ရွာထဲတွင် တိုက်ခိုက်ခြင်း
Vol. 2 Ch. 112
ရွာလယ်တွင်
ကျယ်ဝန်းသည့်နေရာတွင် လူဦးရေတစ်ရာကျော်သည့်ရွာသားများမှာ စုရုံးနေကြသည် ။
ထိုလူများမှာ သာမန်ဖျင်ကြမ်းအင်္ကျီနှင့် ဈေးပေါသည့်အဝတ်အစားများကိုသာဝတ်ဆင်နိုင်ကာ သူတို့ထဲမှ ယောင်္ကျားအတော်များများမှာ အင်္ကျီဗလာဖြင့် ဖြစ်သည် ။
သို့သော် ယောင်္ကျားဦးရေမှာ သုံးဆယ်နီးနီးသာရှိကာ ကျန်လူများမှာ လူအိုများ ၊ မိန်းမများနှင့် ကလေးများဖြစ်ကြသည်။
သူတို့၏အသားအရေများမှာ နေပူထဲတွင်အလုပ်လုပ်ရသောကြောင့် ကြေးနီရောင်သန်းနေကာ အနည်းငယ်ပိန်လှီသည် ။
သို့သော် ယခုအချန်တွင်သူတို့၏မျက်နှာထက်၌ ကြောက်ရွံ့ထိတ်လန့်သည့် အရိပ်အယောင်များလွှမ်းမိုးနေသည် ။
သူတို့၏ရှေ့တွင် မြေဝါရောင်ဝတ်စုံနှင့်ဓားကိုယ်စီကိုင်ထားသည့်လူတစ်စုရှိနေကာ ထိုလူများမှာ အယောက်သုံးဆယ်ကျော်သည် ။
သူတို့ထဲမှလူအချိူ့မှာ မြေကွက်လပ်အား ဝန်းရံထားကာ ရွာသာများအား ကြမ်းကြုတ်သည့်အမူအယာဖြင့်ကြည့်နေကြသည်။
သူတို့၏ဘေးတွင် အလောင်းလေးငါးခုလည်းရှိနေကာ ထိုလူများမှာ သတ်ဖြတ်ခံထားရသည့်ရွာသားများဖြစ်ပုံရသည်။
သူတို့ထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသူမှာကား ထိုင်ခုံတစ်လုံးပေါ်တွင်ထိုင်လျက်ရှိကာ အဖိုးအိုနစ်ယောက်အား မေးခွန်းများမေးလျက်ရှိသည် ။
“ အဖိုးကြီး ခင်ဗျားတို့ရွာမှာရှိတဲ့စားနပ်ရိက္ခာတွေက ဒါအကုန်လား “
ခေါင်းဆောင်ဖြစ်ဟန်တူသူမှ ဘေးနားရှိ အထုပ်များအားညွန်ပြကာ အဖိုးအိုအား တင်းမာစွာ ပြောလိုက်သည်။
ထိုလူမှာ အသက်သုံးဆယ်ကျော်အရွယ်ရှိကာ ခက်ထန်သည့်မျက်နှာနှင့်ကြံ့ခိုင်သည့်ခန္တာကိုယ်ရှိသည် ။
သူ၏နောက်ကျောတွင်မူ ဓားရှည်တစ်လက်အား သိုင်းလွယ်ထားသည် ။
သူ၏ရှေ့မှအဖိုးအိုမှာမူကြောက်စိတ်ကြောင့်အနည်းငယ်တုန်ယင်နေသည်။ သို့သော် ခေါင်းဆောင်၏မေးခွန်းအား သူလျစ်လျူမရှုရဲပေ ။
“ ဟုတ်ပါတယ် ဆရာကြီး ကျုပ်တို့ရွာမှာရှိတဲ့စားနပ်ရိက္ခာတွေက ဒါအကုန်ပါ “
အဖိုးအို၏လေးပင်သည့်အသံကြောင့် ခေါင်းဆောင်မှာဘာမှဆက်မပြောတော့ဘဲ မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
သိသိသာသာပင် သူကျေနပ်ခြင်းမရှိကြောင်းထင်ရှားလှသည် ။
သူတို့၏ဌာနချုပ်မှာ မဟာမိတ်အဖွဲ့အစည်း၏ဝန်းရံခြင်းကိုခံထားရသောကြောင့် သူတို့အဖွဲ့ငယ်များမှယ လူစုခွဲ၍ လျှိူ့ဝှက်လမ်းများမှတစ်ဆင့် ဌာနချုပ်အတွင်းသို့ စားနပ်ရိက္ခာများပို့ဆောင်ပေးရသည်။
