← Chapters

ထိပ်တန်း လောင်းကစားသမား

Vol. 35 Ch. 519

ထိပ်တန်း လောင်းကစားသမား

Vol. 35 Ch. 519

“အလုပ်အကြောင်း ပြောကြတာပေါ့”

ကျန်းတီ ခုံကိုဆွဲ၍ လင်းချွမ်ဘေး၌ ဝင်ထိုင်လိုက်သည်။

ကျန်းတစ်ယောက်တည်း မျက်နှာငယ်ဖြင့် ကြည့်နေ၏။

လင်းချွမ် ပြုံးကာ

“ဦးလေးကျန်း အရင်ပြောပါ”

သီးသန့်ခန်းလေးထဲတွင် ကျန်းတီ ရယ်မောလျက်

“လောင်းကစားတိုက်ဖျက်ရေး ကမ်ပိန်းအကြောင်းမလား”

လင်းချွမ် ခေါင်းငြိမ့်ပြကာ

“ဟုတ်ပါတယ်။ တစ်ယောက်ချင်း လောင်းတာမျိုးက လူသိများလိမ့်မယ်လေ။ အဲ့တာ ပြဿနာရှိလို့လား”

“အင်း…”

ကျန်းတီ သက်ပြင်းချလျက်

“ဟုတ်တယ်။ အဲ့တာက အဆင်တော့ပြေပေမဲ့ သူက ခေါင်းအရမ်းမာတာ။ ကာစီနိုက လောင်းကစားသမားတွေက မလိမ်နိုင်ဘူးပဲ ပြောနေတယ်”

“ဘာကိုပြောချင်တာလဲ”

“အခုခေတ် ကာစီနိုတွေမှာ လိမ်နည်းအသစ်တွေမှ အများကြီးပဲလေ”

ကျန်းတီမှ ရှင်းပြ၏။

လင်းချွမ် ခေါင်းငြိမ့်ပြလိုက်သောအခါ သူ ဆက်ပြောလေ၏။

“အဲ့တာနဲ့ တချို့နည်းလမ်းကောင်းတွေ ရှင်းပြပြီး နည်းနည်း တုန်လှုပ်သွားပုံတော့ ပေါ်ပေမဲ့ သူက လောင်းကစား တော်တော်စွဲနေတာ။ သူ့ကိုယ်သူ အဲ့ကလူတွေနဲ့ ယှဉ်နိုင်မယ် ထင်နေရော”

လင်းချွမ် အားရပါးရ ရယ်မောကာ

“ဒါဆိုလည်း သူ တော်တော် ရှုံးတဲ့အထိ စောင့်လိုက်ပေါ့။ အဲ့အခါ အသိစိတ် ဝင်လာမှာပဲ”

“အဲ့အချိန်ကျရင် အရမ်းနောက်ကျသွားမှာ”

သူ စိတ်ပျက်လက်ပျက် ဖြစ်နေ၏။

“မင်းစာအုပ်က လောင်းကစား မလုပ်အောင် ပြောပြထားတာမျိုးမလား”

ဦးလေးကျန်းမှ မေးလေသည်။

“အဲ့လိုအကြောင်း ရေးတော့ရေးထားပေမဲ့ နားထောင်တာ မထောင်တာက သူတို့ကိစ္စလေ”

“အမလေး ကောင်းတဲ့ကိစ္စကျတော့ မြှူဆွယ်ရ ခက်လိုက်တာ”

လင်းချွမ် ပြုံး၍ လက်ဖက်ရည်ငှဲ့ပေးရင်း

“ဦးလေးကျန်းရဲ့ ရည်ရွယ်ချက်က ကောင်းပေမဲ့ သူ လောင်းကစားကို စွန့်လွှတ်မလွှတ်က သူ့ကံပဲဗျ”

ကျန်းတီ သူ့ကို နားမလည်နိုင်စွာကြည့်နေပြီးနောက်

“လင်း မနက်ဖြန် အားလား”

လင်းချွမ် လက်ဖက်ရည်သောက်ရန် ကိုင်ထားရင်းမှ ကျန်းတီဘက် လှည့်လာပြီး

“ကျွန်တော့်ကို ကြိုးစားကြည့်စေချင်လို့လား”

“ဟင်းဟင်း”

သူ့အပြုံးတွင် အဖြေပါပြီးလေပြီ။

ထိုစဉ် ကျန်းမှဝင်၍

“အဖေ လင်းက တခြား ပိုအရေးကြီးတာတွေ လုပ်စရာရှိသေးတယ်။ အဖေ့ကမ်ပိန်းက စောင့်လို့ ရတယ်လေ”

ကျန်းတီအပြုံး ပျောက်ကွယ်သွားပြီး

“လင်း မင်းတို့ လျှို့ဝှက်မင်္ဂလာဆောင်အတွက် စီစဉ်ပြီး နောက်မှ ငါ့ကို အံ့ဩအောင် လုပ်မလို့လား”

“အဲ့တာနဲ့ ဘာဆိုင်လို့လဲ”

