← Chapters

သွမ့်ကျန်းမင်နှစ်ယောက်

Vol. 2 Ch. 102

သွမ့်ကျန်းမင်နှစ်ယောက်

Vol. 2 Ch. 102

ထို့နောက် သွမ့်ကျန်းမင်မှ ထင်းရှီအားကြည့်ကာ ခေါင်းယမ်း၍ ညင်သာစွာပြောလိုက်သည်။

“ ငါအစ်မကျီဟွာအတွက် တကယ်စိတ်မကောင်းပါဘူး ။ သူနဲ့ငါကတစ်ခါမှမဆုံဖူးပေမယ့် အရင်က သူ့ရဲ့အကြောင်းကိုငါနေ့တိုင်းလိုလိုကြားခဲ့ရတယ်။

မထင်မိဘူး ငါသူ့ကိုရှာမတွေ့နိုင်ခင်မှာ သူကသေဆုံးသွားမယ်ဆိုတာ “

သွမ့်ကျန်းမင်၏စကားကြောင့် ထင်းရှီမှာ ဒေါသထွက်၍သွားသည် ။

ပုံမှန်ဆိုလျှင် ထင်းရှီမှာ ခံစားချက်များအားသိုဝှက်ကာ ပုံမှန်အတိုင်းနေနိုင်သော်လည်း သူချစ်သည့်လူများအတွက်မူ မီးတောင်တစ်လုံးကဲ့သို့ပေါက်ကွဲတတ်ပေသည် ။

ယခု သွမ့်ကျန်းမင်၏စကားများမှ ဝမ်းနည်းသည့်အရိပ်အ‌ယောင်များကိုသူသိရှိသော်လည်း အနည်းငယ်တာဝန်မဲ့နေသည်ဟုထင်သည် ။

“ ခင်ဗျားက အခုအချိန်အထိ ဒေါ်လေးကျိဟွာကိုခင်ဗျားရဲ့ဇနီးဆိုတာဝန်မခံသေးဘူးလား “

ထင်းရှီမှ အေးစက်စွာပြောကာ သူ၏လက်ကဓားရိုးပေါ်သို့ရောက်သွားသည် ။ သူဖြစ်လာနိုင်မည့်အကျိူးဆက်များအားမေ့ပျောက်ကာ သွမ့်ကျန်းမင်အားတိုက်ခိုက်ပေတော့မည်။

ထင်းရှီ၏လှုပ်ရှားမှုများမှာ သွမ့်ကျန်းမင်၏မျက် ထုံးထဲမှလွတ်မြောက်ခြင်းမရှိပေ ။ သို့သော် သူလှုပ်ရှားခြင်းမရှိဘဲ ခေါင်းယမ်းလိုက်ပြန်သည်။

“ အမှန်က အစ်မကျိဟွာက ငါ့ရဲ့ဇနီးမဟုတ်ဘူး “

“ ဘာ “

သူ၏‌စကားကြောင့် ထင်းရှီမှာ ကျယ်လောင်စွာအော်ဟစ်လိုက်ကာ သူ၏ဓားအားလှုင်မြန်စွာဆွဲထုတ်၍ သွမ့်ကျန်းမင်အားပိုင်းချလိုက်သည်။

“ ထန်းး “

ကျယ်လောင်သည့်အသံနှင့်အတူ ထင်းရှီ၏ဓားကိုင်လက်ထုံကျင်သွားကာသူ၏ရင်ဘက်ထဲတွင်တင်းကြပ်လာသည်။

သူ၏ဓားအား သွမ့်ကျန်းမင်မှဓားအိမ်ဖြင့်တားဆီးလိုက်ခြင်းဖြစ်သည်။ သွမ့်ကျန်းမင်၏ဘေးတွင်ချထားသည့်ဓားမှာ သူ၏လက်ထဲသို့မည်သို့ရောက်နေသည်ကိုမသိပေ။

