← Chapters

ပြင်းထန်သောသတ်ဖြတ်လိုစိတ်

Vol. 2 Ch. 115

ပြင်းထန်သောသတ်ဖြတ်လိုစိတ်

Vol. 2 Ch. 115

ထို့နောက်တွင် ထင်းရှီမှာ ထိုလူများအား ကျေးဇူးတင်စကားပြော၍ ပြန်လာလိုက်သည်။

“ ညီလေး ရုတ်တရက်ကြီး ဘာဖြစ်တာလဲ “

သူ့အားမလှမ်းမကမ်းမှရပ်ကြည့်နေသည့်တင်းဖန်းမှမေးလိုက်သည် ။ ထင်းရှီ၏ရုတ်တရက်အပြုအမူမှာ လွန်စွာအရေးကြနေသည့်အသွင်ရှိသည်။

“ ဘာမှမဟုတ်ပါဘူးအစ်ကိုကြီ ကျုပ်ကိစ္စလေးတစ်ခုရှိလို့ခွင့်ပြုပါဦး “.

ထင်းရှီလည်း သူ၏ညီအစ်ကိုများအားတောင်းပန်းကားဆိုလိုက်သည် ။

တင်းဖန်းမှာ တစ်စုံတစ်ရာပြောမည်ပြုသော်လည်း ထင်းရှီ၏အရေးကြီးနေပုံရသည့်အမူအယာကြောင့် သူ၏စကားလုံးများအား ပြန်၍သိမ်းဆည်းထားလိုက်သည်။

ထို့နောင်ထင်းရှီမှာ သူ၏မြင်းအားဆွဲကာ အမာမိတ်အဖွဲ့စစခန်းမှ လျှင်မြန်စွာထွက်ခွာလိုက်သည် ။

သူ၏စိတ်များလေးလံနေပေသည်။ မသိစိတ်ထဲတွင် သူကူညီပေးခဲ့သည့်ရွာမှလူများ တစ်ခုခုဖြစ်နေပြီဟုတွေးလိုက်မိသည်။

ထို့ကြောင့်လည်း ထိုရွာလေးသို့ တစ်ခေါက်ပြန်ကြည့်ရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ထငိးရှီမှာ အချိန်အတော်ကြာသည်အထိမြင်းကိုအပြင်းနှင်လာလိုက်သည်။ ထို့နောက်တွင်ညမနီးမဝေးမှ မီးခိုးများအူတတ်နေသည့်ရွာလေးအားမြက်လိုက်ရသောါခါ သူ၏စိတ်ထဲတွင် ထိတ်ခနဲဖြစ်သွားသည်။

ရွာထဲရှိမြင်ကွင်းမှာ ကြည့်ရက်စရာမရှိပေ။ ရွာသားများမှာ နေရာအနှံ့အတုံးအရုံး‌သေဆုံးနေကြကာ ထိုလူများမှာ တစ်စုံတစ်ယောက်၏သတ်ဖြတ်ခြင်းကိုခံခဲ့ရကြောင်းထင်ရှားပေသည်။

ထင်းရှီလည်ယ မယုံကြည်နိုင်သည့်မျက်နှာဖြင့် ရွာထဲသို့လှည့်လည်ကြည့်ရှုလိုက်သည် ။

အိမ်အတော်များများမှာ မီးများတောက်လောင်နေကြကာ အချိန်အနည်းငယ်ကြာပြီးသည်နှင့် တ်ူရွာလုံးသို့ ကူးစက်သွားပေမည်။

ဤသည်အားကြည့်ကာ သူတို့အားသတ်ဖြတ်သွားသည်မှာ အချိန်များစွာမကြာသေးကြောင်းသိလိုက်သည်။

ထင်းရှီလည်း ခပ်လှမ်းလှမ်းမှအလောင်းနှစ်ခုအားမြင်လိုက်ရသည့်အခါ ထိုနေရာသို့ပြေးသွားမိလိုက်သည် ။

