← Chapters

ရည်မှန်းချက် ထားရမယ်

Vol. 34 Ch. 509

ရည်မှန်းချက် ထားရမယ်

Vol. 34 Ch. 509

လင်းချွမ် ရယ်မော၍

“ကျွန်တော်က စွန်လွှတ်နေပြီနော်”

“ဘာ”

လီထုန်နှင့် ချင်ယွန်းတို့ မျက်မှောင်ကြုတ်ကာ ကြည့်နေ၏။

သူ ဘယ်လိုလုပ် မော်ဂန်နှင့် ပိုင်ရှန်တို့ ပူးပေါင်းမှုကို သိနေသနည်း။

“ကျွန်တော့်စွန်ကို အရှေ့တောင်အာရှအထိ လွှတ်လိုက်တာလေ”

လီထုန် သဘောပေါက်လာ၏။

သို့ရာတွင် သူ ပို၍ မျက်မှောင်ကြုတ်သွားသည်။

စာရေးဆရာတစ်ဦးတွင် မည်သို့ သတင်းပေး ရှိနေသနည်း။

သူ ခဏစဉ်းစားပြီးနောက်

“ဘယ်လိုလုပ် အဲ့အထိ ရောက်သွားတာလဲ”

“ဒါတော့ ထိပ်တန်းလျှို့ဝှက်ချက်လေ”

လီထုန် ဘာဆက်ပြောရမည်မသိ ဖြစ်သွား၏။

ချင်ယွန်းလည်း အံ့ဩစွာ ငေးကြည့်နေသည်။

လင်းချွမ်မှာတော့ တည်ငြိမ်စွာဖြင့်

“ကျွန်တော့်ကို ဘာလို့ အဲ့လို ကြည့်နေတာလဲ”

လင်းချွမ် ပြန်မေးမိ၏။

“မကောင်းဆိုးဝါးကို တွေ့နေရလို့လေ”

လီထုန် နှာခေါင်းရှုံ့ကာ ပြန်ဖြေသည်။

“ကျွန်တော်က နူးနူးညံ့ညံ့လေးပါ။ ဘယ်မကောင်းဆိုးဝါးက ဒီလို ရှိမှာလဲ”

သူ ပြောပြောဆိုဆိုနှင့် ဗလများ ထုတ်ပြသည်။

လီထုန် ပြန်မဖြေဘဲ ပြုံးနေမိ၏။

လင်းချွမ်လည်း ရယ်မောလျက် စကားပြန်ဆက်လေသည်။

“အစ်မလီ ကျွန်တော်တို့မှာရှိတဲ့ အရင်းအမြစ်တွေ စလွှဲပေးရတော့မယ်မလား”

လီထုန် သက်ပြင်းချ၍ ပြုံးကာ

“ဟုတ်ပါတယ် ခေါင်းဆောင်”

“ခေါင်းဆောင်”

ချင်ယွန်းလည်း အားရပါးရ ရယ်မောကာ ခေါ်လိုက်သည်။

ဤသို့ဖြင့် မသိလိုက်မီပင် (၃) ယောက်သား၏ ဆက်ဆံရေးလည်း အတော် တိုးတက်နီးစပ်လာ၏။

ချင်ယွန်း တံခါးဂျက်ချ၍ တက်ဘလက်လှမ်းယူလိုက်သည်။ လီထုန်အတွက်လည်း မှတ်စုစာအုပ် ကမ်းပေးလိုက်သည်။

“ကုဒ်နာမည်နဲ့ သုံးကြတာပေါ့”

လင်းချွမ်မှ ပြော၏။

သူတို့၏ သတင်းပေးသူလျှိုများကို စဆက်သွယ် ချိတ်ဆက်ရတော့မည်။

လီထုန် ခေါင်းငြိမ့်ပြ၍

“ကျွန်မမှာတော့ တပည့် (၄) ယောက် ရှိတယ်”