ထင်းရှီမှာ ပထမဆုံးအကြိမ်အဖြစ်ကူကယ်ရာမဲ့သည့်ခံစားချက်ကိုရရှိလိုက်သည် ။ သူမည်သည့်နည်းနှင့်မှ သွမ့်ကျန်းမင်အားအနိုင်မယူနိုင်ပေ ။သို့သော် သူ၏အသက်‌သေဆုံးမည်ဆိုလျှင်ပင် ထိုလူအားတိုက်ခိုက်ရင်းသေသွားမည်ဖြစ်သည် ။

“ ခဏလေး ငါပြောတာကိုနားထောင်ပြီးမှ မင်းဘယ်လိုလုပ်ရမယ်ဆိုတာကို မင်းကြိုက်တာဆုံးဖြတ် “

သွမ့်ကျန်းမင်၏စကားကြောင့် ထင်းရှီမှာ သူ၏ဒေါသများအားချုပ်တည်းထားလိုက်သည် ။ထို့နောက် အေးစက်စက်ဖြင့်ကြည့်လိုက်သည် ။

“ ခင်ဗျားဘယ်လိုဖြေရှင်းမယ်ဆိုတာကို ကျုပ်ကြည့်ချင်သေးတယ် “

သွမ့်ကျန်းမင်လည်း သူ၏ဓားအားဘေးသို့ပြန်ချလိုက်သည် ။ ထင်းရှီအားမကြည့်ဘဲ သူ၏မျက်လုံးများ အဝေးသို့ငေးမောနေသည် ။ ထို့နောက် ဖြေးညင်းစွာစတင်ပြောလိုက်သည်။

“ လွန်ခဲ့တဲ့နှစ်သုံးဆယ်ကျော်လောက်က သိုင်းလောကမှာ သမာဓိသိုင်းသမားသွမ့်ဟူဆိုတဲ့သိုင်းသမားကြီးရှိခဲ့တယ် ။

သွမ့်ဟူက ဘယ်နေရာကလာပြီး ဘယ်သူ့ရဲ့တပည့်မှန်းမသိ‌ကြပေမယ့် သူ့ရဲ့သိုင်းပညာက အံ့ဩစရာကောင်းလောက်အောင်ပဲ ကြောက်မက်ဖွယ်ကောင်းတယ်။

အဲဒီအချိန်က ဂိုဏ်းကြီးခြောက်ဂိုဏ်းရဲ့ဂိုဏ်းချုပ်တွေနဲ့တောင်တိုက်ခိုက်နိုင်တယ်လို့နာမည်ကြီးပေမယ့် သူကမတိုက်ခိုက်ခဲ့ဘူး ။

သူ့ရဲ့ပင်ကိုယ်စိတ်ဓာတ်ကကောင်းမွန်တော့ သူကသိုင်းလောကအကျိုးကိုပဲသယ်ပိုးခဲ့ပြီး အဖြူအနက်မရွေးကူညီခဲ့တယ် ။ ဒါကြောင့်လဲ သူကအဖြူအနက်သိုင်းလောကနှစ်ခုလုံးရဲ့ ချစ်ခင်လေးစားမှုကိုရရှိခဲ့တယ် ။

သွမ့်ဟူက သိုင်းလောကထဲမှာလှည့်လည်ရင်း မိန်းကလေးတစ်ယောက်နဲ့အိမ်ထောင်ကျခဲ့တယ်။ ပြီးတော့ အမွှာပူးယောင်္ကျားလေးနှစ်ယောက်ကိုလည်းမွေးဖွားခဲ့တယ် ။

သူတို့ရဲ့အသက်ရှစ်နှစ်အရွယ်ကိုရောက်တော့ သွမ့်ဟူက သူ့ရဲ့ဇာတ်မြစ်ကိုဖွင့်ပြောပြီး သူ့ရဲ့မိသားစုကို တာ့လီပြည်ကိုခေါ်ဆောင်သွားခဲ့တယ် ။

ဒါပေမယ့် မထင်မှတ်တာက အရင်ကရန်သူဟောင်းတွေက သွမ့်ဟူကိုအလစ်ချောင်းပြီးတိုက်ခိုက်ခဲ့ကြတယ် ။ သွမ့်ဟူကိုယ်တိုင်လည်း ဟိုဘက်ကသိုင်းဝိဇ္ဇာတွေကြောင့်သေမလိုဖြစ်ခဲ့တယ် ။

