← Chapters

သွမ့်ကျန်းမင်နှင့် တွေ့ဆုံခြင်း

Vol. 2 Ch. 101

သွမ့်ကျန်းမင်နှင့် တွေ့ဆုံခြင်း

Vol. 2 Ch. 101

နဂါးစိမ်းဂိုဏ်းခွဲမှူးမှာ ထင်းရှီအားကျောက်စိမ်းပြပြန်ပေးလိုက်ပြီးနောက် သိလိုစိတ်ပြင်းပြသည့်အကြည့်ဖြင့်ကြည့်လိုက်သည် ။

အခြားနဂါးစိမ်းဂိုဏ်းသားတစ်ယောက်ဆိုလျှင် နဂါးစိမ်းအမိန့်ပြားဟုသာသိမည်ဖြစ်သော်လည်း ပြင်ပဆက်ဆံရေးဌာန၏အကြီးအကဲဖြစ်သည့်သူ့ကမူ ကျောက်စိမ်းပြားများကို ကောင်းစွာခွဲခြားနိုင်သည် ။

သခင်မလေးထံတွင်သာမက ဂိုဏ်းမှာအကြီးအကဲခုနစ်ယောက်တွင်လည်း အလားတူနဂါးစိမ်းအမိန့်ပြားများရှိကြသည် ။သို့သော် ထိုလူများက သူတို့အမိန့်ပြားများကို အသုံးမပြုကြပေ။

အသုံးပြုစရာမလိုခြင်းလည်းဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ထိုအမိန့်ပြားများမှာသူတို့၏ကိုယ်စားဟုပင်ပြော၍ရသည် ။

ယခုအမိန့်ပြားမှာမူ သခင်မလေး၏အမိန့်ပြားဖြစ်နေသောကြောင့် သခင်မလေးအားကိုယ်စားပြုသည်။

ထိုနေရာတွင် အော့မေ့ဂိုဏ်းသူတစ်ယောက်ယောက်ဆိုလျှင်သူအံ့ဩမိမည်မဟုတ်သော်လည်း ယခုကလူငယ်တစ်ယောက်ဖြစ်နေသည် ။

“ ခင်ဗျားတို့ရဲ့သခင်မလေးက သူ့ဆရာနဲ့ အော့မေ့ဂိုဏ်းကိုလိုက်ပါတယ်။ ဒီကျောက်စိမ်းပြားကတော့ သူကကျုပ်ကိုပေးခဲ့တာပဲ “

ထင်းရှီမှ ထိုလူ၏အကြည့်အားနားလည်သောကြောင့်ပြောပြလိုက်သည် ။ ထိုအခါမှဂိုဏ်းခွဲမှူးမှာ ခေါင်းတစ်ချက်ညိမ့်လိုက်ကာ ထင်းရှီအား ရှေ့မှလမ်းပြလိုက်သည် ။

ထို့နောက်သူတို့နှစ်ဦး ပြင်ပဆက်ဆံရေးဌာနအတွင်းမှထွက်ခွာသွားကြသည်။

“ သူကဘယ်သူလဲ ပန်းနတ်သမီးနဲ့ဘယ်လိုပတ်သတ်နေတာလဲ “

“ သူ့ရဲ့စကားပြောပုံကပိုင်စိုးပိုင်နင်းရှိလိုက်တာ အဲ့ကောင်နောက်တစ်ခါပြန်တွေ့ရင်ပညာပေးရမယ် “

ဌာနထဲမှသိုင်းသမားများမှာ အသံများဆူညံသွားကြသည်။ ထို့နောက်တွင် မျက်မှောင်ကြုတ်လျှက်ရှိသည့်လူတစ်ယောက်မှရုတ်တရက် တစ်စုံတစ်ခုသတိရသွားသလို ထ၍အော်ဟစ်လိုက်သည်။

