← Chapters

သူ့ကို ရွေးလိုက်ပြီ

Vol. 34 Ch. 506

သူ့ကို ရွေးလိုက်ပြီ

Vol. 34 Ch. 506

ရှန်ချန်းချန်း၊ ရှချင်းချင်း၊ ဝမ်ကျီခန်၊ ကျန်းရှင်းရှင်းတို့ အားလုံးမှာ အဆင်မပြေဘဲ လင်းချွမ်အား တိုက်ခိုက်မည့်အစီအစဉ်အတွက် ခက်ခဲနေသည်။

“တကယ်ပါပဲ”

ကျားကြီး ဒေါသတကြီး အော်ဟစ်၍ ဖိုင်ကို စားပွဲပေါ် ပစ်တင်လိုက်သည်။

ရှောင်းယန်လည်း ဇက်ကလေးပုသွား၏။

ကျားကြီး စိတ်လွတ်သွားချိန်တွင် ထိုသို့ပင် ဖြစ်သည်။

အခန်းထဲ၌လည်း နေရခက်ကား စိတ်ဖိစီးစရာ အခြေအနေ ဖြစ်လာသည်။

အလင်းရောင်မှာ မှိန်ပျပျနှင့် လေလည်း ခပ်ကြမ်းကြမ်း တိုက်ခတ်နေသည်။

ထိုစဉ် ကျားကြီး ရှောင်ယန်အား မော့ကြည့်၍

“ရှောင်ယန် မင်း လင်းချွမ်ကို သွားဖမ်း”

ရှောင်ယန် မျက်လုံးများ ပြူးလျက်

“ဟင်”

ကျွန်တော်လား။

ကျွန်တော်က စူပါမန်းမှ မဟုတ်တာ။

“မင်း မလုပ်နိုင်ဘူးလား”

ကျားကြီး အပြုံးဟု မဆိုနိုင်သော အပြုံးဖြင့် ကြည့်နေ၏။

ရှောင်ယန် တုန်လှုပ်လျက် ရှုံ့မဲ့ကာ

“သူဌေး အဲ့တာက ကျွန်တော့် လုပ်နိုင်စွမ်းထက် ကျော်နေတယ်လေ”

“မင်း ဒါတောင် မလုပ်နိုင်ရင် ငါ့အတွက် ဘာအသုံးကျဦးမှာလဲ”

ကျားကြီး မကျေမနပ် စိုက်ကြည့်ကာ ပြောသည်။

ရှောင်ယန် အလွန်လန့်ဖျပ်လျက် ခဏနေမှ စိတ်ငြိမ်အောင် ထိန်းကာ

“သူဌေး ကျွန်တော့်မှာ အကြံတော့ ရှိတယ်”

“ငါလည်း မင်းကို ခြောက်လိုက်ရုံပါ။ ကြည့်ပါဦး။ ဒီလောက် ဉာဏ်ကောင်းတဲ့ကောင်။ အကြံ ရနေပြီတဲ့”

ကျားကြီး ရယ်မော၍ ပြောလိုက်၏။

ရှောင်ယန်မှာ တုန်ရီနေဆဲဖြင့် တွေးမိ၏။

သူဌေးက ကြောင်စာလောက် လခပေးပြီး မြင်းလို ခိုင်းချင်ရုံတင်မကဘူး။ စစ်နတိဘုရားများ မှတ်နေတာလား။

“မင်းအကြံ ပြောကြည့်ပါဦး။ လင်းချွမ်ကို ဘယ်လို ဖမ်းရမလဲ။ အနည်းဆုံး သူ ငါးစာလာချိတ်ရင် ရပါပြီ”

ကျားကြီး သူ့ကို မျှော်လင့်တကြီး ကြည့်ရင်း ပြော၏။

ရှောင်ယန် အံကြိတ်လျက်

“သူဌေး ဒီနည်းလမ်းက အလုပ်ဖြစ်ပါ့မလားတော့ မသိဘူး”

“ဘာပဲဖြစ်ဖြစ် နားထောင်ကြည့်တာပေါ့”

“ဟုတ်ကဲ့”

သူ စိတ်ပြင်ဆင်၍ ခပ်ဖြည်းဖြည်း ပြောပြလေသည်။

“ကျွန်တော် သိထားသလောက်တော့ လင်းချွမ်ရဲ့ အနာဂတ် ယောက္ခမ ကျန်းရှင်းရှင်းရဲ့အဖေ ကျန်းတီက လောင်းကစားနဲ့ ပတ်သက်တာမျိုးမှာ လုပ်နေပါတယ်”

“ဟင်”

ကျားကြီး မျက်လုံးအရောင်များတောက်ကာ ချက်ချင်း မတ်မတ်ထိုင်၍ အာရုံစိုက်ကာ နားထောင်လေသည်။

