← Chapters

ထူးခြားသည့် မိန်းကလေး

Vol. 2 Ch. 111

ထူးခြားသည့် မိန်းကလေး

Vol. 2 Ch. 111

“ မိန်းကလေး မင်းကဘယ်သူလဲ “

လူငယ်၏နှုတ်မှ အေးစက်သည့်မေးခွန်းထွက်ပေါ်လာသည်။ ဆိုင်ထဲတွင် သတ်ဖြန်ပွဲများဖြစ်ပွားနေသည့်တိုင် တည်ငြိမ်စွာရှိနေနိုင်သည့်မိန်းကလေးအား သူစိတ်ဝင်စားသည်။

ထို့အပြင် မိန်းကလေးမှာ တစ်စုံတစ်ခုထူးခြားမနေပါက ယခုလိုတည်တည်ငြိမ်ငြိမ်နေနိုင်မည်မဟုတ်ဟု သူသံသယရှိမိသည်။

သူ၏မေးခွန်းအား မိန်းကလေးမှ သာယာသည့်‌အသံဖြင့်ပြန်ဖြေလိုက်သည်။

“ ကျွန်မက ဒီဆိုင်ကကုချင်းတီးခတ်ပြီး ဖျော်ဖြေရတဲ့ စန်းလျှံပါ “

သူမ၏အဖြေကြောင့် လူငယ်မှာ အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် မိန်းကလေးအားထပ်၍မေးလိုက်သည် ။

“ မင်းကဘာဖြစ်လို့တိုက်ပွဲတွေဖြစ်နေတာတောင်တည်ငြိမ်နေတာလဲ “

လူငယ်မှ ဆိုင်အတွင်းမှအလောင်းများကိုညွန်ပြကုမေးလိုက်သည် ။

ဆိုင်ထဲတွင် ပုလဲအဖွဲ့အစည်းမှသတ်ဖြန်ခဲရသည့်သိုင်းသမားများ၊ သွေးယက္ခခေါ်လာသည့်ထဲမှသေဆုံးသွားသူများနှင့် ယခုလေးတင်သူခေါင်းဖြတ်ထားသည့်အလောင်းတစ်လောင်းတို့ရှိနေသည် ။

ဆိုင်ကြမ်းပြင်ပေါ်တွင် သွေးများအိုင်ထွန်းနေကာ မနှစ်မြိုဖွယ်မြင်ကွင်းဖြစ်နေသည် ။

သူမလိုမိန်းကလေးတစ်ယောက်မဆိုထားနှင့် သာမန်ယောင်္ကျားလေးတစ်‌ယောက်ပင်ဆိုင်ထဲမှမြင်ကွင်းများအားမြင်ပြီးနောက် အော့အန်မိပေမည်။

ယခုထူးထူးခြားခြားမိန်းကလေးမှာ တည်ငြိမ်လျက်ရှိနေသည်။ ထို့ကြောင့် လူငယ်မှာ အနည်းငယ်သိလိုစိတ်ဖြစ်မိသည်။

သူ၏မေးခွန်းကြောင့် မိန်းကလေးမှာ ယောင်ယောင်လေးပြုံးသွားသည်ဟုလူငယ်ထင်လိုက်သည် ။

“ ကျွန်မက ဒီလိုသတ်ဖြတ်တာတွေကိုမြင်ဖူးပြီးသားပါ ။ ပြီးတော့ ကျွန်မထွက်သွားရင်ကော ဘာထူးမှာလဲ ။

ဒီဆိုင်က ပုလဲနက်အဖွဲ့ကချုပ်ကိုင်ထားတာ အခု ကြာပန်းနီအဖွဲ့နဲ့ပုလဲနက်အဖွဲ့တို့တိုက်ပွဲဖြစ်ကြပြီး ပုလဲနက်အဖွဲ့အရေးနိမ့်သွားတယ် ။

