← Chapters

အထက်နဲ့ ပြောချင်တယ်

Vol. 34 Ch. 504

အထက်နဲ့ ပြောချင်တယ်

Vol. 34 Ch. 504

သူ ချက်ချင်းပင် အင်တာပို အာရှအဖွဲ့နှင့် အစည်းအဝေး ထိုင်လေ၏။

မကြာမီ လီထုန်အား ဖုန်းပြန်ဆက်လိုက်သည်။

“ရပြီ”

လီထုန် ထိုစကားကြားသည်နှင့် စိတ်လှုပ်ရှားကာ ရင်တဒိန်းဒိန်း ခုန်လာသည်။

မော်ဂန်အုပ်စုနှင့် ပိုင်ရှန်တို့ကို ဖျက်ဆီးရန်မှာ အင်တာပို၏ သမိုင်းတွင် မထင်မှတ်ထားသော အခြေအနေပင်။

ချင်ယွန်း လီထုန့်ကို လှမ်းကြည့်၍

“ပြီးသွားပြီလား”

လီထုန် ခေါင်းငြိမ့်ပြကာ

“ပြီးပြီ။ အခုချက်ချင်း အထူးအင်အားနဲ့ လုပ်ငန်းစဖို့ ပြောတယ်။ လင်းချွမ်က ခေါင်းဆောင်။ လီထုန်က လက်ထောက်တဲ့”

“လင်းချွမ်က ခေါင်းဆောင်လား”

ချင်ယွန်း အတော်လေး အံ့ဩသွားသည်။

“မဖြစ်လို့လား”

လီထုန်မှာ လင်းချွမ် သူ့ထက် နေရာပိုရသည်ကို မနာလို မဖြစ်သည့်အပြင် လင်းချွမ် ခေါင်းဆောင် ဖြစ်သင့်ကြောင်း ကိုယ်တိုင် လက်ခံ၏။

“ဟုတ်တယ်နော်”

ချင်ယွန်းလည်း ရယ်မောကာ ထောက်ခံလေသည်။

“လင်းချွမ်ရဲ့ ရည်ရွယ်ချက်ကို နားလည်ပါတယ်”

လီထုန် ခေါင်းငြိမ့်ပြ၏။

ထို့နောက် လင်းချွမ်၏ ၇၂၀ ကုမ္ပဏီထံ ထွက်လာခဲ့ကြသည်။

၇၂၀ ကုမ္ပဏီ။

“လင်းချွမ်”

လီထုန် ရုံးခန်းထဲ ရောက်သောအခါ လင်းချွမ်နှင့် ရင်းရင်းနှီးနှီး လက်ဆွဲနှုတ်ဆက်ကြ၏။

လင်းချွမ်ကိုယ်တိုင်လည်း စိတ်ပါလက်ပါ စောင့်ဆိုင်းနေပုံ ရပါသည်။

စားပွဲပေါ်မှ အငွေ့တထောင်းထောင်း ထွက်နေသော လက်ဖက်ရည်အိုးအသစ်မှာ သက်သေပင် ဖြစ်၏။

“အစ်မလီနဲ့ ရဲသားချင် လက်ဖက်ရည် သောက်ကြပါဦး”

လင်းချွမ် တစ်ယောက်တည်း ရုံးခန်းထဲ ထိုင်နေသည်။

ကျန်သည့်အလုပ်များကိုတော့ အန်ဂျလီနာထံ အပ်ထားပြီးလေပြီ။

လီထုန် လက်ဖက်ရည် ငှဲ့သောက်ကာ ပြုံး၍

“လင်း အောင်မြင်သွားတာ ဂုဏ်ပြုပါတယ်နော်”

လင်းချွမ် လက်ဖက်ရည်တစ်ငုံသောက်၍ ပြုံးကာ

“ဟားဟား AW နဲ့ နည်းနည်း တူတူပုန်းတမ်းလေး ကစားလိုက်တာပါ”

ချင်ယွန်း ပြုံးလိုက်မိသည်။

ဒါက တူတူပုန်းတမ်းလား။

“AW ကတော့ အဲ့လိုတွေးမှာ မဟုတ်လောက်ဘူးနော်”

