← Chapters

သိုင်းတစ်ကွက်အသက်တစ်သက်

Vol. 2 Ch. 110

သိုင်းတစ်ကွက်အသက်တစ်သက်

Vol. 2 Ch. 110

သွေးယက္ခနှင့် လူမမာသိုင်းသမားတို့မှာ ချောင်းယွမ်၏စကားကြောင့်မျက်မှောင်ကြုတ်သွားကြသည် ။

သူတို့ကြာပန်းနီအဖွဲ့အစည်းအနေဖြင့် ပုလဲအဖွဲ့အစည်းအားတိုက်ခိုက်ခြင်းမှာ ဤစားသောက်အတွက်ဖြစ်သလို ဤမိန်းကလေးသည်လည်း အရေးပါသည့်အခန်းကဏ္ဏမှပါဝင်သည်။

ထိုမိန်းကလေးရှိပါက ပုလဲစားသောက်ဆိုင်မှာ ပိုင်ရှင်ပြောင်းသွားသော်လည်း ယခင်ကကဲ့သို့ ဆက်၍ရောင်းကောင်းနေဦးမည်ဖြစ်သည် ။

ချောင်းယွမ်၏ဆိုလိုရင်းကိုလည်း သူတို့သိသည်။ ချောင်းယွမ်မှာ ထိုမိန်းကလေးအား လိုချင်တပ်မက်နေခြင်းဖြစ်သည် ။

ထုတ်ဖော်ပြောစရာမလိုအောင်ပင် ချောင်းယွမ်၏အသာငမ်းငမ်းမျက်လုံးများက သက်သေခံနေသည် ။

သို့သော် သူတို့အလွယ်တကူဖြင့်မပေးနိုင်ပေ ။

“ အဲဒီမိန်းကလေးက ငါတို့အဖွဲ့အစည်းရဲ့ပိုင်ဆိုင်မှုဖြစ်သွားပြီ ဒါကြောင့် “

‌သွေးယက္ခ၏စကားမဆုံးမီ ချောင်းယွမ်မှ တင်းမာသည့် မျက်နှာဖြင့်လက်ကာပြလိုက်သည် ။

“ ငါအဲဒီမိန်းကလေးအတွက် ငွေတုံးနှစ်ဆယ်ပေးမယ် “

သူ၏စကားကြောင့် သွေးယက္ခမှာ သူဆက်ပြောမည့်စကားများအား မြိုချလိုက်ရသည်။ ထို့နောက် ဘေးနားရှိလူမမာသိုင်းသမားအား တစ်ချက်ကြည့်ကာ သဘောတူလိုက်သည် ။

သူတို့၏အပြုအမူများမှာ ကုန်ပစ္စည်းတစ်ခုအား ရောင်းဝယ်နေခြင်းနှင့်ပင်တူလှသည်။ မိန်းကလေးအား သက်မဲ့ပစ္စည်းကဲ့သို့ သဘေ ထားကြောင်းသိသာလှသည်။

ယခုအချိန်အထိ မိန်းကလေးမှာ မလှုပ်မယှက်ရှိနေသေးသည် ။

“ ခဏစောင့်နေဦး ငါမင်းတို့ကိုပေးမယ် “

ချောင်းယွမ်မှ သွေးယက္ခတို့အား ပြောကာ ထောင့်နားရှိစားပွဲသို့လျှောက်သွားလိုက်သည် ။သူ၏ဦးတည်ရာမှာ ဆိုင်ထောင့်မှာ သေမင်းနက်ဆီသို့ဖြစ်သည်။

သွေးယက္ခနှင့် လူမမာသိုင်းသမားတို့မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြကာ စကားတစ်ခွန်းမှမဆိုကြပေ ။

ချောင်းယွမ်မှာ လောင်းကစားမြို့တော်သို့တစ်ခါတစ်ရံမှလာသူဖြစ်၍ သေမင်းနက်၏အကြောင်းကို မသိသည်မှာ သဘာဝကျသည် ။

