← Chapters

ဓားပျံချောင်းယွမ်

Vol. 2 Ch. 109

ဓားပျံချောင်းယွမ်

Vol. 2 Ch. 109

ဆိုင်ထဲတွင် သွေးယက္ခတို့လူစုနှင့် ဆိုင်နောက်မှ ထွက်လာသူ ၊ ကုချင်းတီးခက်သည့်မိန်းကလေးနို့သာကျန်တော့သည်

သို့‌သော် သူတို့အပြင် ဆိုင်ထောင်မှ ခမောက်နှင့်လူပါရှိနေသေးသည်။ ထိုလူမှာကား ပတ်ဝနကျင်ကိုသတိမပြုမိသည့်အလားအေးဆေးစွာထိုင်လျက်ရှိသည်။

သွေးယက္ခမှာ ဆိုင်အတွင်းသို့တစ်ချက်ဝေ့ကြည့်လိုက်ပြီး သူ၏မျက်နှာထက်တွင် အလိုမကျသည့်ပုံပေါ်လာသည် ။

သူတို့လူစုရောက်ရှိလာပြီးသည့်နောက်တွက်ပင် ခမောက်နှင့်လူမှာ အတင့်ရဲ၍ထိုင်နေသေးသည်။

သို့သော် သူလည်း သေမင်းနက်၏နာမည်ကိုကောင်းစွာကြားဖူးသောကြောင့် ထိုကိစ္စအားနောက်မှဆုံးဖြတ်ရန်စိတ်ကူးလိုက်သည်။

လက်ရှိအရေးကြီးသည်ဆိုင်နောက်မှထွက်လာသည့်လူဖြစ်သည်။

ဆိုင်နောက်မှထွက်လာသူ၏မျက်နှာထက်တွင် ကြောက်ရွံ့သည့်အရိပ်အယောင်မရှိပေ ။ထိုအစား သွေးယက္ခအား စူးရှသည့်မျက်လုံးများဖြင့် တင်းမာစွာကြည့်လိုက်သည်။

“ မင်းကသိပ်ပြီး သတ္တိကောင်းလာပါလား အရင်တစ်ခေါက်က အရေးနိမ့်ခဲ့တာကို မမှတ်မိသေးဘူးနဲ့တူတယ် “

သူ၏စကားကြောင့် သွေးယက္ခ၏ခတ်ထန်သည့်မျက်နှာထက်တွင် ဆိုးရွားသည့်အမူအယာပေါ်လာသည်။

ထိုလူ၏စကားများမှာ အမှန်ဖြစ်ပုံရသည် ။သွေးယက္ခမှာ ဆိုင်နောက်မှထွက်လာသူအား ရှုံးနိမ့်ထားပုံရသည်။

သို့သော် သွေးယက္ခမှ သူ၏မျက်နှာထားအားပြန်တင်းလိုက်ကု ခက်ထန်သည့်လေသံဖြင့်ပြောလိုက်သည် ။

“ ဝံပုလွေ မင်းကိုယ်မင်းသိပ်အထင်မကြီးနဲ့ အရင်တစ်ခေါက်ကရှုံးတော့လဲဘာဖြစ်လဲ အခုမင်းသေချာပေါက်သေစေရမယ် “

သွေးယက္ခ၏စကားကို ဝံပုလွေမှ ခွက်ထိုးခွက်လန်ရယ်လိုက်သည်။ ယခင်ကသူတို့တိုက်ခိုက်ဖူးသော်လည်း သွေးယက္ခမှ အပြက်အသက်ရှုံးနိမ့်သွားရသည်။

ယခုနှစ်များအတွင်း သွေးယက္ခ၏သိုင်းပညာတိုးတက်လာသလို သူ၏သိုင်းပညာသည်လည်း တိုးတက်လာပေသည်။

