လိမ်နည်း သင်ပေးပါဦး
Vol. 35 Ch. 516
ကိုယ့်သမီး၏ ချီးကျူးမှုမှာ မည်သည့်အရာနှင့်မျှ မလဲနိုင်လောက်အောင် ဂုဏ်ယူစရာကောင်းပါသည်။
တစ်ချိန်တည်းတွင် သူလည်း လောင်းကစားမှုများကို ပိုသတိထား၍ အာရုံစိုက်ရန် တွေးမိ၏။
“လင်း ဒီတစ်လော အရေးကြီးကိစ္စ ရှိနေတာလား”
ကျန်းတီ လင်းချွမ်ကိုကြည့်ကာ မေးလိုက်သည်။
လင်းချွမ် ပြန်မဖြေမီပင် ကျန်းရှင်းရှင်းမှ
“အဖေရယ် သူနဲ့ ဒီတစ်လော ဘာမှ မစီစဉ်နဲ့ဦး။ တကယ့်အရေးကြီးကိစ္စတွေ ကိုင်ထားရလို့”
“နှမျောစရာပဲ”
ကျန်းတီ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်၏။
“လင်း အားရင် သူ့ရဲ့ မှော်ဆန်တဲ့လိမ်နည်းတွေနဲ့ လူတိုင်း လောင်းကစားကို စွန့်လွှတ်အောင် မိနစ်ပိုင်းအတွင်း လုပ်နိုင်မှာကို။ အဲ့လိုနဲ့ ငါတို့ သားအဖကို ကာစီနိုတိုင်းက ဖိန့်ဖိန့်တုန်အောင် ကြောက်ရပြီ”
“လက်ရှိ အမှုတွေပြီးရင်တော့ အဆင်ပြေလောက်ပါပြီ”
လင်းချွမ် ပြုံး၍ ပြောလိုက်သည်။
ကျန်းတီ လင်းချွမ်၏ ကူညီမှုကိုတွေးကာ အစီအစဉ် ဆွဲထားပြီး ဖြစ်၏။
သူသာဝင်ပါလျှင် ကျန်းလည်း ပို၍စိတ်ပေါ့ပါး အေးဆေးပေမည်။
မဟုတ်လျှင် ကျန်းတီတစ်ယောက်တည်း သူ့လှုပ်ရှားမှုဖြင့် ပြန်၍ အလိမ်ခံလိုက်ရနိုင်သည်။
“လင်း”
ကျန်းတီ လင်းချွမ်အား ငေးကြည့်နေ၏။
“ဘာလို့လဲ ဦးလေးကျန်း”
လင်းချွမ် အံ့ဩစွာ ကြည့်နေမိသည်။
“မင်းရဲ့ လိမ်နည်းတွေလေ…”
ဦးလေးကျန်း ရှက်ရွံ့သလိုဖြင့် တုံ့ဆိုင်းနေ၏။
သူ့အမူအရာကြောင့် လင်းချွမ် ချက်ချင်း သဘောပေါက်သွားသည်။
ခြုံငုံပြောရလျှင် ကျန်းတီတစ်ယောက် သူ့လိမ်နည်းများမှာ လောင်းကစား တိုက်ဖျက်ရေးအတွက် မလုံလောက်ဟု ထင်မိသည်။ ထို့ကြောင့် ပိုတတ်မြောက်ချင်၏။
ထို့အပြင် ဝတ္ထုထဲတွင် ပါဝင်သော လိမ်နည်းများမှာ အရည်အချင်းတင်မက သင်ကြားရေးလည်း လိုအပ်ပါသည်။
မဟုတ်လျှင် မည်မျှ လေ့ကျင့်ပါစေ ရလဒ်မှာ ထူးခြားမည် မဟုတ်ချေ။
“ကဒ်တွေ ယူလာလား”
လင်းချွမ်မှ မေးလိုက်၏။
ကျန်းတီမျက်နှာ ချက်ချင်း ဝင်းလက်သွားပြီး
“ဘယ်နှစ်ထုပ်လိုတာလဲ”
“ဘယ်နှစ်ထုပ် ပါလို့လဲ။ အံစာတုံးရော ဘယ်နှစ်တုံးလဲ”
လင်းချွမ် ခပ်ပေါ့ပေါ့ပါးပါး စတင်လိုက်သည်။
ကျန်းတီမှ
“ကဒ်အစုံ (၄) ထုပ်နဲ့ အံစာတုံး (၃) ခု”
သူ ပြောပြောဆိုဆိုနှင့် ကုတ်အင်္ကျီထဲမှ ဖဲထုပ် (၂) ထုပ် ထုတ်လိုက်၏။
“အဲ့တော့ ထမင်းလိုက်ကျွေးမယ်ဆိုပြီး ခေါ်ပြီး သူဌေးကို လိမ်နည်း သင်ခိုင်းမလို့လား”