တစ်ဖက်တွင်လည်း သေမင်းနက်မှာ ကြောက်မက်ဖွယ်ကောင်းသည့်သိုင်းသမားဖြစ်သောကြောင့် သူတို့အနေဖြင့် မလိုအပ်ဘဲရန်မစလိုပေ။ ထို့ကြောင့် ကြားနေရန်သာဆုံးဖြန်လိုက်သည် ။

ထို့အပြင် နာမည်ကျော်ကြေးစားဓားပျံချောင်းယွမ်နှင့် ‌လောင်းကစားမြို့မှ လျှို့ဝှက်ဆန်းကြယ်သည့်သေမင်းနက်တို့မည်သူကပို၍‌အားကောင်းသည်ကို သူတို့သိလိုလှသည်။

“ မင်းက တိုက်ပွဲတွေရဲ့ကြားမှာ‌ တောင်တည်တည်ငြိမ်ငြိမ်နေနိုင်တယ်ဆိုတော့ မင်းကသာမန်မဖြစ်နိုင်ဘူး ။

ဒဲါကြောင့်မင်းရဲ့ရှေ့ကငွေထုပ်ကိုထားခဲ့ရင် မင်းရဲ့အသက်ကိုချမ်းသာပေးမယ် “

ချောင်းယွမ်မှ ထိုလူ၏ရှေ့ခြေဆယ်လှမ်းအကွာတွင်ရပ်ကာပြောလိုက်သည် ။

ချောင်းယွမ်မှာ သူဆိုင်ထဲသို့ဝင်မလာမီကပင် ဆိုင်ထဲတွင်အားအကောင်းဆုံးလူမှာ တည်ငြိမ်စွာထိုင်နေသည့်လူဖြစ်ကြောင်းသူသိသည်။

သူ၏မသိစိတ်မှ ထိုလူမှာ အန္တရာယ်ကြီးမားလှသည့်လူတစ်ဦးဖြစ်ကြောင်းကို သိနေသည်။

သို့သော် ထိုလူ၏စားပွဲပေါ်မှငွေထုပ်အားမြင်လိုက်ရပြီး သူ၏စိတ်ကူးများပြောင်းလဲသွားသည်။ ထို့ကြောင့် ထိုလူထံမှလုယက်ရန်ကြံသည်လိုက်ခြင်းဖြစ်သည်။

ဤသည်မှာလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်သောကြောင့်ဖြစ်သည် ။အလယ်ပိုင်းသိုင်းလောကတွင်ပင် သူကြောက်ရမည့်လူနည်းပါးသည် ။

ထို့ကြောင့် မြောက်ပိုင်းတောင်တန်းနားမှလောင်းကစားမြို့တွင် သူမယှဉ်နိုင်သည့်လူမရှိဟုယုံကြည်သည် ။

ခြေဆယ်လှမ်းအကွာတွင်သူ၏ဓားပျံများအားရှောင်တိမ်းနိုင်သူမတွေ့ဖူးသေးပေ။ ထို့ကြောင့်လည်း ထိုလူ့ထဲမှ ယုံကြည်မှုရှိစွာဖြင့်လုယက်ရန်ကြံစည်လိုက်ခြင်းဖြစ်သည်။

ခမောင်နှင့်လူမှ ခေါင်းငိုက်စိုက်ကျနေရာမှ ချောင်းယွမ်အားမော့ကြည့်လိုက်သည် ။သူ၏မျက်နှာကိုမမြင်ရသော်လည စူးရှသည့်မျက်လုံးများကိုမူ ကောင်းစွာတွေ့မြင်နိုင်သည် ။

