← Chapters

ပြန်ပေါ်လာသည့် ဝမ်းတု

Vol. 2 Ch. 103

ပြန်ပေါ်လာသည့် ဝမ်းတု

Vol. 2 Ch. 103

" သူကအခု ခြေ‌ထောက်တွေမသန်မစွမ်းဖြစ်ပြီးတော့ တစ်နေရာရာမှာ ရှိနေတယ် "

ထင်းရှီ၏ အားလျော့သည့်စကားကြောင့် သွမ့်ကျန်းမင်လည်း တိတ်ဆိတ်သွားသည် ။ထင်းရှီမှဆက်ပြောလိုက်သည်။

" ခင်ဗျားကြားဖူးလားတော့မသိဘူး ။ လွန်ခဲ့တဲ့သုံးလကသိုင်းလောကမှာ ‌နာမည်ကျော်ကြားခဲ့တဲ့ မုန်တိုင်းဓားရှောင်ကျန်းမင်ဆိုတာကျုပ်ရဲ့အစ်ကိုကြီးပဲ။။

သူက ‌အမှောင်လက်ဝါးဝမ်းတနဲ့ ငရဲဓားဝမ်းတုတို့ရဲ့ပူးပေါင်းတိုက်ခိုက်ခြင်းကိုခံခဲ့ရပြီးတော့သူကအတွင်းဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တယ်။

သူ့ရဲ့အသက်ကိုကယ်တင်နိုင်လိုက်ပေမယ့် ခြေထောက်တွေမလှုပ်မရှားနိုင်ဖြစ်ပြီး ဒုက္ခိတတစ်ယောက်ဖြစ်နေပြီ "

‌သွမ့်ကျန်းမင်၏မျက်နှာလည်း ပျက်ယွင်းသွားကာ တီးတိုးရေရွတ်လိုက်သည်။

" အစ်ကိုကြီးတို့သားအဖနှစ်ယောက်ရဲ့ကံကြမ္မာက ဘယ်တော့မှပြန်ပြီးဆုံတွေ့ခွင့်မရနိုင်လောက်တော့ဘူး "

ထို့နောက် သွမ့်ကျန်းမင်မှာထင်းရှီအားမေးလိုက်ပြန်သည် ။

" သူကအခုဘယ်နေရာမှာရှိနေတာလဲ "

သူ၏မေးခွန်းကြောင့် ထင်းရှီလည်း အနည်းငယ်တွေးလိုက်သည် ။နောက်ဆုံးတွင် သူရှောင်ကျန်းမင်၏နေရာအားပြောပြရန်ဆုံးဖြတ်လိုက်သည်။

" သူက ဝင်္ကပါတောအုပ်ထဲက နေရာတစ်ခုမှာ ကျုပ်ဆိုလိုချင်တာကို ခင်ဗျားသိမှာပါ "

သူ၏စကားကြောင့် သွမ့်ကျန်းမင်လည်းတိတ်ဆိတ်သွားသည်။ ထို့နောက် သက်ပြင်းတစ်ချက်ချကာပြောလိုက်သည်။

" ငါအဲဒီနေရာကိုငါးခေါက်သွားရှာခဲ့ပြီးပြီ ။ဒါပေမယ့် ငါရှာမတွေ့ခဲ့ဘူး "

ထင်းရှီလည်း ဆက်မပြောတော့ပေ။ သူကိစ္စများအားရှင်းလင်းစွာသိသွားပြီးသည့်နောက်တွင် သူ၏စိတ်ထဲ၌မွမ်းကြပ်နေသည် ။

ထို့နောက် ထိုင်နေရာမှ ထရပ်လိုက်ကာ ထွက်သွားရန်ပြင်လိုက်သည်။

" ကောင်လေး မင်းငါ့ရဲ့သမီးနဲ့ ဘယ်လိုပတ်သတ်နေတာလဲ "

