← Chapters

ပြေးသွားပြီ

Vol. 35 Ch. 524

ပြေးသွားပြီ

Vol. 35 Ch. 524

မော်ဂန်အုပ်စု အာရှ-ပစိဖိတ်ရုံးခွဲကို ဖျက်ဆီးရန်မှာ အလွန်ပြင်းထန်ပြီး လူးကပ်စ်လည်း အလူးအလဲ ခံစားနေရသည်။

ထိုအချိန်တွင် လူးကပ်စ်တစ်ယောက် သူ့အတွင်းရေးမှူး မိုလီအား ချက်ချင်း နေရာမှ ရှောင်ရန် ညွှန်ကြားနေ၏။

ဝူး!

ကားလေးတစ်စီးမှာ အရှေ့တောင်အာရှ လမ်းမပေါ်၌ အခြားကားများနှင့် ရောနှော၍ ချက်ချင်း ဝင်ရောက်လာသည်။

လူးကပ်စ်နှင့် အခြား အရေးကြီးပုဂ္ဂိုလ်များ ပုန်းအောင်းရတော့မည်။

ထိုအချိန်အတွင်း လူးကပ်စ်တစ်ယောက် ပြဿနာများကို အတတ်နိုင်ဆုံး ဆုံးရှုံးမှုနည်းစေရန် စီစဉ်နေရသေး၏။

သို့သော် သိပ်တော့ အသုံးမဝင်လှပေ။

တစ်ဖက်မှာ နတ်မျက်စိ ရထားသကဲ့သို့ ဖြစ်နေပြီး မော်ဂန်အုပ်စု၏ အတွင်းပိုင်းလုပ်ငန်းများကို နားလည်နေသော်လည်း သူကတော့ မီးခိုးများကြား ပိတ်လှောင်နေသကဲ့သို့ ဘာမှ ကောင်းကောင်း မမြင်ရဘဲ ဖြစ်နေသည်။

“ချီးပဲ လင်းချွမ်။ ငါ သေချာပေါက် လက်စားပြန်ချေမှာ”

လူးကပ်စ်မျက်နှာမှာ အလွန်ပျက်လျက် ဒေါသတကြီး အံကြိတ်နေမိသည်။

ယခုအဖြစ်အပျက်တွင် လင်းချွမ်ပါဝင်နေမည်မှာ သံသယဝင်စရာပင် မရှိပေ။

မဟုတ်လျှင် အင်တာပိုနှင့် နှစ်ပေါင်းများစွာ ထိပ်တိုက်တွေ့လာခဲ့သော်လည်း ယခုအချိန်ကျမှ ရုတ်တရက် အင်အားအလုံးအရင်းဖြင့် တစ်ချက်တည်း ရှင်းလင်းခံနေရသည်။

တစ်ဖက်တွင်။

အန်လင်းရဲစခန်း၊ ဆိုက်ဘာနည်းပညာဌာန။

သတင်းကောင်းများ တစ်ခုပြီးတစ်ခု ချင်ယွန်းမှတစ်ဆင့် လင်းချွမ်ထံ ရောက်ရှိလာကြသည်။ လင်းချွမ်မျက်နှာမှာ အလွန် ဝင်းပပြုံးရွှင်နေတော့၏။

မော်ဂန်အုပ်စုနှင့် ရန်သူဖြစ်တည်းက သူ့ဘဝ သက်ရောက်မှုလည်း အန္တရာယ်များစွာ ကြုံခဲ့ရသည်။

တိုက်ရိုက်ခြိမ်းခြောက်မှုများလည်း ရှိ၏။

ထို့အပြင် ပိုဆိုးသည်မှာ သူ့ပတ်ဝန်းကျင်မှ သူများကိုပါ ခြိမ်းခြောက်လာတတ်သည်။

ယခုအခါ အခြေအနေပုံမှန် ပြန်ထိန်းရန် ဖြစ်လာလေပြီ။

နောက်တစ်ယောက်မှာတော့ ပိုင်ရှန်အုပ်စု ဖြစ်၏။

မော်ဂန်အုပ်စုကို အပြီးသတ် ရှင်းပြီးပါက ပိုင်ရှန်အတွက်လည်း အာရုံစိုက်ရပေဦးမည်။

ည (၇) နာရီမှ စတင်ကာ အန်လင်းရဲစခန်း ဆိုက်ဘာလုံခြုံရေးဌာနမှာ မော်ဂန်အုပ်စုနှင့် ဆိုက်ဘာတိုက်ပွဲကို ဆင်နွှဲနေကြသည်။

