← Chapters

အခန်း (၄၉၆)

Vol. 34 Ch. 496

အခန်း (၄၉၆)

Vol. 34 Ch. 496

ကျုံချန်မင်း ခဏစဉ်းစားပြီးနောက်

“မင်းတင်ပြတာ ကောင်းပါတယ်။ နည်းနည်း ဆွေးနွေးပြီး ပြန်ပြောပေးမယ်လေ”

“ဟုတ်ကဲ့ပါ”

လင်းချွမ် ခေါင်းငြိမ့်လိုက်ပြီးနောက် ထပ်မေးလိုက်သည်။

“အဲ့တာ ဘယ်လောက် ကြာနိုင်လဲဗျ”

“အမြန်ဆုံးဆိုရင် နာရီဝက်။ အကြာဆုံး တစ်နာရီပေါ့”

ကျုံချန်မင်း အစည်းအဝေးအချိန်ကို ခန့်မှန်းကာ တစ်ခါတည်း ပြောလိုက်သည်။

နာရီဝက်မျှကြာသောအခါ ဖုန်းပြန်ဝင်လာ၏။

အကြီးအကဲကျုံမှ

“အစည်းအဝေးရလဒ် ထွက်ပြီ။ အဆင်ပြေတယ်”

သူ့လေသံမှာ အားသိပ်မပါဘဲ တွေဝေနေသလို လင်းချွမ် ခံစားလိုက်ရသည်။

လင်းချွမ်မှပင် စ၍

“အကြီးအကဲကျုံ ထပ်ပြောစရာ မရှိတော့ဘူးလား”

အကြီးအကဲကျုံနှင့် လင်းချွမ်တို့ အချင်းချင်း သိလာသည်မှာ အချိန်တစ်ခု ရှိနေလေပြီ။

ထို့ကြောင့် သူ ဝေ့ဝိုက်မနေတော့ဘဲ ပြောလေ၏။

“အစည်းအဝေးမှာ မင်းနဲ့ အင်တာပိုတို့ ပူးပေါင်း လုပ်ဆောင်မယ့်အကြောင်း ပြောလိုက်တယ်။ ဒါပေမဲ့ အခုတော့ အင်တာပိုနဲ့ ပူးပေါင်းဖို့က မဖြစ်နိုင်လောက်ဘူး”

“စိတ်လျှော့ပါ အကြီးအကဲကျုံရယ်။ ဒီဆောင်ရွက်မှုက အင်တာပိုနဲ့လည်း ဆိုင်တယ်လေ”

လင်းချွမ်ပြုံး၍ ပြောသည်။

ကျုံချန်မင်းသည်လည်း မြေခွေးအိုတစ်ဦး ဖြစ်သောကြောင့် လင်းချွမ်၏အကြံကို ခန့်မှန်းမိပါသည်။

“AW ကို ဖျက်ဆီးပြီး မင်းအင်အား တိုးအောင်လုပ်မှ ပူးပေါင်းနိုင်ခြေ ရှိမှာမလား”

“အကြီးအကဲကျုံကို ဘာမှ ဖုံးကွယ်ထားလို့ မရဘူးပဲ”

လင်းချွမ် ဝန်ခံရတော့၏။

“ဟုတ်ပါပြီ။ ငါ မင်းကို ယုံပါတယ်”

ကျုံချန်မင်း ပြုံး၍ ပြောလေသည်။

ပြောရလျှင် ကျုံချန်မင်းမှာ အတော်ပေါက်ရောက်သည်ဟု ဆိုနိုင်၏။

နေ့တစ်ပိုင်းနှင့်ပင် အန်လင်းရဲစခန်း ဆိုက်ဘာဌာနသို့ စာရောက်သွားလေပြီ။

နေ့လယ်ပိုင်းအချိန် ရှချင်းချင်း သတင်းသိရသည်နှင့် အလွန် ဝမ်းသာသွားလေသည်။

ထိုအချိန်တွင် လင်းချွမ်နှင့် ကျန်းတို့မှာတော့ ကျုံချန်အဆောက်အဦ (၁၇) ထပ်၌ ရှင်းလင်းနေကြ၏။ နည်းပညာလုံခြုံရေးကုမ္ပဏီ၏ အပေါ် ဖြစ်သည်။

ယခုအချိန်တွင်တော့ အန်ဂျလီနာပါ ရှိနေ၏။

သူသည် ယခု နည်းပညာလုံခြုံရေးကုမ္ပဏီ၏ နည်းပညာ မန်နေဂျာနှင့် လက်ထောက် ဒါရိုက်တာ ဖြစ်နေလေပြီ။

“အန်ဂျလီနာ ဒါက လင်းယုန်နည်းပညာ ကုမ္ပဏီမှာ ရှင့်ရဲ့ ယာယီရုံးခန်းပဲ။ ဘယ်လိုလဲ”

ကျန်းရှင်းရှင်းမှ အခန်းလေးကို ပြင်ဆင်ရင်း အန်ဂျလီနာအား ပြုံး၍ ပြောလိုက်သည်။

အန်ဂျလီနာ မျက်လုံးလေးများ တောက်လျက်

“တကယ် လှတယ်။ အရမ်း ကြိုက်တယ်”

သူ ကွန်ပျူတာဆင်နေရင်းမှ ပြန်ဖြေသည်။

ယခုလုပ်ငန်းစဉ်တွင် သူလည်း အဓိကနေရာမှ ပါဝင်နေ၏။

ပုံမှန်အားဖြင့် AW ၏ တိုက်ခိုက်မှုကို လင်းချွမ် တစ်ယောက်တည်း ဖြေရှင်းနိုင်သော်လည်း နောက်ပိုင်း သူတို့၏အင်အား အတော် ပြင်းထန်လာသည်။

