တိုက်ပွဲကြမ်းကြမ်းသွေးလွှမ်းလွှမ်း
Vol. 2 Ch. 117
ထင်းရှီလည်း နောက်ထပ်ရောက်လာသူများအားကြည့်လိုက်သောအခါ အဆင့်လွန်သိုင်းသမားလေးယောက်ဖြစ်နေသည်ကိုသိလိုက်သည် ။
ထိုလူများမှာ ဓားကိုယ်စီကိုင်ထားကြကာ သူတို့၏ခန္တာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသည့်အငွေ့အသက်များထွက်ပေါ်နေကြသည်။
ထင်းရှီလည်း ထိုလူများအားကြည့်ကာ ထိုလေးယောက်မှ မြစ်ဝါနဂါးဂိုဏ်းမှ အဆင့်လွန်သိုင်းသမားများဖြစ်ကြသည့် ရေဘုရင်ကိုးယောက်ထဲမှဖြစ်ကြောင်းသိလိုက်သည်။
ရေဘုရင်ကိုးယောက်ထဲမှ လေးယောက်မှာ မဟာမိတ်အဖွဲ့အစည်းနှင့်တိုက်ပွဲများတွင်ေူဆုံးသွားပြီဖြစ်သည်။
ယခုလေးယောက်ထဲမှ ရွာငယ်လေးအား ရွာလုံးကျွတ်သတ်ဖြတ်သွားသည့် စတုတ္ထရေဘုရင်ဆိုသူပါမပါ လုဝေမသိပေ။
“ မင်းက ဘယ်သူလဲ ဘာလို့ ငါတို့ရဲ့ဂိုဏ်းကိုတိုက်ခိုက်တာလဲ “
ရေဘုရင်တစ်ယောက်မှမေးလိုက်သည် ။ ထိုလူ၏မေးခွန်းကြောင့်ထင်းရှီမှ အေးစက်စွာပြုံးလိုက်သည်။
“ ခင်ဗျားတို့ထဲက စတုတ္ထရေဘုရင်ဆိုတာဘယ်သူလဲ “
ထင်းရှီ၏မေးခွန်းကြောင့် ထိုလူများမှာ မျက်နှာတင်းမာသွားကြသည် ။
“ သူဒီမှာမရှိဘူး နောက်ပြီးတော့ မင်းက ဘယ်သူလဲ မင်းကိုမဟာမိတ်အဖွဲ့ထဲမှာမတွေ့ဖူးဘူး “
ရေဘုရင်တစ်ယောက်မှမေးလိုက်သည် ။ ထိုလူများမှာ ထင်းရှီအား ချက်ခြင်းမတိုက်ခိုက်ကြသေးပေ ။
သူတို့၏ဂိုဏ်းချုပ်ကြီးရောက်လာသည်အထိ အချိန်ဆွဲထားလိုခြင်းဖြစ်သည် ။
ထိုအကြံအားထင်းရှီလည်းရိပ်စားမိသည် ။ ထိုကြောင့် ထိုလူ၏မေးခွန်းအား ထင်းရှီမှပြန်မဖြေဘဲ အေးစက်စွာပြောလိုက်သည် ။
“ ကျုပ်ရဲ့အကြောင်းကိုသိချင်ရင် ယမမင်းဆီမှာပဲသွားမေးတော့ “
ထင်းရှီမှ ခြေတစ်ချက်ဆောင့်ကာ ထိုလူများ၏အနီးသို့ လျှင်မြန်စွာရောက်ရှိသွားသည်။
ထို့နောက် အထီးကျန်ဓားသိုင်းထဲမှ အင်အားပြင်းထန်ဆုံးဓားကွက်ဖြစ်သည့် တောင်နှင့်မြစ်အားပိုင်းဖြတ်ခြင်းဓားကွက်ကို အသုံးပြုလိုက်သည် ။
ထိုလေးယောက်သည်လည်း ဓားကိုယ်စီဆွဲထုတ်လိုက်ကြကာ ထင်းရှီ၏တိုက်ခိုက်မှုအား ပူးပေါင်းခုခံလိုက်ကြသည် ။
“ ထန်းး.. “
ကျယ်လောင်သည့်မည်သံနှင်အတူ ဓားငါးချောင်းမှာ ပူးကပ်သွားသည်။
ထို့နောက် ထင်းရှီမှာ နောက်သို့ခြေတစ်လှမ်းဆုတ်ပေးလိုက်ရကာ သူ၏ရင်ဘက်ထဲတွင်အောင့်တတ်သွားသည်။
သူ၏တိုက်ခိုက်မှုမှာ လေးယောက်တစ်ယောက်အတွင်းအားယှဉ်ပြိုင်ရသလိုဖြစ်သွားသည့်အတွက်
ယခုလိုအရေးနိမ့်သွားခြင်းမှာ မဆန်းပေ။