သို့သော် တစ်ဖက်သတ်တိုက်ခိုက်ရေးနှင့် ပိုတူပါသည်။

မော်ဂန်၏ ခုခံရေးကို ဝင်စီးထားပြီးဖြစ်ကာ သူတို့ ဟက်ကာနှင့် နည်းပညာ နားလည်သူများလည်း ထွက်ပြေးသွားကြလေ၏။

တိုက်ပွဲမှာ ညဉ့်သန်းခေါင် ရောက်လုနီးနီး (၅) နာရီမျှ ကြာပြီးနောက် အဆုံးသတ်သို့ ရောက်ရှိလာတော့၏။

လက်ကျန်အနည်းငယ် ရှင်းရန်သာ ရှိတော့သည်။

“လင်း ကောင်းကောင်း ပြီးသွားပြီပဲ”

ညဉ့်နက်ချိန် ဆောင်းလေမှာ အေးစိမ့်၍ ကြက်သီးထစရာကောင်းသော်လည်း ဖုန်းထဲမှ ကျောက်ဟိုင်ဖျင်၏ အသံမှာ နွေးထွေးလှ၏။

“ဆရာကျောက် အခြေအနေ ဘယ်လိုလဲဗျ”

လင်းချွမ် စိတ်လှုပ်ရှားစွာ မေးလိုက်မိ၏။

ကျောက်ဟိုင်ဖျင်မှာ စိတ်အေးပေါ့ပါးစွာဖြင့်

“မင်းပေးတဲ့ စက်ရုံတွေ၊ အလုပ်ရုံတွေရယ်၊ မော်ဂန်အုပ်စု ရုံးတွေရယ်ကိုတော့ အားလုံး စီးမိပြီးပြီ။ တရားခံတွေလည်း တော်တော်များများ မိတယ်။ အရေအတွက် အတိအကျ ပြန်စစ်ရဦးမှာဆိုပေမဲ့ တော်တော်လေး အောင်မြင်တယ် ခေါ်ရမယ်”

ကျောက်ဟိုင်ဖျင်လည်း စိတ်လှုပ်ရှားနေမှန်း သိသာ၏။

သူ ထိုသို့ တရားခံများစွာဖမ်း၍ စိတ်ကျေနပ်မှု ရရှိခဲ့သည်မှာ အတော်ကြာလေပြီ။

ထို့အပြင် ယခု ပစ်မှတ်မှာ မော်ဂန်အုပ်စု ဖြစ်၏။

မြေအောက်လောကတွင် နာမည်ကြီးသည့် သားကောင်ဂိုဏ်းကို ဖမ်းဆီးရခြင်းပင်။

ယခုအခါတွင်တော့ အရှေ့တောင်အာရှ၏ သား​ကောင်ကြီးမှာ အစွယ်ရော၊ လက်သည်းပါ ကျောက်ဟိုင်ဖျင်ထံ၌ အနှုတ်ခံလိုက်ရလေပြီ။

သူ စိတ်မလှုပ်ရှားဘဲ မည်သို့နေမည်နည်း။

ယခု လုပ်ငန်းစဉ်၏ အဓိက တာဝန်ယူထားသူမှာ လင်းချွမ်ဖြစ်မှန်းတော့ ကောင်းကောင်း သိပါသည်။

လင်းချွမ်သာ မပါလျှင် မော်ဂန်အုပ်စုကို ယခုလို လျင်မြန်စွာ ဖျက်ဆီးနိုင်ရန် လုံးဝ မဖြစ်နိုင်ချေ။

အပြီးသတ် ချေမှုန်းရန် မဆိုထားနှင့်။ လင်းချွမ်သာ မရှိပါက အစီအစဉ်ပင် ထွက်လာမည် မဟုတ်ပေ။

ယခုအခြေအနေ အားလုံး လင်းချွမ်၏ ဦးဆောင်မှုကြောင့် ဖြစ်ပေါ်လာခြင်းသာ။

“ဒီရက်ပိုင်း ကြိုးစားခဲ့တာတွေကြောင့်ပါ”

လင်းချွမ်လည်း ရယ်မော၍ ရှေ့ရက်များ၌ ကြိုးစားခဲ့မှုအပေါ် ကျေနပ်နေမိသည်။

“လူငယ်တွေထဲက သူရဲကောင်း ပေါ်လာတာပေါ့”

ကျောက်ဟိုင်ဖျင် တိုက်ရိုက်ပင် ချီးကျူးမိသည်။

“အရမ်း မြှောက်လွန်းနေပါပြီဗျာ”