“ မင်းက ငါ့ဆီကလိုချင်တယ် “

ထိုလူထံမှ အေးစက်စက်အသံထွက်လာသည် ။ချောင်းယွမ်လည်း ခေါင်းတစ်ချက်ညိမ့်ပြလိုက်သည် ။

သူ၏လက်ထဲတွင် ဓားပျံနှစ်လက်ထွက်ပေါ်လာကာ ထိုဓားပျံများမှာ အချိန်မရွေးပျံသန်းကာ ထိုလူ၏ဦးခေါင်းအားဖြတ်တော့မည့်ပုံရှိသည် ။

ခမောက်နှင့်လူမှ သူ၏ခါးတွင်ရှိသည့်ဓားဆီသို့လက်လှမ်းလိုက်သည်။ ချောင်းယွမ်မှာ ထိုလူအား မည်သို့အခွင့်အရေးပေးမည်နည်း ။ သူ၏လက်နှစ်ဖက်အား လျင်မြန်စွာလှုပ်ရှားလိုက်သည်။

ချောင်းယွမ်၏ဓားပျံနှစ်လက်မှာ ခမောက်နှင့်လူဆီသို့အလင်းတန်းများကဲ့သို့တိုးဝင်သွားသလိုခမောက်နှင့်လူမှာလည်း ချောင်းယွမ်၏ခန္တာကိုယ်အနီးသို့ရိပ်ခနဲရောက်လာသည် ။

“ ထန် ထန် “

“ ဝှစ် “

အသံများဆက်တိုက်ထွက်ပေါ်လာကာ ချက်ခြင်းပင်ပြန်၍တိတ်ဆိတ်သွားသည်။

ခမောက်နှင့်လူမှာ ချောင်းယွမ်၏အနောက်ဘက်သို့ရောက်နေပြီဖြစ်ကာ သူ၏ခန္တာကိုယ်မှာ ရှေ့သို့ခြေတစ်လှမ်းတက်ကာ အရှိန်လွန်လာသည့်ပုံဖြစ်သည်။

သူ၏ဓားမှာ ခန္တာကိုယ်၏အရှေ့တွင်ခပ်စောင်းစောင်းပုံစံဖြင့်အောက်သို့အနည်းငယ်သိုက်နေသည် ။

ချောင်းယွမ်သည်လည်းငြိမ်သက်စွာရပ်နေကာ သူ၏လက်ထဲတွင်ဓားပျံနှစ်ချောင်းအားကိုင်ထားသည်။

ဤသို့ဆိုလျှင် သူယခင်ကပစ်ခဲ့သည့်ဓားပျံများမှာမည်သည့်နေရာသို့ရောက်ရှိသွားသနည်း ။

ဆိုင်ထဲရှိထိပ်တန်းအဆင့်သိုင်းသမားများပင် အဖြစ်အပျက်ကိုရှင်းလင်းစွာမမြင်လိုက်ရပေ ။

သွေးယက္ခနှင့် လူမမာသိုင်းသမားတို့ကား အဆင့်လွန်သိုင်းသမားများဖြစ်ကြ၍ မည်သည့်အရာများဖြစ်ပျက်နေသည်ကို ကောင်းစွာသိကြသည်။

ချောင်းယွမ်၏ဓားပျံနှစ်လက်မှာ ထိုလူ၏သေကွင်းသေကွက်နေရာများဆီသို့တိုးဝင်သွားသော်လည်း ထိုလူမှလျှင်မြန်စွာခုတ်ပိုင်း၍ ချောင်းယွမ်အနားသို့ကပ်လာနိုင်ခဲ့သည် ။

ထို့နောက်တွင် ချောင်းယွမ်၏နောက်ကျောဘက်သို့ရောက်ရှိသွားကာ ငြိမ်သက်သွားခြင်းဖြစ်သည်။

သွေးယက္ခနှင့် လူမမာသိုင်းသမားတို့မှာ သူတို့နှစ်‌ယောက်အားနားမလည်နိုင်စွာကြည့်နေကြသည်။