အကယ်၍ထင်းရှီသာ အဝေးမှအရှိန်အဟုန်မပါဘဲ အခြားဓားကွက်တစ်မျိုးမျိူးအား အသုံးပြုခဲ့ပါက ယခုအချိန်လောက်ဆိုလျှင် အတွင်းဒဏ်ရာပင်ရရှိသွားနိုင်သည်။
ထို့အတူ ထိုလူများမှာ ပူးပေါင်းတိုက်ခိုက်ရသည့် ဓားသိုင်းတစ်မျိုးမျိုးကို အသုံးပြုနေကြောင်းကိုသိလိုက်သည် ။
သို့မဟုတ်ပါက ထိုလူများတုံ့ပြန်မှုမှာ ယခုလောက်ချောမွေ့မနေနိုင်ပါချေ ။
“ မုန်တိုင်းနဂါးသုံးဆယ့်ခြောက်ကွက် “
ထိုလူများမှ ထင်းရှီအား လျှင် မြန်စွာဝန်းရံ၍ ထောင့်လေးထောင့်ဆီမှ အသီးသီးတိုက်ခိုက်လိုက်ကြသည် ။သူတို့၏ဓားသိုင်းများမှာ တူညီသည့်ဓားသိုင်းများဖြစ်ကြသည်။
တစ်ဦးချင်းဆိုလျှင်ထင်းရှီမှာ ထိုလူများအား အလွယ်တကူအနိုင်ယူနိုင်သော်လည်း လေးယောက်တစ်ယောက်ဖြစ်သဖြင့် လက်ရည်တူတိုက်ခိုက်နေရသည် ။
ထို့အပြင် ထိုလူများ၏ဓားသိုင်းမှာ ပူးပေါင်းတိုက်ခိုက်ရသည့်ဓားသိုင်းတစ်မျိုးဖြစ်ကာ လေးယောက်ပေါင်း၍တိုက်ခိုက်သည့်အတွက် တော်ရုံတန်ရုံအဆင့်လွန်သိုင်းသမားများကို အလွယ်တကူအနိုင်ယူသည် ။
ထိုလူမျအသုံးပြုနေသည့်ဓားသိုင်းမှာ မြစ်ဝါနဂါးဂိုဏ်း၏နာမည်ကျော် မုန်တိုင်းနဂါးသုံးဆယ့်ခြောက်ကွက်ဖြစ်ကာ ရေဘုရင်ကိုးဦးပေါင်း၍တိုက်ခိုက်ပါက သိုင်းဝိဇ္ဇာအဆင့်တစ်ယောက်ကိုပင် လက်ရည်တူတိုက်ခိုက်နိုင်သည်။
သို့သော် တိုက်ပွဲတွင် ခွန်လွန်ဂိုဏ်းချုပ်ကြီးမာရှောင်ကျင်းနှင့် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှအဆင့်လွန်သိုင်းသမားများကြောင့် သူတို့၏ပူးပေါင်းတိုက်ကွက်ပျက်စီးကာ ရေဘုရင်လေးယောက်သေဆုံးခဲ့ရခြင်းဖြစ်သည်။
ခွန်လွန်ဂိုဏ်းချုပ်ကြီးနှင့်အခြားအဆင့်လွန်သိုင်းသမားများလည်း သူတို့၏တိုက်ခိုက်မှုများကြောင့် ဒဏ်ရာအသီးသီးရရှိခဲ့ကြသည်။
ထို့ကြောင်ပင် မြစ်ဝါနဂါးဂိုဏ်း၏ဌာနချုပ်ကိုနိုက်ခိုက်မည့်အကြံအားအနည်းငယ်ရွှေ့ဆိုင်းထားခြင်းဖြစ်သည် ။
သူတို့၏ဒုဂိုဏ်းချုပ်တစ်ယောက်မှာမူ ခွန်လွန်ဂိုဏ်းမှလူတစ်ယောက်နှင့် သိုင်းထိပ်သီးဆယ်ယောက်စာရင်းမှနံပါတ်သုံးကုန်းစွန်းသခင်လေး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည် ။
ယခု ရေဘုရင်လေးယောက်သာရှိသော်လည်း ထင်းရှီအား ထိုလူများ၏ပူးပေါင်းသိုင်းကွက်မှာ စိတ်ဒုက္ခပေးနိုင်သည်ကိုတော့ ဝန်ခံရပေမည်။
ထင်းရှီလည်း အံကိုတင်းတင်းကြိတ်လိုက်ကာ ပို၍ပြင်းထန်စွာတိုက်ခိုက်လိုက်သည် ။ ထိုလးများ၏နည်းဗျူဟာမှာ သူ၏အတွင်းအားများကုန်ဆုံးစေရန်ပြုလုပ်နေခြင်းပင်ဖြစ်သည်။
