← Chapters

တစ်ဦးတည်းဖြိုခွင်းခြင်း

Vol. 2 Ch. 116

တစ်ဦးတည်းဖြိုခွင်းခြင်း

Vol. 2 Ch. 116

ထင်းရှီလည်း သူ့ထံသို့ပြေးဝင်လာသည့်လှံရှည်နှစ်ချောင်းအားကြည့်ကာ အေးစက်စွာပြုံးလိုက်သည် ။

ထို့နောက် လှံရှည်တစ်ချောင်းအား ဘေးဘက်သို့ကန်ထုတ်လိုက်ကာ ကျန်တစ်ချောင်းပေါ်သို့နင်းလျက် တံတိုင်းအနီးသို့ရောက်လာသည် ။

“ ထန် ထန် “

မြားငါးစင်းမှာ ‌ထင်းရှီ၏မတူညီသည့်ခန္တာကိုယ်အစိတ်အပိုင်းများထံသို့ တိုးဝင်လာသည်။

ထိုမြားများမှာ သံသယဖြစ်ဖွယ်မရှိအောင်ပင် တံတိုင်းထက်ရှိ မြားသမားထံမှဖြစ်သည်။

မြားငါးချောင်းမှာ လွန်စွာလျှင်မြန်လှသည်။ ထိုအရှိန်အဟုန်မျိုးဖြင့်ဆိုလျှင် ထိပ်တန်းအဆင့်သိုင်းသမားများပင် ခက်ခက်ခဲခဲခုခံရမည်ဖြစ်သည်။ ထို့အပြင် ယခုထင်းရှီမှာ ရှောင်တိမ်းရန်ခက်ခဲသည့်လေထဲတွင်ရောက်နေသည် ။

သို့သော် ထင်းရှီမှာ ခန္တာကိုယ်အားတစ်ပတ်လှည့်၍ သူ၏လက်အားလျှင်မြန်စွာလှုပ်ရှားလိုက်ရာ ဓားအရိပ်များပေါ်လာပြီး မြားတံများမှာ ဘေးဘက်သို့လွင့်စင်ကုန်သည်။

တစ်ချိန်တည်းမှာပင် ထင်းရှီ၏ခန္တာကိုယ်သည်လည်း တံတိုင်းထက်သို့ ရောက်ရှိသွားသည် ။

“ စွတ် “

ထင်းရှီ၏ဓားမှာ သူ့ကိုဒုက္ခအပေးနိုင်ဆုံးဖြစ်ခဲ့သည့်မြားသမား၏ရင်ဘင်ဆီသို့စိုက်ဝင်သွားသည် ။ ထိုလူမှာ ပြူးကျယ်နေသည့်မျက်နှာဖြင့် လဲကျသွားသည် ။

တံတိုင်းပေါ်ရှိ လူဆယ်ယောက်သည်လည်း ထင်းရှီအားထိတ်လန့်စွာကြည့်လိုက်ပြီး လက်နက်ကိုယ်စီဖြင့်ပြေးဝင်လာကြသည် ။

လူနှစ်ယောက်သွားစာရုံသာရှိသည့်ကျဥ်းမြောင်းသည့် တံတိုင်းထက်တွင် တိုက်ပွဲငယ်တစ်ခုဖြစ်လာသည် ။

ထင်းရှီမှ အေးစက်သည့်မျက်နှာဖြင့် သူ၏ခန္တာကိုယ်အား လျှင်မြန်စွာလှုပ်ရှား၍ထိုလူများထံသို့ဦးစွာပြေးဝင်သွားသည်။

ထိုလူများ၏သိုင်းပညာမှာ သူရွယ်ငယ်လေးတွင်တွေ့ခဲ့သည့်ဂိုဏ်းသားများထက် အနည်းငယ်သာ သာလွန်သည် ။ ထိုလူများအား သတ်ဖြတ်ရန်မှာ သူ့အတွက် ဓားချက်အနည်းငယ်သုံးရသည်။