ထိုလူမှ တစ်စုံတစ်ရာပြောဆိုခြင်းမရှိပေ ။ ထိုအစား လက်ခုပ်သုံးချက်တီးလိုက်ရာ ဆိုင်နောက်မှ အဖြူရောင်ဝတ်စုံနှင့်လူနှစ်ဆယ်ကျော်ထွက်လာသည်။

ထိုလူများမှာ သွေးယက္ခ၏လူများကို ကောင်းစွာယှဉ်နိုင်စွမ်းရှိသည် ။ထို့နောက် သူတို့လူစုမှာ စတင်တိုက်ခိုက်ကြတော့သည်။

ဆိုင်ထဲတွင် အော်ဟစ်မာန်သွင်းသံများ ၊ ခုတ်ထစ်သံများဆူညံသွားသည် ။ ခမောက်နှင့်သေမင်းနက်ဆိုသည့်လူမှာမူပြပွဲတစ်ခုကြည့်နေရာသည့်အလား သူ၏ရှေ့တွင်ပြင်းထန်စွာတိုက်ခိုက်နေသူများအား စောင့်ကြည့်နေသည်။

သူ၏ပုံစံမှာ ပွဲကြည့်ပရိတ်သတ်တစ်ဦးကဲ့သို့ဖြစ်ကာ မည်သည့်ဘက်ကမှဝင်ပါမည့်ပုံမရှိပေ ။

တစ်ချက်တစ်ချက် သူ၏မျက်လုံးများ၏ စားသောက်ဆိုင်၏နောက်ဘက်သို့အကြည့်ရောက်သွားတတ်သည်။

စားသောက်ဆိုင်၏နောက်ဘက်တွင် ကန်လန့်ကာနောက်မှမိန်းကလေးမှာ ဆိုင်လုလင်များကဲ့သို့ ဝရုန်းသုံကား ထွက်ပြေးခြင်းမရှိပေ ။

တည်ငြိမ်သည့်ဟန်အမူအယာဖြင့် ငြိမ်သက်စွာထိုင်လျက်ရှိသည်။ သူမ၏ပုံစံမှာ ပြင်ပရှိပြင်းထန်သည့်တိုက်ပွဲက သူမအားတစ်စုံတစ်ရာသက်ရောက်ပုံမရပေ ။

ဆိုင်ထဲတွင်မူ အဖြူရောင်ဝတ်စုံနှင့်အနီရောင်ဝတ်စုံများမှာ ပြင်းထန်စွာတိုက်ခိုက်လျက်ရှိသေးသည် ။

သို့သော် အနီရောင်ဝတ်စုံနှင့်သွေးယက္ခ၏လူများမှာ အင်အားကွာခြား၍ အရေးနိမ့်လျက်ရှိသည် ။

သူကိုယ်တိုင်လည်း ခန္တာကိုယ်ထက်တွင်ဒဏ်ရာနှစ်ခုသုံးခုရထားကာ ဝံပုလွေ၏တိုက်ခိုက်မှုများကို အသေအလဲရှောင်တိမ်းနေရသည် ။

ဝံပုလွေဆိုသည့်လူမှာ ယခုတစ်ကြိမ်တွင်သွေးယက္ခအားအလွတ်ပေးတော့မည်ပုံမပြပေ။ တိုက်ပွဲစတင်သည့်အချိန်မှစ၍ ပြင်းထန်သည့်တိုက်ကွင်များဖြင့်တိုက်ခိုက်လျက်ရှိသည်။

“ လူမမာ မင်းကဘယ်အချိန်အထိ နေဦးမယ်စိတ်ကူးတာလဲ “

သွေးယက္ခမှတိုက်ခိုက်နေရင်းကျယ်လောင်စွာအော်ဟစ်လိုင်သည်။ သူ၏လေသံအရ အကူအညီအား ခေါ်နေသည့်ပုံရသည်။

သူ၏စကားကြောင့် ဝံပုလွေမှာ ထူး၍အံ့ဩပုံမရပေ။ တည်ငြိမ်နေသည့်မျက်နှာဖြင့်ရှိနေပြီး တိုက်ခိုက်နေရင်းမှအော်ဟစ်လိုက်သည် ။