သွမ့်ကျန်းမင်မှ ထင်းရှီအားလှမ်းမေးလိုက်သည်။ သွမ့်ရှင်းရှောင်၏ကျောက်စိမ်းပြားထင်းရှီထံသို့ရောက်နေရသည့်အကြောင်းကို သူစဉ်းစယးမရသေးပေ။

" ကျုပ်တို့ကမိတ်ဆွေကောင်းတွေပါ "

ထင်းရှီလည်း ထိုနေရာမှပြန်၍ထွက်လာလိုက်သည်။ ထို့နောက် သူ၏မြင်းအားယူကာ လုံဟိုင်မြို့မှ ချက်ခြင်းထွက်လိုက်သည် ။

သူ၏စိတ်ထဲတွင် ရှုပ်ထွေးနေကာ အနည်းငယ်မွန်းကြပ်နေသည် ။ အမှန်တရားမှာ သူ့အစ်ကိုကြီးရှောင်ကျန်းမက်အတွက် ရက်စက်လွန်းလှသည် ။

သူရှောင်ကျန်းမင်နှင့်ပြန်တွေ့လျှင် မည်သည့်ပုံစံဖြင့် ပြန်ပြောရပါမည်နည်း ။ သူဆက်၍မစဉ်းစားလိုတော့ပေ။

ထို့နောက် မြင်းအားအပြင်းနှင်လိုက်သည်။ သူ၏ဦးတည်ရာကား စီးမင်မြို့မှ စွန်းအိမ်တော်သို့ဖြစ်သည်။

ထင်းရှီထွက်ခွာသွားသည်မှာ အချိန်အတော်ကြာသော်လည်း သွမ့်ကျန်းမင်မှာထိုင်နေရာမှမထငေးဘဲ ငေးငိုင်နေသည်

ထို့နောက် သူ၏နှုတ်မှ တီးတိုးရေရွတ်လိုက်သည်။

" ဝင်္ကပါတောအုပ် ဓားစံအိမ် "

-------------------------------------

အရှေ့ပိုင်းနယ်စပ် မြို့ငယ်လေးတစ်မြို့

မြိုလ၏တစ်ခုတည်းသောစားသောက်ဆိုင်လေးတွေ လူနှစ်ယောက်‌မှာ အစားအသောက်များအား စားနေရင်း အရက်‌သောက်နေကြသည်။

ထိုလူများမှာ အသက်များစွာကြီးသေးပုံမရဘဲ အသင်နှစ်ဆယ်ကျော်သုံးဆယ်အရွယ်သာရှိသည်။ သူတို့နှစ်ယောက်၏ထူးခြားချက်မှာ တစ်ဦးမှအဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ ကျန်တစ်ဦးမှ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။

" အစ်ကိုကြီးကျုပ်တို့ ဒီတစ်ခေါက်ဆရာ့ဆီပြန်မှာ မျက်နှာပန်းမလှဘူးနော် "

အနက်ရောင်ဝတ်စုံနှင့်ချွင်းရှန်မှပြောလိုါက်သည်။ သူ၏စကားကြောင့် ချွင်းထုံမှ မျက်နှာတစ်ချက်မဲ့ကာပြောလိုက်သည်။

" ငါတို့က ဘယ်လိုလုပ်ပြီးတတ်နိုင်မှာလဲ ။ ပြီးတော့ သူ့ရဲ့သိုင်းပညာကိုလည်းမင်းမြင်ရဲ့သားနဲ့ သူ့ရဲ့ဆရာနဲ့သာရင်ဆိုင်တွေ့ရရင် ငါတို့သိုင်းဆယ်ကွက်အတွင်းရှုံးနိမ့်သွားလိမ့်မယ် "

ချွင်းထုံ၏စကားကြောင့်‌ ချွင်းရှန်လည်း တိတ်ဆိတ်သွားသည် ။

သူတို့သိုင်းလောကထဲသို့စတင်ဝင်ရောက်လာစဉ်က မြစိမ်းရောင်ဓားသမားအားစိမ်ခေါ်သည်ဟုကြွေးကျော်ခဲ့မိခြင်းကို ရှက်ရွံ့လာမိသည်။

