← Chapters

ရွာ‌ငယ်လေး၏သူရဲကောင်း

Vol. 2 Ch. 113

ရွာ‌ငယ်လေး၏သူရဲကောင်း

Vol. 2 Ch. 113

ထင်းရှီမှာ ခေါင်းဆောင်ဖြစ်သူ၏ကိုယ်လွတ်ရုန်း

ပြေးသည့်အကြံကြောင့် အေးစက်စွာပြုံးလိုက်မိသည်။

လောက၏အမှန်တရားမှာ ရက်စက်လှသည် စစ်မှန်သည့်မိတ်ဆွေစစ်များရှိသလို အပေါ်ယံပျားသကာလောင်းထားသည့်မိတ်ဆွေတုများလည်း လွန်စွာပေါများသည်။

လူအချို့မှာ ကိုယ်ကျိုးထက်အများအကျိူကိုကြည့်ကြသော်လည်း အတော်များများမှာ ဘယ်သူသေသေငတေမာရင်ပြီးရောဆိုသည့်စိတ်မျိုးရှိကာ သူတစ်ပါးအားချနင်းရန်လည်းဝန်မလေးတတ်ကြပေ။

ထင်းရှီလည်း သူ၏ခန္တာကိုယ်အား တစ်ချက်လှုပ်ယမ်းလိုက်ရာ ပြေးထွက်သွားသည့်ခေါင်းဆောင်၏နောက်ကျောဘက်သို့ရောက်ရှိသွားသည်။

ခေါင်းဆောင်ဖြစ်သူမှာ သူ၏လူနှစ်‌ယောက်မှ ထင်းရှီအားအနည်းငယ်အချိန်ဆွဲပေးထားနိုင်မည်ဟုမျှော်လင့်လျက်ထွက်ပြေးခြင်းဖြစ်သည် ။

သူဝမ်းသာ၍မှမဆုံးမီ စူးရှသောနာကျင်မှုနှင့်အတူသူ၏နောက်ကျောဆီမှ ဖောက်ဝင်လာသည့်ဓားဦးချွန်ကိုတွေ့မြင်လိုက်ရသည်။

“ ခင်ဗျားကကျုပ်ရဲ့လက်ကလွတ်မယ်လို့ထင်နေတာလား “

တိုးညင်းသည့်စကားသံအား နောက်ဆုံးအနေဖြင့်ကြားလိုက်ရပြီးနောင် မြေပြင်ပေါ်သို့လဲကျသွားလေသည်။

ထင်းရှီမှာ ခေါင်းဆောင်၏နောက်ကျောတွင်စိုက်ဝင်နေသည့်သူ၏ဓားအားနုတ်ယူလိုက်သည်။ ထို့နောက် စိတ်ပျက်လက်ပျက်အမူအယာဖြင့်နောက်သို့လှည့်လာသည်။

ယခုအကြိမ်မှာ သူပထမဦးဆုံးအဖြစ် လူအများအပြားသတ်ဖူးခြင်းဖြစ်သည် ။သို့သော် ထိုလူများမှာ လူဆိုးလူသွမ်းများဖြစ်ကြကာ လောကတွင်ရှိမနေသင့်သည့်လူများဖြစ်ကြသည်။

ထို့နောက် မြစ်ဝါနဂါးဂိုဏ်းသားတစ်ယောက်ကျန်ရှိနေသေးသည်ကိုအမှတ်ရသွားကာထင်းရှီ၏ခန္တာကိုယ်မှာ ဆက်ခနဲဖြစ်သွားသည်။

သူနှင့်မနီးမဝေးမှ အော်ဟစ်သံများနှင့်အတူ ရွာသားများမှာ လှုပ်လှုပ်ရှားရှားဖြစ်နေကြသည် ။

ထင်းရှီလည်း ထိုနေရာသို့ကြည့်လိုက်သောအခါ လက်ကျန်ဂိုဏ်းသားမှာ အသက်ဆယ်နှစ်အရွယ်မိန်းမငယ်လေးတစ်ဦးအားဖမ်းချုပ်ထားသည်ကိုတွေ့လိုက်ရသည် ။

