← Chapters

မအိပ်တော့ဘူး

Vol. 35 Ch. 514

မအိပ်တော့ဘူး

Vol. 35 Ch. 514

လင်းချွမ် အတွေးများသွားသည်။

“အဲ့လို မဟုတ်ပါဘူး။ ဒီအတိုင်း ညစာအတူစားချင်လို့ပါ”

ကျန်း ရယ်မော၍ ပြောလိုက်၏။

“ဦးလေးကျန်းက သူ့ရဲ့ အဖိုးတန်သမီးလေးကို လွမ်းနေတာလား”

လင်းချွမ် ထိုအခါမှ သဘောပေါက်သွားလေသည်။

ဦးလေးကျန်းမှာ အသက် (၅၀) ကျော်အရွယ် ရှိပြီး သမီးလေးနှင့် တစ်သက်လုံး အတူနေခဲ့သော်လည်း ယခုတော့ ထိုသမီးမှာ လင်းချွမ်နှင့်သာ အလုပ်ရှုပ်နေ၏။

“အဖေက ရှင့်ကိုလည်း လွမ်းနေမှာပါ”

ကျန်း ပြုံး၍ စနောက်လိုက်သည်။

လင်းချွမ် နှာခေါင်းလေး ရှုံ့လျက်

“ကိုက သူ့သမီးကို လုထားတာကို တုတ်နဲ့ လိုက်မရိုက်တာပဲ ကံကောင်း။ ပြီးတော့ ဘယ်ယောက္ခမက သားမက်ကို လွမ်းမှာလဲ”

“ဟုတ်ပါပြီ”

လင်းချွမ် သူ့ကိုကြည့်၍

“ဒါနဲ့ မနက်ဖြန် အိမ်မှာပဲလား။ အပြင်ထွက်စားကြမှာလား”

မည်သို့ပင်ဖြစ်စေ လင်းချွမ် မနက်ဖြန် ထမင်းစားချိန် တစ်ချိန်စာတော့ အချိန်ပေးရမည် ဖြစ်၏။

ကျန်းရှင်းရှင်းတစ်ယောက် လှပစွာ ပြုံးလျက် ခဏစဉ်းစားကာ

“အပြင်မှာ သွားစားကြတာပေါ့။ ရှင်လည်း အလုပ်တွေ များနေတာကို။ အိမ်မှာချက်ရင် အချိန်ပိုကုန်တယ်လေ”

“ကောင်းပါပြီဗျာ”

လင်းချွမ် ရင်ထဲ နွေးထွေးသွားသည်။

ကျန်းရှင်းရှင်းမှာ အမြဲတမ်း သူ့အတွက် နားလည်ပေးလေသည်။

“ဟုတ်ကဲ့ပါ။ အဲ့တာဆို အလုပ်လုပ်တော့လေ။ မနှောင့်ယှက်တော့ပါဘူး”

ကျန်း ပြောစရာကိစ္စ ပြောပြီးသည်နှင့် ထရပ်လိုက်သည်။

လင်းချွမ် လက်ထဲတွင် ရုတ်တရက် လစ်ဟာသွားပြီး ကျန်း၏ နူးညံ့သွယ်လျသော ခါးလေးအား ပြန်ဖက်ထားကာ ပြုံးလျက်

“ကို ဒီည မင်းကိုဖက်ပြီး အိပ်မှာ”

ကျန်း ပြုံး၍ လင်းချွမ်ကို ငုံ့ကြည့်ပြီးမှ စားပွဲပေါ်မှ လက်ဖက်ရည်ကြမ်းကို လက်ညှိုးထိုးပြကာ

“အခုလေးတင် လက်ဖက်ရည်ကြမ်းတွေ သောက်ပြီး အိပ်ပျော်မှာမို့လို့လား”

“အိပ်တာ… အိပ်တော့ မပျော်လောက်ဘူးနော်”

လင်းချွမ် ပြုံးရွှင်လျက် ပြော၏။

“ဒါဆို ဘာလို့ အိပ်မယ် ပြောတာလဲ”

ကျန်း နှာခေါင်းလေး ရှုံ့သည်။

“အိပ်မပျော်ဘူးဆိုတာနဲ့ပဲ အိပ်ရာမဝင်ရတာမှ မဟုတ်တာ။ အိပ်တယ်ဆိုတာ အဓိပ္ပာယ်တစ်ခုတည်း မဟုတ်ဘူးလေ”

လင်းချွမ် ခပ်တည်တည် ပြန်ပြောလေသည်။

“ဒါဆို ဟန်ဆောင်ပြီး အိပ်တာမျိုး ရှိသေးလို့လား”