" ဘာပဲဖြစ်ဖြစ် ငါတို့ဆရာဦးလေးဆီကို တကယ်ကြီးသွားမှာလား "

ချွင်းရှန်မှ မေးလိုက်ပြန်သည်။ သူ၏လေသံမှာ တစ်စုံတစ်ခုအားထိတ်လန့်နေပုံရသည်။

သူ၏မေးခွန်းကြောင့်ချွင်းထုံမှတုံ့ဆိုင်းခြင်းမရှိဘဲခေါင်းညိမ့်ပြလိုက်သည်။

" ဒါပေါ့ ငါတို့သွားရမှာ ။ သူကနည်းနည်းရူးကြောင်ကြောင်နိုင်ပေမယ့် သူ့ရဲ့သိုင်းပညာက အတော်လေးကြောက်မက်ဖွယ်ကောင်းတယ် ။

ဒါကြောင့် ငါတို့ရဲ့သိုင်းပညာက အများကြီးပိုပြီးတိုးတက်လာဖို့ပဲရှိတော့တယ်။

သူ့ရဲ့သိမ်းငှက်လက်သည်းသိုင်းကျမ်းနဲ့တောင်မှ ငါတို့နှစ်ယောက်သိုင်းလောကမှာ လက်မ‌ထောင်ခဲ့သေးတာ။ သူ့ရဲ့တိုက်ရိုက်သင်ပြမှုကိုရလို့ကတော့ငါတို့ရဲ့သိုင်းပညာက ခုန်ပျံပြီးတိုးတက်လာမှာ။

တစ်ခုတော့ရှိတာပေါ့ ငါတို့သူ့ဆီကသင်ကြားနေရင်း အသက်သေမသွား‌ဖို့တော့လိုတာပေါ့ ဟားဟား.. "

ချွင်းထုံ၏စကားကြောင့် ချွင်းရှန်လည်း သဘောကျကာ အော်ဟစ်ရယ်မောလိုက်သည်။

သူတို့ပြောနေသည့် ဆရာဦးလေးဆိုသူမှာ သူတို့ဆရာ အရှေ့ပိုင်းဓားသမား၏ဆရာတူအစ်ကို လူထူးဆန်းကြီးဖြစ်သည်။

လူထူးဆန်းကြီးမှာ ရွက်ကြွေတောင်ပေါ်တွက်နေထိုင်ကာရွက်ကြွေတောင်သည်လည်း အရှေ့ပိုင်းသိုင်းလောက၏အကြီးဆုံးနှင့် အထူးဆန်းဆုံးတောင်ဖြစ်သည်။

သူတို့၏ဆရာအရှေ့ပိုင်းဓားသမားသိုင်းလောကမှအနားယူပြီးသည့်နောက်တွင်လည်း ရွက်ကြွေတောင်ပေါ်တွင် အခြေချနေထိုင်ခဲ့လေသည်။

သူတို့ဆရာဦးလေး၏သိုင်းပညာကို သူတို့သေချာမသိသော်လည်း စိတ်နေစိတ်ထားထူးဆန်းကာ သူတို့ငယ်စဉ်ကပင်ကြောက်ရွံ့ရသည်။ သို့သော် သူဝို့ဆရာကမူ သူ့ပညာသင်ဖက်အစ်ကိုအားသူလုံးဝအနိုင်မရနိုင်ဟုပြောဖူးသည်။

ယခု အရှေ့ပိုင်းသိုင်းလောကသို့ပြန်ကာ သူတို့ဆရာဦးလေး၏လေ့ကျင့်ပေးမှုအောက်တွင် သိမ်းငှက်လက်သည်းသိုင်းကို ပြန်၍လေ့ကျင့်ကြမည်ဖြစ်သည်။

စားသောက်ပြီးသည့်နောက်တွင်သူတို့နှစ်ဦးမှာ မြင်းကိုယ်စီနှင့် မြို့အတွင်းမှထွက်သွားကြသည်။ သူတို့၏နောက်သို့ အရိပ်များမှာလျှင်မြန်စွာလိုက်ပါသွားသည်။