လီထုန် ရယ်မောကာ ပြောလိုက်၏။

လင်းချွမ် ပြုံးရွှင်၍

“နောက်ဆုံးတစ်ခေါက်က အချက်အလက်တွေအရ လုပ်လိုက်တာပါ။ အစက မော်ဂန်နဲ့ ပိုင်ရှန်ကို ရှင်းပြီးမှ AW ဘက် လှည့်ဖို့ တွေးထားပေမဲ့ ထင်ထားတဲ့အတိုင်း မဖြစ်သွားဘူးပဲ”

လီထုန် သူ့စကားကို နားလည်ပါသည်။

အင်တာပိုမှ သူ့အရည်အချင်းကိုကြည့်ကာ ဆုံးဖြတ်မည် ဖြစ်၍ အစီအစဉ် ပြောင်းလိုက်ရခြင်း ဖြစ်သည်။

“အာရှရုံးခွဲက သတိထားမိသွားပြီ။ ပူးပေါင်းရေးစတင်ဖို့ မျှော်လင့်ပါတယ်”

အင်အားမှာ အဓိက အလေးထားမှု ဖြစ်၏။

လီထုန်၏ စကားကြောင့် လင်းချွမ် ပြုံးလျက်

“ကျွန်တော်က ပိုတောင် မျှော်လင့်ပါသေးတယ်။ ဒါပေမဲ့ ဘယ်လို ပူးပေါင်းမှာလဲ”

လီထုန် ငြိမ်သွားပြီး ခဏစဉ်းစားနေသည်။

ထို့နောက် လင်းချွမ်ကို မော့ကြည့်၍

“အစကတော့ အန်လင်းမှာပဲ အထူးလုပ်ငန်းစပြီး ရှင့်ကို ခေါင်းဆောင်အဖြစ် ထားမလို့”

“ကျွန်တော့်ကိုလား”

လီထုန် ခေါင်းငြိမ့်ပြသည်။

လင်းချွမ်လည်း ခဏစဉ်းစား၍

“ကျွန်တော်တို့ အထူးတာဝန်က ဘာလဲ”

လီထုန်နှင့် ချင်ယွန်းတို့ အချင်းချင်း ကြည့်လိုက်မိသည်။

ထို့နောက် ပြုံး၍

“ရှင်နဲ့ ရင်းနှီးတဲ့ လျှပ်စစ်ကွန်ယက်အပိုင်းပေါ့”

“မော်ဂန်နဲ့ ပိုင်ရှန်တို့ရဲ့ ကွန်ယက်ထဲဝင်ပြီး အရေးကြီး အချက်အလက်တွေ ယူစေချင်တာလား”

လင်းချွမ် ပြန်မေးလိုက်သည်။

“အင်တာပိုက အစပိုင်း တွေးတာပါ။ ဒါပေမဲ့ အတိအကျ စီစဉ်တဲ့အခါတော့ ပြောင်းနိုင်သေးတယ်”

လီထုန် လေးနက်စွာ ပြော၏။

“ဆိုက်ဘာအပိုင်းဆိုရင်တော့ တာဝန်ယူနိုင်ပါတယ်”

လင်းချွမ် ဝမ်းမြောက်ဝမ်းသာ ပြောလေသည်။

အခြားအပိုင်းများအတွက် အင်တာပိုတွင် ကျွမ်းကျင်သူများ ရှိပါသည်။

ချွတ်ချော်မှုတစ်စုံတစ်ရာ မရှိလျှင်တော့ မော်ဂန်နှင့် ပိုင်ရှန်တို့ကို တစ်ချက်တည်း ဖျက်ဆီးနိုင်လေပြီ။

သူကတော့ ယုံကြည်ချက်အပြည့်ရှိ၏။

“စိတ်ချမ်းသာစရာ ပူးပေါင်းမှုပဲ”

လီထုန် လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးလေသည်။

လင်းချွမ် ပြန်၍ လက်ဆွဲနှုတ်ဆက်ကာ

“ဟုတ်ပါတယ်။ ဒါပေမဲ့ အဲ့တာထက် အကြီးအကဲကျောက်နဲ့ ဆွေးနွေးချင်သေးတယ်”

“ဟင်”

လီထုန် အံ့ဩသွား၏။

အလုပ်ခွဲဝေရေးကို သဘောမကျဘူးလား။

“ဒီလိုပါ။ ကျွန်တော်တို့က ပူးပေါင်းလုပ်ဆောင်ကြပြီ ဆိုတော့ ကျွန်တော်က အစွမ်းကုန် ကြိုးစားမှာပါ။ အဲ့တာကြောင့် အကြီးအကဲကျောက်နဲ့ စကားပြောထားချင်လို့”