“ ငါသိသွားပြီ ။ သူကစွန်းမျိုးနွယ်မှာတွေ့ခဲ့တဲ့လူငယ်ပဲ ။သူက ပန်းနတ်သမီးနဲ့ထူးခြားတဲ့ဆင်ဆံရေးရှိပြီးတော့ အော့မေ့ဂိုဏ်းချုပ်ကြီးကျောက်စိမ်းမျက်နှာရသေ့မကတောင် သူ့ကိုချီးကျူးသေးတယ် “

သူ၏စကားကြောင့် ဌာနအတွင်းရှိလူများမှာတိတ်ဆိတ်သွားကြသည်။

ရိုးရှင်းသည့်ခြံဝန်းတစ်ခု ထိုခြံဝန်းမှာ နဂါးစိမ်းဂိုဏ်း၏အဆောက်အဦးကြီး၏နောက်တွင်ရှိကာ သေးငယ်သည့်ခြံဝန်းတစ်ခုဖြစ်သည်။

ခြံဝန်းထဲတွင် အဆောက်အဦးဟူ၍ စံအိမ်တစ်လုံးသာရှိသည် ။ ထိုခြံဝန်းမှာ နဂါးစိမ်းဂိုဏ်းသားများအတွက် တားမြစ်နယ်မြေဖြစ်ကာ အကြီးအကဲခုနစ်ယောက်ပင် အခွင့်မရှိဘဲ ဝင်ရောက်ခွင့်မရပေ။

နဂါးအိမ်တော်

ထင်းရှီ၏စိတ်ထဲတွင် နာမည်တစ်ခုအားမှတ်မိသွားသည် ။သိုင်းလောကထဲမှသတင်းများအရ နဂါးစိမ်းဂိုဏ်းချုပ်မှာ နဂါးစိမ်းဂိုဏ်း၏ဌာနချုပ်ရှိနဂါးအိမ်တော်တွင်နေထိုင်သည်ဟုဆိုကြသည် ။

ယခုလုဝေမြင်ရသလောက် နဂါးစိမ်းဂိုဏ်းချုပ်နေထိုင်သည့်ခြံဝန်းမှာ ကောလဟာလများထဲကနှင့်

ခြားနားလှသည်။

ဂိုဏ်းခွဲမှူးမှာ ထိုခြံဝန်း၏ရှေ့တွင်ရပ်လိုက်သည်။ ထို့နောက် ခြံဝန်းထဲသို့အသံကျယ်ကျယ်ဖြင့်အော်ဟစ်လိုက်သည်။

“ ပြင်ပရေးရာဌာနကအကြီးအကဲက ဂိုဏ်းချုပ်ကိုတွေ့ခွင့်တောင်းပါတယ် ။သခင်မလေးရဲ့ နဂါးစိမ်းအမိန့်ပြားကိုင်ဆောင်သူက ဂိုဏ်းချုပ်နဲ့တွေ့ဆုံချင်လို့ပါ “

သူ၏စကားမှာ အတွင်းအားထည့်သုံး၍ပြောလိုက်သောကြောင့် ပီသကျယ်လောင်လှသည်။

ထင်းရှီလည်း ခြံဝန်းထဲသို့ ကြည့်လိုက်သည်။ ထိုမျှရိုးရှင်းသည့်သာမန်ခြံဝန်းလေးတစ်ခုမှာ ကြီးကျယ်ခမ်းနားလှသည့်နဂါးစိမ်းဂိုဏ်းချုပ်နေထိုင်သည့်နေရာဟုပြောလျှင် ယုံကြည်ရန်ခက်ခဲပေမည်။

အတန်ကြာပြီးနောက်ခြံဝန်းအတွင်းမှ ဩဇာပါသည့်အသံတစ်ခုလွင့်ပျံ့လာသည် ။

“ အထဲကိုဝင်ခဲ့ပါ “

ထိုအသံမှာ ထင်းရှီနှင့်ဂိုဏ်းခွဲမှူးတို့၏နားအနီးသို့ ကပ်၍ပြောလိုက်သလို ပီသစွာကြားလိုက်ရသည်။