ထိုမှသာ မဟာမိတ်အဖွဲ့အစည်းအား သူတို့အချိန်တစ်ခုအထိ ကြာကြာပို၍ခုခံနိုင်မည်ဖြစ်သည် ။
ထင်းရှီမှာ ရွာအလယ်သို့ရောက်လာသောအခါ ထူးခြားသည့် ထိုမြင်ကွင်းကြောင့် အနည်းငယ်အံ့ဩသွားသည် ။
မြေဝါရောင်ဝတ်စုံနှင့်လူများမှာ မြစ်ဝါနဂါးဂိုဏ်းသားများဖြစ်ကြသည် ။
ထို့နောက်တွင် ထင်းရှီမှာအနည်းငယ်စဉ်းစားလိုက်ပြီး မြစ်ဝါနဂါးဂိုဏ်းသားများမှာ ထိုရွာမှလူများအား အနိုင်ကျင့်နေကြောင်းကိုလည်း သိလိုက်သည်။
ထင်းရှီရောက်လာသည်နှင့် ရွာသားများနှင့် မြစ်ဝါနဂါးဂိုဏ်းသားများမှာ ထင်းရှီအားဝိုင်းဝန်းကြည့်ရှုလိုက်ကြသည် ။
ရွာသားများမှာမူ ရုတ်တရက်မျှော်လင့်ချက်အရိပ်အယောင်များပြည့်နှက်လာပြီး ပြန်၍ပျောက်ကွယ်သွားကြသည် ။
မြစ်ဝါနဂါးဂိုဏ်းအား မဟာမိတ်အဖွဲ့အစည်းမှ တိုက်ခိုက်နေကြောင်းကို သူတို့သိထားသည်။ ထို့ကြောင့် မဟာမိတ်အဖွဲ့မှသိုင်းသမားများသာသူတို့ရွာသို့ရောက်လာပါက ထိုလူများအားတိုက်ခိုက်နိုင်မည်ဟုသူတို့ထင်နေကြသည် ။
သို့သော် ယခုရောက်ရှိလာသူမှာ အသက်နှစ်ဆယ်ကျော်လူငယ်တစ်ယောက်သာဖြစ်ကာ ထိုလူငယ်မှာ မြစ်ဝါနဂါးဂိုဏ်းမှလူသုံးဆယ်ကျော်ကို မည်သို့တိုက်ခိုက်နိုင်မည်နည်း ။
ထို့ကြောင့် သူတို့စိတ်ပျက်သွားခြင်းဖြစ်သည် ။ထို့အတူ လူငယ်ကိုလည်း ယခုကိစ္စတွင် ဝင်ပါစေလိုခြင်းမရှိကြပေ ။
သို့မဟုတ်ပါက လူငယ်ပါအသက်ဆုံးရှုံးသွားနိုင်သည် ။
မြစ်ဝါနဂါးဂိုဏ်းသားများမှာ ပထမတွင် ထိတ်လန့်သွားကြသော်လည်း ထင်းရှီဦးတည်းဖြစ်သည်ကိုမြင်လိုက်ရပြီး ကြောက်လန့်ခြင်းမရှိဘဲ ရယ်မောလိုက်ကြသည် ။
“ ကောင်လေး မြန်မြန်ထွက်သွားစမ်း မဟုတ်ရင်ငါတို့ကိုသက်ညှာမှုမရှိဘူးလို့ အပြစ်မတင်နဲ့ “
ခေါင်းဆောင်ဖြစ်သူမှ တင်းမာသည့်လေသံဖြင့်ထင်းရှီအား မောင်းထုတ်လိုက်သည် ။
ထင်းရှီမှာ တစ်ဦးတည်းဖြစ်သော်လည်း သူတို့အနေဖြင့်အချိန်ပိုကြာမည်ကိုစိုးရိမ်သောကြောင်ပ တိုက်ခိုက်လိုခြင်းမရှိပေ ။
ထို့အပြင် ထင်းရှီထံတွင်လည်း မဟာမိန်အဖွဲ့၏အမှန်အသားမပါသောကြောင့် တိုက်ခိုက်ခြင်းမပြုဘဲ မောင်းထုတ်လိုက်ခြင်းဖြစ်သည်။
ထင်းရှီလည်း ထိုလူများ၏စကားကြောင့်နောက်လှည့်ကာ ပြန်ထွက်သွားလိုက်သည် ။
မြစ်ဝါနဂါးဂိုဏ်းသားများမှာ ထိုအဖြစ်အားကြည့်ကာရယ်မောလိုက်ကြပြန်သည်။
“ ဟားးဟားး ငါတို့က သူရဲကောင်းကြီးလာတယ်ထင်နေတာ တကယ်တန်းကျပျော့နွဲ့နွဲ့ကောင်လေးပဲ “
