← Chapters

ရွာလုံးကျွတ်သုတ်သင်

Vol. 2 Ch. 114

ရွာလုံးကျွတ်သုတ်သင်

Vol. 2 Ch. 114

ထင်းရှီလည်း ရွာလူကြီး၏စကားကြောင့် ခေါင်းညိမ့်လိုက်မိသည်။

မဟာမိတ်အဖွဲ့မှာ မြစ်ဝါနဂါးဂိုဏ်းကိုပိတ်ဆို့တိုက်ခိုက်နေသော်လည်း သတင်းများအရ မြစ်ဝါနဂါးဂိုဏ်းတွင် သိုင်းထိပ်သီးများကျန်နေသေးသည်။

ယခုရွာကဲ့သို့ မြစ်ဝါနဂါးဂိုဏ်း၏ဌာနချုပ်နှင့်နီးကပ်သည့်ရွာများမှာ မြစ်ဝါနဂါးဂိုဏ်း၏ဒဏ်ကို သာမန်ထက်ပို၍ခံရပေမည်။

" အစ်ကိုကြီး အစ်ကိုကြီးက မြစ်ဝါနဂါးဂိုဏ်းကိုဖြိုခွဲမှာလား "

ရွာလူကြီး၏ဘေးမှ မိန်းကလေးမှမေးလိုက်သည်။ ထိုမိန်းကလေးမှာ အသက်ဆယ့်နှစ်ခန့်သာရှိမည်ဖြစ်ကာ ကျစ်ဆံမြီးလေးနှင့်ချစ်စရာကောင်းလှသည် ။

စောစောက မြစ်ဝါနဂါးဂိုဏ်းသား၏လက်မှ ထင်းရှီကယ်တင်ပေးထားသည့်ကလေးမလေးလည်းဖြစ်သည်။

ထင်းရှီလည်း ထိုမိန်းကလေး၏စကားကြောင့်ပြုံးလိုက်မိသည်။ ထို့နောက် ညင်သာစွာပြန်၍ပြောလိုက်သည်။

" ဒါပေါ့ အဲဒီလူဆိုးတွေကို အစ်ကိုကြီးရိုက်ပစ်မယ် ".

ထင်းရှီမှ သူမစိတ်ကျေနပ်မှုရှိစေရန်ပြောလိုက်သည်။

ရွာလူကြီးလည်း သူ၏မြေးမလေးအားကြည့်ကာပြုံးလိုက်သည်။ ထို့နောက် ဖြေးညင်းစွာပြောလိုက်သည် ။

" သူ့ရဲ့မိဘတွေဖြစ်တဲ့ ကျုပ်ရဲ့သားနဲ့ကျုပ်ရဲ့ချွေးမက လွန်ခဲ့တဲ့သုံးနှစ်က သူ့ရဲ့မျက်စေ့ရှေ့မှာပဲ မြစ်ဝါနဂါးဂိုဏ်းသားတွေရဲ့သတ်ဖြတ်ခြင်းကိုခံခဲ့ရတယ် ။

အဲဒီအချိန်ကနေစပြီး သူက မြစ်ဝါနဂါးဂိုဏ်းသားတွေကို မုန်းတီးနေခဲ့တာ "

အဖိုးအို၏စကားကြောင့် ထင်းရှီလည်း စိတ်မကောင်းဖြစ်သွားသည်။ ထို့‌နောက် ကလေးမလေး၏ဦးခေါင်းအားပွတ်ကာပြောလိုက်သည်။

" သမီးစိတ်ပူမနေဲ့ အစ်ကိုကြီး သူတို့ကို ကောင်းကောင်းကြီးဆုံးမပေးမယ် ဟုတ်ပြီလား "

ထင်းရှီ၏စကားကြောင့် ထိုမိန်းကလေးမှာပြုံးသွားသည် ။ ထို့နောက် သူမ၏ရင်ဘက်ကိုပုတ်ကာပြောလိုက်သည် ။