ရွာသားများမှာ ထင်းရှီမှ မြစ်ဝါနဂါးဂိုဏ်းသများကို စတင်တိုက်ခိုက်သည့်အချိန်မှစ၍ လွတ်ရာသို့ဆုတ်ခွာ၍ ကြည့်နေကြသည် ။

အစတွင် သူတို့မှာ ထင်းရှီအတွက် အနည်းငယ်စိုးရိမ်ကြပြီး မြစ်ဝါနဂါးဂိုဏ်းသားများ၏လက်ဖြင့် အသက်ထွက်သွားမည်ဟု ထင်မှတ်ခဲ့ကြသည် ။

သို့သော် စတင်တိုင်ခိုက်သည့်အချိန်မှစ၍ထင်းရှီမှ

မြစ်ဝါနဂါးဂိုဏ်းသားများကိုလွယ်လွယ်ကူကူဖြင့်သတ်ဖြတ်နိုင်သည့်အပြင် သူတို့၏ခေါင်းဆောင်ကိုပါသတ်ဖြတ်လိုက်၍ လွန်စွာအံ့အားသင့်ခဲ့ရသည်။

မြစ်ဝါနဂါးဂိုဏ်းမှလက်ကျန်ဂိုဏ်းသားမှာမူ အခြေအနေမကောင်းသည်အားသိရှိသွားကာ အလျှင်အမြန်ပင်အနားမှမိန်းကလေးတစ်ယောက်အားဖမ်းချုပ်လိုက်သည်။

သို့သော် ရွာသားများမှဝန်းရံထား၍ ထိုလူမှာ ထွက်မသွားနိုင်ပေ ။

ရွာသားများသည်လည်း။မြစ်ဝါနဂါးဂိုဏ်းမှလက်ကျန်ဂိုဏ်းသားတစ်ယောက်သာကျန်သည့်အတွက် ရရာပစ္စည်းများအားကိုင်ကာထိုလူအားရိုက်နှက်ရန် ကြောက်ရွံ့ခြင်းကင်းစွာဖြင့် ဝန်းရံထားကြသည်။

သို့‌သော် ထိုလူ၏လက်ထဲမှမိန်းကလေးကြောင့်သူတို့ရှေ့မတိုးဝံ့ကြဘဲ မတိုးသာမဆုတ်သာဖြစ်နေကြသည် ။

ထင်းရှီလျှောက်လာသည်နှင့် ရွာသားများမှာ အလိုလိုပင်ဘေးဖယ်ပေးလိုက်ကြကာ ထင်းရှီအားလေးစားကြောက်ရွံ့စွာကြည့်လိုက်ကြသည်။

မြစ်ဝါနဂါးဂိုဏ်းသားများ တုန်လှုက်နေပြီဖြစ်ကု လက်တစ်ဖက်မှ မိန်းမငယ်လေးအားကိုင်ထားကာ။ကျန်တစ်ဖက်မှ သူ၏ဓားကိုတင်းကြပ်စွာဆုပ်ကိုင်ထားသည်။

“ မင်းတို့တစ်ယောက်မှ ရှေ့မတိုးခဲ့နဲ့ ဒီမိန်းကလေးကို ငါသတ်လိုက်မှာ “

ထိုလူမှာ တုန်ယင်နေသည့်လေသံဖြင့်အော်ဟစ်လိုက်သည်။

ဓားသွားမှာ မိန်းကလေး၏လည်ပင်းပေါ်တွင်ဝဲနေကာ မိန်းကလေးမှာ ကြောက်ရွံ့စွာဖြင့် ငြိမ်သက်နေရသည် ။

ထင်းရှီရောက်ရှိလာသည်နှင့် မိန်းကလေးမှ ထင်းရှီအား အားကိုးတကြီးကြည့်လိုက်သည်။

ထိုလူငယ်မှာ မြစ်ဝါနဂါးဂိုဏ်းသားအများအပြားကိုသတ်ဖြတ်နိုင်ရာ ထိုဂိုဏ်းသား၏လက်မှ သူမကိုကယ်ထုတ်ပေးရန်မျှော်လင့်နေသည်။