ထို့နောက် မှတ်စုစာအုပ်ပေါ်၌ ABCD ဟူ၍ ချရေးလိုက်သည်။

လင်းချွမ် ခေါင်းငြိမ့်ပြ၍ ဆက်ပြောရန် လွှတ်ပေးလိုက်သည်။

လီထုန်မှ

“ဒီထဲမှာ A နဲ့ B က မော်ဂန်အုပ်စုဘက်မှာ။ A က နည်းပညာဝန်ထမ်း၊ B က တခြားကုမ္ပဏီအခွဲမှာ ဆိုက်ဘာဌာနပဲ။ အဲ့တော့ လင်း ထိန်းချုပ်နိုင်မှာပါ”

လင်းချွမ် တိတ်ဆိတ်၍ နားထောင်နေ၏။

“C နဲ့ D ကကျတော့ ပိုင်ရှန်ရဲ့ အတွင်းပိုင်းနေရာအထိ မရောက်သေးဘူး။ အပြင်ကုမ္ပဏီတွေမှာ ရုန်းကန်နေတုန်းပဲ”

လီထုန် လေးနက်စွာ ပြောပြနေသည်။

ထိုစဉ် ချင်ယွန်းမှ ဝင်၍

“နောက်တစ်လလောက် အချိန်ရရင် ပိုင်ရှန်အကြောင်း ထဲထဲဝင်ဝင် သိနိုင်မှာ။ အနည်းဆုံး C ပဲ ရုံးခွဲကို ဝင်နိုင်ရင်တောင် တော်သေးတယ်”

လီထုန်လည်း သဘောတူစွာဖြင့်

“ကျွန်မတို့ အစီအစဉ်မှာ အစက C နဲ့ D ကို အဲ့လို ဝင်ခိုင်းရင် အချက်အလက်တွေ ပိုရနိုင်မှာပေါ့”

“အဲ့တာပြီးရင်ရော”

လင်းချွမ် ပြုံး၍ မေး၏။

လီထုန် ခေါင်းယမ်းကာ

“အဲ့နောက်ပိုင်းတော့ မစဉ်းစားရသေးဘူးပေါ့”

လင်းချွမ် စိတ်ပျက်လက်ပျက်ဖြင့်

“ဒုစရိုက်အဖွဲ့တိုင်းမှာ အတွင်းပိုင်း အရှုပ်တွေ ရှိတယ်။ နောက်ပိုင်းအစီအစဉ် ဆက်မဆွဲထားရင် ဒါမှမဟုတ် အစီအစဉ် မကောင်းရင် ချက်ချင်း ပေါ်သွားနိုင်တယ်”

“သိပါတယ်”

လီထုန် ခေါင်းငြိမ့်ပြ၍

“ဒါပေမဲ့ အခု သူတို့အကြောင်း မသိတော့ သတိနဲ့ ဆက်သွားမှ ဖြစ်မယ်။ နောက်ထပ် (၃) နှစ် အစီအစဉ်နဲ့ပေါ့”

“အဆင့်မြင့်တဲ့အထိ တွန်းတင်ဖို့ရော တွေးလား”

လင်းချွမ် သူ့ကိုလှမ်းကြည့်ကာ ပြောသည်။

“ဘယ်လို”

“သူတို့ကို ခေါင်းဆောင်နေရာလား”

ချင်ယွန်းလည်း အံ့ဩတကြီး ရေရွတ်မိ၏။

“ဟုတ်တယ်”

လင်းချွမ် ခေါင်းတငြိမ့်ငြိမ့်ဖြင့် C နှင့် D ကို လက်ညှိုးထိုးကာ

“ဒီဒုစရိုက်သမားတွေနဲ့ ပတ်သက်ဖူးတယ်မလား”

“ဒါပေါ့”

“ဒါဆို သူတို့နေရာကို ဝင်စဉ်းစားဖူးလား”

ချင်ယွန်း ခဏအကြာမှ

“မတွေးဖူးဘူး”

လင်းချွမ် လီထုန်အား လှမ်းကြည့်ကာ

“အစ်မလီက သူလျှိုလုပ်ဖူးတော့ ပိုပြီး နားလည်မှာပေါ့။ အစ်မလီသာဆိုရင် ဘယ်လိုလုပ်မလဲ”