ထင်းရှီ၏မျက်ခုံးများမြင့်တတ်သွားကာ သူ၏စိတ်ထဲတွင်လည်း လေးနက်သွားသည်။ ခြံဝန်းထဲမှလူ၏သိုင်းပညာမှာ အနည်းဆုံးသိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိနေနိုင်သည်။

ဂိုဏ်းခွဲမှူးမှ ထင်းရှီအားခြံဝန်းထဲသို့ဝင်ရန်ပြောကာ သူကိုယ်တိုင်ကလှည့်ထွက်သွားသည် ။ထင်းရှီလည်း ခြံဝန်းရှေ့တွင် အချိန်အနည်းငယ်ရပ်နေလိုက်သည် ။

ထို့နောက် အသက်ပြင်းပြင်းတစ်ချက်ရှူကာ ခြံဝန်းထဲသို့ တွန့်ဆုတ်ခြင်းမရှိဘဲဝင်ရောက်သွားသည် ။

ခြံဝန်းလေးထဲတွင်အပြင်မှမြင်ခဲ့ရသလိုပင် ထူးခြားသည့်အရာရှိမနေ။ ခြံဝန်းအလယ်မှ စံအိမ်တစ်လုံးနှင့် ခြံထောင့်တွင်ရေတွင်းလေးတစ်ခုရှိသည် ။

“ အနောက်ဘက်ကဥယျာဉ်ထဲကိုလာခဲ့ပါ “

ထင်းရှီကြားခဲ့ရသည့်အသံမှာ ထွက်ပေါ်လာပြန်သည်။ ထင်းရှီလည်း ယခုတစ်ခေါက်တွင် ခြံဝန်း၏နောက်ဘက်သို့ ‌ခပ်မြန်မြန်လျှောက်သွားလိုက်သည် ။

ခြံဝန်း၏နောက်ဘက်တွင်ဥယျာဉ်ငယ်တစ်ခုနှင့် အရိပ်ကောင်းသည့်သစ်ပင်အချို့ရှိနေသည် ။ ထင်းရှီလည်း ပတ်ဝန်းကျင်အားစူးစမ်းရင်း ဥယျာဉ်ငယ်လေးထဲသို့လျှောက်သွားလိုက်သည်။

သစ်ပင်ကြီးတစ်ပင်၏အောက်တွင် ကွက်ပျစ်တစ်ခုနှင့်ထိုကွက်ပျစ်ပေါ်တွင် အစိမ်းရောင်ဝတ်စုံနှင့်လူတစ်ယောက်ထိုင်နေသည် ။

ထိုလူမှာ အသက်လေးဆယ်ကျော်အရွယ်ရှိကာ ဖြောင့်တန်းသည့်မျက်ခုံးများ ၊ ခိုင်မာသည့်မေးရိုးတို့ဖြင့် ယခုအချိန်အထိခန့်ညားနေဆဲဖြစ်သည်။

သူ၏ခန္တာကိုယ်မှ ထူးခြားသည့်အငွေ့အသက်အချို့ထွက်ပေါ်နေကာ ထက်မြက်သည့် ဓားတစ်စင်း၏အငွေ့အသက်ဖြစ်သည်။

ထင်းရှီမှာ ကိုယ်တိုင်ဓားသမားတစ်ယောက်ဖြစ်သည့်အပြင် အာရုံခံစားမှုကောင်းမွန်သောကြောင့်ထိုလူ၏ထူးခြားမှုကိုတစ်ချက်ကြည့်ရုံနှင့် သိရှိလိုက်သည် ။

ထင်းရှီအား ဓားအိမ်အတွင်းမှမချွတ်ရသေးသည့်ဓားတစ်စင်းဟုပြောလျှင် ထိုလူမှာ ဓားအိမ်အတွင်းမှချွတ်ထားသည့်ဓားတစ်ချောင်းဟုပြော၍ရသည် ။

အရမ်းအားကောင်းသည်။

ဤသည်ကထင်းရှီ၏စိတ်ထဲမှအတွေးဖြစ်သည်။ အကယ်၍ထိုလူနှင့်သာတိုက်ခိုက်ရပါက သူသိုင်းကွက်သုံးဆယ်အတွင်းရှုံးနိမ့်သွားနိုင်သည် ။