ထို့ကြောင့် အသက်ရှူချိန်အနည်းငယ်အတွင်း တံတိုင်းပေါ်ရှိဂိုဏ်းသားများမှာ သေဆုံးကုန်ကာသည် ။

အလောင်းနှစ်ခုမှာ တံတိုင်း၏အတွင်းဘက်သို့ပြုတ်ကျသွားကာ အောက်မှသိုင်းသမားများ သတိပြုမိကုန်ကြသည် ။

ထင်းရှီလည်း ထွေထွေထူးထူးစဉ်းစားမနေတော့ဘဲ ထိုလူများ၏ဌာနချုပ်ထဲသို့ခုန်ဆင်းကာ စတင်သတ်ဖြတ်လိုက်သည်။

သူတို့၏တိုက်ပွဲကိုစောင့်ကြည့်နေကြသည့်လူများမှယ မျက်လုံးများပြူးကျယ်ကုန်ကြသည်။ ထင်းရှီတံတိုင်းအနီးသို့ကပ်သွားချိန်မှစ၍ ယခုလိုအထဲသို့ခုန်ချသွားချိန်အထိ ထိုလူများမှာ မျက်တောင်မခတ်တမ်းကြည့်ရှုနေကြသည်။

“ သူက သူကဘယ်သူလဲ ဘာကြောင့် ဒီလောက်ကြောက်မက်ဖွယ်သိုင်းပညာရှိနေတာလဲ “.

သိုင်းသမားတစ်ယောက်မှ တုန်လှုပ်စွာရေရွတ်လိုက်သည် ။ ကျန်လူများလည်း ထိုလူ၏စကားကို တိတ်တဆိတ်ထောက်ခံလိုက်ကြသည်။

သူတို့အနေဖြင့် ထိုလူကဲ့သို့ မြစ်ဝါနဂါးဂိုဏ်းအတွင်းတစ်ဦးတည်းထိုးဖောက်ဝင်ရောက်ခြင်းမပြုနိုင်ပေ ။ထို့အပြင် ထိုလူမှ အချိန်အနည်းငယ်အတွင်း လုပ်ပြသွားခဲ့သည်။

“ ဒါပေမယ့်အဲဒီလူက အသက်ရှင်လျက်ရှိပါ့မလား “

နောက်တစ်ဦးမှရေရွတ်လိုက်သည်။ သူ၏မေးခွန်းကို မည်သူမှပြန်မဖြေနိုင်ပေ ။

မြစ်ဝါနဂါးဂိုဏ်းထဲသို့ထိုးဖောက်ရန်မှာ သိုင်းပညာအဆင့်မြင့်သူအဖို့ များစွာမခက်ခဲသော်လည်း ထိုအထဲတွင် အသက်ရှင်နိုင်ရန်မှာမူ များစွာခက်ခဲလှသည်။

“ သွား စခန်းကိုမြန်မြန်သွားပြီး ခေါင်းဆောင်တွေကိုအကြောင်းကြားလိုက် “

ခွန်လွန်ဂိုဏ်းသားမှ ရုတ်တရက် သတိရသွသည့်ဟန်ဖြင့်အော်ဟစ်လိုက်သည် ။

ထိုအခါမှ သူတို့ထဲတွင် ကိုယ်ဖော့ပညာအကောင်းဆုံးဖြစ်သည့်ဝူတန်းဂိုဏ်းသားတစ်ယာက်မှ လျှင်မြန်စွာပြေးထွက်သွားသည် ။

ထင်းရှီမှာမူ မြစ်ဝါနဂါးဂိုဏ်း၏ဌာနချုပ်အတွင်းသို့ဝင်ရောက်သွားခဲ့သည် ။

အောက်ရှိလူများအားဝေ့ကြည့်ကာတံတိုင်းထက်မှပေါ့ပါးစွာခုန်ဆင်းလိုက်သည်။ သို့သော် သူအောက်မရောက်မီပင် လှံရှည်အချို့နှင့် မြားတံများက ပလူပျံသလို ပြေးဝင်လာကြသည်။