ကျန်းရှင်းရှင်း လက်လေးယမ်း၍ ရှက်ကာ ပြောလိုက်သည်။

“အဲ့ကိစ္စထက် ပိုအရေးကြီးတာ ရှိသေးလို့လား”

လင်းချွမ် ပြုံးကာ

“ကျွန်တော် မနက်ဖြန် အားပါတယ်”

ကျန်းတီမျက်နှာ ဝင်းပသွားပြီး

“ဒါဆို ငါ အခု ချိန်းထားလိုက်တော့မယ်နော်။ မနက်ဖြန် အဲ့ကောင်လေးကို ဖြုတ်ချကြတာပေါ့”

“ကောင်းပါပြီဗျာ”

ကျန်း သူ့လက်မောင်းကိုဆွဲကာ ခပ်တိုးတိုး မေးလိုက်သည်။

“သူဌေးက ဘယ်အချိန် အားလို့လဲ”

“ဦးလေးကျန်းကိစ္စကလည်း အရေးကြီးတာပါပဲ”

ကျန်း နှုတ်ခမ်းလေးစူ၍

“အဖေက ဒီအတိုင်း အမြဲ အလုပ်ရှုပ်နေတာလေ။ ကျွန်မကြောင့်နဲ့ မထိခိုက်စေချင်ဘူး။ ကိုယ့်ဟာကိုယ် လုပ်စရာရှိတာသာ လုပ်ပါ။ သူ့ကို ထားလိုက်”

ကျန်းရှင်းရှင်း သူ့အတွက် တွေးပေးကာ ပြောလိုက်သည်။

“ရှင်းရှင်းရယ် မင်းကြောင့် မဟုတ်ပါဘူး။ ဒါလည်း ကို လုပ်စရာရှိတဲ့ကိစ္စပါပဲ”

“တကယ်လား”

“ဒါပေါ့”

လင်းချွမ်ပြုံး၍ နှစ်သိမ့်လိုက်၏။

ထိုအချိန်တွင် ကျန်းတီမှ လူတစ်ယောက်ကို ဖုန်းဆက်နေသည်။

“ဟယ်လို ယော”

ယောကျဲ ရယ်မော၍

“ဦးလေးကျန်း ဘာကိစ္စလဲ”

“မနက်ဖြန်နေ့လယ် ငါတို့ လောင်းကစား တိုက်ဖျက်ရေးအဖွဲ့မှာ နောက်ထပ်ပွဲတစ်ခု ရှိတယ်။ အဲ့တာ ထိပ်တန်းကစားသမားတစ်ယောက် ခေါ်လာမှာ။ မင်းရော လာမလား”

“ထိပ်တန်း ကစားသမားလား”

“ဒါပေါ့။ မင်းရဲ့ လောင်းကစားစွဲတဲ့အကျင့်ကို ဖျောက်ပေးလိမ့်မယ်”

“အဲ့လိုလူ ရှိလို့လား။ သက်သက် လာကြွားနေတာလား”

“မနက်ဖြန် တွေ့မှာပေါ့ကွာ”

“ဟုတ်ပါပြီ။ သေချာပေါက် လာခဲ့မယ်”

ယောကျဲ ရယ်မော၍ ဖုန်းချသွား၏။

ကျန်းတီလည်း လင်းချွမ်ကို လှမ်းကြည့်ကာ

“မနက်ဖြန် မင်းလည်း ရောက်အောင်လာနော်”

“ဟုတ်ကဲ့ပါဗျာ”

ကျန်းတီ လင်းချွမ်အား သေချာကြည့်၍ ပုခုံးကိုပုတ်ကာ

“မင်း နည်းနည်း အသက်ပိုကြီးလာရင် ညီအစ်ကိုတွေလို နေလို့ရပြီ”

“အဟမ်း”

ကျန်းရှင်းရှင်း ချောင်းလှမ်းဟန့်လေသည်။

မမူးသော်လည်း ပေါက်ကရများ စပြောနေ၏။

“ဟင်းဟင်း”

ကျန်းတီပြုံး၍ သူ့သမီးဘက်လှည့်ကာ

“နောက်တာပါကွာ”

သီးသန့်ခန်းလေးထဲတွင် ရယ်မောသံများ ပြည့်နှက်သွား၏။

အခြားတစ်ဖက်တွင်။

အန်လင်းမြို့၊ မြေအောက် လောင်းကစားရုံ။

နက်မှောင်သော ကောင်းကင်ပြင်တွင် လမင်းမှာ တောက်ပစွာ လင်းလက်နေ၏။

လေပြည်ညင်းများလည်း တိုက်ခတ်၍ လောင်းကစားရုံထဲအထိ ဝင်ရောက်လာကြသည်။

သို့သော် ရုံထဲမှ လောင်းကစားသမားများ၏ အသံဖြင့် ဆူညံပွက်လောရိုက်ကာ အေးချမ်းမှု မရှိလှပေ။

ပေါ့ပေါ့ပါးပါးပုံစံ ဝတ်စားထားပြီး ဆံပင်အရှည်ကို အနောက်တွင် စုစည်းထားသည့် အမျိုးသားတစ်ဦးမှာ လူအုပ်ကြားမှဖြတ်၍ လျှို့ဝှက်လမ်းဆီသို့ ဦးတည်လာခဲ့သည်။

