← Chapters

ယုံကြည်ချက် ထားပါ

Vol. 34 Ch. 510

ယုံကြည်ချက် ထားပါ

Vol. 34 Ch. 510

“အဲ့တော့ သု့ရည်မှန်းချက်ကို ပြရမယ့်အချိန်လို့ ဆိုလိုတာလား”

လီထုန် ပြန်မေးလိုက်၏။

လင်းချွမ် ခေါင်းငြိမ့်ပြကာ

“ဟုတ်တယ်။ အဆင့်မတက်ချင်ရင်တော့ တရားခံတွေကို ဒုစရိုက်အဖွဲ့အနေနဲ့ ပြန်တည်ဆောက်မလို့လား”

သူ့စကားကြောင့် လီထုန် ရယ်မောမိလေသည်။

“သူက ဘယ်လိုလုပ် ရည်မှန်းချက်ကို ပြရမှာလဲ”

ချင်ယွန်း ခဏစဉ်းစား၍ သူလျှို B ကို ကြည့်ကာ ပြောလိုက်သည်။

“ကျွန်တော် သိထားသလောက် သူက သာမာန် ဟက်ကာပဲလေ”

လင်းချွမ် ပြုံး၍

“သူလျှိုဆိုတာ တစ်ဦးတည်း လှုပ်ရှားရင် အရမ်းထူးချွန်နေတာမျိုးကလွဲပြီး လုံးဝ မအောင်မြင်နိုင်ဘူး။ သူ့ရဲ့ အကောင်းဆုံး ယုံကြည်ချက်က နောက်ကွယ်က ထောက်ပံ့တဲ့ အဖွဲ့ပဲ။ အဲ့တာ ကျွန်တော်တို့ပေါ့”

“ကျွန်မတို့…”

လီထုန် နားထောင်ရင်း လင်းချွမ်အကြံကို အတော်လေး သဘောပေါက်လာ၏။

သူ လင်းချွမ်ကို အထင်ကြီးစွာ ကြည့်နေမိလေသည်။

ထို B မှာ သေချာပေါက် လင်းချွမ် ပထမဆုံး ကြားဖူးသူ ဖြစ်ပေမည်။

သို့သော် မိနစ်ပိုင်းအတွင်း B အမြင့်သို့ တက်နိုင်ရန် အစီအစဉ် ရေးဆွဲပြီးလေပြီ။

ထိပ်တန်းအေးဂျင့် ရေးခဲ့သူ စာရေးဆရာမို့လို့လား။

လင်းချွမ် သူတို့နှစ်ဦးကိုကြည့်ကာ ရယ်မော၍

“အခုအချိန်မှာ မော်ဂန်နဲ့ ပိုင်ရှန်ထဲဝင်ဖို့ အကောင်းဆုံးက B ပဲလေ။ ACD ကကျတော့ အရေးပေါ်အခြေအနေအတွက် ခဏထားလိုက်မယ်”

လင်းချွမ်၏ ရှင်းပြချက်အပြီးတွင် လီထုန်နှင့် ချင်ယွန်းတို့ B အား ချက်ချင်း ဆက်သွယ်၍ အစီအစဉ်အကြောင်း ဆွေးနွေးကြလေသည်။

ဆွေးနွေးခြင်းထက် လင်းချွမ်မှ စီစဉ်ပေးခြင်းမှာ ပိုမှန်လိမ့်မည်။

နာရီဝက်ခန့်အကြာတွင်။

တာဝန်များ အားလုံး ရှင်းလင်း ခွဲဝေပြီးသွား၏။

B ၏ ကုဒ်အမည်မှာ ရှဉ့်ဖြစ်သည်။

နည်းပညာပိုင်းဆိုင်ရာကို နားလည်သော်လည်း ကျွမ်းကျင်အဆင့်တော့ မဟုတ်ချေ။

ထိုအကြောင်းကြားစာ ရရှိချိန်တွင် ရှဉ့်မှာ မော်ဂန်အုပ်စုထဲတွင် ဆောင်ရွက်နေချိန် ဖြစ်၏။

“အဟွတ် အဟွတ် အဟွတ် အအေးမိနေတာပဲ”

ဤသည်မှာ လီထုန်နှင့် ရှဉ့်ကြားမှ အစီအစဉ် ပြောင်းလဲကြောင်း အချက်ပေးမှု ဖြစ်သည်။

ရှဉ့်မှ ဘေးဘီကိုကြည့်မိ၏။

သူ ဆိုက်ဘာအခန်းကြီးထဲတွင် ရောက်နေပြီး မော်ဂန် ရုံးခွဲမှ ဟက်ကာအားလုံး တန်းစီ ထိုင်နေကြသည်။