ထိုနေရာတွင် အဖိုးအိုတစ်ယောက်နှင့် မိန်းမငယ်လေးတစ်ယောက်တို့မှာ ပွေ့ဖတ်လျက်သေဆုံးနေကြသည် ။

သူတို့မသေမီ အဖိုးအိုမှ မိန်းကလေးအားရင်ခွင်ထဲတွင် ကျစ်ကျစ်ပါအောင်ဖတ်၍ကာကွယ်ပေးထားခြင်းဖြစ်နိုင်ကာ ဓားချက်တစ်ခုမှာ အဖိုးအို၏နောက်ကျောဆီမှမိန်းကလေး၏ရင်ဘက်အထိ ထုတ်ချင်းပေါက်နေသည်။

ထင်းရှီမှာ ရင်းနှီးကျွမ်းဝင်သည့်မျက်နှာနှစ်ခုကြောင့် သူစိတ်ထဲတွင် ဝမ်းနည်းမှုများနှင့်ပြည့်‌နှက်နေသည်။

သဘောမနောကောင်းကာ သူ့ကိုပင်စိုးရိမ်တကြီးပူပန်ပေးခဲ့သည့်ရွာလူကြီး ၊ မြစ်ဝါနဂါးဂိုဏ်းသား၏လက်မှ သူကယ်တင်ပေးထားခဲ့သည့်ကလေးမလေး ။

ထိုနှစ်ယောက်မှာ လူတစ်စု၏သတ်ဖြတ်မှုကြောင့် ဆိုးရွားစွာသေဆုံးနေချေပြီ ။

ထင်းရှီလည်း မိန်းကလေး၏ခန္တာကိုယ်အနည်းငယ်လှုပ်ရှားသွားသည်ကိုတွေ့လိုက်ရသောအခါ သူ၏မျက်ဝန်းများပြူးကျယ်သွားသည်။

ထို့နောက် အလျှင်အမြန်ပင် ထိုဘေးတွင် ဒူးထောက်ထိုင်ချ၍ မိန်းကလေးအားပွေ့ကာ စမ်းသပ်ကြည့်လိုကိသည်။

မိန်းကလေးမှာ နှလုံးခုံသံတိုးဖျော့ဖျော့ရှိနေသေးကာ အသက်ငွေ့သွေ့ကျန်သေးပေသည်။

ရွာလူကြီးအဖိုးအိုနှင့်မိန်းကလေးအားထိုးသွင်းခဲ့သည့်ဓားချက်မှာ အဖိုးအို၏နှလုံးတည့်တည့်အားဖောက်ဝင်သွားသော်လည်းမိန်းကလေး၏နှလုံးနှင့်မူ အနည်းငယ်လွဲသွားသည် ။

ထင်းရှီလည်း မိန်းကလေး၏အကြောအချို့အားနှိပ်နယ်၍ မိန်းကလေး၏ခန္တာကိုယ်အတွင်းသို့ အတွင်းအားအချို့ပို့လွှတ်လိုက်သည် ။ ထိုအခါ မိန်းမငယ်လေး၏မျက်လုံးများပွင့်လာသည်။

“ အစ်ကိုကြီး ပြန်ရောက်လာတာလား “

မိန်းကလေးမှ ဖျော့တော့စွာမေးလိုက်သည်။ ထင်းရှီလည်း သူမ၏နဖူးပေါ်မှ ဆံစအချို့အား သပ်တင်ပေးလိုက်ကာ ကြေကွဲစွာပြုံးပြလိုက်သည် ။

မိန်း‌ကလေးမှာ ‌ သေဆုံးခါနီးဖြစ်၍ ငြိမ်းကာနီးမီးတောက်ထတောက်သလို သူမပြန်၍သတိလည်လာခြင်းဖြစ်ကြောင်း ထင်းရှီသိလိုက်သည်။