အသေအကြေတိုက်ခိုက်ရမည့်လူနှစ်ဦးမှာ သိုင်းတစ်ကွက်တိုက်ခိုက်ပြီးသည့်နှင့် သူတို့မဟုန်သလို ငြိမ်သက်သွားကြသည် ။

ချောင်းယွမ်၏ဓားပျံနှစ်လက်မှာမူ ခမောက်နှင့်လူ၏ရိုက်ထုတ်ခြင်းကိုခံလိုက်ရကာ ဆိုင်ထောင့်နားရှိကြမ်းပြင်တွင်စိုက်ဝင်နေကြသည်။

ချောင်းယွမ်၏လက်ထဲမှဓားပျံနှစ်လက်မှာမူ နောက်ထပ်ထုတ်ထားသည့်ဓားပျံများဖြစ်ကြသည် ။ သို့သော် ထိုဓားပျံများအား ချောင်းယွမ်မသုံးပေ ။

မသုံးလိုက်ရခြင်းဟုပြောလျှင်ပို၍မှန်ကန်သည်။ တခဏအတွင်းချောင်းယွမ်၏ဦးခေါင်းမှာ သူ၏ခန္တာကိုယ်မှခွဲခွာသွားကာာအောက်သို့လိမ့်သွားသည်။ ‌

ခေါင်းပြတ်ကြီးမှာ ကြမ်းပုင်ပေါ်တွင်လိမ့်ဆင်းသွားသလို ချောင်းယွမ်၏ခန္တာကိုယ်မှာလည်း လည်ပင်းနေရာမှသွေးများ ရေပန်းကဲ့သို့ပန်းထွက်ကာ ပုံလျက်သားလဲကျသွားသည်။

ခမောက်နှင့်လူမှာမူ သူ၏ဓားအားအောက်သို့တစ်ချက်ခါလိုက်သည်။ ထိုအခါသွေးစက်အချို့မှာ ဓားဆီမှအောက်ကြမ်းပြင်ထက်သို့ကျရောက်သွားသည် ။

ထို့နောက် ထိုလူမှ သူ၏ဓားအားပြန်သိမ်းကာ သွေးယက္ခနှင်ပ လူမမာသိုင်းသမားတို့ကို အေးစက်စွာကြည့်လိုက်သည်။

သွေးယက္ခနှင့် လူမမာသိုင်းသမားတို့မှာ ခြေဖျားလက်ဖျားများအေးစက်လာကာ သူတို့၏နောက်ကျောတွင် ချွေးများစိမ့်ထွက်လာကြသည်။

သိုင်းတစ်ကွက်

သိုင်းတစ်ကွက်ထဲဖြင့် ချောင်းယွမ်မှာ သုတ်သင်ခံလိုက်ရခြင်းဖြစ်သည် ။

ချောင်းယွမ်၏သိုင်းပညာမှာ သူတို့နှစ်ယောက်အား ကောင်းစွာတိုက်ခိုင်နိုင်သည် ။တစ်ယောက်ချင်းတိုလျှင် သူတို့ဆိုးရွားစွာရှုံးနိမ့်ရမည်ဖြစ်သည် ။

ယခု ချောင်းယွမ်အား သတ်ဖြတ်ရန်ထိုလူမှာ သိုင်းနစ်ကွက်ကိုသာအသုံးပြုခဲ့၍ သူတို့၏စိတ်ထဲတွင် လွန်စွာကြောင်လန့်သွားကြသည်။

ကံကောင်း၍အစောပိုင်းတွင် သူတို့ထိုလူအားရန်မစမိခဲ့ခြင်းဖြစ်သည်။ သို့မဟုတ်ပါက ပုလဲအဖွဲ့အစည်းမှလူများအား မတိုက်ခိုက်မီ သူတို့အရင်ဆုံးသေဆုံးသွားနိုင်သည်။