ထို့နောက် နည်းပညာဒါရိုက်တာအား ခွင့်တိုင်ကာ သန့်စင်ခန်းထံ ထွက်လာသည်။

ဤသည်မှာ ကုမ္ပဏီစည်းမျဉ်းပင်။

အလုပ်ချိန်အတွင်း နေရာမှထလျှင် ခွင့်ပြုချက် တောင်းရပါသည်။

ရှဉ့်မှာ သန့်စင်ခန်းထဲဝင်၍ လီထုန်အား အမြန် ဆက်သွယ်လိုက်၏။

“ဆေးရပြီလား”

အစီအစဉ် မည်သို့ပြောင်းသနည်းဟု အဓိပ္ပာယ် ရပါသည်။

လီထုန် သူ့ဘေးမှ လင်းချွမ်အား တစ်ချက်ကြည့်၍

“အစီအစဉ် အသစ်ပြောင်းသွားပြီ။ အခု AW ရဲ့ ပျက်စီးနေတဲ့အပိုင်းကို ယူရမယ်”

ရှဉ့် မျက်လုံးပြူးကာ အတော်လေး လန့်သွားသည်။

ငါက သာမာန်ဟက်ကာလေးလေ။

“ဟုတ်တယ်။ ဒီအတိုင်းသာ လုပ်လိုက်။ ငါတို့ အနောက်ကနေ ထောက်ပံ့ပေးနေမယ်”

လီထုန်မှ အားပေးလိုက်သည်။

ထိုအခါ ရှဉ့်တစ်ယောက် မတတ်သာတော့ဘဲ လက်ခံလိုက်ရလေ၏။

“ဟုတ်ကဲ့ပါ”

လီထုန် ပြုံး၍ လင်းချွမ်နှင့် မိတ်ဆက်ကာ ဆက်ပြောစေလိုက်သည်။

“ရှဉ့်ရေ မင်္ဂလာပါ။ ကျွန်တော်က လင်းယုန်ပါ”

“မင်္ဂလာပါ”

အားလုံး ကုဒ်အမည်ဖြင့်သာ သုံးကြပြီး တာဝန် လုံးဝ ပြီးဆုံးမှ သရုပ်မှန်ကို ပြကြပါသည်။

အများအားဖြင့်တော့ လျှို့ဝှက်ချက်ပင်။

“အခု တာဝန်က AW ဆီက အချက်အလက်တွေ ခိုးဖို့ပဲ။ ဒီည မော်ဂန်အုပ်စု အာရှ-ပစိဖိတ် ရုံးခွဲရဲ့ အချက်အလက်တွေ ပို့ပေးလိုက်မယ်။ မနက်ဖြန် အဲ့ထဲဝင်ဖို့ ပြင်ထားလိုက်တော့”

လင်းချွမ် သေချာ ညွှန်ကြားနေ၏။

ဒါက…

“ဒါက အရမ်း မလွန်ဘူးလား”

ရှဉ့် မနေနိုင်စွာ မေးလိုက်သည်။

ပထမအစီအစဉ်မှာ တစ်ဆင့်ချင်း ဝင်ရင်း အမြင့်သို့ တက်ရန် ဖြစ်၏။

ယခုလို အလှမ်းကျော်ဝင်ရောက်ခြင်းမှာ အခန့်မသင့်လျှင် အားလုံး ဒုက္ခရောက်နိုင်သည်။

AW ၏ အဖြစ်အပျက်ကိုလည်း အားလုံး သိထားပြီး ဖြစ်ကာ မြောက်အမေရိက၏ ဟက်ကာအဖွဲ့ကြီးကို ဟက်ကာနတ်ဘုရားမှ ရှင်းပစ်လိုက်နိုင်သောကြောင့် အားလုံး သတိထားနေချိန် ဖြစ်၏။

“မစိုးရိမ်ပါနဲ့။ ဒါက အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလေးပါပဲ။ စိတ်အေးအေးသာထား။ ကိုယ့်ကိုယ်ကိုယ် အမြင့်တက်ချင်နေတဲ့ ဟက်ကာတစ်ယောက်လို့တွေး။ ယုံကြည်ချက်ရှိရှိ နေစမ်းပါ”

လင်းချွမ် ပြုံး၍ ပြော၏။

“ဟုတ်ကဲ့ပါ”

လင်းချွမ် အစီအစဉ် အသေးစိတ်အား ပို့ပေးလိုက်သည်။

ထို့နောက် ရှဉ့်လည်း သန့်စင်ခန်းထဲမှ အမြန် ထွက်သွားရ၏။

“ဘာတွေ အဲ့လောက် ကြာနေတာလဲ”