အဲဒီအချိန်မှာ သူတို့အနီးမှာရှိတဲ့သိုင်းသမားအချို့က ဝင်ရောက်ကူညီခဲ့ကြတယ်။ အဲဒီအတွက်သွမ့်ဟူကအသက်ရှင်ခဲ့ပေမယ့် သူရဲ့ဇနီးနဲ့ သားတစ်ယောက်က ချောက်ကမ်းပါးထဲကိုပြုတ်ကျပြီးအသက်ဆုံးရှုံးခဲ့ရတယ်။

သူ့ကိုလာပြီးကူညီတဲ့လးအတော်များများကလည်း သူ့ရန်သူတွေနဲ့တိုက်ခိုက်ရင်းသေဆုံးကုန်ကြတယ်။

ဒါကြောင့် သွမ့်ဟူက အလွန်စိတ်မကောင်းဖြစ်ပြီး သူ့ရဲ့ဇာတိကိုရောက်တော့ ဘုန်းကြီးဝတ်သွားပြီး သိုင်းလောကထဲက ပျောက်ကွယ်သွားခဲ့တယ်။

သူ့ရဲ့သားတစ်ယောက်နဲ့ မိဘမဲ့ကောင်လေးကို‌တော့ သူကိုယ်တိုင်သိုင်းပညာသင်ကြားပေးပြီး အရွယ်ရောက်တဲ့အထိပျိုးထောင်ပေးခဲ့တယ် ။

သူ့ရဲ့ရည်ရွယ်ချက်က တစ်ချိန်ချိန်မှာသူ့ရဲ့မျိူးဆက်တွေက သိုင်းလောကထဲကိုဆင်းပြီးအများအကျိူးကိုဆောင်နိုင်အာင်လို့ပဲ ။

အဲဒီနောက်မှာ သူ့ရဲ့သားသွမ့်ကျန်းမင်ကအသက်ဆယ့်ရှစ်နှစ်ပြည့်တော့ သူမျှော်လင့်ထားသလို သိုင်းလောကထဲကိုဆင်းပြီး ကျင်လည်ခဲ့တယ် ။

ဒါပေမယ့် သွမ့်ကျန်းမင်က သူ့ရဲ့ပညာသင်ဖက်ညီလေးလောက်သိုင်းပညာပါရမီမပါလာခဲ့ဘူး။ နောက်တော့ သိုင်းလောကထဲက မိန်းမပျိုတစ်ယောက်နဲ့ချစ်ကြိုက်ခဲ့ကြတယ် ။

အဲဒီမိန်းကလေးရဲ့နာမည်ကကျိဟွာတဲ့ “

ထိုနေရာသို့အရောက်တွင် သွမ့်ကျန်းမင်မှာ သူ၏စကားကို ခေတ္တရပ်နားလိုက်သည် ။

ထင်းရှီမှာမူ ဓားရိုးအားတင်းကြပ်စွာဆုပ်ကိုင်ထားကာ သွမ့်ကျန်းမင်အား ထွင်းဖောက်မတတ်ကြည့်ရှုနေတော့သည်။ ထို့နောက်တွင် သွမ့်ကျန်းမင်မှဆက်ပြောလိုက်သည်။

အဲဒီနောက်မှာ သူကသူ့ရဲ့ဇာတိကိုခေတ္တပြန်မယ်လို့ပြောပြီး မိန်းကလေးကိုခွဲခွာခဲ့တယ် ။အဲဒီအချိန်မှာ မိန်းကလေးက သူနဲ့အပြင်းအထန်စကားများပြီး နောက်ဆုံးမှာာဝင်္ကပါတောအုပ်ထဲကိုဝင်ရောက်သွားခဲ့တယ်။