ကျန်း အပြစ်ကင်းစင်စွာ ပြန်မေးလိုက်သည်။

“မအိပ်ခင် တစ်ခုခုလုပ်ရင် မကောင်းဘူးလား”

ကျန်းရှင်းရှင်း ပါးလေးများ ရဲသွားကာ

“ဘာကိုလဲ”

“ဘာထင်လို့လဲ”

လင်းချွမ် ကျန်းကို ပွေ့ချီကာ အိပ်ခန်းဆီ ဦးတည်သွားတော့သည်။

မြောက်လေမှာ တစ်ညလုံး တိုက်ခတ်နေသော်လည်း အခန်းထဲတွင်တော့ နွေဦးကဲ့သို့ နွေးထွေးပျော်ရွှင်စရာ ကောင်းလှ၏။

နောက်တစ်နေ့တွင်။

သာယာသော ဆောင်းတွင်းနေမှာ တိမ်ထူထူများကြားမှ ထိုးဖောက်၍ လောကဓာတ်ကို အလင်းရောင်များ ပေးစွမ်းနေသည်။

ကျန်း လင်းချွမ်၏ ပုခုံးသားကို အသာကိုက်လိုက်သောအခါ လင်းချွမ်လည်း အိပ်ရာမှ နိုးလာတော့သည်။

“နိုးနေပြီလား”

“သိပ်တောင် မအိပ်ရသေးသလိုပဲ”

ကျန်းရှင်းရှင်းမှာ အပြင်ဘက်မှ ကောင်းကင်ယံကို ငေးကြည့်ရင်း နူးညံ့စွာ ညည်းညူလိုက်သည်။

လင်းချွမ် အိပ်ရာဘေးမှ ဖုန်းကို လှမ်းယူကြည့်လိုက်ပြီး ပြုံးလျက်

“အချိန်တောင် တော်တော်လင့်နေပြီပဲ”

ကျန်းမှာ မျက်နှာလေး နီရဲလျက်

“ခဏစောင့်ပေးဦး။ အိပ်ချင်သေးတယ်”

“ကောင်းပါပြီ။ မင်းနဲ့သာဆို နေ့လယ်အထိလည်း အိပ်နိုင်တယ်”

လင်းချွမ် ရယ်မော၍ ပြောလိုက်၏။

ထို့နောက် ဆက်၍ မပြီးပြတ်သေးသော မော်ဂန်နှင့် ပိုင်ရှန်ကိစ္စများ စီစဉ်ရသည်။ သူ လီထုန်နှင့် ချင်ယွန်းတို့ကို ဆက်သွယ်ကာ လိုအပ်သည်များ အကြောင်းကြားထားလိုက်၏။ မဟုတ်လျှင် သူပျောက်နေသည်ထင်ကာ စိတ်ပူနေကြမည်။

အားလုံး ရှင်းလင်းပြီးမှ နွေးထွေးသော အိပ်ရာထဲ ပြန်ရောက်လာ၏။

ကျန်း သူ့ကို ညင်သာစွာ ပွေ့ဖက်လျက်

“သူဌေး ကျွန်မ ဘယ်အချိန်ကို အကြိုက်ဆုံးလဲ သိလား”

“ဘယ်အချိန်လဲ”

လင်းချွမ် သူ့ဆံစလေးများကို သပ်ပေးရင်း ပြန်မေးလိုက်သည်။

ကျန်းရှင်းရှင်း တစ်ခုခုကိုတွေး၍ လေးနက်စွာဖြင့်

“ပျော်ရွှင်ခြင်းရပ်ကွက်က အငှါးတိုက်ခန်းမှာတုန်းက အချိန်တွေကို အကြိုက်ဆုံးပဲ”

“အင်းနော်။ အဲ့တုန်းက အရမ်းလွတ်လပ်ပြီး ပျော်စရာကောင်းခဲ့တာ”

လင်းချွမ်လည်း ခေါင်းငြိမ့် ထောက်ခံလေ၏။

“အဲဒီအချိန်တုန်းက ကျွန်မတို့ နေ့တိုင်း အတူတူ ရှိရတယ်။ အရမ်း ပေါ့ပါးပြီး နေလို့ကောင်းတာပဲ”

ကျန်းရှင်းရှင်းတစ်ယောက် ချိုမြိန်သော ခံစားချက်များကို တွေး၍ ပြုံးရွှင်နေသည်။

လင်းချွမ် ကျန်းခေါင်းလေးကို ခပ်ဖွဖွ ပုတ်၍ ပြုံးကာ

“ခဏလေးပဲ စောင့်ပေးနော်။ ဒီကိစ္စတွေ အားလုံး ရှင်းပြီးတာနဲ့ နေ့တိုင်း အမြဲအတူတူ ပြန်ရှိနိုင်ပြီ။ ပစ်မထားတော့ပါဘူးကွယ်”