လေးယောက်တစ်ယောက်တိုက်ခိုက်နေရခြင်းဖြစ်သဖြင့် သူ၏အတွင်းအားများ ပို၍ကုန်ဆုံးပေသည် ။ ထို့ကြောင့်လည်း တိုက်ပွဲအား မြန်မြန်ဖြတ်လိုခြင်းဖြစ်သည်။
ထင်းရှီလည်း ထိုလူများ၏ပူးပေါင်းဓားကွက်အားနည်းချက်ကို အလျှင်အမြန်ရှာဖွေလိုက်သည်။ ထို့နောက် ဒဏ်ရာအနည်းငယ်ရထားသည့် သူ၏ညာဘက်မှလူကိုပစ်မှတ်ထား၍တိုက်ခိုက်လိုက်သည်။
ထင်းရှီ၏ခန္တာကိုယ်မှာ ရိပ်ခနဲရွေ့လျားသွားကာ ထိုလူ၏ရှေ့သို့ချက်ခြင်းလိုလိုပင်ရောက်ရှိသွားသည် ။ ထို့နောက် သူ၏လက်အားလျှင်မြန်စွာလှုပ်ယမ်းလိုက်ရာ ဓားအရိပ်များစွာပေါ်လာသည်။
ထိုဓားရိပ်များမှာ အတုနှင့်အစစ်ရောထွေးနေကာ ခုခံရခက်ခဲလှသည်။။ ထိုဓားကွက်မှာ ဓားစုံးလက်သခင်လေး၏ အရိပ်လှုပ်ရှားမှုနှင့်ဆင်တူသော်လည်း ယခုသိုင်းကွက်မှာ ပို၍လျှင်မြန်ပေသည် ။
ညာဘက်ရှိလူမှာ ထင်းရှီ၏ဓားကွက်ကြောင့် ထိတ်ထိတ်ပြာပြာဖြစ်သွားသည် ။ ထို့နောက် ကမန်းကတန်းခုခံလိုက်သော်လည်း သူ၏ပခုံးတွင်ဓားတစ်ချက်ထိသွားသည် ။
ထို့နောက်ထိုလူ၏ဘယ်လက်တွင် ဓားတိုလေးတစ်ချောင်းထွက်ပေါ်လာကာ ထင်းရှီအား အနီးကပ်ထိုးသတ်လိုက်သည် ။
သူတို့နှစ်ဦးမှာ လူချင်းကပ်နေသည့်အပြင် အလစ်အငိုက်တိုက်ခိုက်လိုက်ခြင်းဖြစ်သဖြင့် အတွက် ပုံမှန်အချိန်များဆိုလျှင်ထင်းရှီမှာ ဒဏ်ရာအပြင်းအထန်ရကောင်းရနိုင်ပေမည်။
သို့သော် ပခုံးတွင်ဒဏ်ရာတစ်ချက်ရရှိသွားသောကြောင့် ထိုလူ၏လှုပ်ရှားမှုများမှာ အနည်းငယ်နှေးကွေးသွားသည်။
ထိုကြောင့် ထင်းရှီလည်း အန္တာရာယ်အငွေ့အသက်ကိုရရှိသည်နှင့် ထိုလူ၏နောင်ကျောဘက်သို့ လျှင်မြန်စွာပင်ရွေ့လျားလိုက်သည် ။
“ စွပ် “
“ အား... “
ထင်းရှီနှင့်တိုက်ခိုက်နေသူမှာ ကျယ်လောင်စွာအော်ဟစ်၍လဲကျသွားသည် ။ ထင်းရှီလည်း ထိုလူ၏ရင်ဘက်မှဓားကိုဆွဲထုတ်လိုက်သည်။
ကျန်သုံးယောက်မှာလည်း ထင်းရှီ၏လျှင်မြန်လှသည့်လှုပ်ရှားမှုကြောင့် ကြောင်အသွားကြကာ အလျှင်အမြန်သွားလိုက်ကြသော်လည်း အချိန်မမှီတော့ပေ။
ထို့နောက် ထင်းရှီမှာ အချိန်မဆိုင်းတော့ဘဲ ကျန်သုံးယောင်အား ပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်သည်။
သူတို့၏ပူးပေါင်းဓားကွက်ပျက်စီးသွားသည်နှင့်ထင်းရှီ၏လှုပ်ရှားမှုများမှာ ကန့်သက်မခံရသောကြောင့် ပို၍လျှင်မြန်လာသည် ။
ထိုလူများမှာ အချိန်အနည်းငယ်အတွင်းး ဒဏ်ရာအသီးသီးနှင့်နောက်ဆုတ်သွားကြကာမည်သူမှရှေ့မတတ်ကြပေ ။