သိုင်းကွက်နှစ်ဆယ်အတွင်းပင်ရှုံးချင်ရှုံးသွားနိုင်သည် ။ ထိုလူ၏အဆင့်မှာလည်း သူမြင်တွေ့ခဲ့ရသည့် အော့မေ့ဂိုဏ်းချုပ်ကြီးနှင့် များစွာကွာဟမှူမရှိနိုင်ပေ။

ထိုလူမှာ ထင်းရှီအားနှစ်ကြိမ်တိုင်တိုင်ပြောခဲ့သည့်အသံပိုင်ရှင်ဖြစ်ကာ သူတွေ့လိုသည့်လူဖြစ်သည်ဟုလည်း အလိုလိုသိလိုက်သည် ။

နဂါးစိမ်းဂိုဏ်း၏ဂိုဏ်းချုပ် နဂါးစိမ်းဓားသမားသွမ့်ကျန်းမင်

ထင်းရှီ၏အကြည့်များမှာ ထိုလူ၏ဘေးတွင်ချထားသည့်အစိမ်းရောင်ဓားရှည်ပေါ်သို့အကြည့်ရောက်သွားသည်။

ဓားအိမ်မှာ ကျောက်စိမ်းဖြင့်ပြုလုပ်ထားပုံပေါ်ကာလက်နက်များကိုပင် ကောင်စွာခုခံနိုင်စွမ်းရှိသည် ။ဓားအိမ်ထဲမှဓားကိုသူမမြင်ရသော်လည်းလွန်စွာကောင်းမွန်သည့်ဓားတစ်ချောင်းဖြစ်မည်ကို ခန့်မှန်းနိုင်သည်။

ထင်းရှီမှ သွမ့်ကျန်းမင်အားစေ့စေ့စပ်စပ်အကဲခပ်နေသလို သွမ့်ကျန်းမင်မှလည်း ထင်းရှီအား ပြန်၍အကဲခပ်လိုက်သည် ။

အဖြူရောင်ဝတ်စုံကိုသေသပ်စွာဝတ်ဆင်ထပြီး ခါးတွင်ဓားတစ်ချောင်းချိတ်ထားသည့်လူငယ်မှာ သာမန်နှင့်တူသော်လည်း သွမ့်ကျန်းမင်မှ တစ်ချက်ကြည့်ရုံနှင့် ထင်းရှီ၏အဆင့်ကိုသိလိုက်သည် ။

ဓားနဲ့လူတစ်သားတည်းအဆင့်ကိုရောက်ခါနီး အဆင့်လွန်သိုင်းသမား ၊ သူ၏စိတ်ထဲတွင်လည်း လွန်စွာအံ့အားသင့်သွားသည် ။

သိုင်းလောကထဲမှထူးချွန်သည့်လူငယ်များစွာကိုသူမြင်ဖူးသော်လည်း ထိုလူငယ်လောက် ထက်မြက်ခြင်းရှိပေ။

သူကိုယ်တိုင်လည်း ထိုလူငယ်၏အသက်အရွယ်ကသာ လူငယ်နှင့်တိုက်ခိုက်ပါက အနိုင်မရနိုင်ပေ။ အရေးအကြီးဆုံးက လူငယ်၏ရည်ရွယ်ချက်ကိုသူအကဲခပ်မရခြင်းဖြစ်သည်။

သို့သော် လူငယ့်ထံတွင် သူ့သမီး၏ကျောက်စိမ်းပြားရှိနေသဖြင့် သူ့သမီးနှင့်တစ်စုံတစ်ရာပတ်သတ်နေနိုင်သည်။

သို့သော် ဤအချက်မှာလည်းမဖြစ်နိုင်ဟုသိနေသည် ။ လူငယ်မှာ တွေ့စဉ်ထဲကကြောက်လန့်မှုတစ်စုံတစ်ရာမရှိသည့်အပြင် သူ့ကိုပင်အနည်းငယ်ရန်လိုနေသည်ဟု ခံစားမိနေသည် ။