“ လူမမာသိုင်းသမား မင်းထွက်လာခဲ့တော့မင်းတို့နှစ်ယောက်လုံးကိုငါအနိုင်ယူပြမယ် “

သူ့စကားနှင့်မရှေးမနှောင်းပင် ပြတင်းပေါက်ဆီမှ အဖြူရောငိအရိပ်တစ်ရိပ်လွင့်လာကာ ဝံပုလွေထံသို့ ပြင်းထန်သည့်လက်ဝါးတစ်ချက်တိုးဝင်သွားသည်။

ဝံပုလွေမှာ သွေးယက္ခအား နောက်ဘက်သို့ရောက်အောင်ဖိအားပေးလိုက်ပြီး ဂျွမ်းတစ်ပတ်ပစ်ကာရှောင်တိမ်းလိုက်သည် ။

အခန်းတွင်းသို့ရောက်လာသူမှာ အသက်သုံးဆယ်ကျော်အရွယ်ရှိကယ ပိန်လှီလှသည့်လူဖြစ်သည် ။ထိုလူမှာ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ အချိန်မရွေးလဲကျတော့မည်ပုံဖြစ်နေသည်။

သို့သော် သူ့အကြောင်းအားကောင်းစွာသိကြသူများမှာ ထိုလူအား အလွယ်တကူရန်မစရဲပေ ။ထိုလူမှာ မြောက်ပိုင်းတောင်တန်းများဆီမှ ကျော်ကြားသည့် လူမမာသိုင်းသမားဖြစ်သည်။

“ မင်းတို့နှစ်ယောက်တောင်ရောက်လာတာဆိုတော့ ဒီတစ်ခေါက်ကြာပန်းနီအဖွဲ့က လူအတော်လေးသုံးထားတာပဲ ဒါပေမယ့် မင်းတို့နှစ်ယောက်ထဲနဲ့ငါ့ကိုအနိုင်မယူနိုင်ဘူးနော် “ လူအတော်လေးသုံးထားတာပဲ ဒါပေမယ့် မင်းတို့နှစ်ယောက်ထဲနဲ့ငါ့ကိုအနိုင်မယူနိုင်ဘူးနော် “

‌ဝံပုလွေမှ အလေးမထားသည့်အမူအယာဖြင့်ရယ်မော၍ပြောလိုက်သည် ။ သို့သော် ချက်ခြင်းလိုလိုပင် သူ၏မျက်နှာပျက်ယွင်းသွား၍ နောက်သို့အလျှင်အမြန်ဆုတ်လိုက်သည် ။

“ ဒေါက် ဒေါက် “

သူရပ်နေခဲ့သည့်နေရာသို့ ဓားပတံနှစ်လက်စိုက်ဝင်သွားသည် ။ဓားပျံမှာ ဆိုင်ကြမ်းပြင်ထဲသို့ တစ်ဝက်ကျော်စိုက်ဝင်နေကာ ဓားရိုးနှစ်ခုမှာ တုန်ခါနေသည် ။

“ ဓားပျံချောင်းယွမ် “

ဝံပုလွေမှ မျက်စိမျက်နှာပျက်ကာရေရွတ်လိုက်သည်။

ထိုဓားပျံများ၏ပိုင်ရှင်မှာ သိုင်းလောကထဲတွင်ပင်ကျော်ကြားသည့်အဆင့်လွန်သိုင်းသမားတစ်ဦးဖြစ်သည့် ဓားပျံချောင်းယွမ်ဖြစ်သည်။

ချောင်းယွမ်မှာ ကြေးစားအလုပ်ဖြင့်အသက်မွေးကာ လေးနှစ်အတွင်း အဆင့်လွန်သိုင်းသမားဆယ်ယောက်ကျော်နှင့် ထိပ်တန်းအဆင့်အယောက်လေးဆယ်ကျော်တို့အား အောင်မြင်စွာသတ်ဖြတ်ထားသည် ။