ဒါပေမယ့် သူတို့ရဲ့အဓိကအင်အားကရှိနေသေးတယ် ဒါကြောင့် ကျွန်မထွက်သွားရင်လဲသူတို့လက်ထဲကိုပြန်ရောက်သွားမှာပဲ “

မိန်းကလေးမှ တည်ငြိမ်နေသည့်လေသံဖြင့်ဆိုလိုက်သည် ။သူမ၏စကားကြောင့် လူငယ်မှာ မျက်ခုံးပင့်မိသွားသည် ။

သူမ၏စကားမှာလည်း ဟုတ်ပေသည်။ မြိုထဲတွင်ညအဖွဲ့အစည်းများကွဲပြားနေကာ ပုလဲစားသောက်ဆိုင်မှာ ပုလဲနက်အဖွဲ့အစည်း၏ပိုင်ဆိုင်မှူဖြစ်သည်။

စောစောပိုင်းကဖြစ်ခဲ့သည့်တိုက်ပွဲမှာ ပုလဲနက်အဖွဲ့အစည်းနှင့် ကြာပန်းနီအဖွဲ့အသည်းကြားမှတိုက်ပွဲဖြစ်ကာ ကြာပန်းနီအဖွဲ့မှအနိုင်ရ၍ ပုလဲစားသောက်ဆိုင်အား ထိမ်းချုပ်ခွင့်ရသွားခြင်းဖြစ်သည်။

သို့သော် ထိုမိန်းကလေးမှာ တည်ငြိမ်လွန်းသည်က အနည်းငယ်ထူးဆန်းနေသည်။ လူငယ်လည်း လျှင်မြန်စွာလှုပ်ရှားလိုက်သည်။

သူ၏ခန္တာကိုယ်မှာ မိန်းကလေး၏အနားသို့ရောက်သွားကာ မိန်းကလေး၏ခန္တာကိုယ်အား လျှင်မြန်စွာဖြင့်အကြောပိတ်လိုက်သည်။

မိန်းကလေးမှာ ခန္တာကိုယ်တစ်ချက်တုန်သွားပြီး မလှုပ်မယှက်ဖြစ်သွားသည်။ သို့‌သော် သူမစကားပြောနိုင်သေးသည်။

“ ရှင်ကဘာလုပ်တာလဲ “

သူမ၏မေးခွန်းအားလူငယ်မှပြန်မဖြေပေ။ ထိုအစား မျက်မှောင်ကြုတ်ကာစဉ်းစားနေသည် ။

မိန်းကလေးမှာ သိုင်းပညာတတ်ကျွမ်းမည်ဟု သူထင်ခဲ့သော်လည်း သူ၏အကြောပိတ်ခြင်းကိုလွယ်ကူစွာခံခဲ့ရသည့်အတွက် မိန်းကလေးမှာ သိုင်းပညာအားလုံးဝတတ်မြောက်ပုံမပေါ်ပေ ။

သို့‌သော် မည်သည့်အတွက်ကြောင့် သူမထူးထူးခြားခြားတည်ငြိမ်နေရသနည်း ထိုအချက်ကအနည်းငယ်ထူးဆန်းသည်။

“ မင်းရဲ့အကြောင်းကို အမှန်အတိုင်းပြောပြစမ်းမဟုတ်ရင်မင်းကိုငါ အဓမ္မကျင့်ပြီးသတ်ပစ်မယ် “

လူငယ်မှ အေးစက်သည့်လေသံဖြင့်နှုတ်ခမ်းအား လျှာဖြင့်သပ်ကာပြောလိုက်သည် ။

သူ၏စကားကြောင့် တည်ငြိမ်နေသည့်မိန်းကလေးမှာ ခန္တာကိုယ်တစ်ချက်တုန်သွားသည်။ ကြည့်ရသည်မှာ လူငယ်၏စကားများအား သူမအနည်းငယ်ထိတ်လန့်သွားပုံရသည် ။