ထင်းရှီလည်း သူ၏ဓားအားလျှင်မြန်စွာလှုပ်ရှား လိုက်သည့်အခါ မြားတံများနှင့်လှံရှည်များမှာ ဘေးသို့လွင့်စင်ကုန်သည် ။

ထို့နောက် မြေပြင်ပေါ်သို့ရောက်ရောက်ချင်းသူနှင့်အနီးဆုံးတွင်ရှိသည့်လူများကို စတင်သတ်ဖြတ်တော့သည်။

မြစ်ဝါနဂါးဂိုဏ်း၏ဌာနချုပ်ထဲတွင် လူသုံးရာကျော်ရှိသော်လည်း အများစုမှာ အဆင့်နိမ့်သိုင်းသမားများနှင့် အလယ်အလက်အဆင့်သိုင်းသမားများဖြစ်ကြသည်။

ထိုလူများမှာ လက်နက်ကိုယ်စီဆွဲ၍ ထင်းရှီထံသို့ပြေးဝင်လာကြသည် ။ ထင်းရှီသည်လည်း အေးစက်ကာအမူအယာကင်းမဲ့သည့်မျက်နှာဖြင့်ရှိနေကာ ထိုလူများအားဓားတစ်ချက်စီဖြင့်အဆုံးသတ်ပေးလိုက်သည်။

မြစ်ဝါနဂါးဂိုဏ်း၏ဌာနချုပ်မှာ အလယ်တွင် အဆောက်အဦးကြီးတစ်ခုရှိ၍ ဘေးဘက်များတွင် ရွက်ဖျင်တဲများရှိကြသည်။

အဆောက်အဦးကြီးမှာ ဂိုဏ်းချုပ်နှင့် အဆင့်လွန်သိုင်းသမားများနေသည့်နေရာဖြစ်ကယ ယခုအချိန်အထိ လှုပ်ရှားမှုတစ်စုံတစ်ရာမရှိသေးပေ။

ရွက်ဖျင်တဲများအတွင်းမှမူ လူအများအပြားထွက်လာကြကာ ထိပ်တန်းအဆင့်သိုင်းသမားများပင်ပါဝင်ကြသည် ။

ထင်းရှီလည်း လေနတ်ဆိုး၏မိစ္ဆာခြေလှမ်းကိုယ်ဖော့ပညာကိုအားပြု၍ လူအုပ်ထဲတွင် လျှင်မြန်စွာရွေ့လျား၍တိုက်ခိုက်နေသည်။

သိုင်းသမားတစ်ယောက်လျှင်ဓားတစ်ချက်စီသာအသုံးပြု၍ သူတို့၏သေကွင်းသေကွက်နေရာများသို့တိုက်ရိုက်တိုက်ခိုက်သဖြင့် တခဏအတွင်း ထင်းရှိ၏လက်ထဲတွင် လူကိုးဆယ်ကျော်သေဆုံးပြီးဖြစ်သည်။

ထင်းရှီ၏ သပ်ရပ်သည့်အဖြူရောင်ဝတ်စုံမှာ သွေးများဖြင့် နီစွေးနေကာ သွေးများတစက်စက်ကျဆင်းနေသည့်ဓားတစ်လက်အားကိုင်ထားသည့်ထင်းရှီမှာ သေမင်းနတ်ဘုရားတစ်ပါးနှင့်တူလှသည်။

မြစ်ဝါနဂါးဂိုဏ်းသားများမှာ ပထမတွင် လူအင်အားအားသာချက်အားအသုံးချကာ ထင်းရှီအား အတင်းကာရောဝင်ရောက်တိုက်ခိုက်ကြသော်လည်းထင်းရှီမှ သူတို့ဝန်းရံထားသည့်ကြားမှ လွယ်လွယ်ကူကူဖောက်ထွက်သွားနိုင်သည်။