ထို့ကြောင့် ချောင်းယွမ်တစ်ယောက်တည်းကိုပင် သူခက်ခက်ခဲခဲရင်ဆိုင်ရမည်ဖြစ်သည် ။ယခုလို သုံးယောက်တစ်ယောက်တိုက်ပွဲဆိုလျှင် သူ၏အသက်သေဆုံးမည်မှာ ဗေဒင်မေးစရာပင်မလိုပေ။

ဆိုင်ထဲတွင်သွေးယက္ခ၏လူများမှာ လေးငါးယောက်ခန့်သာကျန်တော့သည် ။သို့သော် အဖြူရောင်ဝတ်စုံနှင့်လူများကား နှစ်ဆယ်နီးနီးကျန်သေးသည် ။

သို့သော် အလင်းရောင်များလွင့်လာပြီး အဖြူရောင်ဝတ်စုံနှင့်လူခြောက်ယောက်မှာ လဲကျသွားကြသည်။

သူတို့၏ခန္တာကိုယ်ထက်တွင် ဓားပျံတစ်လက်စီစိုက်ဝင်နေကြသည်။ ထိုဓားပျံများမှာ သံသယဖြစ်ဖွယ်မရှိအောင်ပင် ချောင်းယွမ်ထံမှဖြစ်သည် ။

သို့သော် ယခုအချိန်အထိ ချောင်းယွမ်၏အရိပ်အယောင်ကိုပင် မမြင်ရသေးပေ ။

ဝံပုလွေလည်း ပြက်သားစွာဆုံးဖြတ်လိုက်ပြီး ပွင့်နေသည့်တံခါးမှတစ်ဆင့်လျှင်မြန်စွာပြေးထွက်သွားသည် ။

သူ၏လူများ၏သေခြင်းရှင်ခြင်းကိုမူ လုံးဝဂရုစိုက်ခြင်းမရှိတော့ပေ ။ယခုမသွားလျှင် သူမည်သည့်အချိန်မှ သွား၍ရတော့မည်မဟုတ်မှန်းကို သူသိနေသည်။

ဝံပုလွေပျောက်ကွယ်သွားပြီးနောက် ဆိုင်အတွင်းမှ သူ၏အဖွဲ့သားများမှာ လျှင်မြန်စွာရှင်းပစ်ခြင်းခံလိုက်ရသည် ။

သွေးယက္ခနှင့်လူမမာသိုင်းသမားတို့မှာ ဝံပုလွေ၏နောက်သို့လိုက်ရန်ပြင်လိုက်သော်လည်း လက်လျော့လိုက်ကြသည် ။

ဝံပုလွေမှာ သူတို့အားထိတ်လန့်၍ ထွက်ပြေးသွားခြင်းမဟုတ်ပေ ။ဓားပျံချောင်းယွမ်အားစိုးထိတ်၍ကိုယ်လွတ်ရုန်းသွားခြင်းသာဖြစ်သည် ။

သူတို့နှစ်ဦးလိုက်သွားပါကလည်း ဝံပုလွေအားမိမည်ဟု အာမမခံနိုင်ပေ ။မည်သို့ပင်ဖြစ်စေ သူတို့၏ရည်ရွယ်ချက်မှာ အောင်မြင်နေပြီဖြစ်၍ အေးအေးဆေးဆေးဖြစ်သွားချေပြီ ။

“ ရှပ် ရှပ် “

ဖြေးညင်းစွာလျှောက်လာသည့် ခြေသံနှင့်အတူ စားသောင်ဆိုင်ထဲသို့ လူရိပ်တစ်ရိပ်ရောက်လာသည် ။

ထိုလူရိပ်မှာ အသက်လေးဆယ်ကျော်ခန့်လူတစ်ယောက်ဖြစ်ကာ ကျဉ်းမြောင်းသည့်မျက်လုံးများနှင့် ပိန်ပိန်ပါးပါးခန္တာကိုယ်ရှိသည် ။