ယောကျဲ ဖြစ်လေသည်။

သူ လမ်းအဆုံး၌ ရှောင်ယန်ကို တွေ့ရ၏။

“အစ်ကိုယန်”

“ယော ဘာကိစ္စရှိလို့လဲ”

ရှောင်ယန် ပြုံး၍ မေးလိုက်၏။

“အရေးကြီးကိစ္စရှိလို့ တိုင်ပင်ချင်လို့ပါ”

“လိုက်ခဲ့လေ”

ရှောင်ယန် အရှေ့မှ ဦးဆောင်သွားပြီး အခန်းတစ်ခန်းရှေ့ ရောက်သောအခါ တံခါးခေါက်လိုက်သည်။

“ဝင်ခဲ့ပါ”

ကျားကြီးအသံ ထွက်ပေါ်လာ၏။

“ယောကျဲက တင်ပြစရာရှိလို့ပါတဲ့”

ရှောင်ယန်မှ ပြောပေးသည်။

“ဝင်ခိုင်းလိုက်လေ”

“ဘာကိစ္စရှိလို့လဲ။ ကျန်းလူကြီးကိစ္စလား”

“သူနဲ့တော့ ဆိုင်တယ်။ မနက်ဖြန် ထိပ်တန်း ကစားသမားတစ်ယောက် ခေါ်လာမလို့တဲ့”

“ဘာ”

ကျားကြီး မျက်မှောင်ကြုတ်နေ၏။

“ဘယ်သူလဲ။ အဲ့တာ…”

“အဲ့တာတော့ မပြောဘူး။ တကယ် တော်တာတဲ့”

“လင်းချွမ်ဖြစ်ဖို့ များတယ်”

ကျားကြီး ရေရွတ်မိသည်။

“မနက်ဖြန် တွေ့ကြမှာလား”

ရှောင်ယန် မျက်မှောင်ကြုတ်ကာ

“ယောကျဲက လင်းချွမ်နဲ့တွေ့ဖို့ မစောလွန်းဘူးလား”

“ကျွန်တော်လည်း အဲ့တာကြောင့် လာတိုင်ပင်တာပါ”

ကျားကြီး သက်ပြင်းချ၍

“မနက်ဖြန် တွေ့ရင် နည်းနည်းမှ သံသယဖြစ်ခံလို့ မရဘူးနော်”

“အဲ့တာက ခက်တယ်နော်”

ယောကျဲ စိတ်ဖိစီးသွားသည်။

“ကျွန်တော်တို့ အရင်အစီအစဉ်ကရော”

ရှောင်ယန်မှ ဝင်မေး၏။

“ပြောင်းသွားပြီပေါ့။ လင်းချွမ်က ငါတို့ကို စမ်းသပ်ချင်ပုံပဲ”

ယောကျဲနှင့် ရှောင်ယန်တို့မှာ နားလည်ပုံ မပေါ်သေးချေ။

ကျားကြီး ကျိန်ဆဲရင်း

“စဉ်းစားကြည့်လေ။ ထိပ်တန်း ကစားသမားက လင်းချွမ်ပဲ။ သူက ယောက္ခမနဲ့ ဘာလိုက်လုပ်မှာလဲ။ တစ်ယောက်ယောက် လာရှုပ်နေလား စစ်ဖို့လေ။ မနက်ဖြန် ယောကျဲ မသွားရင် သူ ဘယ်လိုတွေးမလဲ”

ထိုအခါမှ သဘောပေါက်သွားကြ၏။

အရင်အစီအစဉ်တွင် ယောကျဲကိုယ်တိုင် လင်းချွမ်အား ရင်ဆိုင်စရာ မလိုသော်လည်း ယခုတော့ ပြောင်းသွားလေပြီ။

“လင်းချွမ်က ဉာဏ်ကောင်းတာပဲ”

“ဒါဆို ကျွန်တော် ဘာဆက်လုပ်ရမလဲ”

ယောကျဲမှ မေး၏။

ကျားကြီး ခဏစဉ်းစားပြီးနောက်

“လင်းချွမ်ကို ငါတို့ မြေအောက် လောင်းကစားရုံကို ခေါ်လာခဲ့”

“ဟင်”

ယောကျဲ မျက်လုံးပြူးသွားသည်။

“အရမ်း အန္တရာယ်မများလွန်းဘူးလား”

ရှောင်ယန်လည်း စိတ်ပူသွား၏။

လင်းချွမ်သာ ရိပ်မိသွားလျှင် သူ့အနောက်၌ အန်လင်း ရဲစခန်းရှိသောကြောင့် အားလုံး ဒုက္ခရောက်နိုင်၏။

ကျားကြီး ပြုံးလျက်

“စိတ်မပူပါနဲ့။ လင်းချွမ်ကို ဒီဘက်ခေါ်လိုက်တာနဲ့ တန်အောင် လုပ်နိုင်ပါတယ်”

All Chapters