“ ကြည့်စမ်း လှည့်ပြန်သွားတာကိုတန်းနေတာပဲ “
သူတို့ထဲမှ လူအချို့မှာ ထင်းရှီအားလှောင်ပြောင်လိုက်ကြသည် ။ထင်းရှီလည်း ထိုလူများ၏စကားကြောင့်ရပ်တန့်သွားသည်။
ထင်းရှီနှင့်အနီးဆုံးရှိလူမှ ထင်းရှီ၏ခြေလှမ်းများရပ်တန့်သွားသောကြောင့်ရယ်မောလိုက်ပြန်သည် ။
“ ဘာလဲ မင်းကတိုက်ခိုက်ချင်တာလား မင်းလို သတ္တိမရှိတဲ့ကောင်ကို ဘယ်လိုဆရာမျိုးက “
ထိုလူမှာ စကားတစ်ဝက်တစ်ပြတ်ဖြင့်ရပ်တန့်သွားသည် ။ထို့နောက် သူ၏ဦးခေါင်းမှာ မြေပြင်သို့ ဘုတ်ခနဲ ပြုတ်ကျသွားသည်။
ကျန်ရှိနေသည့်လူများမှာ မျက်ဝန်းများပြူးကျယ်ကာတိတ်ဆိတ်သွားကြသည် ။ ထင်းရှီမှာ သူတို့ဘက်သို့ပြန်လှည့်နေသော်လည်း မည်သို့လှုပ်ရှားလိုက်မှန်းကို သူတို့မမြင်လိုက်ကြပေ ။
သို့သော် သူတို့၏အဖော်မှာကား ခေါင်းပြတ်လျက်သေဆုံးသွားပြီဖြစ်သည်။
လူအများမှာ ကြောင်အကုန်ကြသည် ။ထင်းရှီမှာ။မပြောမဆိုဖြင့် ယခုလိုတိုက်ခိုက်မည်ဟု သူတို့ထင်မှတ်မထားကြပေ။
“ အားး.... “
ရွာမှလူတစ်ယောက်မှာ ခေါင်းပြတ်ကြီးအားစိုက်ကကြည်ကာ ခြောက်ချားစွာဖြင့်အော်ဟစ်လိုက်သည်။
သူတို့၏ရွာသားအချို့အသတ်ခံရထားသောလည်း။ယခုလိုဆိုးရွားသည့်နည်းလမ်းဖြင့် အသတ်ခံရခြင်းမဟုတ်ပေ။
မြစ်ဝါနဂါးဂိုဏ်းသားများမှာ ထိုအော်သံကြောင့် သတိဝင်လာကာ လက်နက်ကိုယ်စီထုတ်၍ထင်းရှီအား တင်းမာစွာကြည့်လိုက်ကြသည် ။
“ တိုက်ကြ “
အဖွဲ့ခေါင်းဆောင်မှာ သတ်ဖြတ်လိုသည့်လေသံဖြင့်အော်ဟစ်လိုက်သည် ။ ထို့အတူ ထိုင်နေရာမှ ထကာ ထင်းရှီထံသို့ လျှင်မြန်စွာတိုးဝင်သွားသည် ။
ဤလူငယ်မှာ မည်သည်ပင်ဖြစ်နေပါစေ သူတို့ဂိုဏ်းသားကိုသတ်ဖြတ်ရဲသောကြောင့်ပြန်၍ပေးဆပ်ရပေမည် ။
ထင်းရှီလည်း ခေါင်းတစ်ချက်ယမ်းကာ မြစ်ဝါနဂါးဂိုဏ်းသားများကြားသို့တိုးဝင်သွားသည် ။
ထိုလူများမှာ အဆင့်မြင့်သိုင်းအဆင့်နှင့် အလတ်အဆင့်သိုင်းသမားများသာဖြစ်ကြသည်။ သူတို့၏ခေါင်းဆောင်သည်ပင် ထိပ်တန်းအဆင့်သာရှိသည် ။
ထို့ကြောင့်ထင်းရှီအနေဖြင်ပ ထိုလူစုအား လွယ်လွယ်ကူကူသုတ်သင်နိုင်ပေသည် ။
“ ရွှပ် “
“ အား.. “
အော်ဟစ်မာန်သွင်းသံများ ၊ နာကျဉ်စွာအော်ညည်းသံများမှာ ဆူညံလျက်ရှိသည်။ ထင်းရှီမှာ မြစ်ဝါနဂါးဂိုဏ်းမှလူများ၏ကြားတွင် လျှင်မြန်စွာရွေ့လျားလျက်သတ်ဖြတ်နေသည်။
သူတို့၏ခေါင်းဆောင်မှာ ထင်းရှီ၏တိုက်ခိုက်မှုကိုမြင်လိုက်ရပြီး သူတို့၏ဆုံးဖြတ်ချက်မှားယွင်းသွားပြီဖြစ်မှန်းသိလိုက်သည် ။