ယခုလည်း သူတို့အနေဖြင့်လွန်စွာတုန်လှုပ်နေပြီဖြစ်သည်။ ထိုလူမှာ ယခုအချိန်အထိသူတို့အား ကြည့်နေဆဲပင် ။

“ ဒီက မိတ်ဆွေကျုပ်တို့ရဲ့ကိစ္စပြီးသွားပြီကျုပ်တို့ကိုခွင့်ပြုပါဦး “

လူမမာသိုင်းသမားမှ လက်သီးဆုပ်၍ဂါရဝပြုကာ ဆိုင်အပြင်သို့မပြေးရုံတမယ်လှမ်းထွက်သွားသည် ။

သူ၏နောက်မှ သွေးယက္ခလည်းကပ်ပါသွားကာ သူတို့၏လူများလည်း ထိုအတူပင်ဖြစ်သည်။ သူတို့၏ခေါင်း‌ဆောင်များပင် ထိုလူအားကြောက်လန့်နေသည့်နောက် သူတို့အနေဖြင့် မည်သည့်အတွက်ကြောင့် ဆက်ရှိနေရမည်နည်း ။

ခမောက်နှင့်လူမှာထွက်ပြေးသွားသည့်လူများအားကြည့်ကာ ခေါင်းယမ်းလိုက်မိသည်။

ချောင်းယွမ်အား သူသတ်ဖြတ်နိုင်သော်လည်း ပုံမှန်အတိုင်းတိုက်ခိုက်ပါကယခုလောက်လွယ်ကူမည်မဟုတ်ပေ ။

ချောင်းယွမ်၏ကြောင်မက်ဖွယ်ကောင်းသည့်အချက်မှာ သူ၏ အလျှင်မြန်လှသည့်ဓားပျံများနှင့်အလစ်အငိုက်လုက်ကြံမှုဖြစ်ကာ ယခု ခမောက်နှင့်လူအားအနည်းငယ်လျော့တွက်ထားသောကြောင့် သူသိုင်းတစ်ကွက်အတွင်း လွယ်ကူစွာအသတ်ခံလိုက်ရခြင်းဖြစ်သည် ။

ချောင်းယွမ်မှာမူ ထိုလူ၏သိုင်းပညာမှာ သူ့အားသိုင်းတစ်ကွက်ဖြသ့် သတ်ဖြတ်နိုင်သည်အထိအစွမ်းထက်မကြောင်းကို သူသိရှိမသွားတော့ပေ ။

ထို့နောက် ခမောက်နှင့်လူမှာ သူ၏မျက်နှာထက်မှခမောက်နက်အားဖယ်ရှားလိုက်သည် ။

ထိုအခါ ‌ဟန်အမူအယာကင်းမဲ့၍ယောင်္ကျားပီသသည့်မျက်နှာတစ်ခုပေါ်ထွက်လာသည် ။သို့သော် သူ၏မျက်လုံးများက အေးစက်နေကာ နှုတ်ခမ်းများကရက်စက်မည်ဟန်ဖြင့် တွန့်ကွေးနေသည်။

လူငယ်မှာ အသက်များစွာမကြီးသေးဘဲ နှစ်ဆယ်ကျော်သုံးဆယ်ခန့်သာရှိသေးသည် ။ထို့နောက်လူငယ်၏အကြည့်မှာ မလှုပ်မယှက်ငြိမ်သက်နေသည့်မိန်းကလေးထံသို့အကြည့်ရောက်သွားသည်။

ထိုမိန်းကလေးမှာ ဝိုင်းစက်သည့်မျက်လုံးများဖြင့် လူငယ်အားကြည့်နေသည်။သူမ၏မျက်နှာကိုာအနက်ရောင်ပဝါဖြင့်ဖုံးကွယ်ထား၍ မည်သည့်အမူအယာရှိမည်ကိုမသိပေ။

ထို့နောက် လူငယ်မှ မိန်းကလေးဆီသို့လျှောက်သွားလိုက်သည် ။

All Chapters