အစွမ်းထက်သည့်လူများ
Vol. 2 Ch. 104
ချွင်းထုံနှင့် ချွင်းရှန်တို့မှာ ဝမ်းတု၏နောက်မှ ဝတ်ရုံနက်နှင့်လူနှစ်ယောက်ဆီသို့အကြည့်ရောက်သွားသည်။
ဝတ်ရုံနက်နှင့်လူများမှာ ခေါင်းစွပ်များပါသည့်အနက်ရောင်ဝတ်ရုံများကိုဝတ်ဆင်ထားကာ မျက်နှာဖုံးများပင်တပ်ထားကြသည်။
ထို့ကြောင့် သူတို့၏မျက်နှာကိုမမြင်ရရုံသာမက ယောင်္ကျားမိန်းမခွဲခြားရန်ပင်ခက်ခဲလှသည် ။
အရမ်းအားကောင်းသည်။
ဤသည်မှာ သူတို့အသေအချာကြည့်မှ ချွင်းရှန်တျု့သတိပြုမိသွားမိခြင်းဖြစ်သည်။ မူလက ထိုလူနှစ်ယောက်အား သူတို့လုံးဝသတိမထားမိပေ။
ထိုနှစ်ယောက်မှာ တစ်ယောက်ချင်းစီကပင် သူတို့ထက်အားမနည်းကာ အနိမ့်ဆုံးသိုင်းဝိဇ္ဇာအဆင့်တစ်ဝက်များဖြစ်နိုင်သည်။
ထို့အပြင် ထိုလူများမှာ ဝမ်းတု၏အမိန့်ကိုနာခံရပုံပေါ်သည် ။ ယခုလိုအင်အားစုကိုစုစည်းထားနိုင်သည့်အတွက် ဝမ်းတု၏ဆရာကိုလည်း သူတို့၏စိတ်ထဲတွင်စိုးထိတ်လာမိသည်။
“ မင်းတို့က “
ချွင်းရှန်မှ တစ်စုံတစ်ခုပြောမည်ပြုလိုက်သည် ။ သို့သော် သူ့ဆီသို့ အဖြူရောင်အလင်းတစ်ချက်ဝင်ရောက်လာသောကြောင့်ချက်ခြင်းရှောင်တိမ်းလိုက်ရသည် ။
ဝမ်းတုမှ တိုက်ပွဲအားစတင်လိုက်သည့်နောက်တွင် အနက်ရောင်ဝတ်ရုံရှင်များမှာလည်း နောက်ကျမနေပေ ။ထိုနှစ်ယောက်မှာ ချွင်းထုံအား ဘယ်ညာညှပ်၍တိုက်ခိုက်နေရသည်။
ချွင်းရှန်မှာ ဝမ်းတုမှရုတ်တရက်တိုက်ခိုက်လာသောကြောင့် လျှင်မြန်စွာရှောင်တိမ်းလိုက်ပြီး သူ၏လက်ကိုဝေ့ယမ်းကာ တုံ့ပြန်တိုက်ခိုက်လိုက်သည် ။
“ ချွင်းး.. “
ချွင်းရှန်ရော ဝမ်းတုပါနောက်သို့ဆုတ်သွားရသည်။ သို့သော် ဤထိတ်တိုက်တွေ့ဆုံမှုမှတစ်ဆင့် ဝမ်းတု၏အတွင်းအားမှာ သူ့ထက်အနည်းငယ်နိမ့်ကြောင်းကို သူသိလိုက်ရသည် ။
ဝမ်းတုလည်း ထိတ်တိုက်တွေ့ဆုံမှုတွင် အခွင့်မသာသောကြောင့် ခေါင်းတစ်ချက်ယမ်းလိုက်သည် ။ ထို့နောက် သူ၏ခန္တာကိုယ်အားလျှင်မြန်စွာလှုပ်ယမ်း၍ ပုံစံပြောင်းကာတိုက်ခိုက်လိုက်သည်။