နည်းပညာဒါရိုက်တာနှင့် တိုးကာ ရှဉ့်လည်း လန့်သွားသည်။

သူ မျက်နှာငယ်ဖြင့်

“ဝမ်းချုပ်နေလို့ပါ”

“အလုပ် သွားပြန်လုပ်တော့”

ရှဉ့် သူ့နေရာတွင် ပြန်ထိုင်နေ၏။

ထို့နောက် သူ ကွန်ပျူတာကိုကြည့်ရင်း ဆုံးဖြတ်ချက် ချလိုက်သည်။

“လုပ်ကြည့်တာပေါ့။ ဒီနေ့ ပင်ပန်းပြီးရင် နောက်နေ့ အောင်မြင်ပြီ”

ဒီနည်းပညာ ဒါရိုက်တာကောင်။ တစ်နေ့နေ့ တွေ့ကြသေးတာပေါ့။

သူ လင်းယုန်ကို ဟက်ကာနတ်ဘုရား ဖြစ်နေမည်ဟုတော့ လုံးဝ မထင်ထားချေ။

“သူ့ခြေရာကို အမီလိုက်နိုင်မှာလား”

သူ တစ်ယောက်တည်း တွေးတောရင်း ဆုံးဖြတ်ချက် ချကာ ဝင်းဒိုးအလွတ်တစ်ခု၌ ကုဒ်တစ်ကြောင်း ချရေးလိုက်သည်။

လင်းချွမ် ပေးထားသည့် ကုဒ် ဖြစ်၏။

စက္ကန့်ပိုင်းအတွင်း သက်ရောက်မှု ရှိလာသည်။ ဤကုဒ်ဖြင့် ရှဉ့်၏ အကောင့်ကို လင်းချွမ် သိရှိနိုင်၏။

ထို့နောက် ကုဒ်များမှတစ်ဆင့် AW ၏ ဆာဗာအထိ ချိတ်ဆက်မိသွားလေသည်။

ရှဉ့် ယုံကြည်ချက် ပိုရှိလာ၏။

စီနီယာ လင်းယုန်က ယုံရတာပဲ။

သူ enter ခေါက်၍ ပရိုဂရမ်များ ထုတ်နေစဉ် နည်းပညာဒါရိုက်တာမှ ရုတ်တရက် လက်ခုပ်ထတီး၍ အာရုံစိုက်ခံရရန် ပြုလုပ်လိုက်သည်။

ထို့နောက်

“ရုံးချုပ်က အခုပဲ စာပို့လာတယ်။ AW က ဖျက်ဆီးခံလိုက်ရပြီး သူတို့ဆီမှာ ငါတို့ဒေတာတွေ ရှိနေတော့ အဲ့တာကို ပြန်ရအောင် ကြိုးစားရလိမ့်မယ်။ ဒီအခွင့်အရေးကနေ ရုံးချုပ်ပြောင်းဖို့လည်း ဖြစ်လာနိုင်တယ်”

ရှဉ့် မျက်မှောင်ကြုတ်သွားမိသည်။

အဲ့လောက် တိုက်ဆိုင်တာလား။

ဒါမှမဟုတ် အစတည်းက အစီအစဉ် ရှိနေတာလား။

အင်တာပိုဘက်က တော်တော် ကြိုးစားထားတာပဲ။

“ကဲ ကြိုးစားကြ”

နည်းပညာ ဒါရိုက်တာမှ ပြောလိုက်သည်။

လမ်းကြောင်း စပွင့်သွားပြီဖြစ်၍ ယုံကြည်ချက်ရှိရှိ ဆက်လျှောက်ရတော့မည်။

လီထုန်မှ

“ခေါင်းဆောင် မော်ဂန်အုပ်စုရဲ့ ဒီအကြောင်းကြားစာမှာ တိုက်ဆိုင်မှု ရှိနေလား”

“ဘာတိုက်ဆိုင်မှုလဲ”

လင်းချွမ် ပြုံး၍ ပြောလိုက်သည်။

“မြွေကို တွင်းထဲကထွက်လာအောင် မြှူဆွယ်လိုက်တာလားလို့”

လီထုန် စိုးရိမ်စွာ မေးမိသည်။

“ကျွန်တော်တို့ရဲ့ အစီအစဉ်ထဲ ပါပြီးသားလား”

လင်းချွမ် မျက်စိတစ်ဖက် မှိတ်ပြ၍ ပြုံးနေ၏။

All Chapters