ပူးပေါင်းကြမယ်
Vol. 34 Ch. 508
“ဆိုက်ဘာကွန်ယက်တွေကရော”
သူဌေးကျောက်မှ မေး၏။
“အင်း…”
ကျားကြီး အတော်ကြာအောင် တိတ်ဆိတ်၍ မည်သို့ တုံ့ပြန်ရမည်မသိ ဖြစ်နေသည်။
“မင်း လျှပ်စစ်တွေနဲ့ပတ်သက်ပြီး မရင်းနှီးမှန်း သိပါတယ်။ ဒီအပိုင်းက နောက်လည်း လိုအပ်မှာဆိုတော့ တော်တဲ့ဟက်ကာတွေ ရှာပေးထားမယ်လေ”
ကျားကြီး မျက်လုံးအရောင်တောက်ကာ
“သူဌေးကျောက် ကျွန်တော့်ကို ဟက်ကာတွေ ရှာပေးမှာလား”
“မင်းအရည်အချင်းနဲ့ လင်းချွမ်ကို တိုက်ခိုက်ရင် ကြောင်ဆီ အတင်းဝင်တိုးတဲ့ ကြွက်လိုပဲ ဖြစ်နေမှာပေါ့”
သူဌေးကျောက် သူ့ကို မညှာမတာပင် ပြောလိုက်သည်။
“ဟုတ်ပါတယ် သူဌေးကျောက်”
ကျားကြီး ဝန်ခံလိုက်ရပြီးနောက် ထပ်မေးမိ၏။
“ဒါနဲ့ ဘယ်က ဟက်ကာတွေလဲဟင်”
သူဌေးကျောက် စကားလုံး (၄) လုံးကို ခပ်ဖြည်းဖြည်း ပြောလိုက်သည်။
“မော်ဂန်အုပ်စု”
“ဘယ်လို။ သူတို့ ဟက်ကာအဖွဲ့က ရှိသေးတာလား”
“ဒါပေါ့။ သူတို့ ရှိတုန်းလေ။ အခု သူတို့ကို ငါကိုယ်တိုင် အကူအညီ တောင်းထားတယ်”
မကြာသေးမီက မော်ဂန်အုပ်စု အာရှ-ပစိဖိတ်ရုံးမှ တာဝန်ရှိသူနှင့် ပိုင်ရှန်မှ ကျားကြီးတို့ ဆက်သွယ်ဖြစ်ခဲ့ပါသည်။
ထိုဆက်သွယ်မှုထဲတွင် မော်ဂန်အုပ်စုမှာလည်း သူတို့နှင့် အလွန် ပူးပေါင်းချင်နေပါသည်။ ယုခီခီရော ယုချင်းပါ ဆက်တိုက် ကျရှုံးပြီးနောက် ရုံးချုပ်မှာ လူးကပ်စ်အပေါ် အတော်လေး စိတ်ပျက်နေမိပြီ ဖြစ်သည်။
သူ အရင်က မော်ဂန်အုပ်စုအတွက် ပြုလုပ်ပေးခဲ့သည်များသာ မရှိလျှင် ချက်ချင်း ကန်ထုတ်ခံရပြီး ဖြစ်၏။
သို့မဟုတ် အပြစ်ပေးခံရနိုင်၏။
ယခုတော့ နောက်ဆုံးအနေဖြင့် မော်ဂန်အုပ်စုမှ အခွင့်အရေး ထပ်ပေးထားသည်။
လင်းချွမ်ကို ဖျက်ဆီးကာ လူးကပ်စ်အနေဖြင့် မော်ဂန်အုပ်စု၌ ဆက်နေရန် ထိုက်တန်ကြောင်း ပြရမည် ဖြစ်သည်။
သို့ရာတွင် လင်းချွမ်၏ ရန်သူဟောင်းတစ်ဦးအနေဖြင့် သူ လင်းချွမ်၏အရည်အချင်းကို ကောင်းကောင်း သိပါသည်။
ထို့ကြောင့် သူတစ်ယောက်တည်း ရင်မဆိုင်နိုင်ကြောင်းလည်း ယုံကြည်၏။
ဤသို့ဖြင့် အတော်ကြာအောင် တွေဝေနေပြီးနောက် မိတ်ဖက်ရှာရန် ဆုံးဖြတ်ခဲ့သည်။