ယခုတစ်ကြိမ်တွင် ဝမ်းတုမှာ ကိုယ်ဖော့ပညာအားအစွမ်းကုန်အသုံးပြု၍ ချွင်းရှန်အားတိုက်ခိုက်နေခြင်းဖြစ်သည်။
မူလကပင် သူ၏ဓားကွက်များမှာ လွန်စွာလျှင်မြန်လေရာ တိုက်ခိုက်သည့်ပုံစံအားပြောင်းပြီးသည့်နောက်တွင် ပို၍မြန်ဆန်လာသည် ။
သို့သော် ချွင်းရှန်မှ နေရာပြောင်းရွေ့ခြင်းမရှိဘဲ သူ၏နေရာတွင် တောင်ကြီးတစ်လုံးကဲ့သို့ခိုင်မာစွာရပ်နေကာခုခံနေသည်။ ဝမ်းတု၏တိုက်ခိုက်မှုများမှာ သူ့အားအနည်းငယ်အခက်ကြုံစေသော်လည်း ကောင်းစွာခုခံနိုင်သည် ။
ဆန့်ကျင်ဘက်အနေဖြင့် ဝမ်းတုမှာ သူ့ထက်အားနည်းကာ သူတို့နှစ်ဦးသာတစ်ယောက်ချင်းစီတိုက်ခိုက်ရပါက ဝမ်းတုအားအနိုင်ယူနိုင်ရန်ယုံကြည်ချက်ရှိသည် ။
သို့သော် အားကောင်းလှသည့်ဝတ်ရုံနက်နှစ်ယောက်ကို သတိထားနေရသောကြောင့် ချွင်းရှန်မှာ စိတ်လွတ်ကိုယ်လွတ်မတိုက်နိုင်ဘဲ ထိမ်းချုပ်နေရသည် ။
ထို့ကြောင့် သူတို့၏တိုက်ပွဲမှာ လက်ရည်ညီနေသည်ဟုဆိုရမည်။
တစ်ဖက်တွင် ချွင်းထုံမှာ လွန်စွာအရေးနိမ့်နေသည် ။ သူ၏ပြိုင်ဘက်ဝတ်ရုံနက်နှစ်ယောက်မှာ တစ်ယောက်ချင်းစီကပင်သူ့နှင့်သိုင်းပညာများစွာကွာဟမှူမရှိပေ ။
ယခု နှစ်ယောက်ပေါင်း၍တိုက်ခိုက်လာသည့်အတွက် ချွင်းထုံမှာ တိုက်ပွဲစတင်ထဲကအောက်စည်းသို့ရောက်နေကာ ဆက်တိုက်ခုခံနေရသည်။
သူ့အတွက်တစ်ခုသက်သာသည်မှာ သူ၏ပြိုင်ဘက်နှစ်ယောက်မှာ အစွမ်းကုန်တိုက်ခိုက်ခြင်းမရှိကြပေ။
ချွင်းထုံမှာ ထိုလူများမှ သူတို့နှစ်ယောက်အား အရှင်ဖမ်းလိုသည်ဟု ခံစားမိနေသည် ။ထိုလူများ၏တိုက်ကွက်များမှာ သူတို့၏အသက်အားနှုတ်ယူလိုသည့်ရည်ရွယ်ချင်မရှိသည့်အတွက် သူပို၍အချိန်ကြာကြာတိုက်ခိုက်နေနိုင်ခြင်းဖြစ်သည် ။
သို့သော် သူ၏အတွင်းအားများသည်ကား အကန့်အသက်ရှိသည် ။အကယ်၍ အချိန်ပို၍ကြာလျှင် ပို၍အရေးနိမ့်မည်ဖြစ်သည် ။
ယခုပင် သူ၏အတွင်းအားများပို၍လျော့နည်းလာရသည် ။ထိုလူများမှာလည်း သူတို့အား ခြေကုန်လက်ပန်းကျပြီးမှ စောင့်ဖမ်းရန်ကြံစည်နေခြင်းဖြစ်နိုင်သည်။