မြစ်ဝါနဂါးဂိုဏ်းသားမှာလည်း ထင်းရှီအားကြောက်ရွံ့စွာကြည့်လိုက်ကာ မိန်းကလေးအား ပို၍တင်းကြပ်စွာဆုပ်ကိုင်လိုက်သည် ။

“ ငါ့ ငါ့ကိုလွှတ်ပေးရင်ဒီမိန်းကလေးကိုသွားခွင့်ပေးမယ် “

ထိုလူမှ တည်ငြိမ်မှုမရှိဘဲ ထင်းရှီအားပြောလိုက်သည် ။

ထင်းရှီလည်း အခြေအနေအားလျှင်မြန်စွာအကဲခပ်လိုက်ပြီးနောက်မည်သည့်အရာများဖြစ်ပျက်သွားသည်ကို သိရှိလိုက်သည်။

“ မင်းကိုသွားခွင့်ပေးမယ် သူ့ကိုလွှတ်ပေးလိုက် “

ထင်းရှီ၏တည်ငြိမ်သည့်စကားကြောင့် ထိုဂိုဏ်းသားမှာ အနည်းငယ်စိတ်သက်သာရာရသွားပုံပေါ်သည် ။

ထို့နောက် သဘောမတူသည့်ဟန်ဖြင့် ခေါင်းယမ်းလိုက်ပြန်သည်။

“ မင်းကငါ့ကိုသွားခွင့်မပေးရန်ဘယ်လိုလုပ်မှာလဲ “

ထိုလူ၏ မယုံကြည်နိုင်သည့်မေးခွန်းကြောင့် ထင်းရှီလည်း ထိုလူအားစူးစိုက်ကြည့်လိုက်သည် ။ထို့နောက် သူ၏လက်ထဲမှဓားအားမြေပြင်ပေါ်သို့လွှတ်ချလိုက်သည် ။

“ သူ့ကိုလမ်းဖွင့်ပေးလိုက်ကြပါ “

ထင်းရှီ၏တည်ငြိမ်သည့်စကားကြောင့်ရွာသားများမှာ ချက်ခြင်းဘေးဖယ်ပေးလိုက်ကြသည် ။

ယခုအချိန်တွင် သူတို့၏စိတ်ထဲ၌ထင်းရှီမှာ နဝ်ဘုရားတစ်ပါးကဲ့သို့ဖြစ်နေကာ ထင်းရှီ၏စကားများကို မည်သို့ငြင်းဆန်နိုင်မည်နည်း။

ဂိုဏ်းသားမှာ ထင်းရှီ၏အပြုအမူကြောင့် ဝမ်းမြောက်၍သွားသည်။ ထို့နောက် သူဟဘေးမှလူများအားဝေ့ကြည့်လိုက်သည်။

ဤအချိန်အားထင်းရှီစောင့်နေခြင်းဖြစ်သည်။ ထိုဂိုဏ်းသားသူ့ဆီမှ မျက်စေ့လွှဲသွားသည်နှင့်သူ၏ရှေ့တွင်စိုက်ဝင်နေသည့်ဓားအားကန်ထုတ်လိုက်သည်။

“ စွပ် “

“ အားးး “

ထိုဂိုဏ်းသား၏လွတ်နေသည့်ပခုံးဆီသို့ ထင်းရှီ၏ဓားရှည်မှာ ထုတ်ချင်း‌ပေါက်စိုက်ဝင်သွားသည်။

ထိုဂိုဏ်းသားမှာ ကျယ်လောင်စွာအော်ဟစ်လိုက်ပြီးဟန်ချက်ပျက်သွားလေသည်။

ထင်းရှီလည်း ခန္တာကိုယ်အား ရိပ်ခနဲလှုပ်ရှားလိုက်ရာ ထိုလူ၏ရှေ့သို့ရောက်ရှိသွားပြီး ထိုလူ၏လည်ပင်းကို ဖမ်းဆုပ်ထားလိုက်သည် ။