ကျန်း၏ မျက်နှာလှလှလေးမှာ တွေးတွေးဆဆပုံလေးဖြင့် ပြောလိုက်သည်။
သူ့သမီးကို လွမ်းလို့မဟုတ်ဘူးလား။
လိမ်ခေါ်တာပဲ။
“အဖေကလည်း လိမ်တဲ့ဂိုဏ်းအဖွဲ့ဝင် ဖြစ်နေပြီလေ။ အဲ့တော့ လူလိမ်ဘုရင်ဆီက ညွှန်ကြားပြသမှုကိုယူမှ သင့်တော်တော့မှာပေါ့”
ကျန်းတီ ရယ်မော၍ ပြောလိုက်၏။
“သင့်တော်တာပေါ့”
ကျန်း နှုတ်ခမ်းလေးဆူလျက်
“ဟင်းတွေ မြန်မြန်လုပ်ပေးဖို့ သွားပြောလိုက်ဦးမယ်။ မဟုတ်ရင် မကြာခင် မူးလဲတော့မယ်”
“ဟုတ်ပါပြီ။ သွားပါဗျာ”
ကျန်းတီ ပြုံး၍ ဖဲထုပ်မှ ဖဲချပ်များကိုမွှေကာ လင်းချွမ်နှင့် လိမ်လည်နည်းများကို ဆွေးနွေးနေသည်။
ကျန်းတီမှာ လက်ရှိ လောင်းကစားတိုက်ဖျက်ရေးတွင် ပါဝင်နေပြီး ကိုယ်တိုင် ဆော့ကစားခြင်း မဟုတ်ပေ။ ထို့ကြောင့် ယခုတစ်ခါ လိမ်နည်းများ သင်ယူခြင်းသည် ပြစ်မှုမဟုတ်တော့။
လင်းချွမ် စိတ်ပါလက်ပါ အေးအေးဆေးဆေး သင်ပေးနေ၏။
ကျန်းတီလည်း စိတ်ဝင်တစား သင်ယူနေသည်။
ဦးလေးကျန်းမှာ လိမ်လည်ခြင်းဂိုဏ်း၏ ခေါင်းဆောင် ဖြစ်နိုင်လောက်သည်အထိ ပါရမီပါ၏။ တစ်ခေါက်၊ နှစ်ခေါက် သင်ရုံဖြင့် နည်းပညာများစွာကို မှတ်ထားနိုင်ပါသည်။
ဒီထက် ပိုလေ့ကျင့်လိုက်ပါက သေချာပေါက် အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်။
(၂) နာရီခန့်အကြာတွင်။
လင်းချွမ်နှင့်ကျန်းတို့ ဗိုက်လေးများပွတ်လျက် အလွန်ပြည့်တင်းသွားကြသည်။
ကျန်းတီလည်း ကျေနပ်နေလေ၏။
ယနေ့ညတွင် လိမ်နည်းအသစ်များ များစွာ တတ်မြောက်ခဲ့လေသည်။
သူ့ လောင်းကစားတိုက်ဖျက်ရေး အင်အားမှာ ပိုကြီးလာပြီဖြစ်၏။
ညမှာ တဖြည်းဖြည်း ပိုမှောင်မိုက်လာသည်။
တိမ်လွှာများ ပျံ့ကျဲလျက် လမင်းကိုပင် အုပ်ကာထား၏။ ကြယ်ရောင်အချို့မှာတော့ တဖျတ်ဖျတ် လင်းလက်နေလေသည်။
ကျန်းမှာ လင်းချွမ်လက်မောင်းပေါ် ခေါင်းအုံးလျက် ပြုံးကာ
“သူဌေး ကျွန်မတို့ အသက်ကြီးရင် ဘာလုပ်ကြမလဲဟင်”
“ဘာပဲဖြစ်ဖြစ် လုပ်လို့ရတာပဲ”
လင်းချွမ် ပေါ့ပါးစွာ ဖြေလိုက်၏။
လူလိမ်၊ သူခိုး၊ လုပ်ကြံသူ၊ ဟက်ကာ စသဖြင့် သူ တတ်ကျွမ်းသည်များ များစွာရှိပါသည်။
“ကျွန်မတို့လည်း အဖွဲ့အစည်းတစ်ခုခု ထောင်ရင်ကောင်းမယ်။ အဖေ အခုလုပ်နေတဲ့ လောင်းကစား ဆန့်ကျင်တိုက်ဖျက်ရေးလိုပေါ့။ အဲ့တာဆို ကျွန်မတို့လည်း လုပ်စရာရပြီ”
ကျန်းမှ ဝမ်းသာအားရ ပြော၏။
“ဒါဆို ပြစ်မှုအဖွဲ့ဆိုရင်ကောင်းမယ်။ ကိုက အဲ့အပိုင်းနဲ့ ရင်းနှီးတယ်လေ”