မိန်းကလေးမှာ ထင်းရှီ၏အပြုံးကြောင့် သူမ၏မျက်နှာထက်တွင်လည်း ခပ်ယောင်ယောင်

အပြုံးတစ်ခု ထွက်ပေါ်လာသည်။

မိန်းကလေးမှာ သူမ၏အဖိုးနှင့်ရွာထဲမှလူများသေဆုံးနေရခြင်းကြောင့် ကြေကွဲနေမည်ဟုထင်သော်လည်း ထူးထူးခြားခြားဖြင့် သူမ တည်ငြိမ်နေသည်။

“ ရွာထဲကလူတွေအကုန်သေကုန်လောက်ပြီ ။ သူတို့ကိုသတ်သွားတာ စတုတ္ထမြောက်ရေဘုရင်တဲ့ အစ်ကိုကြီးကျွန်မတို့ကို လက်စားချေပေးမှာလား “.

မိန်းကလေး၏မျှော်လင့်တကြီးမေးခွန်းအား ထင်းရှီမှာ အထပ်ထပ်အခါခါခေါင်းညိမ့်ပြလိုက်သည် ။

မိန်းကလေးမှ ထင်းရှီ၏စကားကြောင့် ကျေနပ်သွားပုံပေါ်သည်။ သူမ၏လေသံမှာ ပို၍တိုးညင်းလာသည် ။

“ ကျွန်မက ကျွန်မ သိုင်းပညာတွေကိုသင်ယူပြီး လူဆိုးတွေကိုတိုက်ခိုက်ချင်သေးတာ ဒါပေမယ့်အခု မဖြစ်နိုင်တော့ဘူး “

မိန်းကလေး၏စကားမှာ တိတ်ဆိတ်သွားသည်။ သူမ၏နှလုံးခုန်သံလည်းရပ်တန့်သွားကာ သူမသေဆုံးသွားပြီဖြစ်မှန်းသိလိုက်သည်။

“ အားး.... “

ထင်းရှီမှာ မိန်းကလေး၏အလောင်းအားဖတ်ကာ ကြေကွဲစွာဖြင့်အော်ဟစ်လိုက်သည်။

ထိုရွာလေးနစ်ခုလုံးမှာ သူ့ကြောင့်သတ်ဖြတ်ခံရခြင်းဖြစ်သည် ။သူသာမြစ်ဝါနဂါးဂိုဏ်းသားများအား ဤရွာထဲတွင်သတ်ဖြတ်ခြင်းမပြုပါကဤ‌ရွာလေးမှာ ယခုလိုရွာလုံးကျွတ်သတ်ဖြတ်ခံရခြင်းဖြစ်ချင်မှဖြစ်ပေမည်။

အဓိကတရားခံမှာ မြစ်ဝါနဂါးဂိုဏ်းမှလူများဖြစ်သော်လည်း ထင်းရှီ၏စနက်လည်းမကင်းပေ ။ထို့ကြောင့်ပင် ထင်းရှီမှာ ပို၍ ကြေကွဲနေရခြင်းဖြစ်သည် ။

ထို့နောက် ရွာထဲမှလူများ၏အလောင်းများအားပြန်စုကာ တောက်လောင်နေသောမီးတောက်များနှင့် သင်္ဂြုလ်ပေးလိုက်သည် ။

တဖြေးဖြေးအားကောင်းလာသောမီးတောက်များထဲတွင် ရွာငယ်လေးနှင့်အတူ လူများပါတောက်လောင်သွားကြသည်။

ထိုလူများမှာ သေဆုံးပြီးသည့်အချိန်တွင် ကောင်းမွန်သည့်နေရာများအား‌ရောက်ရှိမည်ဟု သူယုံကြည်သည်။

ထို့နောက် ထင်းရှီမှာ မျက်လုံးများနီရဲနေကာ မြင်းပေါ်သို့တတ်၍ အပြေးနှင်လိုက်သည်။ သူ၏ဦးတည်ရာကား မြစ်ဝါနဂါးဂိုဏ်းပင်ဖြစ်သည်။