အဲဒီအချိန်ကနေစပြီး မိန်းကလေးရဲ့သေရေးရှင်ရေးကိုသူမသိတော့ဘူး ။ သူ့ရဲ့စိတ်ထဲမှာ မိန်းကလေးအသက်ရှင်နိုင်မယ်လို့ထင်ပြီး တောအုပ်ထဲမှာ လိုက်ရှာခဲ့တယ် ။

ဘယ်လိုမှရှာမတွေ့တဲ့နောက်ဆုံး သူက သူ့ရဲ့ဖခင်ဆီကိုပြန်လာပြီး သိုင်းပညာကိုပိုပြီး ကြိုးစားလေ့ကျင့်ခဲ့တယ်။

ဘယ်လောက်အထိလေ့ကျင့်လဲဆိုရင် မအိပ်မနေဘဲကြာလာတော့ သူ့ရဲ့ကျန်းမာရေးက ပိုပြီးဆိုးရွားလာခဲ့တယ် ။

အဲဒီနောက်တော့ အေးခဲလက်ဝါးဆိုတဲ့ ထူးဆန်းတဲ့သိုင်းပညာတစ်မျိုးကြောင့် သူကိုယ်တိုင်ပြန်ထိခိုက်ပြီး အ‌ကြောတွေမသန်မစွမ်းဖြစ်ခဲ့တယ် ။

ဒါကြောင့်သူက ဘယ်ကိုမှမသွားနိုင်တော့ဘဲ သူ့ရဲ့ဇာတိမှာပဲသောင်တင်နေခဲ့တယ်။

သူ့ရဲ့ပညာသက်ဖက်ညီကတော့သွမ့်ကျန်းမင်ဆိုတဲ့နာမည်နဲ့ပဲ သိုင်းလောကထဲကိုလာပြီးတော့ နဂါးစိမ်းဂိုဏ်းကိုတည်ထောင်ခဲ့တယ် ။

သူက သွမ့်ကျန်းမင်ဆိုပြီးဟန်ဆောင်တာက ပြဿနာ‌အတော်များများကိုရှောင်ရှားလိုတဲ့ရည်ရွယ်ချက်ကြောင့်ပဲ “

ထိုနေရာအရောက်တွက် ထင်းရှီမှာ အဖြစ်အပျက်တစ်ခုလုံးအားခပ်ရေးရေးမြင်တွေ့မိသလိုဖြစ်လာသည်။

သွမ့်ကျန်းမင်၏ပြောပုံအရတိုလျှင် သူ၏ရှေ့ရှိလူမှာ ဒေါ်လေးကျိဟွာ၏ချစ်သူသွမ့်ကျန်းမင်မဟုတ်နိုင်ပေ။

သို့သော် သူ၏ရှေ့မှလူပြောသမျှမှာ အမှန်လားအမှားလားဆိုသည်ကို သူအနည်းငယ်တွေးနေမိသည်။

ထိုအကြောင်းအရာများက အမှန်တရားဖြစ်နိုင်သည်ဟုသူတွေးလိုက်မိသည် ။ ဒေါ်လကျိဟွာမှာ သုံးနှစ်အချိန်ပြည့်ကာနီး၍ မည်သို့ပြုလုပ်ရမည်မသိဘဲ စိတ်ရှုပ်ထွေးနေစဉ် ‌သူ၏ချစ်သူမှသူနှင့်အချိန်အနည်းငယ်ခွဲခွာမည်ဟုပြောလိုက်သောကြောင့် ဒေါသထွက်ကာသူတို့နှစ်ဦးစကားများကြခြင်းဖြစ်နိုင်သည် ။

ထို့နောက်တွင်မူ ‌ဒေါ်လေးကျိဟွာမှာ ဓားစံအိမ်သို့ပြန်လာကာ သူမသေဆုံးမီအထိ အမှန်တရားကိုဖုံးကွယ်သွားခြင်းဖြစ်နိုင်သည်။

ထင်းရှီလည်း ပထမဦးဆုံးအကြိမ်အဖြစ် မိန်းမများ၏နာကျဉ်းစိတ်ကို ထိတ်လန့်သွားမိသည်။ စိတ်ထားနူးညံ့ကာကြင်နာတတ်သည့်သူ၏‌ဒေါ်လေးကျိဟွာပင် ချွင်းချက်မဟုတ်ပေ။