လင်းချွမ် နှိမ့်ချစွာပြုံး၍ အလုပ်ကိစ္စ ပြန်ဆက်၏။

“အကြီးအကဲကျောက် ကျွန်တော်တို့ မဖမ်းရသေးတာ အရေးကြီးတဲ့တစ်ယောက်တော့ ကျန်သေးတယ်နော်”

“ဘယ်သူလဲ”

လင်းချွမ် ခပ်ဖြည်းဖြည်း ရေရွတ်မိ၏။

“လူးကပ်စ်”

“လူးကပ်စ်လား။ မော်ဂန်အုပ်စု အာရှ-ပစိဖိတ်ရုံးခွဲက ခေါင်းဆောင်လား”

ကျောက်ဟိုင်ဖျင် ခဏစဉ်းစားပြီးမှ

“သူလည်း မော်ဂန်အုပ်စုရဲ့ အထက်ပိုင်းထဲပါတော့ ထွက်ပြေးသွားပြီ ထင်တယ်”

ထိုကဲ့သို့ ရာထူးမျိုးမှာ ဖြစ်အောင် ထွက်ပြေးမည် ဖြစ်၏။

အစတည်းကလည်း ထိုကဲ့သို့ ရှောင်ပြေးမည့် အစီအစဉ်များ ကြိုရှိထားတတ်၏။

ရာထူးကြီးများကို ဖမ်းရသည်မှာ အလွန်ခက်ခဲပါသည်။

သူ့ကိုသာ ဖမ်းနိုင်လျှင် လင်းချွမ်တို့၏ စစ်ဆင်ရေးမှာ ပြီးပြည့်စုံစွာ အောင်မြင်သွားမည် ဖြစ်သည်။

လင်းချွမ်မှာ ဆိုက်ဘာလုံခြုံရေးအဖွဲ့ အစည်းအဝေးခန်းငယ်ထဲ၌ ရှိနေ၏။

သူ့အရှေ့တွင် ကွန်ပျူတာတစ်လုံး ရှိနေသည်။

ကွန်ပျူတာပေါ်၌ မြေပုံပေါ်နေပြီး အနီရောင် အစက်ကလေးမှာ မှိတ်တုတ် မှိတ်တုတ်ဖြင့် မရွေ့လျားဘဲ ငြိမ်နေ၏။

လင်းချွမ် ပြုံးကာ ဖုန်းကိုင်ထားလျက်

“ဆရာကျောက် ကျွန်တော် သူ့တည်နေရာ သိပြီ။ ဖမ်းဖို့ လူလွှတ်ပေးပါဦး”

“တည်နေရာလား”

ကျောက်ဟိုင်ဖျင် လန့်ဖျပ်လျက်

“လူးကပ်စ်ရဲ့ တည်နေရာလား”

“ဟုတ်ပါတယ်”

လင်းချွမ် ခေါင်းငြိမ့်ပြ၏။

ကျောက်ဟိုင်ဖျင် ထိတ်လန့်အံ့ဩစွာဖြင့် လိပ်စာကို အမြန် မေးလိုက်သည်။

လင်းချွမ်လည်း ကွန်ပျူတာပေါ်မှ အနီစက်၏ တည်နေရာအား ကျောက်ဟိုင်ဖျင်ထံ ပို့ပေးလိုက်လေ၏။

ကျောက်ဟိုင်ဖျင် ထပ်မေးမနေတော့ဘဲ အနီးအနားရှိ ရဲစခန်းကို ချက်ချင်း ဆက်သွယ်လိုက်သည်။

အရှေ့တောင်အာရှ ရွာငယ်လေးတစ်ခုမှ အပန်းဖြေစခန်းတွင်။

ရွာလေးမှာ ပင်လယ်နှင့် ကပ်လျက် တည်ရှိပြီး ညလေအေးများ လူးကပ်စ်မျက်နှာကို တိုက်ခတ်နေကြသည်။

သူ ကျောက်ဆောင်အောက်နားတွင် ထိုင်ရင်း ကမ်းစပ်သို့ ရောက်လာမည့် အထူးလှေကို စောင့်နေလေ၏။

လက်ရှိတွင် အရှေ့တောင်အာရှ နေရာတိုင်း၌ မော်ဂန်အုပ်စု ရှင်းလင်းရေး စီမံချက်ကြောင့် လူးကပ်စ် မျက်နှာမပြရဲဘဲ ရှိနေသည်။

All Chapters