ငါ့ကို ကြိုက်နေတာလား
Vol. 35 Ch. 518
“အဲ့လိုတော့ မဟုတ်ပါဘူး။ အရင်တိုက်ခန်းက အရမ်းကျဉ်းလို့ သိပ်အဆင်မပြေဘူး ထင်တာနဲ့ ချီချီနဲ့ ငါ အသစ် လိုက်ရှာနေတာ”
အစ်ကိုဝမ်မှ သေချာရှင်းပြလေ၏။
“အစ်ကိုတို့တိုက်ခန်းက မီတာ (၁၀၀) ကျော် ပတ်လည်ကို လူ (၂) ယောက်အတွက် ကျဉ်းနေသေးတယ်လား”
လင်းချွမ် ပြန်မေးလိုက်သည်။
“မင်းနဲ့ မင်းကောင်မလေးလည်း အိမ်အကြီးကြီးမှာ နေတာပဲမလား။ ချီချီနဲ့ငါလည်း စာရေးတာက တစ်ခန်း၊ ဂိမ်းဆော့ရင် တစ်ခန်း၊ အိပ်တာက တစ်ခန်းလေ။ ဘယ်လိုလုပ် အရင်အိမ်နဲ့ အဆင်ပြေမှာလဲ”
ဝမ်ကျီခန် ပြန်ဖြေလိုက်၏။
“ဒါနဲ့ ဘာကိစ္စရှိလို့လဲ”
ဝမ်ကျီခန် နားမလည်နိုင်စွာ မေးမိသည်။
“ဒီအတိုင်း လာမေးကြည့်တာပါ”
လင်းချွမ် ရယ်မော၍ ပြန်ဖြေ၏။
ဝမ်ကျီခန်မှာ လင်းချွမ်၏စာအား စိုးရိမ်သလိုကြည့်၍
“ငါ့ကို ရုတ်တရက်ကြီး လာစိတ်မပူစမ်းပါနဲ့ကွာ။ မင်း ငါ့ကို ကြိုက်နေတာတော့ မဟုတ်ဘူးမလား။ သိပါတယ်။ အခု ပိုက်ဆံရှာနိုင်နေပြီဆိုတော့ ထူးခြားတာ စမ်းချင်တဲ့ပုံပဲ။ ဒါပေမဲ့ ငါ့မှာ အခု ချီချီ ရှိနေပြီကွ”
လင်းချွမ် ရုတ်တရက် ရှုံ့မဲ့သွားပြီး နဖူးကို ပွတ်နေမိသည်။
ဒီလိုလူနဲ့ ဘယ်လို ခင်ခဲ့တာပါလိမ့်။
သူ စိတ်ပျက်လက်ပျက်ဖြင့်
“ဘယ်သူက ကြိုက်ရမှာလဲ။ ကျွန်တော်လည်း သဘာဝအတိုင်း သဘောကျတာပါနော်”
“ဟားဟားဟား”
ဝမ်ကျီခန် အားရပါးရ ရယ်မောနေမိသည်။
ထို့နောက် ရုတ်တရက် ထပ်ပြောလေသည်။
“ဒါနဲ့ ထူးခြားတာ သိချင်ရင်တော့ ကိစ္စတစ်ခု ရှိတယ်”
လင်းချွမ် စိတ်ဝင်စားသွားပြီး
“ဘာကိစ္စလဲ”
“အခုတစ်လော ပိုက်ဆံ ခဏခဏ လာချေးတာတွေ ရှိတယ်။ ငွေသားနဲ့ ပြန်ပေးပါမယ်ဆိုပြီး စာတွေ တစ်ချိန်လုံး ပို့နေတာ”
ဝမ်ကျီခန် ရှင်းပြလိုက်၏။
“ခဏခဏက ဘယ်လိုလဲ”
“အင်း ဟိုတစ်လောက ဆက်တိုက်ပဲ။ တကယ် စိတ်ရှုပ်စရာကောင်းတယ်။ ငါ သူဌေးသမီးနဲ့ တွဲနေတာ သိတဲ့ပုံပဲ။ ဒီ (၂) ရက်လောက်အတွင်းတော့ နည်းနည်း ပါးသွားတယ်”
“တခြားရော”
“ဒါပဲလေ”
“ကောင်းပါပြီ။ ပိုက်ဆံ အလကား လျှောက်ချေးပေးပြီး နောက်မှ ကျွန်တော် ဝင်ကယ်ရအောင် မလုပ်နဲ့”
လင်းချွမ် သူငယ်ချင်းတစ်ယောက်အနေဖြင့် စနောက်လိုက်၏။
“ငါ့ရှေ့မှာ တွေ့လို့ကတော့ ကိုယ်တိုင်ဖမ်းပြီး ရဲစခန်းကို ပို့ပစ်မှာ”
ဝမ်ကျီခန် ကြွားလုံးထုတ်လေသည်။
ထိုအခါမှ လင်းချွမ်လည်း သူ့အတွက် အနည်းငယ် စိတ်အေးသွား၏။