ဒါ အခွင့်ကောင်းပဲ”

ရင်းနှီးမှုတွင်တော့ ကျန်းတီမှာ ကျန်းရှင်းရှင်းလောက် မနီးစပ်သောကြောင့် နောက်ခံအကြောင်း ပေါ်သွားမည်အား စိုးရိမ်စရာ မလိုပေ။

အသက်ကြီးသူများမှာ သတိအားနည်းပြီး ယုံလွယ်တတ်ပါသည်။

ထို့အပြင် ကျန်းတီမှာ သမီးတစ်ယောက်သာ ရှိသောကြောင့် ဖိအားများ၍ ရှုပ်ထွေးခြင်းမျိုး မရှိချေ။

အားလုံး ပြီးပြည့်စုံစွာ တိုက်ဆိုင်နေသည်။

“ချက်ချင်း လင်းချွမ်ရဲ့ယောက္ခမ အချက်အလက်တွေ စုလိုက်တော့”

ကျားကြီးမှ အားရပါးရ ရယ်မောရင်း အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ”

ရှောင်ယန် ချက်ချင်း လှုပ်ရှားလေ၏။

အင်တာနက်ပေါ်တွင် အထူးလျှို့ဝှက်ချက်များမှ လွဲ၍ အားလုံးကို ရှာနိုင်ပါသည်။

မကြာမီ ရှောင်ယန်တစ်ယောက် ကျန်းတီနှင့် ပတ်သက်သော အချက်အလက်များ ရရှိလာ၏။

“သူဌေး ဒီမှာ ရပါပြီ”

ရှောင်ယန် ကျားကြီးအား တက်ဘလက် လှမ်းပေးလိုက်သည်။

ကျားကြီး သေချာကြည့်ရင်း ရေရွတ်နေ၏။

“ကျန်းတီ၊ လင်းချွမ်၏ အနာဂတ် ယောက္ခမ၊ အဓိက အလုပ်အကိုင်: အိမ်ရှင်၊ အန်လင်းတွင် ပိုင်ဆိုင်မှုများစွာရှိ၊ လက်ရှိတွင် ရွှေတုံးဟူသော ရှေးဟောင်းပစ္စည်းဆိုင် ဖွင့်ထားသည်။ တစ်ကိုယ်တည်း…”

“တစ်ကိုယ်တည်းလား”

ကျားကြီး ရှောင်ယန်အား မော့ကြည့်၍

“ဒီလို စိန်တုံးကြီးမှာ သက်ဆိုင်သူ မရှိဘူးတဲ့လား”

ရှောင်ယန် ချက်ချင်း ပြန်ရှင်းပြ၏။

“သူတစ်ယောက်တည်း ကျန်းရှင်းရှင်းကို ပြုစု ပျိုးထောင်ခဲ့တာပါ။ အရင်ကတော့ ဇာတ်လမ်းလေး ရှိဖူးပေမဲ့…”

“ဘာဖြစ်လဲ”

“သူ လျှိုချင်းနဲ့ တွဲဖူးတာပါ”

ရှောင်ယန်မှ ပြောလိုက်၏။

“လျှိုချင်းလား”

ကျားကြီး မျက်မှောင်ကြုတ်မိသွားသည်။

သူ ထိုနာမည်ကို မသိဘဲ ဘယ်နေလိမ့်မည်နည်း။

လျှိုချင်းမှာ သူ့အစ်ကို၏ ထိပ်တန်း ယုံကြည်ရသူ တပည့်များထဲတွင် ပါဝင်ပြီး ရှေးဟောင်းပစ္စည်းများ အကြောင်း နားလည်သူဖြစ်သည်။

ရှောင်ယန် အသေးစိတ် မပြောဘဲ အခြေအနေကို ရှင်းပြလိုက်သည်။

သို့သော် ထိုသို့ အပေါ်ယံအချက်အလက်များဖြင့်ပင် ကျားကြီး ဆက်စပ်တွေးကြည့်ကာ နားလည်သွားပါသည်။

“ကောင်းတယ်။ ဒီတစ်ခါတော့ ငါတို့ရဲ့ ရန်ကြွေးတွေ အားလုံး အကျေဆပ်ကြတာပေါ့”

ကျားကြီး အေးစက်စက် ပြုံးလိုက်၏။

လင်းချွမ်၏ အနာဂတ်ယောက္ခမတွင် ထိုကဲ့သို့ ဇာတ်လမ်းမျိုး ရှိနေမည်စု မထင်ထားခဲ့ချေ။

သူ့အာရုံများ အားလုံး ကျန်းတီအပေါ် ကျရောက်သွား၏။

အဓိကအချက်မှာ ကျန်းတီသည် အန်လင်းမြို့ လောင်းကစားတိုက်ဖျက်ရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လေသည်။