သူ၏နှုတ်ခမ်းများက ဆိုးညစ်သည့်ဟန်ဖြင့်တွန့်ကွေးနေကြသည် ။ ထိုလူ၏မျက်နှာအား အကဲခပ်ရုံနှင့်ပင် ကောက်ကျစ်ရာရက်စက်မည့်သူဖြစ်မှန်းပြောနိုင်လေသည်။

သွေးယက္ခနှင့် ရောဂါသည်သိုင်းသမားတို့မှာ ထိုလူအားမြင်သည်နှင့် သတိအနေအထားဖြစ်သွားကြသည်။ ထိုလူမှာ မည်မျှအန္တာရာယ်ကြီးကြောင်း သူတို့ကောင်းစွာသိသည် ။

သို့မဟုတ်ပါက ဓားပျံချောင်းယွမ်ဟူသည့်နာမည်မှာ သိုင်းလောကတွင် ကျော်ကြားနေမည်မဟုတ်ပေ ။

ချောင်းယွမ်မှာ အေးအေးဆေးဆေးလျှောက်လာကာ ထိုင်ခုံတစ်လုံးတွင်ဝင်ထိုင်လိုက်သည် ။ထို့နောက် သူ၏လက်ထဲတွင် ဓားပျံနှစ်လက်အားဆော့ကစားနေရင်းမှ သူ့မျက်လုံးများက တစ်နေရာသို့ အကြည့်ရောက်သွားသည် ။

“ ဝှစ် “

ချောင်းယွမ်၏လက်ထဲမှ ဓားပျံနှစ်လက်မှာ လျှင်မြန်စွာပြေးထွက်သွားပြီး ဆိုင်အနောက်ဘက်နံရံတွက်စိုက်ဝင်သွားသည်။

ဓားပျံနှစ်လက်၏ပိုင်းဖြတ်မှုကြောင့် ကန်လန့်ကာမှာ ဖြေးညင်းစွာကျဆင်းလာကာ အနောက်မှ မိန်းကလေး၏ရုပ်သွင်ထွက်ပေါ်လာသည်။

သူမ၏လက်နှစ်ဖက်မှာ ကုချင်းကြိုးပေါ်တွင်တင်ထားကာ တီးခက်နေရာမှ ရုတ်တရက်ရပ်တန့်လိုက်ခြင်းဖြစ်နိုင်သည် ။

သူမ၏မျက်နှာကို အ‌နက်ရောင်ပဝါပါးတစ်ထည်ဖြင့်ဖုံးကွယ်ထားသော်လည်း လှပသည့်မျက်နှာကို ဝိုးတဝါးမြင်နိုင်သေးသည်။

အချိုးအဆင်ကျနသည့်ခန္တာကိုယ်ထက်တွင် အဖြူရောင်ဝတ်စုံနှင့်လွန်စွာပနံသင့်နေကာ သူမထိုင်နေပုံမှာလည်း လွန်စွာလှပလွန်းသည် ။

သွေးယက္ခနှင့် ရောဂါသည်သိုင်းသမားတို့မှယ ထိုမိန်းကလေးအား ယခင်ကမြင်ဖူးသည် ။သူမမှာ ကုချင်းတီခက်သည့်မိန်းကလေးပင်ဖြစ်သည်။

ချောင်းယွမ်၏အကြည့်များမှာ ထိုမိန်းကလေးအပေါ်သို့ စူးနစ်စွာကျရောက်နေသည် ။

မိန်းကလေးမှာ ယခုအချိန်အထိ တည်ငြိမ်နေမှန်း သူမသိပေ ။ သို့သော် ဤအချက်ကအရေးမကြီးပေ။

“ အဲဒီမိန်းကလေးကိုငါလိုချင်တယ် “

ချောင်းယွမ်၏အေးစက်သည့်လေသံထွက်ပေါ်လာသည် ။

All Chapters