အချိန်ကြာလာသည်နှင့်အမျှ မြစ်ဝါနဂါးဂိုဏ်းသားများမှာ ပို၍သွေးပျက်လာကြကာ ထင်းရှီ၏အနီးသို့မကပ်ဝံ့ကြ‌တော့ဘဲ ပတ်ပတ်လည်တွင်သာဝန်းရံထားကြသည်။

သူတို့၏မျက်လုံးများထဲတွင်ကြောက်လန့်မှုများနှင့်ပြည့်နှက်နေကာ ထင်းရှီအားတုန်လှုပ်စွာကြည့်နေကြသည် ။

ထင်းရှီသည်လည်း လူမည်မျှသတ်မိသည်ကို သူမရေမတွက်နိုင်တော့ပေ ။ သို့သော် သူ၏ပတ်လည်တွင် အလောင်းများထပ်နေကာ သွေးချောင်း‌စီးနေသည်။

ထင်းရှီမှာ ဒဏ်ရာပြင်းပြင်းထန်ထန်မရသော်လည်း အသေးစားဒဏ်ရာသုံးလေးခုရရှိပေသည် ။ယခု မြစ်ဝါနဂါးဂိုဏ်းသားများမှဆုတ်ခွာသွားကြသဖြင့် သူလည်း သတ်ဖြတ်နေခြင်းအား ခေတ္တရပ်နားလိုက်သည် ။

လူအမြောက်အများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ရခြင်းက သူ့ကိုမောပန်းစေသည်။ သူ၏ဓားကိုင်လက်သည်လည်း သွေးများဖြင့်စေးကပ်နေကာ လက်အံသေနေပြီဖြစ်သည် ။

ထိုအချိန်တွင် အဆောက်အဦးကြီးအတွင်းမှလူရိပ်များပေါ်လာကာမြစ်ဝါနဂါးဂိုဏ်းသားများမှာ အားတက်သွားကြသည်။

အဆောက်အဦးထဲမှ မြေဝါရောင်ဝတ်စုံနှင့်လူလေးယောက်ပေါ်လာသည် ။ ထိုလူများအားမြင်သည်နှင့် လက်ကျန်ဂိုဏ်းသားများမှာ အားတက်သရောဖြစ်သွားကြသည် ။

“ ရေဘုရင်တွေရောက်လာပြီ ဒီကျူးကျော်တဲ့ကောင်ပြန်ပြီး ပေးဆပ်စေရမယ် “

“ သူ့ကိုချက်ခြင်းမသတ်ဘဲနဲ့ ဖြေးဖြေးချင်းနှိပ်စက်ပြီးမှသတ်တာပဲကောင်းတယ် “

အသံများမှာ ဆူဆူညံညံဖြင့်ထွက်ပေါ်လာသည်။ မူလက ကြောက်ရွံ့နေကြသည့်လူများမှာ ယခုအခါတွင်ထင်းရှီအား ဝင်းဝင်းတောက်နေကြသည့်မျက်လုံးများဖြင့်ကြည့်ရှုလာကြသည် ။

သူတို့၏ပုံစံမှာ သားကောင်ကိုတွေ့ရသည့်ဝံပုလွေများကဲ့သို့ ထင်းရှီအားအပိုင်းပိုင်းစုတ်ပစ်ချင်ပုံရသည် ။

သူတို့၏ သတ်ဖြတ်လိုသည့်အကြည့်များသာ ခတွန်ထက်နေသည့်ဓားများဖြစ်သွားပါကထင်းရှီမှာ အကြိမ်တစ်ထောင်ခန့်ပင်သေဆုံးပြီးဖြစ်ပေလိမ့်မည် ။