“ ချွင်းရှန် မင်းပြေးတော့ သူတို့ရဲ့လက်ကလွတ်အောင်ပြေး “
ဝမ်းတုနှင့်တိုက်ခိုက်နေသည့် သူ၏ညီအားအော်ဟစ်လိုက်သည် ။။ချွင်းရှန်မှာ သူ့အစ်ကို၏အော်သံကြောင့် ထိုဘက်သို့စောင်းကြည့်လိုက်မိသည် ။
သို့သော် ပြင်းထန်သည့်အန္တရာယ်အငွေ့အသက်ကြောင့် ဘေးဘက်သို့လျှင်မြန်စွာရှောင်တိမ်းလိုက်သည်။
“ ရွှပ် “
ချွင်းရှန်၏လက်မောင်းမှ သွေးများဖြာထွက်လာသည် ။အကယ်၍ သူ၏ရှောင်တိမ်းမှုသာ အနည်းငယ်နောက်ကျသွားပါက ဝမ်းတု၏ဓားမှာ သူ၏လက်မောင်းအတွင်းပို၍နက်နက်ဝင်သွားနိုင်သည် ။
“ ဟား..ဟား... မင်းကငါနဲ့တိုက်နေရင်းတောင်အာရုံထွေပြားရဲသေးတာပဲ “
ဝမ်းတု၏လှောင်ပြောင်သံထွက်ပေါ်လာသည်။
ချွင်းရှန်လည်း အနည်းငယ်ဒေါသထွက်သွားကာ ဝမ်းတုထံသို့ ခုန်ဝင်သွားလိုက်သည်။
“ ပုံရိပ်ယောင်သိမ်းငှက် “
ဝမ်းတု၏ဘေးပတ်ဝန်းကျင်တစ်ခုလုံး လက်သည်းရိပ်များဖြင့်ပြည့်နှက်သွားကာ ဓားအလင်းများကိုလည်း တစ်ချက်တစ်ချက်တွေ့နေရသည် ။
ဝမ်းတု၏ခန္တာကိုယ်ပေါ်တွင် ဒဏ်ရာအနည်းငယ်ပေါ်လာသည် ။ သို့သော် ထိုဒဏ်ရာများမှာ များစွာမကြီးမားလှဘဲ အသေးစားဒဏ်ရာများဖြစ်ကြသည်။
ထို့နောက်တွင် ဝမ်းတုအားချွင်းရှန်မှ ဆက်တိုက်ဖိနိပ်လာသည် ။။သို့သော် ဝမ်းတုအားအနိုင်ယူရန်မှာ မူထင်းသလောက်လွယ်ကူခြင်းမရှိပေ။
အနက်ရောင်ဝတ်ရုံရှင်များနှင့်ရင်ဆိုင်နေရသည့်ချွင်းထုံမှာ အကြပ်အကျဉ်းထဲသို့ကျရောက်နေသည်။ သူ၏လက်မောင်းတစ်ဖက်မှာ အနက်ရောင်ဝတ်ရုံနှင့်လူတစ်ယောက်၏တိုက်ခိုက်မှုကြောင့် ဘေးဘက်သို့ကျနေသည်။
အနက်ရောင်ဝတ်ရုံရှင်များမှာ ယခုအချိန်အထိထူးဆန်းနေသည် ။ ထိုလူများမှာ လက်သီးသိုင်းနှင့်လက်ဝါးသိုင်းတို့ကိုအသုံးပြုကာတိုက်ခိုက်နေခြင်းဖြစ်သည်။
သူတို့အသုံးပြုသည့်သိုင်းများ၏ဇာတ်မြစ်ကိုဖုံးကွယ်ထားကာ သတိထားတိုက်ခိုက်နေကြသည် ။ ထို့ကြောင့် ထိုလူများမှာ အစွမ်ကုန်ထုတ်မသုံးနိုင်ခြင်းဖြစ်သည် ။