" ကျွန်မကြီးလာရင် သိုင်းပညာသင်ပြီးတော့ အဲလိုလူဆိုးတွေကို ကောင်းကောင်းကြီးမှတ်လောက်အောင်ရိုက်ပစ်မှာ ဒါမှသူတို့ကလူကောင်းတွေကို အနိုင်ကျင့်လို့မရမှာ "

သူမလေး၏စကားကြောင့် ထင်းရှီလည်း နောက်ထပ်တစ်ကြိမ်ပြုံးလိုက်ပြန်သည် ။ ထို့နောက်တွင် ရွာလူကြီးအားပြောလိုက်သည်။

" ခင်ဗျားတို့ ဒီမှာ ဆက်နေဖို့မသင့်လျှော်တော့ဘူး နောက်ထပ်မြစ်ဝါနဂါးဂိုဏ်းသားတွေရောက်လာရင် မလွယ်ဘူး ။

ဒါကြောင့် အခုချက်ခြင်း ဒီနေရာကထွက်တာအကောင်းဆုံးပဲ "

ထင်းရှီ၏စကားအား ရွာလူကြီးမှလည်း သဘောသလိုခေါင်းညိမ့်လိုက်သည်။ ထို့နောက် ထင်းရှီမှာ ကလေးမလေးနှင့်ရွာသားများအားနှုတ်ဆက်ကာ ခရီးဆက်လာခဲ့သည်။

ထင်းရှီထွက်ခွာလာပြီးနောက် အချိန်အနည်းငယ်အကြာတွင် မြစ်စီးသမားတစ်စုမှာ ရွာငယ်လေးသို့ရောက်လာကြသည် ။

ရွာသားများမှာ ရွာမှထွက်ခွာရန် သူတို့၏ပစ္စည်းများအား ထုတ်ပိုးလျက်ပင် ရှိကြသေးသည်။

ထိုလူများ၏ခေါင်းဆောင်မှာ ဒဏ်ရာရရှိနေသည့် သက်လက်ပိုင်းအရွယ်လူတစ်ယောက်ဖြစ်ကာ သူနှင့်တူ လူနှစ်ဆယ်ကျော်ပါသည်။

ရွာသားများမှာ ထိုလူစုအားမြင်သည်နှင့်ကြောက်လန့်သွားကြသည် ။သက်လက်ပိုင်းအရွယ်လူအား သူတို့သိရှိသည်။

ထိုလူမှာ မြစ်ဝါနဂါးဂိုဏ်း၏ အကြီးအကဲရေဘုရင်ကိုးဦးထဲမှ စတုတ္ထမြောက်ရေဘုရင်ဖြစ်သည်။ ယခုထိုလူမှာ ဒဏ်ရာရရှိထားသော်လည်း သူ၏လူများက ကောင်းမွန်နေသေးသည်။

စတုတ္ထမြောက်ရေဘုရင်မှာ ရွာအတွင်းသို့ရောက်သည်နှင့် အမူအယာပျက်ယွင်းနေကြသည့်ရွာသားများအားတွေ့လိုက်ရသည်။

ထို့နောက် သူဆက်၍လျှောက်လာရာ ရွာအလယ်မှ မြစ်ဝါနဂါးဂိုဏ်းသားများ၏အလောင်းများကိုမြင်တွေ့လိုက်ပြီး သူ၏မျက်လုံးများမီးဝင်းဝင်းတောက်သွားသည်။

" ဒါကဘယ်သူလုပ်တာလဲ "

စတုတ္ထမြောက်ရေဘုရင်မှ ကျယ်လောင်စွာအော်ဟစ်လိုက်သည် ။ထို့နောက် ရွာထဲမှ ‌တုန်ရီနေသည့်ရွာသားတစ်ဦးအား ဖမ်းဆီး၍မေးမြန်းလိုက်သည် ။

ထိုရွာသားမှာ ရေဘုရင်၏အမူအယာအားကြည့်ကာ ထိုအလောင်းများအားမြင်တွေ့ပြီးဖြစ်ကြောင်းသိလိုက်သည်။