ထိုလူ၏ခန္တာကိုယ်မှု မြေပြင်မှလါတ်ထွက်သွားသည် ။ ထိုလူ၏ဘယ်လက်မှဖမ်းချုပ်ထားသည့်မိန်းကလေးမှာ လွတ်ထွက်သွားသလို သူ၏ဓားလည်း အောက်သို့ကျသွားသည်။

ထိုလူမှာထင်းရှီအား အသနားခံသည့်မျက်ဝန်းများဖြင့်ကြည့်ကာ တင်းကြပ်နေသည့် သူ၏လည်ပင်းအား ဆုပ်ကိုင်ထားသည့်ထင်းရှီ၏လက်မှ လွတ်မြောက်ရန်အားထုတ်လိုက်သည်။

“ ကျုပ်စတ်မကောင်းပါဘူး “

ထင်းရှီမှ ထိုဂိုဏ်းသားအားတီးတိုးပြောလိုက်သည်။ ထို့နောက် သူ၏လက်အားအတွင်းအားထည့်၍လိမ်ချိူးလိုက်သည်။

“ ဂျွတ် “

ထိုလူ၏ဦးခေါင်းမှာ ဘေးဘက်သို့စောင်းသွားကာ သူ၏အသက်လည်းတပါတည်းထွက်သွားသည်။

ထင်းရှီလည်း ထိုလူအားသတ်ဖြတ်ပြီးနောက် ထိူလူ၏ပခုံးတွင်စိုက်ဝင်နေသည့်သူ၏ဓားကိုဆွဲထုတ်လိုက်သည်။

ထို့နောက်တွင် သူသတ်ဖြတ်ထားသာ့်အလောင်းများအားဝေ့ကြည့်လိုက်သည်။ အလောင်းသုံးဆယ်ကျော်မှာ ဓားဒဏ်ရာများဖြင့်သေဆုံးနေကြသည် ။

ထင်းရှီမှာ ထိုလူများထဲမှ အများစုအား ဓားတစ်ချက်ထဲဖြင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ယခုသတ်ဖြတ်မှုမှာ သူ၏ပထမဦးဆုံးသတ်ဖြတ်ဖူးခြင်းဖြစ်ကာ အများဆုံးသတ်ဖြတ်ခြင်းလည်းဖြစ်သည်။

သူ၏စိတ်ထဲတွင် အနည်းငယ်တုန်လှုပ်မိသော်လည်း ထိုလူများအားသတ်ဖြတ်ခြင်းအားနောင်တရခြင်းမရှိပေ။

ထိုလူများပို၍အသက်ရှည်ရှည်နေရလေ လူကောင်းများပို၍ဒုက္ခရောက်လေလေဖြစ်သည်။ ထို့ကြောင့် သူ၏လုပ်ရပ်မှာ မှန်ကန်ပေသည် ။

ရွာသားများမှာ ထင်းရှီအနားတွင်ဝိုင်းအုံနေကြသည် ။ထင်းရှီမှ မျက်မှောင်ကြုတ်၍အတွေးနက်နေသည်ကိုမြင်သည်နှင့် ထိုလူများမှာ တိတ်ဆိတ်စွာရပ်နေကြသည်။

သူတို့၏မျက်ဝန်းထဲတွင် ကျေးဇူးတင်စိတ် ၊ ကြောက်ရွံ့စိတ်များဖြစ်ပေါ်နေကာ ထင်းရှီအား တစ်စုံတစ်ရာပြောလိုပုံရသည်။

ထင်းရှီလည်း အတွေးလွန်နေရာမှ သတိဝင်လာပြီး သူ၏ပတ်လည်မှရွာသားများအားကြည့်လိုက်သည် ။

“ သူရဲကောင်းလေး ကျုပ်ရဲ့မြေးကိုကယ်တ်ုပေးပြီး ကျုပ်တို့ကိုကူညီပေးတာ ကျေးဇူးတင်ပါတယ် “