“သူဌေးရယ်။ ကျွန်မ အလျင်မလိုပါဘူး။ ရှင် ဘေးကင်းဖို့က အရေးအကြီးဆုံးပါ”

ကျန်း အမြန်ဖြတ်ပြောလိုက်သည်။

“သိပါတယ်။ ဒါပေမဲ့ တကယ်လည်း စွန့်စားရမယ့် အချိန်ဖြစ်နေတာ။ မဟုတ်ရင် မော်ဂန်နဲ့ ပိုင်ရှန်က အရမ်းအန္တရာယ်များတယ်”

လင်းချွမ် အကြည့်များ အေးစက်စွာဖြင့် ပြော၏။

သို့သော် ကျန်းကိုပြန်ငေးကြည့်လိုက်သောအခါတွင် ပြန်၍ နူးညံ့သွားလေသည်။

“ကျွန်မ စောင့်နေပါ့မယ်”

ကျန်း သူ့ကို ပို၍ တင်းကြပ်စွာ ဖက်ထားလိုက်သည်။

“နည်းနည်းလောက် ထပ်အိပ်ကြတာပေါ့။ ညကျရင် ဦးလေးကျန်းနဲ့ ညစာသွားစားဖို့လည်း ရှိသေးတယ်။ ကိုတို့ မျက်ကွင်းတွေညိုပြီး ရောက်သွားရင် ပြောလိမ့်မယ်”

လင်းချွမ် အားရပါးရ ရယ်မောကာ ပြောမိသည်။

“မအိပ်ချင်တော့ဘူး”

ကျန်း၏ ထိတ်လန့်စရာစကားကြောင့် လင်းချွမ် မှင်တက်နေသည်။

“မအိပ်ဘူးလား”

“အင်း”

ကျန်းရှင်းရှင်း တခစ်ခစ် ရယ်မောကာ ပြောရင်း စောင်ခြုံချလိုက်သည်။

ဆောင်းရာသီနေရောင်ခြည်မှာလည်း မွန်းတည့်ကျော်သည်နှင့် တဖြည်းဖြည်း နွေဦးကဲ့သို့ တောက်ပနေသည်။

မျက်စိတစ်မှိတ်အတွင်း အချိန်များ ကုန်ဆုံးသွား၏။

လင်းချွမ်နှင့် ကျန်းတို့ အိပ်ရာမှထကာ အဝတ်အစားလဲ ပြင်ဆင်၍ အခန်းထဲမှ ထွက်လာကြသည်။

“ကဲ အခုတော့ ကြည့်ပါဦး။ ဦးလေးကျန်းကို မျက်ကွင်းတွေညိုပြီး တကယ် သွားတွေ့ရတော့မယ်”

လင်းချွမ် သက်ပြင်းချကာ ပြောမိသည်။

ကျန်းမှာတော့ မှန်ထဲမှ သူ့ပုံရိပ်ကိုကြည့်ကာ

“အဲ့လောက်လည်း မဟုတ်ပါဘူး။ ကျွန်မမှာတော့ မျက်ကွင်းမည်ုဘူး။ အသားအရည်လည်း ကောင်းပြီးသား”

လင်းချွမ် ရှုံ့မဲ့၍ တစ်ချက် လှမ်းကြည့်လေသည်။

…

ညမှောင်လာပြီး ရှေးဟောင်းပုံစံ ရိုးရာစားသောက်ဆိုင်မှာ အလင်းရောင်များကြား အသက်ဝင်နေသည်။ တံခါးဖွင့်လိုက်သည်နှင့် ကြိုဆိုသူများ ရှိနေပြီး ကြွေထည်နံ့အချို့ ရရှိ၏။ ဧည့်သည်များ၏ ရယ်မောစကားပြောသံများမှာ ရောထွေးလျက် သစ်သားစားပွဲပေါ်ရှိ စားကောင်းသောက်ဖွယ်များကို မေ့လျော့နေကြသည်။ သို့သော် လှပသိမ်မွေ့သော ဝန်ထမ်းမလေးများမှာတော့ အငွေ့တထောင်းထောင်း ထနေသော အရသာရှိသည့် ဟင်းလျာများကို ဟိုမှ သည်သို့ ဆောင်ယူသယ်ပို့နေကြလေ၏။ အချို့လည်း မြိန်ရေယှက်ရေ စားသောက်ရင်း အိမ်အပြန် မိသားစုအတွက် ဝယ်သွားမည်ဟု တွေးနေကြလောက်သည်။

ရှေးဟောင်း စားသောက်ဆိုင်လေးထဲတွင် ပန်းပျားခပ်သကဲ့သို့ ရှုပ်ထွေးနေလေ၏။

All Chapters