“ မြစ်ဝါနဂါးဂိုဏ်း စတုတ္ထမြောက် ရေဘုရင် “

သူ၏စိတ်ထဲတွင် ကြုံးဝါးလိုက်သည် ။

မြစ်ဝါနဂါးဂိုဏ်း၏ဌာနချုပ်မှာ တိတ်ဆိတ်နေသည် ။

ဌာနချုပ်မှာ မြစ်ဝါမြစ်၏ဘေးရှိသစ်တောထဲတွင်တည်ထားခြင်းဖြစ်ကာ ဌာနချုပ်၏နေရာတွင်မူ သစ်ပင်များပြောင်ရှင်းနေသည်။

သူတို့၏ ဌာနချုပ်မှာ အတော်လေးကြီးမားကာ မြင့်မားသည့်တံတိုင်းများဖြင့်ပတ်ပတ်လည်ကာရံထားပြီး အခိုင်အမာတည်ဆောက်ထားသည်။

ဌာနချုပ်၏တံခါးမကြီးမှာ ပိတ်လျက်ရှိကာ အထဲတွင်တော့ထိပ်ပိုင်းခေါင်းဆောင်များနှင့်ဂိုဏ်းသား သုံးရာကျော်ရှိသည်။

မဟာမိတ်အဖွဲ့မှာ ကင်းထောက်များမှာ ဌာနချုပ်နှင့်မနီးမဝေးတွင်ရှိသည့် သစ်ပင်များထက်တွင် ကိုယ်‌ယောင်ဖျောက်၍ စောင့်ကြည့်နေကြသည်။

ထိုလူများမှာ မြစ်ဝါနဂါးဂိုဏ်း၏ဌာနချုပ်ကိုစောင့်ကြည့်နေရခြင်းဖြစ်ကာ လှုပ်ရှားမှုတစ်စုံတစ်ရာတွေ့သည်နှင့် မဟာမိတ်အဖွဲ့သို့ ချက်ခြင်းအကြောင်းကြားရပေသည်။

ယခုညနေစောင်းတွင် သစ်တောထဲတွင် စောင့်ကြည့်နေရသူမှာ ခွန်လွန်ဂိုဏ်းမှဂိုဏ်းသားနှစ်ယောက် ၊ တစ်ကိုယ်တော်သိုင်းသမားနှစ်ယောက်နှင့် ဝူတန်းဂိုဏ်းသားတစ်ယောက်ဖြစ်သည်။

“ ငါများအမြင်မှားနေတာလား လူတစ်ယောက်က မြစ်ဝါနဂါးဂိုဏ်းရဲ့ဌာနချုပ်ရှေ့ကိုလျှောက်သွားတာလားလို့ “

သိုင်းသမားတစ်ယောက်မှ သူ၏မျက်လုံးများကိုပွတ်သတ်ကာဆိုလိုက်သည်။ ထိုအခါ သူ၏ဘေးမှဝူတန်းဂိုဏ်းသားတစ်ယောက်သည်လည်း အံ့သြသည့်လေသံဖြင့်ပြောလိုက်သည်။

“ ဟုတ်တယ်ဟ ဒီလူက ဘာဖြစ်ချင်တာလဲမသိဘူး “

သူတို့၏စကားများကြောင့် ကျန်လူများပါ အာရုံစိုက်လာကြသည်။

ညနေစောင်း၏ရွှေအိုရောင်နေရောင်ခြည်များမှာ လူငယ်၏အဖြူရောင်ဝတ်စုံပေါ်သို့ကျရောက်နေသည် ။

သူ၏လက်ထဲမှတောက်ပသောဓားသည်လည်း အဝေးမှကြည့်လျှင် ခရမ်းရောင်ဓားတစ်လက်နှင့်တူနေသည်။

လူငယ်မှာ မြစ်ဝါနဂိုဏ်း၏ဌာနချုပ်ရှေ့တွင်ကပ်လိုက်ကာ မြင့်မားသည့်တံတိုင်းကြီးနှင့် ခိုင်ခန့်ပုံရသည့် တံခါးကြီးအားမော့ကြည့်လိုက်သည်။