မုတ်ဆိတ်ဖြူနှင့်အဖိုးအိုတစ်ဦးမှပြောလိုက်သည် ။

သူ၏ပတ်လည်ရှိရွာသားများသည်လည်းထင်းရှီအား ဦးညွတ်လိုက်ကြသည်။

ထိုလူမှာ ယခင်က သေဆုံးသွားပြီဖြစ်သည့် ခေါင်းဆောင်နှင့်စကားပြောနေသူဖြစ်ကာဤရွာလေး၏ ရွာလူကြီးဖြစ်ပုံရသည်။

ထင်းရှီနောက်ဆုံးဂိုဏ်းသားဆီမှကယ်တင်လိုက်သည့်မိန်းကလေးမှာ သူ၏မြေးမလေးဖြစ်ပုံရသည်။

ထင်းရှီလည်း ထိုလူများ၏အပြုအမူကြောင့်ပြုံးကာ လက်ကိုဝေ့ယမ်းလိုက်သည် ။

“ ဒါကကျုပ်အတွက်အသေးအမွှားပါ “

သူ၏ပေါ့ပေါ့ပါးပါးစကားကြောင့် ရွာလူကြီး၏မျက်နှာမှာ လေးနက်သွားသည် ။ ထို့နောက် စိုးရိမ်တကြီးအမူ‌အယာဖြင့်ပြောလိုက်သည်။

“ သူရဲကောင်းလေး မင်းကမြစ်ဝါနဂါးဂိုဏ်းသားတွေကိုသတ်ဖြတ်ပြီးပြီဆိုတော့ သူတို့ဂိုဏ်းကလူတွေမသိအောင်ဂရုစိုက်ရမယ် ။

ဆင်ပိန်ကျွဲလောက်ဆိုသလိုပဲ အခုလက်ရှိမြစ်ဝါနဂါးဂိုဏ်းကို မဟာမိတ်ဖွဲ့အစည်းကတိုက်ခိုက်နေပေမယ့် သူ့ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေအတော်များက ဌာနချုပ်ထဲမှာရှိကြသေးတယ် ။

မင်းသာသူတို့ဂိုဏ်းသားတွေကိုသတ်ဖြတ်ထားတာကိုသိသွားရင် မင်းကို လိုက်လံသတ်ဖြတ်ကြလိမ့်မယ် ။ သူတို့တန်ခိုးထွားတဲ့အချိန်တုန်းက ဒီနယ်တစ်ဝိုက်မှာ သူတို့ကဘုရင်တစ်ပါးပဲ “

အဖိုးအို၏စိုးရိမ်တကြီးစကားကြောင့် ထင်းရှီမှာပြုံးလိုက်သည် ။ထို့နောက် အဖိုးအိုအားပြန်၍ပြောလိုက်သည်။

“ ကျုပ်အတွက် စိတ်မပူပါနဲ့ ။ ခင်ဗျားတို့ရွာသားတွေရော ဘာဆက်လုပ်မယ်စိတ်ကူးထားလဲဒီနေရာမှာ ဆက်နေရက်တော့ သူတို့အနိုင်ကျင့်တာကိုဆက်ပြီးခံရဦးမှာ “

ထင်းရှီ၏စကားကြောင့် အဖိုးအိုမှာ သက်ပြင်းတစ်ချက်ချလိုက်သည် ။

“ အရင်တုန်းကတော့ ကျုပ်တို့မဟာမိတ်အဖွဲ့အစည်းကမြစ်ဝါနဂါးဂိုဏ်းကိုလာပြီးတိုက်ခိုက်တော့သူတို့ရှုံးနိမ့်တော့မယ်ဆိုပြီး ကျုပ်ကပျော်ရွှင်နေတာ ။

ဒါပေမယ့် အခုကြည့်ရတာ လွတ်ရာကိုအရင်ရှောင်နေပြီး အခြေအနေတွေတည်ငြိမ်မှရွာလေးကိုပြန်လာဖို့ စိတ်ကူးထားတယ် “

All Chapters