ချွင်းထုံမှာ သူသေကိုယ်သေတိုက်ကွက်များအားအသုံးပြုနေသည့်တိုင် ယခုအချိန်အထိ သူ့ပြိုင်ဘက်နှစ်ယောက်အား ဒဏ်ရာတစ်စုံတစ်ခုရရှိအောင်မစွမ်းဆောင်နိုင်ပေ။
အနက်ရောင်ဝတ်ရုံနှင့်လူများ၏တိုက်ကွက်များမှာ ဝင်ရောက်လာပြန်သည်။
“ အမဲလိုက်သိမ်းငှက် “
ချွင်းထုံမှာ သူ၏အထက်မြက်ဆုံးသိုင်းကွက်အားထုတ်သုံးလိုက်သည်။ သူ၏လက်သည်းရိပ်များမှာ ပို၍မြန်ဆန်လာကာ အနက်ရောင်ဝတ်ရုံနှင့်လူများ၏လက်များဆီသို့ဦးတည်သွားသည်။
ချွင်းထုံမှာ ထိုလူများ၏တိုက်ကွက်များကိုရှောင််တိမ်းခြင်းမရှိပေ ။
ထိုလူများမှာ ခန္တာကိုယ်အားလျှင်မြန်စွာလှုပ်ရှားကာ ရှောင်တိမ်းလိုက်သော်လည်း လူတစ်ယောက်၏လက်မှာ ချွင်းထုံ၏လက်အတွင်းသို့ကျရောက်သွားသည် ။
“ ဂျွတ် “
ထိုလူမှ ရှောင်တိမ်း၍မလွတ်မှန်းသိ၍ အတွင်းအားထုတ်ကာတုံ့ပြန်လိုက်သော်လည်း အနည်းငယ်နောက်ကျသွားသည်။
သူ၏ညာလက်မှာ ချွင်းထုံ၏လက်ထဲသို့ကျရောက်သွားကာ ချက်ခြင်းပင် လက်ကောက်ဝတ်တစ်ခုလုံးအရိုးများကျိူးကြေသွားကာ နောက်ထပ်လှုပ်ရှားနိုင်ခြင်းမရှိတော့ပေ။
ချွင်းထုံသည်လည်း မသက်သာလှပေ ။ ကျန်ရှိနေသည့်လူ၏လက်ဝါးရိပ်များသည်လည်း ချွင်းထုံ၏ခန္တာကိုယ်ပေါ်သို့ကျရောက်သွားသည်။
“ ဘုန်း “
ချွင်းထုံ၏ခန္တာကိုယ်မှာ နောက်သို့လွင့်ထွက်သွားသည် ။
သူ၏ခန္တာကိုယ်အတွင်းရှိ သွေးကြောများပေါက်ထွက်မတတ်ခံစားလိုက်ရကာ သွေးများအန်ထုန်လိုက်ရသာ် ။ ထို့နောက် ချွင်းထုံမှာ ပို၍အားနည်းသွားသည် ။
ဝတ်ရုံနက်နှစ်ယောက်မှာလည်းဆက်၍မတိုက်ကြသေးပေ။ ချွင်းထုံအားတိုက်ခိုက်လိုက်သူမှ သူ၏အဖော်အားကြည့်လိုက်သည်။
ထိုလူမှဦးခေါင်းအားခါယမ်းပြလိုက်သည် ။ ချွင်းထုံ၏လက်ချက်ကြောင့် သူ၏လက်ကောက်ဝတ်တစ်ခုလုံး အရိုးများကျိုးကြေကုန်ကာ ဆက်လက်တိုက်ခိုက်နိုင်မည်မဟုတ်ပေ ။
ချွင်းထုံ၏သိုင်းကွက်မှာ ကြောက်မက်ဖွယ်ကောင်းလှသည် ။ ဤသည်မှာ ချွင်းထုံလက်တစ်ဖက်ဒဖစ်ရာရထား၍ သူတို့အတွက် အနည်းငယ်သက်သာခြင်းဖြစ်သည်။