လင်းချွမ် ပြုံးကာ ပြောလိုက်သည်။
“ဟို…”
ကျန်း ခဏငြိမ်နေပြီးမှ
“ပြစ်မှုအဖွဲ့လား။ တကယ် ရဲစခန်းမှာ အဆုံးသတ်ဖို့ တွေးနေတာလား”
“ဟားဟားဟား။ နောက်တာပါကွာ”
လင်းချွမ် ရယ်မောမိလေသည်။
“မင်းတို့က အခုမှ အသက်ငယ်ငယ်လေး ရှိကြသေးတာကို။ ဘာလို့ အသက်ကြီးတဲ့ကိစ္စကို အခုတည်းက စိတ်ပူနေတာလဲ”
ကျန်းတီ ရယ်မောကာ စနောက်လိုက်သည်။
“ဒီအတိုင်း တွေးကြည့်တာပါ”
ကျန်းမျက်နှာလေးမှာ ပြုံးရွှင်နေ၏။
“ဒေါက် ဒေါက် ဒေါက်”
အပြင်ဘက်မှ တံခါးခေါက်သံ ကြားရသည်။
“ဝင်ခဲ့ပါ”
ကျန်းတီ စားပွဲထိုးထင်၍ ပြန်ဖြေလိုက်သည်။
“အစ်ကိုကျန်း ကျွန်တော်ပါ”
ရင်းနှီးနေသောအသံတစ်ခု ကြားရသည်။
ချန်မင် ဖြစ်၏။
“ဪ ချန် ဝင်ခဲ့လေ”
ကျန်းတီကိုယ်တိုင်ထ၍ တံခါးဖွင့်ပေးလိုက်သည်။
ချန်မင့်မျက်နှာမှာ အနည်းငယ်နီနေပြီး သောက်ထားပုံ ရ၏။ သို့သော် စိတ်နှင့်ခန္ဓာကိုယ်မှာတော့ ကြည်လင်နေဆဲပင်။
“အစ်ကိုကျန်း၊ ဆရာလင်းနဲ့ ကျန်း အနှောင့်အယှက် ပေးသလိုဖြစ်သွားရင် အားနာပါတယ်နော်”
ချန်မင် အခန်းထဲဝင်လာရင်း ပြောလေသည်။
“ဘာလို့လဲဗျ”
ကျန်းတီ သူ့ကိုကြည့်ရင်း နားမလည်နိုင်စွာ ပြော၏။
ချန်မင် ရယ်မောကာ
“ပြောစရာရှိလို့ပါ”
“အရေးကြီးကိစ္စလား ဆရာချန်”
လင်းချွမ် ပြန်မေးလိုက်သည်။
“အရေးကြီးကိစ္စတော့ မဟုတ်ပါဘူး။ အစ်ကိုကျန်းနဲ့ ဆွေးနွေးချင်လို့”
“ဘာကိုလဲဗျ”
ကျန်းတီမျက်လုံးအရောင်လေး လက်သွားသည်။
“အခုလေးတင်ပဲ ပြောနေတာ။ ညစာစားပွဲမှာ သူတို့ဘက်က ကျွန်တော်တို့ လောင်းကစားဆန့်ကျင် တိုက်ဖျက်ရေးအဖွဲ့ကို ဖိတ်ချင်တယ်တဲ့။ အဲ့တာ ခေါ်သွားမလို့။ အတူတူ သွားမလား”
အဖွဲ့ကို လူရှေ့ထုတ်ပြရသည်မှာ ခက်ခဲလှသည်တော့ မဟုတ်ချေ။ ထို့ကြောင့် ချန်မင် အားလုံးရှေ့တွင် ပြောလိုက်သည်။
“မနက်ဖြန်လား။ ရတယ်လေ။ ကိစ္စမရှိပါဘူး”
ကျန်းတီ ဝမ်းသာအားရ လက်ခံလိုက်သည်။ သူ ထိုအလုပ်ကို အလွန်စိတ်ဝင်စား၍ တန်ဖိုးထားမှန်း သိသာပါသည်။
ချန်မင်မှာ လင်းချွမ်ကိုကြည့်၍ ထပ်ဖိတ်လေသည်။
“ဆရာလင်းရော လာခဲ့ပါလား”
လင်းချွမ် လက်ယမ်းပြလျက်
“မနက်ဖြန်က ကုမ္ပဏီမှာ အရေးကြီးအလုပ်တစ်ခု ရှိနေလို့ပါ”
“နှမျောစရာပဲ။ ဆရာလင်းရဲ့ လိမ်နည်းတွေက တကယ် အဆင့်မြင့်တာ အချိန် ဘယ်လောက်ကြာကြာ သစ်လွင်အားကောင်းနေတုန်းပဲ”
ချန်မင် ပြုံး၍ ချီးကျူးမိ၏။
လင်းချွမ် နေရခက်စွာပြုံး၍
“အရမ်းမြှောက်လွန်းနေပါပြီဗျာ”