ထင်းရှီလည်း ထိုလူများအား လိုက်လံသတ်ဖြတ်မည်ပြုလိုက်စဉ် သူ၏မျက်ဝန်းထောင့်စွန်းထဲတွင် အဆောင်အဦးထဲမှ ထွက်လယသူတစ်ယောက်အားမြင်လိုက်ရသည်။
“ ဒဏ်ရာရနေတဲ့စတုတ္ထရေဘုရင်တောင်ရောက်လာပါလား ။။ဒီတစ်ခါ သူတို့ပူးပေါင်းတိုက်ခိုက်ရင်လည်း အနိုင်ရပါ့မလားမသိဘူး “
မြစ်ဝါနဂါးဂိုဏ်းသများမှာ ထင်းအား ကြောက်ရွံ့စွာကြည့်လျက် တီးတိုးရေရွတ်လိုက်ကြသည်။
ထင်းရှီလည်း ထိုလူများ၏အသံကြောင့် ဆက်ခနဲဖြစ်သွားကာ နောင်ထပ်ထွက်လာသည့်လးအားကြည့်လိုက်သည်။
ထိုလူမှာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရသော်လည်း သူ၏မျက်နှာမှာ အနည်းငယ်ဖြူဖျော့နေကာ အတွင်းဒဏ်ရာတစ်စုံတစ်ရာရထားပုံပေါ်သည် ။
ထင်းရှီလည်းထိုလူအားသတ်ဖြတ်လိုသည့်အကြည့်ဖြင့်ကြည့်ကာ လျှင်မြန်စွာလှုပ်ရှားလိုက်သည်။
“ ဝှစ် “
ထင်းရှီ၏ခန္တညကိုယ်မှာ ဝေဝါးသွားကာ အတောက်အဦးကြီး၏ရှေ့သို့ရောက်သွားသည် ။ ထို့နောက်မပြောမဆိုဖြင့် နောက်ထပ်ရောက်လာသည့်လူအားတိုက်ခိုက်လိုက်သည် ။
ထိုလူမှာ ပြင်ပတွင်တိုက်ခိုက်နေမှန်းသိသော်လည်း ယခုလိုချက်ခြင်းတိုက်ခိုက်ခံရမည်ဟုမျှော်လင့်မထားမိပေ ။
သို့သော် သူကိုယ်တိုင်အဆင့်လွန်သိုင်းသမားတစ်ဦးဖြစ်သောကြောင့် ခါးတွင်ချိတ်ထားသည့်ဓားအားလျှင်မြန်စွာဆွဲထုတ်၍ခုခံလိုက်သည် ။
တစ်ချိန်တည်းမှာပင် သူ့အပေါ်သို့ ကြီးမားသည့်ဖိအားတစ်ခုရောက်လာသည်ဟုခံစားလိုက်မိကာ ဓားတစ်ချောင်းဝင်ရောက်လာသည် ။
“ ထန်းးး.... “
စတုတ္ထရေဘုရင်မှာ မည်သည့်အရာများဖြစ်ပျက်နေသည်ကိုမသိရှိသေးမီ နောက်သို့ လွင့်စင်သွားသည်။
သူ၏ရင်ဝသို့ ပိဿာအတော်များများလေးသည့်တူကြီးဖြင့်ထုချခံလိုက်ရသလိုခံစားမိကာ သွေးတစ်ပွက်အန်ထုတ်လိုက်ရသည်။
ထိုဓားချက်မှသယ်ဆောင်လာသည့်အင်အားမှာ သိူ့ကာအတွင်းဒဏ်ရာပင်ရရှိသွားစေသည်။ ယခင်ရရှိထားသည့်ဒဏ်ရာဟောင်းမှာ ပို၍ပြင်းထန်လာကာ သူ၏ကိုယ်လုံးပင်အနည်းငယ်ယိမ်းယိုင်သွားသည်။
ထိုစဉ် သူ၏ခန္တာကိုယ်အနီးသို့ပြေးဝင်လာသည့်အရိပ်တစ်ခုကိုမြင်လိုက်ရပြီး သူ၏ခန္တာကိုယ်တစ်ခုလုံးမလှုပ်မယှက်ဖြစ်သွားသည် ။
စတုတ္ထရေဘုရင်မှာ မည်သည့်အရာများဖြစ်ပျက်နေသည်ကို လိုက်မမီခင်မှာပင် တစ်စုံတစ်ယောက်၏အကြောပိတ်ခြင်းကိုခံလိုက်ရသည် ။
ထို့နောက် သွေးများစွန်းပေနေသည့်ဓားတစ်လက်မှာ သူ၏လည်ပင်းပေါ်သို့ရောက်လာကာ ခပ်တိုးတိုးရယ်သံတစ်ချက်ကိုကြားလိုက်ရသည် ။
-------------------------------------------------------------&