ထို့နောက်တွင် မိန်းကလေးမှမျက်လုံးအားစုံမှတ်ထားကာ လူငယ်အားမကြည့်တော့ပေ ။ သူမလူငယ်ပြောသမျှအား မကြားချင်ယောင်ဆောင်နေတော့သည် ။

လူငယ်မှာ မိန်းကလေး၏အပြုအမူကြောင့် အနည်းငယ်အကြံအိုက်သွားပုံပေါ်သည် ။ထို့နောက် မိန်းကလေးအား ပြန်၍အကြောဖွင့်ပေးလိုက်သည်။

“ မင်းလဲသွားချင်တဲ့နေရာသွားတော့ ငါလဲသွားတော့မယ် “

လူငယ်မှ သူ၏ခမောက်နက်အားပြန်ဆောင်းရင်းပြောလိုက်သည် ။

မိန်းကလေးမှာ အနည်းငယ်စဉ်းစားနေပုံပေါ်သည် ။ထို့နောက် ထရပ်လိုက်သည် ။

“ ကျွန်မကိုလည်းရှင်နဲ့အတူခေါ်သွားပါ “

သူမ၏စကားကြောင့်လူငယ်မှာ အံ့အားသင့်သွားပုံပေါ်သည် ။ထို့နောက် သူမအားမယုံကြည်နိုင်သည့်မျက်နှာဖြင့်ကြည့်လိုက်သည် ။

“ မင်းနောက်နေတာလား ငါကအန္တရာယ်ကြားမှာ ကြိုးတန်းလျှောက်နေရတာ မင်းကငါနဲ့အတူလိုက်လာရင် မင်းပါအန္တရာယ်ကြားထဲရောက်ပြီး ဘယ်အချိန်သေမယ့်မသိဘူး “

လူငယ်၏စကားကြောင့် မိန်းကလေးမှု စိတ်လှုပ်ရှားပုံမပေါ်ပေ ။ သူမ၏အပေါ်အင်္ကျီအားချွတ်လိုက်သည် ။

ထိုအခါ ဖြူဝင်းလှပသည့်အသားအရေနှင့် လှပသည့်ကောက်ကြောင်းများပေါ်ထွက်လာသည် ။

သူမ၏အတွင်းအင်္ကျီမှာ ပါးလွှာလွန်းသဖြင့် အသားစိုင်အချို့ကိုဖောက်မြင်နေရကာ နှာခေါင်းသွေးယိုချင်စရာဖြစ်နေသည် ။

လူငယ်လည် ထိုမြင်ကွင်းအား ပါး‌စပ်အဟောင်းသားကြည့်ကာ မျက်စေ့မလွှဲနိုင်ဖြစ်သွားသည်။ သူ၏ခန္တာကိုယ်သည်လည်း ပူလောင်လာပုံရသည်။

“ ကျွန်မကို သိုင်းပညာသင်ပေးရင် ကျွန်မကရှင့်အပိုင်းပဲ “

မိန်းကလေး၏နောက်ထပ်စကားကြောင့်လူငယ်မှာ ထပ်၍အံ့ဩသွားပြန်ကာ အနည်းငယ်စဉ်းစ။းလိုက်သည် ။ ထို့နောက် မိန်းကလေးအားလေးနက်စွာကြည့်လိုက်သည် ။

“ မင်းကိုငါနေရာတစ်ခုကိုခေါ်သွားမယ် အဲဒီနေရာမှာ သိုင်းပညာအလွန်နက်ရှိုင်းတဲ့ငါ့ရဲ့ဆရာရှိတယ် ။ ငါ့ဆရာကမင်းကိုသိုင်းပညာသင်ပေးရင်တော့ မင်းကံကောင်းတယ် ။။

တစ်ခုတော့ရှိတယ် ငါတို့အဖွဲ့ထဲဝင်ပြီးသွားရင်လုံးဝပြန်ထွက်လို့မရဘူး ။နောက်တစ်ခုက ငါတို့အဖွဲ့ရဲ့အမိန့်မှန်သမျှကို တစ်သတေမတိမ်းလိုက်နာရမယ် ။ ဘယ်လိုလဲ မင်းသဘောတူနိုင်ရဲ့လား “

