← Chapters

ဘာလိုချင်လဲ ပြောပါ

Vol. 35 Ch. 511

ဘာလိုချင်လဲ ပြောပါ

Vol. 35 Ch. 511

“ခေါင်းဆောင် ဒီလောက်ဆို ပွဲတစ်ဝက်နဲ့ ရှန်ပိန် ဖောက်လို့ရပြီလား”

ချင်ယွန်း ပျော်ရွှင်စွာ ပြော၏။

လင်းချွမ် ရယ်မော၍

“ကြိုစီစဉ်ထားတာပေါ့လေ”

အားလုံး ပြုံးနေမိလေသည်။

ရုံးခန်းလေးထဲတွင် စိတ်ပေါ့ပါး လန်းဆန်းနေကြသည်။

လင်းချွမ်၏ ဦးဆောင်မှုဖြင့် ရှဉ့်လည်း အဆင်ပြေချောမွေ့စွာ ရှေ့ဆက်နေသည်။

သူတို့အတွက် မခက်ခဲလှသော်လည်း ဟက်ကာနယ်ပယ်တွင် အတော်လေး ရိုက်ခတ်သွားကြသည်။

ထိုထဲတွင် လင်းချွမ်မှ လောင်စာ ထပ်ထည့်သေး၏။

ဤသို့ဖြင့် မကြာမီ ရှဉ့်မှာ ဟက်ကာနတ်ဘုရား၏ ခြေရာနင်းနေသည်ဟု သတင်းပျံ့သွားတော့၏။

[နေပါဦး။ ဘာဖြစ်တာလဲ”

[ဒုတိယ ဟက်ကာနတ်ဘုရားလား]

[ဘုရားရေ ငါ ဘာကို တွေ့လိုက်တာလဲ။ တကယ်ကြီးလား]

[သူက တကယ် တော်တာပဲ။ ဟက်ကာနတ်ဘုရားဆီက နေရာလုရဲတယ်နော်]

[ဟက်ကာနတ်ဘုရား ပြန်လာမှာ မကြောက်ဘူးလား မသိဘူး]

[တခြားလူကို မယုံရင်တောင် ဟက်ကာ နတ်ဘုရားကတော့ တကယ် အကောင့်ရှာပြီး ရောက်လာနိုင်တယ်]

[ဒီကောင်လေးလည်း အရည်အချင်းတော့ ရှိပါတယ်။ မကြာခင် အဖွဲ့အစည်းကြီးတွေ ဝိုင်းတိုက်ခိုက်လာလောက်တယ်]

[ဟုတ်တယ်။ သူ့မှာ ဖြစ်နိုင်ခြေ ရှိတယ်]

[နောက်ထပ် ဟက်ကာနတ်ဘုရားလား]

[…]

ဟက်ကာလောကတွင် ပျံ့နှံ့လာသည့်အလျောက် မြောက်ဝင်ရိုးစွန်း HK အဖွဲ့ပင် ထိုထူးဆန်းသောလူအား ရှာဖွေနေလေပြီ။

အခြားလုပ်ငန်းစုများလည်း ထိုသို့ပင်။

နေ့တာတဖြည်းဖြည်း ကုန်ဆုံး၍ နေလုံး ကွယ်ပျောက်ကာ ကောင်းကင်တွင် အမှောင်ထုများ ကြီးစိုးလာ၏။

လေညင်းနှင့်အတူ ပန်းရနံ့များ၊ သစ်သီးရနံ့များလည်း လွင့်ဝဲလာသည်။

လူးကပ်စ်တစ်ယောက် အရင်ရုံးခန်းသို့ ပြန်ပြောင်းပြီးလေပြီ။

ယုချင်း အဖမ်းခံလိုက်ရသောကြောင့် ထိုနေရာ၌ ဆက်နေပါက အရူးသာ ဖြစ်လိမ့်မည်။

ယခုအခါ မော်ဂန်မှ သူ့ကို နောက်ဆုံး အခွင့်အရေး ပေးထားလေပြီ။

လင်းချွမ်ကို ရသည့်နည်းဖြင့် ဆွဲထုတ်ရန် ဖြစ်၏။

ထို့ကြောင့် မတတ်သာဘဲ ပိုင်ရှန်အုပ်စုနှင့် ပူးပေါင်းရတော့သည်။

ယုညီအစ်မပင် ကျရှုံးသွားသည်ကို သူမည်သို့ တစ်ဦးတည်း ဆောင်ရွက်နိုင်မည်နည်း။

ဟူး—

လူးကပ်စ် ဝိုင်ခွက်ကို ခပ်ဖြည်းဖြည်းလှည့်၍ သောက်ချလိုက်သည်။

ဒေါက် ဒေါက် ဒေါက်…

“ဝင်ခဲ့ပါ”

သူ့အတွင်းရေးမှူး ဖြစ်၏။

မိန်းကလေးမှာ အရင်လိုပင် ဆွဲဆောင်ရှိနေဆဲပင်။

“အထွေထွေမန်နေဂျာ ဘာများ ခိုင်းစရာရှိလို့ပါလဲ”