ယခုသူမည်သို့ဆုံးဖြတ်ရတော့မည်မသိတော့ပေ။ ထိုအတိုင်းသာ ဆိုပါက လက်ရှိနဂါးစိမ်းဂိုဏ်းချုပ်‌သွမ့်ကျန်းမင်မှာ အပြစ်လုံးဝမရှိပေ။

အခြားတစ်နေရာတွင်ရောက်ရှိနေကာ ဒုက္ခိတဖြး်နေသည့် သွမ့်ကျန်းမင်အစစ်ကိုလည်းအပြစ်တင်၍မရနိုင်ပေ။

သူတို့၏ဖြစ်ရပ်များမှာ ကံဇာတ်ဆရာ၏လှည့်စားမှုကြောင့် ဟုသာတွေးလိုက်မိတော့သည်။

သွမ့်ကျန်းမင်လည်း ငေးငိုင်သွားသည့်ထင်းရှီအားကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။

“ ငါ့ရဲ့အစ်ကိုကြီးက ငါတို့ဆီကိုပြန်ရောက်တဲ့အချိန်ကစပြီး သူကသိုင်းပညာကိုပဲစိတ်နှစ်ထားခဲ့တယ် ။သူ့ဆီကနေ ဘာအကြောင်းမှမသိခဲ့ရဘူး။

သူအကြောတွေမသန်မစွမ်းဖြစ်ပြီးတဲ့နောက်မှပဲငါ့ကို ဒီအကြောင်းတွေပြောပြခဲ့ပြီး သူ့ရဲ့ချစ်သူကိုလိုက်ရှာခိုင်းခဲ့တာ ။

ငါသိုင်းလောကထဲကိုစပြီးဝင်ခဲ့တဲ့အချိန်ကစလို့ ‌အစ်မကျိဟွာကို လိုက်ပြီးစုံစမ်းခဲ့တယ် ။

ငါ့ရဲ့အစ်ကိုကြီးပြောသလို ဝင်္ကပါတောအုပ်ထဲကိုလည်းငါသွားခဲ့တာပဲ ။ဒါပေမယ့်ငါသူ့ကိုရှာမတွေ့ခဲ့ဘူး အခု ကြည့်ရတာ ငါ့ရဲ့တာဝန်ကိုမကျေတော့ဘူးနဲ့တူတယ် ။

မထင်မှတ်ခဲ့ဘူး ငါကငါ့အစ်ကိုကြီးရဲ့တောင်းဆိုချက်လေးတစ်ခုကိုတောင် ဖြည့်ဆညမပေးနိုင်ဘူး “

သွမ့်ကျန်းမင်မှ ခေါင်းအားမော့ကာပြောလိုက်သည်။ သူ၏လေသံမှာ အက်ကွဲနေသည် ။ထို့နောက်တွင် သူတစ်စုံတစ်ခုအား သတိရသွားပုံပေါ်သည်။

“ နေပါဦး စောစောက မင်းပြောလိုက်တဲ့ထဲက ဇနီးနဲ့သားဆိုတာက ဘာကိုဆိုလိုတာလဲ။ မဟုတ်မှလွဲရော အစ်ကိုကြီးရဲ့သွေးသားက ဒီကမ္ဘာပေါ်မှာ ရှိနေသေးတာလား “

သွမ့်ကျန်းမင်မှ အနည်းငယ်တုန်ယင်နေသည့်လေသံဖြင့်မေးလိုက်သည်။

ထင်းရှီလည်း သူ၏မေးခွန်းကြောင့်သတိဝင်လာကာ လေးတိလေးကန်‌ဖြင့်ခေါင်းညိမ့်ပြလိုက်သည်။

“ ဟုတ်တယ် သူက ရှိနေသေးတယ် ။။ဒါပေမယ့် သူက “

ထင်းရှီမှာ စကားပြောနေရင်းဖြင့် ရပ်တန့်သွားသည်။

All Chapters