ဤသို့ဖြင့် ရည်မှန်းချက် တူညီသော ပိုင်ရှန်အုပ်စုမှာ အကောင်းဆုံး မိတ်ဖက် ဖြစ်လာတော့သည်။
ထို့နောက် သူဌေးကျောက်အား တိုက်ရိုက် ဆက်သွယ်လိုက်၏။
သူဌေးကျောက်နှင့် အားလုံး ပြောဆိုပြီးနောက် ကျားကြီးပါ ပါလာသည်။
ကျားကြီး အခြေအနေကို သဘောပေါက်ကာ ခေါင်းငြိမ့်၍
“သူဌေးကျောက်က အရမ်းဉာဏ်ကောင်းတာပဲ။ ဒီလို အရည်အချင်းရှိတဲ့ ဟက်ကာတွေနဲ့ဆိုရင် ကျွန်တော်တို့ လုံခြုံရေး ပိုကောင်းလာတော့မှာ”
“နောက် (၂) ရက်နေရင် လူသစ်တွေ မိတ်ဆက်ဖို့ ရောက်လာလိမ့်မယ်။ ဘာဆက်လုပ်ရမလဲ သိမှာပါ”
ထိုသို့ပြော၍ သူဌေးကျောက် ဖုန်းချသွားတော့၏။
ကျားကြီး ဖုန်းကို ငေးကြည့်ရင်း သက်ပြင်းချမိသည်။
“ငတုံးတွေ မဟုတ်ဖို့ဘဲ မျှော်လင့်ပါတယ်”
လက်တွေ့တာဝန်များမှာ ဂိမ်းဆော့သလို မဟုတ်ပေ။
ဉာဏ်နည်းသူ ပါလာသည်နှင့် ရှုံးနိမ့်သွားနိုင်၏။
…
အန်လင်းမြို့၊ အန်လင်းရဲစခန်း။
လင်းချွမ်၊ လီထုန်နှင့် ချင်ယွန်းတို့ အင်တာပို ယာယီရုံးခန်းထဲ ဝင်လာကြသည်။
ထိုအချိန်တွင် လင်းချွမ်မှာ ဂျင်းဘောင်းဘီပွပွနှင့် ကုတ်အင်္ကျီတို့ကို ဝတ်ဆင်ထားပြီး ပြုံးရွှင်လျက် ရှိ၏။
လီထုန်နှင့် ချင်ယွန်းတို့ နှစ်ဦးစလုံးမှာ ရဲယူနီဖောင်းများ ဝတ်ဆင်လျက် တက်ကြွလန်းဆန်းနေကြသည်။
“ထိုင်ပါဦး”
လီထုန် လင်းချွမ်အား လက်ပြ၍ ပြော၏။
ယခုအခါ နှစ်ဦးနှစ်ဖက် အလွန်အရေးကြီးသော ကိစ္စအား ဆွေးနွေးရတော့မည်။
လင်းချွမ်သည် ဆိုက်ဘာလုံခြုံရေးအပိုင်းကို တာဝန်ယူထားသည်။
သူ ထိုတာဝန်ယူခြင်းအား မည်သူမှ မကန့်ကွက်ကြချေ။ သူနှင့်သာ အသင့်တော်ဆုံး ဖြစ်ကြောင်း လက်ခံကြ၏။
အခြားသူများမှာတော့ အကူအညီအနေဖြင့် ဆောင်ရွက်ကြမည် ဖြစ်သည်။
အကျဉ်းချုံး ဆွေးနွေးကြပြီးနောက် လီထုန် အတော်လေး နားလည်သွားလေပြီ။
ထို့နောက် လင်းချွမ်ကိုကြည့်၍
“လင်းချွမ် ရှင် တကယ်ပဲ သူလျှို လုပ်ဖူးတာလား”
လင်းချွမ် ပြတင်းပေါက် အနည်းငယ် ထဖွင့်ကာ ပြုံး၍
“ကျွန်တော်က သာမာန် အွန်လိုင်း စာရေးဆရာပါ။ ဘယ်လို သူလျှိုမျိုး လုပ်ဖူးမှာလဲ။ မားစ်အတွက် ရေးနေရင်းက ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်မှာ လုပ်သလို ဟန်ဆောင်တာမျိုးလား”