“မိုလီ ငါတို့ရဲ့ အချက်အလက်တွေ တော်တော်များများ AW မှာ ရှိနေတယ်။ အဲ့တာကြောင့် ဟက်ကာတွေကို ခိုင်းထားတဲ့ကိစ္စလေ။ ဘာထူးသေးလဲ”

မိုလီ ခဏတုံ့ဆိုင်းနေပြီးမှ

“အဲ့တာက… အခုထိတော့ ဘာမှ မပြောသေးပါဘူး”

လူးကပ်စ် သက်ပြင်းချလိုက်မိသည်။

ထို့နောက် သူ ခဏစဉ်းစားကာ လေးလေးနက်နက် ပြောလိုက်သည်။

“မိုလီ အခုပဲ HR ဌာနကို လူတစ်​ယောက်နဲ့ ဆက်သွယ်ဖို့ ပြောလိုက်ပါ”

“ဘယ်သူနဲ့လဲ”

“ခုနလေးတင် ဟက်ကာအသိုင်းအဝိုင်းမှာ တွေ့လိုက်တာ ရှိတယ်။ လင်းချွမ်ခြေရာ နင်းနိုင်တဲ့သူ။ အဲ့ဟက်ကာကို ရှာရမယ်”

လူးကပ်စ်မှ ပြော၏။

“အခုပဲ ပြောလိုက်ပါ့မယ်”

မိုလီ ပြန်ဖြေကာ ထွက်သွားရန် ပြင်လိုက်သည်။

“ခဏလေး”

လူးကပ်စ် လှမ်းခေါ်လိုက်သည်။

မိုလီ ပြန်လှည့်ကြည့်၍

“ဘာများ ပြောစရာရှိသေးလို့လဲရှင့်”

“ဆိုက်ဘာလုံခြုံရေးအဖွဲ့ကနေလည်း ရှာဖို့ ပြောလိုက်”

“ဟုတ်ကဲ့ပါ”

ဤသို့ဖြင့် လူးကပ်စ် စိတ်ရှည်ရှည် စောင့်ဆိုင်းနေရင်း မကြာမီ စည်းချက်ကျကျ တံခါးခေါက်သံ ထပ်ထွက်လာသည်။

မိုလီ ရောက်လာလေပြီ။

“ပြဿနာရှိလို့လား”

လူးကပ်စ် မော့ကြည့်ကာ မေးသည်။

မိုလီ ခေါင်းယမ်းပြလျက်

“မဟုတ်ပါဘူး။ သတင်းထူး ရှိလို့ပါ”

လူးကပ်စ် မျက်မှောင်ကြုတ်သွားကာ

“ဘာသတင်းလဲ”

“ကျွန်မတို့ကုမ္ပဏီ အချက်အလက်တွေအကြောင်းပါ”

သူ ပြုံးရွှင်စွာ ပြော၏။

“အခုတည်းကလား။ ကောင်းတာလား။ ဒါမှမဟုတ်…”

မိုလီ ခေါင်းငြိမ့်ပြကာ

“ကောင်းတာတွေပါ။ AW ဆာဗာထဲလည်း ဝင်ပြီး လင်းချွမ်လက်ထဲကနေ ရလာပါပြီ”

“ဘာ”

လူးကပ်စ် မျက်လုံးပြူးကာ လန့်သွား၏။

တိုက်ဆိုင်တာလား ဒါမှမဟုတ်။

သာမာန်လူတွေကြားမှာ ပုန်းနေခဲ့တာလား။

“အထွေထွေ မန်နေဂျာ”

လူးကပ်စ် မလှုပ်မယှက် ဖြစ်နေ၍ မိုလီ လှမ်းခေါ်လိုက်သည်။

ထိုအခါမှ သူသတိပြန်ဝင်ကာ ပြုံးရွှင်စွာဖြင့်

“ကောင်းတယ် ကောင်းတယ်။ အရမ်း ကောင်းတယ်။ အသေးစိတ် ပြောပါဦး။ ဘယ်သူက လုပ်နိုင်သွားတာလဲ”

သူ အလွန် စိတ်လှုပ်ရှားနေ၏။

မိုလီ အခြေအနေကို ပြန်တင်ပြလေသည်။

“အဲ့တာက အိုင်တီ လုံခြုံရေးအဖွဲ့က ရှဉ့်လို့ခေါ်တဲ့ လူငယ်လေးက အောင်မြင်သွားတာပါ။ ဒီမှာ သူ့လုပ်ငန်းစဉ် အသေးစိတ်ပါ”

လူးကပ်စ်အား တက်ဘလက်တစ်ခု လှမ်းပေးလိုက်သည်။

သူ ချက်ချင်း ဖွင့်ကြည့်လိုက်သောအခါ ရှဉ့်၏ ကုဒ်အဆင့်ဆင့် ရေးသားရင်း အောင်မြင်သွားသည့် အခြေအနေကို တွေ့ရ၏။

“ကောင်းလိုက်တာ”