အစ်ကိုဝမ်မှာ ခပ်ပေါ့ပေါ့ နေတတ်ပြီး ထူးထူးဆန်းဆန်းများ ပြောတတ်သော်လည်း သူ့ကို လှည့်စားရန် သိပ်မလွယ်လှချေ။
လင်းချွမ်တစ်ယောက် ရုံးခန်းထဲတွင် ထိုင်လျက် ပိုင်ရှန်အုပ်စု၏ ဆုံးဖြတ်ချက်ချသူအဖြစ် ဝင်ခံစားနေသည်။
“အစ်ကိုဝမ်ကိုတော့ စိတ်ပူစရာ မလိုတော့ဘူး”
ထို့နောက် သူ့အမည်နားတွင် တြိဂံပုံလေး ဆွဲလိုက်လေ၏။
ပြီးမှ လီချင်းအကြောင်း ကြည့်ရသည်။
လီချင်းသည် ရိုးသားအေးဆေး၍ ကုမ္ပဏီတွင် ရာထူးအလိုက် ကြိုးစားသူဖြစ်သည်။ သူ့ကိုလည်း စည်းရုံးရန် သိပ်မဖြစ်နိုင်ပေ။
နောက်ဆုံး သူ အာရုံစိုက်ရမည့် (၂) ဦး ပေါ်လာလေ၏။
ကျန်းရှင်းရှင်း၊ အန်ဂျလီနာ။
ထိုမိန်းကလေး (၂) ဦးမှာ လက်ရှိတွင် သူနှင့် အနီးကပ်ဆုံး ရှိနေပြီး ထောင်ချောက်ဆင်ရန် အကောင်းဆုံး ဖြစ်ပေမည်။
ကျန်းရှင်းရှင်းမှာ သူ့ချစ်သူဖြစ်၍ အန်ဂျလီနာသည် သူ့ကို အနီးကပ် ကူညီထောက်ပံ့နေသူ ဖြစ်၏။
သူတို့ အနည်းငယ် ပြောင်းလဲနေသည်ကို သံသယရှိသည်နှင့် ချက်ချင်း လှုပ်ရှားရတော့မည်။
အရင်တစ်ခါ ကျားဖြန့်အဖွဲ့မှ ကျန်းကို ပစ်မှတ်ထားစဉ်ကလည်း သိသာလေသည်။
လင်းချွမ် ရုတ်တရက် ဖုန်းကိုလှမ်းယူကာ ချန်မင်နဲ့ စကားပြောခန်းထဲ ဝင်လိုက်ပြီး ချန်မင်မှ ဓာတ်ပုံတစ်ပုံ ပို့ထားသည်ကို တွေ့ရ၏။
ကျန်းတီ၏ လောင်းကစား တိုက်ဖျက်ရေး အဖွဲ့ဝင်တစ်ဦးနှင့် တစ်ယောက်ချင်း ကစားနေပုံ ဖြစ်သည်။
လင်းချွမ် တစ်ဖက်လူကို အာရုံစိုက်၍ ကြည့်မိသည်။
ထိုအမျိုးသမီးမှာ ဆံပင်ကို အနောက်တွင် စုစည်း၍ အသက် (၃၀) ဝန်းကျင် မျက်နှာတွင် ထူးခြားသော အရှိန်အဝါတစ်ခုကို ခံစားရသည်။
“နိုင်ငံခြားသားပုံစံပဲ”
လင်းချွမ် မျက်မှောင်ကြုတ်မိ၏။
လူမျိုးတစ်ခုချင်းစီတိုင်းတွင် ကွဲပြားသော မျက်နှာကျ ပုံစံမျိုး ရှိတတ်သည်။
သို့သော် ဓာတ်ပုံတစ်ခုတည်းဖြင့် ဆက်စပ်မတွေးနိုင်ပေ။
မည်သို့ပင်ဖြစ်စေ လင်းချွမ် အကြံတစ်ခု ရသွား၏။
ထို့နောက် စာရွက်ပေါ်ရှိ ရှင်းရှင်းအမည်ဘေးတွင် ဦးလေးကျန်းဟုပါ ရေးထားလိုက်သည်။
အချိန်မှာ လျင်မြန်စွာ ကုန်ဆုံး၍ (၂) ရက် ကုန်သွားလေပြီ။
ထိုအချိန်အတွင်း ရှဉ့်မှာ ပိုင်ရှန်အုပ်စုမှ အချို့ဟက်ကာများနှင့် ပူးပေါင်း၍ လင်းချွမ်၏ အလစ်အငိုက် တိုက်ခိုက်မှုများအတွက် နည်းပညာ လုံခြုံရေးအကာအကွယ်များ ချနေ၏။