လီထုန်နှင့် ချင်ယွန်းတို့အချင်းချင်း ကြည့်လိုက်မိသည်။

ထို့နောက်

“ကျွန်မ ဆရာကျောက်ကို ပြောလိုက်ပါ့မယ်”

“ကောင်းပါပြီ”

သူ ရုံးခန်းပြင်ထွက်၍ ကျောက်ဟိုင်ဖျင်အား ချက်ချင်း ဖုန်းခေါ်လိုက်သည်။

ကျောက်ဟိုင်ဖျင် သဘောတူလိုက်သောအခါ လင်းချွမ်နှင့် မိနစ် (၄၀) မျှကြာအောင် ပြောကြလေသည်။

ပြီးမှ လီထုန်အား ဖုန်းပြန်ပေးလိုက်၏။

ကျောက်ဟိုင်ဖျင်မှ

“မင်းလက်အောက်ကလူတွေကို လင်းချွမ်ဆီ လွှဲပေးလိုက်ပါ။ သူ့အမိန့်အတိုင်းနေပြီး မင်းက ကူညီပေးလိုက်ဦးနော်”

လီထုန် မှင်တက်နေ၏။

သူ့လက်အောက်မှ အဖွဲ့မှာ လျှို့ဝှက်လှုပ်ရှားသူများ ဖြစ်ပြီး ယခုလို အပြင်လူအား ထုတ်ပြခြင်းမှာ ဥပဒေနှင့် မညီပေ။

သို့သော် ကျောက်ဟိုင်ဖျင်ကိုယ်တိုင်က ခိုင်းနေ၏။

“ဒါက…”

လီထုန် တွေဝေတုံ့ဆိုင်းနေ၏။

“ဒါ အမိန့်ပဲ ရဲမေလီထုန်”

ကျောက်ဟိုင်ဖျင် ခပ်မာမာ ပြောလိုက်သည်။

“ဟုတ် ဟုတ်ကဲ့ပါ”

သူ မတတ်သာဘဲ ခေါင်းငြိမ့်ရတော့၏။

ထို့နောက် လင်းချွမ်အား အံ့ဩစွာ လှည့်ကြည့်လိုက်သည်။

“လင်း ရှင် ဆရာကျောက်ကို ဘယ်လိုမှော်ဆေးရည်များ တိုက်လိုက်တာလဲ။ ဒီလို အခြေအနေကိုတောင် လက်ခံရလောက်အောင်”

လင်းချွမ်ပြုံး၍

“ဒီအတိုင်း ကောင်းကျိုး ဆိုးကျိုးတွေပဲ ရှင်းပြတာပါ”

“ဒါပဲလား”

လီထုန် အလွန် အံ့ဩနေသည်။

အမှန်တော့ လင်းချွမ်တစ်ယောက် အမျိုးသား လက်နက်ရှာဖွေရေး အဖွဲ့အစည်းနှင့် ချိတ်ဆက်ကာ ထောက်ပံ့မည့်အကြောင်း ပါလေ၏။

ထို့ကြောင့် နှစ်ဖက်စလုံး အရှုံးမရှိသော ဆက်ဆံရေးကို မငြင်းဆန်ပေ။

“ရှင့်အဆက်အသွယ်က ကောင်းလှချည်လား”

လင်းချွမ် ရယ်မော၍

“အထက်ကလူမပါဘဲ ကိစ္စက မပြီးဘူးလေ”

“ဟုတ်ပါပြီ။ လွှဲပြောင်းရေးကိစ္စ ဘယ်တော့လုပ်မလဲ”

လီထုန် သက်ပြင်းချကာ ပြောလိုက်သည်။

“အဲ့လိုကြီး လွှဲစရာ မလိုပါဘူး။ အတူတူ ဆက်သွားတာပေါ့”

လင်းချွမ် သူ့ကို တလေးတစား ပြောလိုက်၏။

လီထုန် ပြုံးလျက်

“ဒါဆို ရှင့်ရဲ့ အရည်အချင်းကောင်းတွေကို မျှော်လင့်နေမယ်နော်”

သူ ထိပ်တန်းအေးဂျင့်တစ်ဦးနှင့် အလုပ်အတူ တွဲလုပ်ရန် အလွန် စိတ်လှုပ်ရှားနေပါသည်။

All Chapters