“ ကောင်းပြီ ကျွန်မသဘောတူတယ် “

လူငယ်စကားအား မိန်းကလေးမှ တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်သည် ။

ထို့နောက် လူငယ်မှာ မိန်းကလေးအားခေါ်ကာ စားသောက်ဆိုင်ထဲမှပြန်ထွက်သွားလိုက်သည် ။

စားသောက်ဆိုင်ထဲတွင်တော့ လူသေအလောင်းများနှင့် ကြမ်းပြင်ထက်တွင်အိုင်ထွန်းနေသည့်သွေးကွက်များ၊ ကျိုးပျက်နေသည့်ပစ္စည်းများသာကျန်ခဲ့တော့သည်။

ထင်းရှီမှာ မြင်းတစ်စီးနှင့် မြစ်ဝါမြစ်ဝှမ်းသို့ရောက်ရှိလာသည်။

သူရောက်ရှိနေသည့်နေရာမှာ မြစ်ဝါနဂါးဂိုဏ်းအခြေစိုက် ရင်းချောင်ပြည်နယ်အတွင်းရောက်ရှိနေပြီဖြစ်သည်။

ပုံမှန်ဆိုလျှင် ပြည်နယ်အတွင်းမြစ်ဝါနဂါးဂိုဏ်းသားများကို အနှံ့အပြားတွေ့ရသော်လည်း မဟာမိတ်အဖွဲ့၏တိုက်ခိုက်မှုကြောင့် ယခုအချိန်တွင် လူအနည်းငယ်သာတွေ့ရသည် ။

မဟာမိတ်အဖွဲ့မှာ တစ်ပတ်အတွင်း နယ်စားကြီးကျောက်ဖူ၏တပ်နှစ်ခုနှင့်ပူးပေါင်း၍ မြစ်ဝါနဂါးဂိုဏ်း၏အင်အားစုအတော်များများအားသုတ်သင်နိုင်ခဲ့သည် ။

လက်ရှိမြစိဝါနဂါးဂိုဏ်းမှာ ဂိုဏ်းချုက်တစ်ယောက် ၊ ဒုဂိုဏ်းချုပ်နှစ်ယောက်နှင့် အကြီးအကဲရေဘုရင်ကိုးယောက်တို့ရှိကြသည် ။

သို့သော် တိုက်ပွဲတွင် ဒုဂိုဏ်းချုပ်တစ်ယောက်နှင့် ရေဘုရင်လေးယောက်သေဆုံးသွားပြီဖြစ်ကာ သူတိုဘ၏အင်အား ငါးရာကျော်ပင်တိုက်ပွဲများ၌ သေဆုံးသွားကြသည်။

ဂိုဏ်းသားအချို့မှာလည်း ဂိုဏ်းအားစွန့်ခွာ၍ထွက်ပြေးကြပြီးဖြစ်ရာလက်ရှိတွင်ဂိုဏ်းသားသုံးရာကျော်သာကျန်တော့သည်။

သို့သော်လက်ကျန်ဂိုဏ်းသားများမှာ သူတို့ဌာနချုပ်တွင် တံခါးပိတ်၍ အခိုင်အမာတပ်စွဲထားရာ လွယ်လွယ်ကူကူဖြင့် ထိုးဖောက်မရပါချေ ။

ထို့ကြောင့်ပင် မဟာမိတ်အဖွဲ့မှာ သူတို့ထွက်ပြေးနိုင်မည့်လမ်းကြောင်းများအားပိတ်ဆို့ထား၍ ဝန်းရံထားခြင်းကိုသာတတ်နိုင်သည် ။

သူတို့၏ဌာနချုပ်ကိုမည်သို့တိုက်ခိုက်ရမည်ကိုတော့ ခေါင်းဆောင်ပိုင်းများမှ ဆွေးနွေးလျက်ရှိကြသေးသည် ။