သူ ကြည့်နေရင်း ရေရွတ်မိ၏။

“အထွေထွေ မန်နေဂျာ ဒါက သူ ရထားတဲ့ အချက်အလက်တွေပါ”

“ကောင်းပြီ ကောင်းပြီ”

ရုတ်တရက် သူ အတွေးတစ်ခု ဝင်လာသည်။

လင်းချွမ်ခြေရာကို အမီလိုက်တဲ့ လျှို့ဝှက်ဟက်ကာဆိုတာ ရှဉ့်ကိုး။

သူ မျက်လုံးအရောင်များ တောက်ပ၍ အလွန် ကျေနပ်နေသည်။

ထို့နောက် သက်ပြင်းချကာ ဝိုင်တစ်ခွက် သောက်၍ အတွင်းရေးမှူးအား လှမ်းကြည့်လိုက်သည်။

“မိုလီ အဲ့သူရဲကောင်းကို ချက်ချင်း ရုံးချုပ်ကို ပြောင်းခိုင်းလိုက်။ ငါ ဒီညတွင်းချင်း တွေ့ချင်တယ်”

မိုလီ ရုတ်တရက် လန့်သွားပြီးမှ ခေါင်းငြိမ့်ပြကာ

“ဟုတ်ကဲ့ ကောင်းပါပြီ”

နေရောင်ခြည် ပျောက်ကွယ်သွားသောအခါ ပင်လယ်မှ လေပြည်သည် ပိုအေးမြလာပြီး လူးကပ်စ် မျက်နှာအထိ တိုက်ခတ်လာသည်။

ထိုသို့ ပေါ့ပါးသော ညခင်းမျိုး မခံစားရသည်မှာ အလွန် ကြာမြင့်နေလေပြီ။

ထိုစဉ် အပြင်ဘက်၌ ခြေသံ ကြားသောကြောင့် တံခါးဆီသို့ လှမ်းကြည့်လိုက်၏။

ထင်သည့်အတိုင်း မိုလီ့နောက်တွင် လူငယ်လေးတစ်ဦး ပါလာ၏။

လူးကပ်စ် ချက်ချင်း မတ်တပ်ထရပ်ကာ ပြုံးရွှင်၍ နှုတ်ဆက်လေသည်။

“အထွေထွေ မန်နေဂျာ ဒါက ရှဉ့်ဆိုတာပါ”

မိုလီမှ မိတ်ဆက်ပေး၏။

လူးကပ်စ် သူ့ကို ခေါင်းအစခြေအဆုံး ကြည့်၍

“မင်း အရမ်းတော်တယ်ကွာ”

“ဟုတ်ကဲ့ အထွေထွေ မန်နေဂျာ။ ကျွန်တော် ဒီထက်တောင် လုပ်နိုင်ပါသေးတယ်”

သူ့စကားကြောင့် လူးကပ်စ် ပို၍ ယုံကြည်စိတ်ချလာသည်။

“ကောင်းတယ် ကောင်းတယ်”

ထို့နောက် ပြုံး၍ ထိုင်ရန် လက်ပြလိုက်ပြီး

“ရုံးခွဲမှာ သာမာန်လူအနေနဲ့ ပင်ပန်းသွားပါဦး။ အခု ဒီမှာ အိုင်တီဌာန မန်နေဂျာအနေနဲ့ နေရာပေးမယ်။ စိတ်ဝင်စားလား”

ရှဉ့် ခဏစဉ်းစား၍

“ကျွန်တော်ကတော့ အိုင်တီဒါရိုက်တာရာထူးကို ပိုစိတ်ဝင်စားတယ်”

လူးကပ်စ် အားရပါးရ ရယ်မောကာ

“ရပါတယ်ကွာ။ မင်းသာ အရည်အချင်းရှိရင် အိုင်တီဒါရိုက်တာ ရတာပေါ့”

လူးကပ်စ် ကျေနပ်စွာ ပြော၏။

“မိုလီ ဝိုင်ငှဲ့ပေးပါဦး”

လူးကပ်စ်မှ ပြောလိုက်ပြီး ဝိုင်ငှဲ့ပြီးသောအခါ ရှဉ့်၏ ဖန်ခွက်ဖြင့်တိုက်၍

“မင်း ငါ့နောက်သာ ကောင်းကောင်းလိုက်နိုင်ရင် ဘာလိုချင်လိုချင် အကုန် ပေးမယ်”

“ဒီလိုဆို ကျွန်တော့်ဘက်ကလည်း သစ္စာရှိပါမယ်လို့ ကတိပေးပါတယ်”

“မင်းက ဘာလိုချင်လို့လဲ”

လူးကပ်စ် ပြန်မေးလိုက်၏။

“ငွေကြေး၊ မိန်းကလေး၊ အာဏာ”

သူ တုံ့ဆိုင်းတွေဝေမှုမရှိ ပြန်ဖြေလေသည်။

လူးကပ်စ် ရယ်မောလျက်

“ရပါတယ်ကွာ။ ဒါတွေအားလုံး ငါလုပ်နိုင်တာတွေချည်းပဲ”

All Chapters