တံတိုင်းပေါ်တွင် အစောင့်ကျနေသည့် မြစ်ဝါနဂါးဂိုဏ်းသားများရှိသည်။ ထိုလူများမှာ မဟာမိတ်အဖွဲ့၏ရုတ်တရက်တိုက်ခိုက်မှုကိုခုခံနိုင်ရန်စောင့်ကြပ်နေခြင်းဖြစ်ကြသည်။

ယခု သူတို့၏ဂိတ်တံခါးရှေ့သို့ အဖြူရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက်သာရောက်ရှိလာ၍ ရယ်မောလိုက်ကြသည်။

“ ဒီအရူးကောင်ကဘာလာလုပ်တာလဲ တမင်သက်သက်အသေလာခံတာလားမသိဘူး “

မြားကျည်တောက်တစ်ခုအားလွယ်ထားကာ လေးတစ်လက်ကိုင်ထားသည့်ဂိုဏ်းသားမှာပြောလိုက်သည် ။

ထိုလူမှာ ဂိုဏ်းထဲတွင် သိုင်းပညာအဆင့်မြင့်ငည့်လူဖြစ်ကာ သူ၏ပစ်မလွှဲမြားချက်များဖြင့်ကျော်ကြားလှသည်။

ထို့နောက် သူ၏မြားကျည်တောက်ထဲမှ မြားတစ်ချောင်းယူကာ လူငယ်ဆီသို့ပစ်လိုက်သည် ။

“ ဝှီး .. “

ငှက်မွှေးတပ်မြားတံမှာ လေကိုခွင်း၍အရှိန်ပြင်းစွာပြေးထွက်သွားသည်။

သို့သော် ထိုလူမှ မြားတစ်ချောင်းထဲပစ်လိုက်ခြင်းမဟုတ်ဘဲ နောက်ထပ်မြားနှစ်ချောင်းကို ဇယ်ဆက်သလိုပစ်လိုက်သည်။

ထိပ်တန်းအဆင့်သိုင်းသမားတစ်ဦးပင်ထိုမြားသုံးချောင်းအား ရှောင်တိမ်းရန်ခက်ခဲမည်ဖြစ်သည်။ သို့သော် ထင်းရှီမှ ခန္တာကိုယ်အားအနည်းငယ်လှုပ်ရှားလိုက်ရာ မြားတံများမှာ သူ့ဘေးမှပွတ်ကာသီကာဖြတ်ကျော်၍နောက်တွင်စိုက်ဝင်သွားကြသည်။

ထို့နောက် ထင်းရှီမှ တံတိုင်းအနီးသို့ကပ်လာသည် ။

ယခုအချိန်တွင် ထိုမြားသမားမှာ မျက်လုံးပြူးနေပြီဖြစ်သည်။ သူ၏နောက်မှမြားတံများအား ထုတ်လိုက်ကာ သူ့လူများကိုလည်းပြောလိုက်သည် ။

“ ဒီကောင့်ကိုပစ်သတ်ကြ “

သူ၏သတိပေးသံကြောင့် တံတိုင်းပေါ်မှဂိုဏ်းသားများမှာ သတိအနေအထားဖြစ်ကုန်ကြသည် ။

ထိုအချိန်တွင်ထင်းရှီမှာ မြေပြင်အားခြေတစ်‌ချက်ဆောင့်ကာ တံတိုင်းပေါ်သို့ပေါ့ပါးစွာခုန်တက်လိုက်သည် ။

“ ဝှီးး .. “

“ ဝှီးး... “

လှံရှည်နှစ်ချောင်းမှာ ထင်းရှီဆီသို့အရှိန်ပြင်းစွာပြေးဝင်လာသည် ။

All Chapters