ထင်းရှီလည်း သူတို့၏သတင်းအားနားစွန့်ကာ ခပ်မြန်မြန်ပင်ခရီးဆက်လာခဲ့သည် ။

လမ်းတစ်လျှောက်မြစ်ဝါနဂါးဂိုဏ်းမှထွက်ပြေးလာသည့်ဂိုဏ်းသားအချို့ကိုတွေ့ရသော်လည်း ထိုလးများမှာ ကိုယ်လွတ်ရုံးပြေးရန်သာစိတ်အားထက်သန်နေသဖြင့် ထင်းရှီလည်းတိုက်ခိုက်ခြင်းမရှိပေ ။

သူ၏အဓိကရည်ရွယ်ချက်မှာလည်း အတွင်းအားစုပ်သိုင်းကျမ်းအားရရှိရန်ဖြစ်ကာ ဂိုဏ်းထဲသို့ တိန်တဆိတ်ဝင်ရောက်၍ သွားရောက်ရှယဖွေရန်ရည်ရွယ်ထားသည် ။

သူ့အတွက် မြစ်ဝါနဂါးဂိုဏ်းလုံးဝမကျဆုံးသေးသည်ကပင်ခပ်ကောင်းကောင်းဖြစ်သည် ။သို့မဟုတ်ပါက မဟာမိတိအဖွဲ့မှ သိုင်းသမားများမှာ အတွင်းအားစုပ်သိုင်းကျမ်းအား မတော်တဆရှာဖွေတွေ့ရှိနိုင်သည်။

ထင်းရှီလည်း အတွေးများစွာဖြင့်လာရင်းမှ ခပ်လှမ်းလှမ်းတွင် ရွာငယ်လေးနစ်ခုကိုတွေ့လိုက်ရသည် ။

ထိုရွာငယ်လေးမှာ မြစ်ကမ်းနှင့်မလှမ်းမကမ်းနေရာတွင်တည်ထားခြင်းဖြစ်ကာ တံငါလုပ်ငန်းနှင့်အသက်မွေးဝမ်းကြောင်းပြုပုံရသည် ။

ထင်းရှီလည်း ထိုရွာငယ်လေးတွင်ခေတ္တနားရင်း သတင်းအချို့စုံစမ်းရန်ဆုံးဖြတ်လိုက်သည်။ သူသိထားသည့်အချက်အလက်များအရ မြစ်ဝါနဂါးဂိုဏ်း၏ဌာနချုပ်မှာ သူ့ရောက်နေသည့်နေရာနှင့်အနည်းငယ်သာဝေးတော့သည် ။

ရွာငယ်လေးထဲတွင် ထူးထူးခြားခြားတိတ်ဆိတ်နေသည် ။ ရွာ‌လေးမှာ အိမ်ခြေလေးငါးဆယ်ခန့်သာရှိကာ အမှန်ပင်သေးငယ်လှသည် ။

သို့သော် လူသူတစ်စုံတစ်ယောက်မှမတွေ့ရဘဲ တိတ်ဆိတ်နေခြင်းက ထူးဆန်းလှသည် ။

ထိုရွ လေးမှာ မြစ်ဝါနဂါးဂိုဏ်း၏ဖျက်ဆီးခြင်းကိုလည်းမခံရသေးပေ ။သူမြင်တွေ့ခဲ့ရသည့်ရွာအချို့ဆိုလျှင် မြစ်ဝါနဂါးဂိုဏ်း၏ဖျက်ဆီးခြင်ူကိုခံခဲ့ရပြီးဖြစ်သည်။

သို့သော်ယခုရွာလေးမှာကား ပုံမှန်အခြေအနေတွင်ရှိနေသော်လည်း လူသူကင်းမဲ့နေသည်။

ထင်းရှီလည်း အနည်းငယ်သတိထားကာ သူ၏မြင်းအားဆွဲလျက် ရွာအတွင်းသို့ဝင်လာခဲ့သည်။

All Chapters