သိပ်တော့မသေချာပေ ။ ထိုလူငယ်၏ရည်ရွာ်ချက်ကို သူမှန်းဆမရဘဲဖြစ်နေသည်။

ထင်းရှီ၏နက်မှောင်နေသည့်မျက်လုံးများမှာ တည်ငြိမ်နေသည် ။သွမ့်ကျန်းမင်လည်းသက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည် ။

“ ကောင်လေး ထိုင်ပါဦး “

ထင်းရှီလည်း သွမ့်ကျန်းမင်၏စကားကြောင့် ဘေးဘက်တွင်ဝင်ထိုင်လိုက်သည်။ သူ၏ပုံစံမှာ ကိုယ့်အိမ်ကိုယ့်ယာကိုရောက်နေသလို အေးအေးဆေးဆေးရှိလှသည်။

“ မင်းကဘာကိစ္စနဲ့ ငါ့ကိုတွေ့ချင်တာလဲ “

သွမ့်ကျန်းမင်၏မေးခွန်းကြောင့် ထင်းရှီလည်းအသာပြုံးလိုက်သည် ။ ထို့နောက်အေးစက်စက်ဖြင့်ပြောလိုက်သည် ။

“ လွန်ခဲ့တဲ့အနှစ်သုံးဆယ်လောက်က ခင်ဗျားနဲ့ပတ်သတ်ခဲ့ဖူးတဲ့ ကျိဟွာဆိုတဲ့မိန်းကလေးတစ်‌ယောက်ကိုမှတ်မိသေးလား “

ထင်းရှီ၏မေးခွန်းကြောင့် သွမ့်ကျန်းမင်မှာ ခန္တာကိုယ်တစ်ချက်တုန်သွားသည် ။ထို့နောက်။သူ၏မျက်ဝန်းများတောက်ပလာသည် ။

“ မင်းက မင်းက သူ့ကိုသိတာလား ။ မဟုတ်မှလွဲရော မင်းကသူ့ရဲ့သားလား “

သွမ့်ကျန်းမင်၏အနည်းငယ်တုန်ယင်နေသည့်အသံကြောင့် ထင်းရှီလည်း မျက်မှောင်ကြုတ်လိုက်သည် ။

ထို့နောက်သွမ့်ကျန်းမင်အား လက်ညိုးထိုး၍ ဒေါသတကြီးပြောလိုက်သည်။

“ ကျုပ်က သူ့ရဲ့သားအရင်းမဟုတ်ဘူး ။။ဒါပေမယ့် သူကလွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကအထိအသက်ရှင်ခဲ့သေးတယ်။ ဘာဖြစ်လို့ သူ့ကိုအခုအချိန်အထိတစ်ခေါက်လောက်တောင်လာမတွေ့တာလဲ။

ခင်ဗျားက ကိုယ့်ရဲ့ဇနီးနဲ့သားကိုတောင်တာဝန်မယူနိုင်ဘဲနဲ့ ဘယ်လိုဖြစ်ပြီးသိုင်းလောကရဲ့အင်အားအကြီးဆုံးဂိုဏ်းမှာ မျက်နှာပြောက်ပြောင်နဲ့နေနိုင်ရတာလဲ “

ထင်းရှီ၏ ပြင်းထန်သည့်စကားများကြောင့် သွမ့်ကျန်းမင်မှာ ဒေါသထွက်မသွားပေ ။ သူ၏မျက်လုံးများရီဝေနေကာ တီးတိုးရေရွတ်လိုက်သည်။

“ အစ်ကိုကြီး ကျွန်တော့်ရဲ့ကတိကိုမတည်နိုင်ခဲ့ဘူး ။ ကျွန်တော့်ကိုခွင့်လွှတ်ပါ “

သူ၏လေသံမှာ ဝမ်းနည်းသည့်ပုံပေါက်နေသည် ။

All Chapters