" ဒါက ရွာထဲမှာ မဟာမိတ်အဖွဲ့ကသိုင်းသမားတွေနဲ့ ဆရာကြီးတို့ဂိုဏ်းကသိုင်းသမားတွေ တိုက်ပွဲဖြစ်သွားတာပါ "

ထိုလူမှ တုန်လှုပ်စွာပြောလိုက်သည် ။ ထိုအလောင်းများမှာ ထင်းရှီ၏လက်ချက်ဖြင့်သေဆုံးသွားကြခြင်းဖြစ်သော်လည်း ထိုလူမှ လှီးလွှဲ၍ပြောလိုက်သည်။

ရေဘုရင်မှာ ထိုလူ၏စကားကြောင့် ‌ဒေါသပေါက်ကွဲသွားသည်။ ထို့နောက် အော်ဟစ်လိုက်ပြန်သည် ။

" မဟာမိတ်အဖွဲ့

ငါတို့ရဲ့ဂိုဏ်းချုပ်ကြီးတံခါးပိတ်ကျင့်တာကနေထွက်လာရင် မင်းတို့ပြန်ပြီး ပေးဆပ်စေရမယ် "

ထို့နောက်တွင် ကြောက်လန့်နေသည့်ရွာသားအား ဓားဖြင့်တစ်ချက်ထဲထိုး၍ အဆုံးသတ်ပေးလိုက်သည် ။

" သွားကြစမ်း ရွာထဲကလူတွေကိုအကုန်သတ် ငါတို့ရဲ့ခြေရာလက်ရာတွေကိုလဲပြန်ပြီးဖျက်လိုက် "

စတုတ္ထရေဘုရင်၏အမိန့်ကြောင့်သူနှင့်ပါလာသည့်ဂိုဏ်းသားများမှ ချက်ခြင်းပင် ရွာထဲမှလူများအား စတင်သတ်ဖြတ်တော့သည်။

အချိန်အနည်းငယ်တိတ်ဆိတ်နေသည့်ရွာငယ်လေးမှာ အော်ဟစ်သံများဖြင့် ငရဲတမျှပွက်ပွက်ဆူသွားသည်။

-------------------------------------------------

မဟာမိတ်အဖွဲ့

မဟာမိတ်အဖွဲ့မှာ မြစ်ဝါနဂါးဂိုဏ်း၏ဌာနချုပ်နှင့်အနည်းငယ်ကွာဝေးသည့်နေရာတွင် စခန်းချထားကြသည် ။

လွန်ခဲ့သည့်တစ်ပတ်အတွင်း တိုက်ပွဲများတွင်မြစ်ဝါနဂါးဂိုဏ်းမှ လူအများအပြားဆုံးရှုံးခဲ့ရသလို မဟာမိတ်အဖွဲ့အစည်းဘက်မှလည်း သိုင်းသမားအတော်များများပေးဆပ်ခဲ့ကြရသည် ။

သို့သော် သူတို့၏ဆုံးရှုံးသူအရေအတွက်မှာ မြစ်ဝါ

နဂါးဂိုဏ်းနှင့်ယှဉ်လျှင် အတော်လေးနည်းပါးသည်။

ယခုလည်းတိုက်ပွဲကြီးများမဖြစ်ကြသေးသော်လည်း တိုက်ပွဲငယ်များမှာမူ ကွက်ကျားကွက်ကျားတိုက်ခိုက်နေကြသည်။

မြစ်ဝါနဂါးဂိုဏ်းမှ ဂိုဏ်းသားတစ်ထောင်ကျော်မှာ ယခုအချိန်တွင် သေဆုံးသူများလည်းများပြားကာအချို့ဂိုဏ်းသားများမှာလည်း ထွက်ပြေးကုန်ကြပြီဖြစ်သည် ။

သို့သော် သူတို့၏ဌာနချုပ်၌ ဂိုဏ်းချုပ်ဖူဟိုင်ကျင့် ၊ဒုဂိုဏ်းချုပ်တစ်ယောက်နှင့် ရေဘုရင်ငါးယောက်ဂိုဏ်းသားသုံးရာကျော်ကျန်သေးသည်။