" ချွင်းရှန် မင်းတစ်ခုခုကိုခံစားမိလား "

မြို့နှင့်အတော်လေးကွာဝေးပြီးသည့်နောက်တွင် ချွင်းထုံမှမျက်မှောင်ကြုတ်ကာမေးလိုက်သည် ။

သူတို့မြို့မှထွက်စဥ်နှ ဘာမှသတိမပြုမိခဲ့ငေည်လည်း လမ်းတစ်လျှောက်လုံး ယောင်ခံလိုက်ခံနေရသည်ဆိုသောခံစားချက်ကြီးကိုခံစားလာရသည်။ သို့သော် တိတိကျကျလည်းမပြောနိုင်ပေ။

" အင်း ငါလဲအဲလိုပဲ ဒါပေမယ့် ငါတို့သေချာမရိပ်မိဘဲနဲ့နောက်နိုင်တဲ့လူက သိုင်းလောကမှာ ရှားပါတယ် ".

ချွင်းရှန်မှလည်း သူ့အစ်ကို၏စကားကို ထောက်ခံလိုက်သည်။ သူလည်း အလားတူခံစားနေရသည် ။

" ငါတို့ဒီနေရာကနေပဲရပ်ပြီးစောင့်ကြတာပေါ့ "

ချွင်းထုံမှပြောလိုက်ကာ သူ၏မြင်းအားရပ်တန့်လိုက်သည်။ သူတို့ရောက်နေသည့်နေရာမှ တောအုပ်အတွင်းမှလမ်းတွင်ဖြစ်ကာ လူသွားလူလာကင်းရှင်းသည် ။

ထို့အပြင် ဘေးဘက်တွင် သစ်ပင်များထူထပ်နေသော်လည်း လမ်းအလယ်တွင်ရှင်းလင်းနေ၍ တိုက်ခိုက်ရန်ကောင်းမွန်သည့်နေရာဖြစ်သည်။

" ဟားးဟားး... မင်းတို့က လျှင်လျှင်မြန်မြန်သတိပြုမိသွားတာပဲ "

ရယ်မောသံနှင့်အတူသစ်ပင်များကြားမှ လူသုံး‌ေူာက်ထွက်လာသည်။

စကားပြောလိုက်သူမှာ အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ နောက်ကျောတွင်ဓားတစ်ချောင်းကိုသိုင်းလွယ်ထားသည့်လူငယ်ဖြစ်သည် ။

လူငယ်မှာ အသက်နှစ်ဆယ်ကျော်သုံးဆယ်အရွယ်သာရှိသေးသော်လည်း သူ၏ခန္တာကိုယ်မှ ကြောက်မက်ဖွယ်အငွေ့အသက်များကို သူတို့ခံစားနေရသည်။

" ငရဲဓားဝမျးတု "

ချွင်းညီအစ်ကိုနှစ်ယောက်မှာ ပြိုင်တူရေရွတ်လိုက်မိကြသည်။

သူတို့၏ရှေ့ရှိလူငယ်မှာ ဝမ်းတုဖြစ်သည် ။

ငရဲဓားဝမျးတု

အလိုအရှိဆုံးစာရင်း၏ အနီရောင်သက်မှတ်ချက်တွင်ရှိသူ ။

ဝမ်းတုမှာ လူငယ်မျိုးဆက်တွင်ထိပ်တန်းနေရာ၌ရှိကာ သူ၏သိုင်းပညာနှင့်ရက်စက်ကြမ်းကြုတ်မှုတို့ကြောင့်ထင်ရှားသည်။

လွန်ခဲ့သည့်လများက ကျန်းနန်မြို့မှ သူဌေးကြီးကျန်းရှင်း၏စံအိမ်တွင် နဂါးစိမ်းဂိုဏ်းခွဲတစ်ခုလုံးအား အမှောင်လက်ဝါးဝမ်းတနှင့်ပူးပေါင်း၍သတ်ဖြတ်ခဲ့သောကြောင့် နဂါးစိမ်းဂိုဏ်းမှ ဖမ်းဝရန်ထုတ်ခံထားရသူဖြစ်သည်။