အမှန်မှာ ချွင်းထုံနှင့်သူသေကိုယ်သေတိုက်ခိုက်ပါက ချွင်းထုံမှာာအစောပိုင်းထဲကသေဆုံးပြီးဖြစ်ပေမည် ။ သို့သော် သူတို့အား ခိုင်းစေသူမှာ ယခုလိုမဖြစ်စေချင်ပေ။
“ သွေးကြောဖျက်ဆီးလက်ဝါး ခင်ဗျားက သွေးလက်ဝါးဂိုဏ်းချုပ်ပဲ “
ချွင်းထုံမှ အနည်းငယ်အံ့ဩသည့်လေသံဖြင့်ရေရွတ်လိုက်သည်။ သူ၏စကားကြောင့် တစ်ဖက်လူမှာ အနည်းငယ်တုန်လှုပ်သွားသည် ။
သွေးလက်ဝါးဂိုဏ်းမှာ အနက်ရောင်သိုင်းလောကမှ ထင်ရှားသည့် ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်းဖြစ်သည် ။သူတို့၏ဂိုဏ်းချုပ်မှာ ယခုလိုဆန်းကြယ်သည့်အဖွဲ့အစည်းတွင်ပါဝင်နေသည်။
ချွင်းထုံ၏စိတ်ထဲတွင် စိုးရိမ်စိတ်များပို၍ပြည့်နှက်လာမိသည်။ ကြီးမားသည့်အန္တရာယ်အငွေ့အသက်ကိုလည်း ခံစားမိနေသည်။
တစ်ဖက်တွင် ချွင်းရှန်နှင့်ဝမ်းတုမှာ တိုက်ခိုက်နေခြင်းအားရပ်နားလိုက်ပြီဖြစ်သည် ။သူတို့နှစ်ယောက်မှာ လက်ရည်တူနေကာ နှစ်ဦးလုံး အသေးစားဒဏ်ရာများ ရရှိထားကြသည်။
ရုတ်တရက် ချွင်းထုံမှ ချွင်းရှန်အနားသို့ကပ်သည် ။ ဝမ်တုနှင့် ဝတ်ရုံနက်နှစ်ယောက်တို့မှာ တိတ်ဆိတ်စွာရပ်လျက်စောင့်ကြည့်နေကြသည် ။
သူတို့မှာ အလျှင်လိုခြင်းမရှိပေ။ အရှေ့ပိုင်းသိမ်းငှက်ညီနောင်မှာ သူတို့ခြံထဲမှကြက်ဖြစ်နေကာ ဘယ်အချိန်ရိုက်သတ်သတ်ရပေသည်။
လက်ရှိချွင်းရှန်မှာ အတွင်းအားများစွာမကျန်တော့သလို ချွင်းထုံသည်လည်း ဒဏ်ရာပြင်းထန်စွာရထားသည် ။
“ ချွင်းရှန်မင်းပြေးတော့ နှစ်ယောက်စလုံး သေကုန်လိမ့်မယ် မင်းလွတ်အောင်ပြေး “
ချွင်းထုံမှ တီးတိုးပြောလိုက်သည် ။ ထို့နောက် ချွင်းရှန်၏ခန္တာကိုယ်အားလက်ဝါးဖြင့်ရိုက်ထုတ်လိုက်သည်။
“ အစ်ကိုကြီးခင်ဗျား “
ချွင်းရှန်မှာ နောက်သို့လွင့်သွားကာ အံ့အားသင့်သွားသည် ။ ချွင်းထုံ၏လက်ဝါးမှာ သူ့အားဒဏ်ရာမရစေဘဲ အဝေးသို့ရောက်ရန်သာဖြစ်သည်။