီထုန် လေးနက်စွာ ပြောလိုက်လေ၏။