သူ့စကားကြောင့် လီထုန်နှင့် ချင်ယွန်းတို့ ရယ်မောမိကြသည်။
သို့သော် လီထုန် အလွတ်မပေးသေးချေ။
“ဒါပေမဲ့ ရှင့်ရဲ့ ထိပ်တန်းအေးဂျင့်ဆိုတဲ့ စာအုပ်က သူလျှိုတွေအတွက် ပြဌာန်းစာအုပ်တောင် လုပ်လို့ ရတယ်။ ကျွန်မသိသလောက် ရှင့် ကိုယ်ရေးမှတ်တမ်းမလား”
“အဲ့တာ စာဖတ်သူတွေ လျှောက်နောက်နေတာပါဗျာ”
လင်းချွမ် လက်ယမ်းကာ ပြုံးနေသည်။
“ဒါဆိုရင် ကျွန်မရဲ့ ဦးဆောင်မှုနောက် လိုက်နိုင်လား”
လီထုန် ရုတ်တရက် အကြောင်းအရာပြောင်းကာ ပြောလိုက်သည်။
လင်းချွမ် သူ့ကို လှမ်းကြည့်မိ၏။
ယခုရက်ပိုင်းတွင် လီထုန်တစ်ယောက် ညဉ့်နက်သည်အထိနေကာ ဝတ္ထုများ ဖတ်နေသောကြောင့် မျက်လုံးများ ရီဝေ၍ နီနေ၏။ သို့သော် တစ်ဖက်လူကို ထိုးဖောက်တော့မတတ် စူးရှစွာ ကြည့်နေသည်။
လင်းချွမ်လည်း ရာထူးမြင့်တစ်ဦးအနေဖြင့် ပြန်ကြည့်နေလေသည်။
ခဏအကြာမှ
“ကျွန်တော် ငယ်ငယ်က စွန်လွှတ်တာ တော်တယ်လေ။ အများဆုံး တစ်ခါတည်းနဲ့ (၄-၅) ခုလောက်အထိ ထိန်းထားနိုင်တယ်။ တစ်ခုမှ မပြတ်သွားအောင်ပေါ့”
လီထုန်၏အမူအရာ မပြောင်းသော်လည်း တစ်ဖက်ကို လှမ်းကြည့်၍
“ကြည့်ရတာ ရှင်က ကြိုးတွေ ထိန်းချုပ်တာ တော်တဲ့ပုံပဲ”
လင်းချွမ်မှ ပြန်ချီးကျူးလိုက်သည်။
“အစ်မလီလည်း စွန်လွှတ်တာ တော်တဲ့ပုံပါ”
“ဒါဆို လင်း ဘယ်လောက် တော်ကြောင်း ကျွန်မကိုယ်တိုင် ကြည့်ရတော့မှာပဲ”
လင်းချွမ် ပြုံး၍ လက်ယမ်းပြ၏။
“အဲ့လောက် မဟုတ်ပါဘူးဗျာ”
တီ တီ…
စာဝင်သည့်အသံကြားကာ လင်းချွမ် ဖျတ်ခနဲ လှမ်းကြည့်လိုက်၏။
“အခုပဲ စာဝင်လာတယ်”
“ဘယ်ကလဲ”
“ခန့်မှန်းကြည့်လေ။ ကျွန်တော်တို့ လုပ်ငန်းရဲ့ ပစ်မှတ်တွေ”
ချင်ယွန်း ခဏစဉ်းစား၍
“သူတို့လည်း အစီအစဉ် ဆွဲနေရောပေါ့”
လီထုန် လက်ယမ်းလျက်
“သူတို့အစီအစဉ်တွေက လျှို့ဝှက်ချက်လေ။ ဘယ်လို သတင်းရမှာလဲ”
ထိုအခါ ချင်ယွန်း ပြုံးလျက်
“လင်းရယ် ဝေ့မနေပါနဲ့တော့ ပြောပြပါ”
လင်းချွမ်ပြုံး၍
“မော်ဂန်နဲ့ ပိုင်ရှန်တို့ ပူးပေါင်းလိုက်ကြောင်းပါ”
“ဘယ်လို”
လီထုန် မျက်မှောင်ကြုတ်ကာ အလွန် အံ့ဩဦ
“အဲ့တာကို ဘယ်လိုလုပ် သိတာလဲ”