ယခုလည်းမဟာမိတ်အဖွဲ့အစည်း၏ခေါင်းဆောင်များမှ မြစ်ဝါနဂါးဂိုဏ်း၏ဌာနချုပ်ကိုတိုက်ခိုက်ရန်ဆွေးနွေးနေကြခြင်းဖြစ်သည်။

ထင်းရှီလည်း မဟာမိတ်အဖွဲ့အစည်းထဲသို့ရောက်ရှိလာသည်။ သို့သော် သူရောက်လာခြင်းမှာ အဖွဲ့ထဲငို့ဝင်ရန်မဟုတ်ဘဲ သူ၏ သွေးသောက်ညီအစ်ကိုနှစ်ယောက်ကိုတွေ့ဆုံရန်ပင်ဖြစ်သည်။

ထို့နောက်မှ မြစ်ဝါနဂါးဂိုဏ်းသို့တိတ်တဆိတ်ဝင်ကာ အတွင်းအားစုပ်သိုင်းကျမ်းကို ခိုးယူရန်တွေးထားသည်။

ထင်းရှီလည်း မဟယမိတ်အဖွဲ့အစည်း၏စခန်းတွင် သူ၏ညီနောင်နှစ်ယောပ်အား အဆင်သင့်တွေ့ရသည် ။

တန်းဖန်းနှင့် စီးတုမင်တို့မှာ ဒဏ်ရာတစ်စုံတစ်ရာမရဘဲ တက်ကြွနေကြသည်။ သူတို့၏ပုံစံမှာ မြစ်ဝါနဂါးဂိုဏ်းသားများနှင့်တိုက်ခိုက်ရသည်ကိုပင် ပျော်ရွှင်နေဟန်ရသည်။

ထင်းရှီအားတွေ့လိုက်သည့်အခါ ထိုနှစ်ယောက်မှာ ဝမ်းမြောက်ဝမ်းသာဖြစ်သွား၍ ချက်ခြင်းပင်‌ သေရည်သောက်ရန်ဆွဲခေါ်သွားကြသည်။

ပုံမှန်ဆိုလျှင် စစ်တပ်စည်းကမ်းမှာ တိုက်ပွဲကာလအတွင်းသေရည်သောက်ခြင်းအား တင်းတင်းကြပ်ကြပ်တားမြစ်ထားသော်လည်း ယခုမှာ သိုင်းလောကသားများဖြင့်ဖွဲ့စည်းထားသည့်မဟာမိတ်ဖွဲ့အစည်းဖြစ်လေရာ စည်းကမ်းလွန်စွာတင်းကြပ်ခြင်းမရှိပေ ။

ထင်းရှီမှာ သူ၏ညီနောင်နှစ်ယောက်နှင့်အတူ သစ်ပင်ရိပ်တွင်ထိုင်ချလိုက်သည် ။ ထို့နောက် တင်းဖန်းမှ‌သေရည်တစ်အိုးအားယူလာကာ အဖုံးဖွင့်လိုက်သည် ။

သူ၏သေရည်အိုးမှာ သာမန်အိုးများထက် သုံး‌ဆကျော်ကြီးမားကာ တင်းဖန်အထူးစပ်လုပ်ထားခြင်းဖြစ်သည်။

အဖုံးပွင့်သွားသည်နှင့်တစ်ပြိုင်နက် မွှေးပျံ့သောသေရည်ရနံ့မှာ သူတိုကာနှာခေါင်းအားသို့‌လာရောက်ကျီစယ်နေကြသည် ။

ထင်းရှီမှာ သေရည်အားလွန်စွာကြိုက်နှစ်သက်ခြင်းမရှိသော်လည်း သူ၏ညီနောင်များနှင့်တွေ့ဆုံသည့်အချိန်တွင်တော့ သူတို့နှင့်အတူသောက်သုံးပေသည်။