ယခု ဝမ်းတုမှ သူတို့၏ရှေ့တွင်ပေါ်လာကာ သူတို့၏လမ်းအားပိတ်ထားသောကြောင့်ကောင်းသောအရာများဖြစ်မလာနိုင်ကြောင်းကို သူတို့သိရှိသည်။

" ဝမ်းတုမင်းက ဒီနေရာမှာ ပေါ်လာရဲသေးတာလား ။ နဂါးစိမ်းဂိုဏ်းကအကြီးအကဲတုန်းဖန်းလီက မင်းတို့ရဲ့နောက်ကို လိုက်နေတာမဟုတ်ဘူးလား "

ချွင်းရှန်မှ အနည်းငယ်အံ့အားသင့်သည့်လေသံဖြင့်ပြောလိုက်သည်။ သူ၏စကားကြောင့် ဝမ်းတု၏အေးစက်စက်မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာသည်။

" အဲဒီအဖိုးကြီးကလားငါတို့ကိုဖမ်းနိုင်မှာ နောက်ထပ်သုံးနှစ်လောက်စောင့်ပြီးရင် သူ့ကိုငါတို့ကိုယ်တိုင်လည်ပင်းဖြတ်နိုင်တယ် ။

ပြီးတော့ ငါတို့သာတွေ့လိုတဲ့ဆန္ဒမရှိရင်သိုင်းလောကထဲကဘယ်သူပဲဖြစ်ဖြစ်ငါတို့ကိုမရှာနိုင်ပါဘူး "

ဝမ်းတု၏စကားကြောင့် ချွင်းရှန်မှာ သူ၏စိတ်ထဲတွင် အချက်ပေးခေါင်းလောင်းများမည်လာသည်။ ထို့နောက် ဝမ်းတုအားမေးလိုက်ပြန်သည်။

" မင်းကအခု ငါတို့ရဲ့နောက်ကိုလိုက်နေတာကရော ဘာသဘောလဲ ".

ချွင်းရှန်၏မေးခွန်းကြောင့် ဝမ်းတုမှပြုံးလိုက်ပြန်သည် ။ထို့နောက် ယဉ်ကျေးသိမ်မွေ့သည့်လေသံဖြင့်ပြောလိုက်သည်။

" မင်းတို့နှစ်ယောက်ကို ငါ့ရဲ့ဆရာကခေတ္တဖိတ်ခေါ်ခိုင်းလိုက်လို့ပါ "

သူ၏စကားကြောင့်ချွင်းရှန်မှု မျက်မှောင်ကြုတ်လိုက်သည်။ ဝမ်းတုနှင့်ဝမ်းတ၏ဆရာမှာ နှင်းငွေ့မိစ္ဆာသခင်ဖြစ်ကာ ထိုလူမှာသိုင်းလောကမှ ဆန်းကြယ်သည့်လူများထဲမှတစ်ဦးဖြစ်လေသည်။

ယခုထိုလူမှမည်သည့်အတွက်သူတို့အားဖိတ်ခေါ်သည်ကို သူတို့မသိပေ။ သို့သော် သေချာပေါက်ကောင်းသည့်အရာမဟုတ်နိုင်ပေ။

" ငါတို့ကိုခေါ်ဆောင်သွားဖို့က မင်းမှာ အစွမ်းအစရှိပါ့မလား "

ငြိမ်သက်နေသည့်ချွင်းထုံမှ အေးစက်သည့်လေသံဖြင့်ပြောလိုက်သည်။

ဝမ်းတုလည်း ခေါင်းယမ်းပြလိုက်သည် ။ထို့နောက်သူ၏နောင်သို့ညွန်ပြလိုက်သည် ။

" သူတို့ရဲ့အကူအညီနဲ့ဆိုရင် ဖြစ်နိုင်တာပေါ့ "

All Chapters