ထို့ကြောင့် အန်ဂျလီနာမှလည်း အခြေကို ကာကွယ် ခုခံရန် ကူညီချင်ကြောင်း စပြောလာ၏။

“တိုက်ပွဲနဲ့သာ ရင်းနှီးအောင် လုပ်ထားပါ”

လင်းချွမ် စနောက်ကာ ပြောလိုက်သည်။

မကြာမီ ရှချင်းချင်းနှင့် ရှန်ချန်းချန်းတို့လည်း လင်းယုန် နည်းပညာကုမ္ပဏီသို့ ပူးပေါင်းလာလေသည်။

အားလုံး တာဝန်ကိုယ်စီဖြင့် စိတ်ချရသောကြောင့် လင်းချွမ်မှာ AW ကို ဖျက်ဆီးမည့် အစီအစဉ်အား အာရုံစိုက်နိုင်၏။

ကြီးမားသော ဟက်ကာအဖွဲ့အစည်းကို ဖြိုချရန်မှာ လွယ်ကူသောကိစ္စတော့ မဟုတ်ပေ။

ဒေသတွင်း ဒုစရိုက်တရားခံများနှင့် မတူဘဲ ပတ်သက်သော အဖွဲ့အစည်း များ၏။

သို့သော် ကွန်ပျူတာ၊ ဆာဗာနှင့် လျှပ်စစ်ပစ္စည်းများသာ လိုအပ်ပါသည်။

ရှုံးသွားခဲ့လျှင်လည်း ကွန်ပျူတာနှင့် ဆာဗာများသာ အလွန်ဆုံး ပျက်စီးကာ ဟက်ကာများ၏ ကိုယ်ပိုင်ဘဝ လုံခြုံရေးအား မထိခိုက်ပေ။

ထို့ကြောင့် လင်းချွမ် ဒီရက်ပိုင်း ပိုထိရောက်မည့် နည်းလမ်းကို စဉ်းစားနေသော်လည်း ထူးခြားချက် မရှိသေးချေ။

“အသင့်ပဲလား”

လင်းချွမ်မှ မေးလိုက်၏။

“ဟုတ်ကဲ့”

“အကုန် အေးဆေး”

“အသင့်ပဲ”

“ဆိုက်ဘာလုံခြုံရေးဌာနလည်း အသင့်ဖြစ်ပါပြီ”

အဖွဲ့သားများမှာ မိုက်ဖြင့် အသီးသီး ဖြေလိုက်သည်။

လင်းချွမ် ခေါင်းငြိမ့်ပြကာ တစ်ခုချင်း ပြန်စစ်လေ၏။

“အန်ဂျလီနာက AW က တိုက်ခိုက်လာတာတွေကို ခုခံ။ ချင်းချင်းနဲ့ ကျွန်တော်က AW ရဲ့ ဆာဗာထဲ ထိုးဖောက်ပြီး တိုက်ခိုက်မယ်။ ရှင်းရှင်းနဲ့ ချန်းချန်းက ဒီအပိုင်း မကျွမ်းဘူးဆိုတော့ ချင်းချင်းနဲ့ ကျွန်တော်တို့ လုပ်တာပဲ လိုက်ကြည့်ပေး”

“ကောင်းပါပြီ”

အားလုံး ပြန်ဖြေလိုက်ကြ၏။

ဟက်ကာလောကြီးတစ်ခုလုံးကို တုန်လှုပ်စေမည့် ဖြစ်စဉ်ကြီးမှာ လင်းယုန်ကုမ္ပဏီ၌ အခြေပြုနေလေပြီ။

လင်းချွမ်မှာ မိုးဇက် စန္ဒရားတီးသကဲ့သို့ ကီးဘုတ်ပေါ်၌ လက်ချောင်းများ အသာတင်ကာ လှုပ်ရှားနေတော့သည်။

သူ့ကွန်ပျူတာ မျက်နှာပြင်၌ ကုဒ်များစွာမှာ သီချင်းသံစဉ်များကဲ့သို့ ပေါိလာသည်။

သူ ကားလ်ကို စောင့်ကြည့်စဉ်တည်းက ကုဒ်များ စီစဉ်ထားသောကြောင့် AW ဘက်မှ အကောင့်များသာ မပြောင်းသေးလျှင် သူ့အတွက် အချိန် အတော်လေး ချွေတာနိုင်လေပြီ။

သို့သော် AW မှာလည်း နိုင်ငံတကာဟက်ကာအဖွဲ့ ဖြစ်သောကြောင့် အလွယ်တကူ ခွင့်မပြုပေ။

လင်းချွမ်အကောင့်များ ပြန်စစ်၍ ဝင်ရ၏။

“ကဲ စပြီ”

သူ ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလိုက်သည်။

AW ပြီးလျှင်တော့ မော်ဂန်၊ ပိုင်ရှန်

စသဖြင့် အားလုံး ပျောက်ဆုံးသည်အထိ ဆက်သွားရပေမည်။

နေဝင်ချိန်တွင် လိမ္မော်နီရောင်နေမင်းသည် အိမ်များအပေါ် ကျရောက်လျက် နွေးထွေးသော ညစာ စားပွဲဝိုင်းကို ဖြစ်ပေါ်စေသည်။

စားပွဲပေါ်၌ ဟင်းအပြည့်အစုံ ပြင်ဆင်လျက် မိသားစုများ ဝိုင်းဖွဲ့ တည်ရှိနေပုံမှာ ကြည်နူးစရာပင်။

ထိုအချိန်တွင် နေမင်းကြီးမှာ တောင်များကြား လုံးဝ ကွယ်ပျောက်သွားတော့သည်။

All Chapters