သို့သော် ယခုအချိန်မှတော့ နောက်ပြန်ဆုတ်၍ အချိန်မမှီတော့ပေ။ သွားမည့်သွားအဆုံးထိဆက်သွားရပေမည်။
“ ထန် ထန် “
ခေါင်းဆောင်၏အင်အားပြင်းထန်လှသည့်ဓားချက်ကို ထင်းရှီမှအလွယ်တကူခုခံလိုက်သည် ။ထို့နောက် သူ၏ဘေးမှဝင်လာသည့်ဓားနှစ်ချောသ်းအား ခန္တာကိုယ်တစ်ချက်ယမ်း၍ရှောင်တိမ်းလိုက်သည်။
“ စွပ် “
“ အားး.. “
ထိုနှစ်ယောက်မှာဓားတစ်ချက်စီဖြင့်လျှင်မြန်စွာရှင်းပစ်ခြင်းကိုခံလိုက်ရသည် ။ သူတို့အကြားရှိသိုင်းအဆင့်ကွာ၏ချက်မှာဟာသမဟုတ်ပေ။
ထိုကဲ့သို့လူမျိုးအယောက်တစ်ရာဝိုင်းဝန်းတိုက်ခိုက်လျှင်ပင် ထင်းရှီမှာ အချိန်အနည်းငယ်အတွင်း ကောင်းစွာအနိုင်ယူနိုင်သည် ။
ကျန်ရှိနေသည့်လူများမှာ ဂိုဏ်းသားသုံးယောက်နှင့် သူတို့၏ခေါင်းဆောင်ထိပ်တန်းအဆင့်သိုင်းသမားသာကျန်တော့ခြင်းဖြစ်သည်။
သူတို့လေးဦးသည်လည်း ထင်းရှီအား တုန်လှုပ်စွာကြည့်နေကြကာ ဓားကိုင်လက်များတုန်ယင်နေကြသည်။
သူတို့အနေဖြင့် ထင်းရှီနှင့်ဆက်လက်တိုက်ခိုက်ရန်သတ္တိလုံးဝမရှိတော့ပေ ။သို့သော် ထင်းရှီမှသူတို့အား လုံးဝအလွတ်ပေးလိမ့်မည်မဟုတ်ပေ ။
“ ဘာမှမကြောက်ကြနဲ့ ငါတို့တစ်ပြိုင်တည်းဝင်တိုက်မယ် သူကငါတို့ကိုအလွတ်ပေးမှာမဟုန်ဘူး “
ခေါင်းဆောင်ဖြစ်သူထိပ်တန်းအဆင့်သိုင်းသမားမှ တင်းမာသည့်လေသံဖြင့်ပြောလိုက်သည် ။သို့သော် သူ၏လေသံမှာ အနည်းငယ်တုန်ယင်နေသည် ။
သူ့ဘေးမှသိုင်းသမားနှစ်ယောက်သည်လည်း ခေါင်းညိမ့်ပြလိုက်ကြသည် ။ထင်းရှီမှာ သူတို့သုံးယောက်နှင့်အနီးဆုံးဖြစ်ကာ ကျန်ဂိုဏ်းသားတစ်ယောက်မှာ အနည်းငယ်ကွာဝေးသည်။
“ ကျားး.. “
ဂိုဏ်းသားတစ်ယောက်မှ အော်ဟစ်မာန်သွင်းကာထင်းရှီထံသို့တိုးဝင်သွားသည် ။သူ၏ဘေးမှလည်းလည်း အလားတူပင်ဖြစ်သည်။
သို့သော် ထိုလူမှာ တစ်စုံတစ်ခုမှားယွင်းနေသည်ကိုခံစားမိလိုက်၍နောက်သို့လှည့်လိုက်သောအခါ ပြင်းထန်သည့်လက်ဝါးတစ်ချက်ဖြင့်မိတ်ဆက်လိုက်ကာ ထင်းရှီထံသို့ ပုံပျက်ပန်းပျက်ရောက်ရှိသွားသည်။
“ ခင်ဗျားယုတ်မာ “
ထိုဂိုဏ်းသားမှာ စကားဆုံးအောင်ပြောခွင့်မရလိုက်ဘဲ ထင်းရှီ၏ဓားချက်ကြောင့်သေဆုံးသွားလေသည်။
ဤသည်မှာ ထိုးကျွေးလိုက်ခြင်းပင်ဖြစ်သည် ။ ထိပ်တန်းအဆင့်သိုင်းသမားမှာ သူ၏လူအားထင်းရှီထံသို့တွန်းပို့ပြီးနောက် သူ့အတွက် အချိန်အနည်းငယ်ရမည်ဟုမျှော်လင့်ထားသည် ။
ထို့နောက် နောက်လှည့်မကြည့်ဘဲ ကိုယ်ဖော့ပညာကို အစွမ်းကုန်သုံး၍ ချက်ခြင်းထွက်ပြေးသွားသည်။