ရေဘုရင်လေးယောက်မှာ ပြင်ပမှမြင်ကွင်းများကိုကြည့်ကာ သူတို့၏မျက်နှာဆိုးရွားစွာပျက်ယွင်းကုန်ကြသည်။

ဒေါသထွက်ရမည့်အစား အံ့အားသင့်ဆွံ့အကုန်ကြသည် ။

သူတို့လေးဦးမှာ သူတို့၏ဂိုဏ်းချုပ်တံခါးပိတ်လေ့ကျင့်နေသဖြင့် စောင့်ဆိုင်းနေကြခြင်းဖြစ်သည် ။သူတို့၏ဂိုဏ်းချုပ်သာအောင်မြင်သွားပါက မဟာမိတ်အဖွဲ့အစည်းကိုပင် တန်ပြန်တိုက်ခိုက်‌နိုင်ပေမည် ။

ပထမတွင် ပြင်ပမှတိုက်ခိုက်သံများကြားရကာ ဂိုဏ်းသားတစ်ယောက်မှ သတင်းလာပို့သော်လည်းသူတို့အလေးအနက်မထားကြပေ ။

ယခု သူတို့ရောက်ရှိလာသည့်အချိန်တွင်ကား ပြင်ပတွင် ကမ္ဘာပျက်လုမတတ်ဖြစ်နေချေပြီ ။

မူလကဂိုဏ်းသားသုံးရာကျော်ကျန်နေသေးသည့်သူတို့၏ဌာနချုပ်မှာ သေဆုံးနေကြသည့်အလောင်းများဖြင့်ပြည့်နှက်နေကာ သွေးချောင်းစီးလျက်ရှိသည် ။

လက်ကျန်ဂိုဏ်းသားများမှာ ငါးဆယ်ပင်မပြည့်တတ်ပေ ။ဤဆုံးရှုံးမှူမှာ သူတို့အတွက် နလန်မထူနိုင်သည့်ဆုံးရှုံးမှုဖြစ်ပေလိမ့်မည် ။

ဤအဖြစ်အပျက်၏လက်သည်မှာ ဂိုဏ်းသားများ၏အလယ်တွင်ရပ်နေသည့်လူတစ်ဦးတည်းကြောင့်ဆိုသည်မှာ ယုံရခက်လှသည် ။

ထိုလူမှာ သွေးများဖြင့်စိုးရွဲနေသည့်ဝတ်ရုံဖြင့် ညာလက်တွင်ဓားတစ်လက်ကိုကိုင်ဆောင်ထားသည် ။

ထိုလူမှာ အနည်းငယ်မောပန်းနေပုံရသော်လည်း ဒဏ်ရာပြင်းပြင်းထန်ထန်မရသေးကြောင်းသူတို့ကောင်းစွာသိသည် ။ထို့အပြင် သူတို့အား ထိန်လန့်‌ ‌စေသည့်အရာမှာ ထိုလူ၏အသက်အရွယ်သာဖြစ်သည်။

သူတို့၏ဌာနချုပ်သို့ဝင်ရောက်ကာလူနှစ်ရာကေတာ်အားသတ်ဖြတ်နိုင်ရန်မှာ သိုင်းဝိဇ္ဇာတစ်ဦးသာတတ်နိုင်ပေမည် ။

သို့သော် သူတို့ရှေ့မှလူငယ်မှာ သိုင်းဝိဇ္ဇယတစ်ဦးမဟုတ်သေးသလို အသက်သုံးဆယ်ပင်ပြည့်ပုံမရသေးသည့်လူငယ်သာဖြစ်သည်။

ထိုအဖြစ်က သူတို့ကိုအံ့အားသင့်တုန်လှုပ်သွားစေသည် ။ ဤအဖြစ်က တခဏသာဖြစ်သည်။

ချက်ခြင််းပင် သူတို့၏မျက်နှာထက်၌ ဒေါသအရိပ်အယောင်များပေါ်ထွက်လာသည်။

All Chapters