“အဲ့တော့ သူက လောင်းကစားတိုက်ဖျက်ရေး ပညာရှင်ပေါ့လေ”

ကျားကြီး အလွန်ဝမ်းသာနေမိသည်။

ထိုကဲ့သို့ လောင်းကစား တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ ပညာရှင်များမှာ တစ်ချိန်က ကိုယ်တိုင် စွဲလန်းဖူးသူများ ဖြစ်လေသည်။

လောင်းကစားစွဲခြင်းမှာ နီကိုတင်းစွဲခြင်းနှင့် သိပ်မကွာလှပေ။

အနည်းငယ်လောင်းလျှင် ပျော်ဖို့ကောင်းကြောင်းသာ ပြောလျှင် အလွယ်တကူ ငါးစာကိုက်မိသွားကြမည် ဖြစ်၏။

ထို့နောက် လောင်းကစားဝိုင်းတွင် ထိုင်ရင်း အခြေအနေမှာ တဖြည်းဖြည်း နစ်ဝင်သွားလိမ့်မည်။

လောင်းကစားသမားတစ်ဦးမှာ ကိုယ်တိုင် ထိန်းနိုင်ရန် မည်သို့ ဖြစ်နိုင်မည်နည်း။

“သူဌေး အကြံရပြီလား”

ရှောင်ယန်ပြုံး၍ ဖားကာ မေးလိုက်သည်။

“ဒီ အွန်လိုင်းစာရေးဆရာလေး လင်းချွမ်ကို စောင့်ကြည့်နေရတာ ကြာပြီ။ လောလောဆယ်တော့ ကျန်းတီက အကောင်းဆုံး အခွင့်အရေးပဲ။ သူ့ကိုပဲ အရင် ပစ်မှတ်ထားတာပေါ့”

သူ တက်ဘလက် ကွဲသွားမည်ကို မမှုဘဲ ကျန်းတီ၏ဓာတ်ပုံကို ဖိထားရင်း ပြောလိုက်သည်။

“ကျန်းတီအကြောင်း ပိုပြီး အသေးစိတ်ကျကျ စုံစမ်းထားလိုက်”

ကျားကြီးမှ ပြော၏။

“ဟုတ်ကဲ့ပါ”

ရှောင်ယန် ခေါင်းငြိမ့်ကာ ထွက်သွားရန် ပြင်လိုက်သည်။

“ခဏလေး”

“ဟုတ်ကဲ့ သူဌေး ဘာများခိုင်းစရာ ရှိသေးလို့ပါလဲ”

ရှောင်ယန် ခါးညွှတ်၍ ရိုသေစွာ ပြော၏။

“နောက် (၂) ခု ရှိသေးတယ်။ တစ်ခုက လင်းချွမ်က ဟက်ခ်တဲ့နေရာမှာ ကျွမ်းကျင်လို့ ငါတို့အတွက် အထောက်အပံ့ကောင်းကောင်း လိုတယ်။ အဲ့အတွက် AW ကို ဆက်သွယ်လိုက်။ သူတို့လည်း လင်းချွမ်နဲ့ အညှိုးရှိလို့ ဝမ်းပန်းတသာ လက်ခံလိမ့်မယ်။ နောက်တစ်ခုက လင်းချွမ်အကြောင်း မသိရတာ နေ့တစ်ဝက်လောက်ရှိနေပြီ။ သူ ဒီနေ့ ဘာတွေလုပ်ခဲ့လဲ စုံစမ်းထား”

ရှောင်ယန် မှတ်စုထဲတွင် ရေးမှတ်ပြီးနောက် ရုံးခန်းထဲမှ ထွက်သွားလေသည်။

ထို့နောက် AW အား ချက်ချင်း ဆက်သွယ်လိုက်၏။

ဖုန်းမှာ အချိန်အတော်ကြာအောင် မြည်နေသော်လည်း မကိုင်ကြပေ။

“ဟင်”

ရှောင်ယန် မျက်မှောင်ကြုတ်နေ၏။

ဖုန်းမဖြေနိုင်စရာအကြောင်း မရှိပါဘူး။

AW မှာ ဟက်ကာအဖွဲ့အစည်းကြီးဖြစ်ကာ ၂၄/၇ လုံး အဆက်အသွယ် ပြတ်လေ့ မရှိချေ။

ထူးဆန်းလိုက်တာ။

ရှောင်ယန်တစ်ယောက်တည်း ရေရွတ်မိသည်။

“ရပါတယ်လေ။ လင်းချွမ် ဒီနေ့ ဘာတွေလုပ်နေလဲ အရင် စုံစမ်းထားလိုက်တာပေါ့”

ရှောင်ယန် သူ့သတင်းပေးအား ဖုန်းဆက်လိုက်ပြီး ထိုလူကတော့ ဖုန်းချက်ချင်း ကိုင်လေသည်။

All Chapters