လီထုန် အတော်ကြာအောင် စဉ်းစားပြီးနောက်

“ကျွန်မသာဆိုရင် မူးယစ်ဆေး ထုတ်လုပ်သူ ဖြစ်လာပြီး အရင်စမ်းကြည့်မယ် ထင်တယ်။ မဟုတ်ရင် ကိုယ်သောက်တဲ့ရေက ပူလား အေးလား မသိဘဲ နေမှာပေါ့”

သူ့အသံမှာ ကြည်လင်နေ၏။

“ဒါပေမဲ့ သူတို့ရဲ့ အကျိုးအမြတ်ကိုတော့ ခံစားမိပါတယ်။ အလကားနေရင်းတော့ ရပ်သွားမှာ မဟုတ်ဘူး။ ဥပဒေ ချိုးဖောက်တယ်ဆိုတာ သူတို့အတွက် နေ့စဉ်လုပ်ငန်းဆောင်တာပဲ”

လင်းချွမ် ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်ရင်း သူတို့ကို ကြည့်၍

“အစ်မလီပြောတာ မှန်တယ်။ ဒါပေမဲ့ သူလျှိုတစ်ယောက်အနေနဲ့ ကိုယ်တိုင် ပိုပြီး အာရုံစိုက်ရမှာပေါ့”

“ဟင်”

နှစ်ဦးလုံး လင်းချွမ်ကိုကြည့်ကာ နားမလည်နိုင် ဖြစ်နေကြသည်။

“အင်တာပိုအနေနဲ့ ဒုစရိုက်သမားတစ်ယောက်နေရာမှာ ခံစားဖို့ ခက််နေတာပဲ”

လီထုန်နှင့် ချင်ယွန်းတို့ မငြင်းနိုင်ပေ။

“အွန်လိုင်းစာရေးဆရာအနေနဲ့ရော ခံစားနိုင်တာလား”

လင်းချွမ် လေးနက်စွာကြည့်၍

“ဒါပေါ့”

“ပြောပြပါဦး”

နှစ်ယောက်သား စိတ်ဝင်စားသွားကြသည်။

“ကျွန်တော်က အလုပ်အတွက် ပိုအဆင်ပြေအောင် ပြောပြတာပါ။ အဲ့လောက်ကြီး မကြည့်ပါနဲ့”

ထိုအခါမှ ရယ်မောမိကြသည်။

လင်းချွမ်မှ ဆက်၍

“သူတို့နေရာသာ ဝင်ခံစားနိုင်ရင် ပိုနားလည်မှာ”

“ဘယ်လိုလဲ”

လီထုန် မျက်လုံးလေး ပြူးနေသည်။

“ရည်မှန်းချက်ပေါ့”

လီထုန်မှ အရင်ဆုံး သဘောပေါက်သွား၏။

ချင်ယွန်း ကြောင်စီစီ ကြည့်နေဆဲပင်။ ထို့ကြောင့် လင်းချွမ်မှ လီထုန့်ကို ပြောပြရန် လက်ပြလိုက်သည်။

“အဓိပ္ပာယ်က ကိုယ်ပိုင် ရည်မှန်းချက် ရှိကြတယ်လေ။ ရည်မှန်းချက်မရှိတဲ့ သူလျှိုက ဒုစရိုက်အဖွဲ့ထဲမှာ အလကားပဲ”

လင်းချွမ် ခေါင်းငြိမ့်ပြကာ

“အမှန်ပဲ။ ကိုယ့်လျှို့ဝှက်ချက်ကို မသိမသာနဲ့ ပြရမယ်”

“ဒါဆို အဲ့တာက သူလျှိုဖြစ်ဖို့ အဓိကပေါ့”

“ဒါပေါ့”

“ထိပ်မှာမရှိချင်ရင် သူလျှိုအနေနဲ့ ဘယ်လိုလုပ် အောင်မြင်မှာလဲ”

ဒီလောက်ဆို ရည်မှန်းချက်က အရမ်းကြီးလွန်းတာ မဟုတ်ဘူးလား။

လီထုန်နှင့် ချင်ယွန်းတို့ ရှုံ့မဲ့နေမိကြသည်။

All Chapters