ထိုနေရာတစ်ဝိုက်တွင် ထင်းရှီတို့ကဲ့သို့အနားယူနေကြသူများရှိကြပေသည်။ ထိုလူများသည်လည်း မွှေးပျံ့သည့်သေရည်၏ဆွဲဆောင်မှုကြောင့် ထင်းရှီတို့ဘက်သို့ မကြာခဏလှည့်ကြည့်နေကြသည်။

သို့သော် တင်းဖန်းမှမျက်နှညပြောပြောင်ဖြင့် သူတို့သုံး‌ယောက်အတွက်သာပါသည်ဆိုသည့်မျက်နှာထားအား ချီထားလေသည်။

" ဟေ့ ရှောင်လင်ဂိုဏ်းကကိုယ်တော်တွေနဲ့တိုက်ခိုက်ပြီးတော့ ရေဘုရင်တစ်‌ယောက်က ဒဏ်ရာတွေအများကြီးနဲ့လွတ်သွားတာ‌ကိုကြားလား "

" ပြီးတော့ ငါတို့မဟာမိတ်အဖွဲ့ကိုလာတုန်းက ရွာအတော်များများက ထူးထူးဆန်းဆန်းရွာလုံးကျွတ်သုတ်သင်ခံရတာဘာကြောင့်လဲမသိဘူး "

သူတို့၏ဘေးမှသိုင်းသမားနှစ်‌ယောက်မှာ အချင်းချင်းပြောဆိုနေကြသည်။

ထိုလူများမှမဟာမိတ်အဖွဲ့အစည်းသို့လာရောက်ပူးပေါင်းသည့်လူသစ်များဖြစ်ပုံရသည် ။သို့သော် သူတို့၏စကားကြောင့် ထင်းရှီမှာ မျက်လုံးပြူးသွားလေသည်။

ထင်းရှီလည်း အေးအေးဆေးဆေး ထိုင်နေရာမှ ရုတ်ချည်းထ၍ ထိုလူများအနီးသို့လျှောက်သွားလိုက်သည် ။

တင်းဖန်းနှင့်စီးတုမင်တို့လည်း ထင်းရှီ၏ထူးဆန်းသည့်အမူအယာကြောင့် တသ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြကာ ‌သေရည်အိုးအားပြန်သိမ်း၍ ထင်းရှီ၏နောက်သို့လိုက်သွားလိုက်သည်။

" မိတ်ဆွေတို့က မဟာမိတ်အဖွဲ့ထဲကိုအခုမှဝင်လာတာလား "

ထင်းရှီ၏မေးခွန်းကြောင့် ထိုလူများမှာ ခေါင်းညိမ့်ပြလိုက်သည်။

ထို့နောင် ထင်းရှီမှ အလောတကြီးမေးလိုက်ပြန်သည် ။

" ရွာလုံးကျွတ်သုတ်သင်ခံရတယ်ဆိုတာက ဒီနေသွားရင်မိုင်ငါးဆယ်လောက်အကွာမှာရှိတဲ့ ရွာငယ်လေးရောပါလား "

ထင်းရှီ၏မေးခွန်းကြောင်ပ ထိုလူမျာမှာ အနည်းငယ်ထူးဆန်းသလိုခံစားရသော်လည်း စဉ်းစား၍ပြန်ဖြေလိုက်သည် ။

" ကျုပ်တို့သေချာတော့မမှတ်မိဘူး ဒါပေမယ့် ကျုပ်အထင်ပြောရရင် ရွာဆယ်ရွာကျော်လောက်တော့ သုတ်သင်ခံလိုက်ရတယ်။ လက်သည်ကိုတော့ ကျုပ်တို့လဲမသိဘူး "

ထိုလူ၏စကားကြောင့် ထင်းရှီလည်း မကောင်းသည့်အရိပ်အငွေ့တစ်ချို့အား ခံစားလိုက်ရကာ သူ၏စိတ်ထဲတွင် ပြင်းပြင်းထန်ထန်ပူပန်စိတ်များဖြစ်လာသည်။

All Chapters