ရှဉ့်၏ နဂိုအရည်အချင်းမှာ ဤမျှလောက်တော့ အဆင့်မမြင့်ပေ။ လင်းချွမ်၏ ထောက်ပံ့မှုများကြောင့် ဦးနှောက်ထဲ အစောင့်အရှောက် ရှိသကဲ့သို့ ကြောက်စရာကောင်းအောင် ချောမွေ့နေခြင်း ဖြစ်သည်။
သူဌေးကျောက် သူ့ကို ပို၍ ဂရုတစိုက် ရှိလာလေသည်။
သူ ရှဉ့်၏ပုခုံးကို ပုတ်၍
“ကောင်လေး တော်တယ်ကွာ။ ဆက်ကြိုးစား။ ငါတို့ နည်းပညာဌာနမှာ လာလုပ်ရင်ရော ဘယ်လိုလဲ”
ရှဉ့် ချက်ချင်း သဘောတူလိုက်သည်။
လင်းချွမ်ဘက်ခြမ်းတွင်။
ထိုညနေ၌ ဦးလေးကျန်းမှ ရုတ်တရက် ထူးထူးခြားခြား ဖုန်းခေါ်လာ၏။
“လင်း ဒီည ထမင်းအတူစားကြမလား”
“ဦးလေးကျန်း ဘာဖြစ်လို့လ
သူ စိတ်ပူသွားသည်။
“မင်းနဲ့ ထမင်းအတူစားရင်း မေးစရာလေး ရှိလို့ပါ”
ကျန်းတီ ပေါ့ပေါ့ပါးပါး ပြောလေသည်။
“လောင်းကစားနည်းတွေလား”
“ဟုတ်တယ်။ ဒီလောင်းကစား တိုက်ဖျက်ရေးအဖွဲ့မှာ လုပ်ရင်း အရည်အချင်းမရှိသလို ပိုပြီး ခံစားလာရတယ်”
“သူတို့က အဲ့လောက်တောင် ကြိုးစားကြတာလား။ ဦးလေးကျန်း နည်းလမ်းတွေနဲ့ဆို တော်တော် အဆင်ပြေနေပါပြီ”
လင်းချွမ် မေးလိုက်၏။
“တွေ့မှပဲ သေချာပြောကြတာပေါ့”
“ကောင်းပါပြီ။ ရှင်းရှင်းလည်း ခေါ်ခဲ့မယ်လေ။ သူ တစ်ယောက်တည်း ဗိုက်ဆာပြီး ကျန်နေခဲ့လိမ့်မယ်”
လင်းချွမ် စနောက်ကာ ပြော၏။
“ရတယ်လေ။ အရင်တစ်ခါနေရာမှာပဲ တွေ့တာပေါ့။ အဲ့က အစားအစာတွေ ကောင်းသားပဲ”
ကျန်းတီ အကြံပေးလိုက်သည်။
“ကောင်းတယ်လေ”
လင်းချွမ် ဖုန်းချပြီးနောက် အပြင်သွားရန် ပြင်ဆင်လေ၏။
ညမှာ တဖြည်းဖြည်း မှောင်လာသည်။
လင်းချွမ်နှင့်ကျန်းတို့ ယူရန်ဗီလာထဲ ဝင်လာကြ၏။
“အဖေက နှစ်ရက်ဆက်တိုက် ညစာလိုက်ကျွေးတယ်ဆိုတာ ရှားရှားပါးပါးနော်”
“ကို့အရည်အချင်းတွေကြောင့်ပေါ့”
လင်းချွမ် ကြွား၍ ပြောလိုက်သည်။
“အစကတော့ ပါရမီရှင်ဆိုပြီး ပြောနေသေးတာ။ အခုမှ သင်ပေးတဲ့သူရှိတာ အရေးကြီးကြောင်း သိသွားတော့တယ်”
ကျန်းမှလည်း ဝင်နောက်၏။
ကျန်းတီ ထိုစကားကို ကြားသောအခါ မျက်နှာကြီးနီလျက်
“ငါ အသက်ကြီးလာလို့ပါနော်”
လင်းချွမ် ပြုံးလျက်
“လူလိမ်တစ်ယောက်က လေ့ကျင့်မှုလိုတယ်။ ဒီအတိုင်း ဆက်သွားရင် ပြေမှာပါ။ ဦးလေးကျန်းက ဘဝအတွေ့အကြုံရှိတာ သာတယ်လေ”
“ဟားဟား”
ကျန်းတီ ကျေနပ်စွာ ရယ်မောနေ၏။
“ငါ့သားမက်ကတော့ နားအလည်ပေးဆုံးပဲ”
“ဘာကို သားမက်လဲ”
ကျန်း နှာခေါင်းရှုံ့ကာ ပါးလေးများ ရဲနေသည်။
လင်းချွမ်ကတော့ ထောက်ခံသလို ရယ်မောပျော်ရွှင်နေလေသည်။