မြစ်ဝါနဂါးဂိုဏ်း၏ကြိုးကိုင်သူ
Vol. 2 Ch. 119
မြစ်ဝါနဂါးဂိုဏ်း၏ဌာနချုပ်
ရွှေအိုရောင်နေလုံးကြီးမှာ ဝင်လုဆဲဆဲဖြစ်ကာ နောက်ဘက်တောင်တန်းများပေါ်တွင်မေးတင်နေပြီဖြစ်သည်။
ယခင်က ညနေစောင်းအချိန်များတွင် သောက်စားမူးရစ်သံ ရမ်းကားသံများဖြင့်ဆူညံနေသည့် မြစ်ဝါနဂါးဂိုဏ်း၏ဌာနချုပ်မှာမူယခုအချိန်တွင် သုဿန်တစပြင်ကဲ့သို့တိတ်ဆိတ်နေသည် ။
မြင်ကွင်းမှာလည်း သုဿန်တစ်ခုနှင့်ဆင်တူလှသည် ။မြေပြင်တွင် လဲကျသေဆုံးနေကြသော ရာနှင့်ချီမည့်အလောင်းများရှိနေကြကာ သွေးချောင်းစီးလျက်ရှိသည် ။
မြေကွက်လပ်၏အလယ်တွင် အနီရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက်ရှိနေကာ ထိုလူငယ်၏လက်ထဲတွင် လူတစ်ယောက်ကိုချုပ်ကိုင်ထားသည်။
ထိုလူမှာ မလှုက်မယှက်နိုင်ဖြစ်နေကာ လက်မောင်းတစ်ဖက်လည်းမြေပြင်ထက်သို့ပြုတ်ကျနေသည်။
သို့သော် ထိုလူမှာ တစ်စုံတစ်ရာပြောဆိုနိုင်ခြင်းမရှိဘဲ ပြူးကျယ်နေသည့်မျက်ဝန်းများနှင့်မျက်ရည်များကျဆင်းနေသည်။
သူ၏နောက်ရှိလူငယ်၏ဝတ်စုံမှာ မူလကပဖြူရောင်ဖြစ်ဟန်ရှိသော်လည်းယခုအခါတွင် ဝတ်ရုံ၏နေရာအနှံ့စွန်းပေနေသည့် အနီရောင်သွေးများကြောင့် အနီရင့်ရောင်သို့ပင်ပြောင်းလဲနေပြီဖြစ်သည်။
“ မင်းကငါ့ရဲ့ဌာနချုပ်ထဲမှာ ငါ့တို့ဂိုဏ်းကအကြီးအကဲတွေနဲ့ဂိုဏ်းသားတွေကိုသတ်ရဲတာအတင့်ရဲလှချေလား “
လူငယ်၏ရှေ့မှ အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် အသက်ခြောက်ဆယ်ကျော်အဖိုးအိုမှပြောလိုက်သည်။
မြစ်ဝါနဂါးဂိုဏ်းသားများမှ ထိုအဖိုးအိုအား ဇဝေဇဝါဖြစ်နေသည့်မျက်လုံးများဖြင့်ကြည့်နေကြသည် ။
သို့သော် ရေဘုရင်သုံးယောက်မှာမူ ထိုအဖိူးအိုအား လွန်စွာလေးစားဟန်ဖြင့်အရိုအသေပြုနေကြသည်
လူငယ်မှာ ထိုအဖိုးအို၏စကားကြောင့် အေးစက်စွာရယ်မောလိုက်သည်။
“ ကျုပ်က သူ့ကိုသတ်ရုံတင်မဟုတ်ဘူး ခင်ဗျားတို့ဂိုဏ်းတစ်ခုလုံးကိုဖျက်ဆီးပြမယ် “
လူငယ်မှသူ၏လက်ထဲတွင်အကြောပိတ်ခံထားသည့်လူအားအောက်သို့ပစ်ချလိုက်သည် ။ထို့နောက်အဖိုးအိုအား စူးရှတင်းမာသည့်မျက်လုံးများဖြင့်ကြည့်လိုက်သည်။
“ ကောင်းပြီလေ မင်းဘယ်လောက်အထိခေါင်းမာနိုင်မလဲကြည့်ကြသေးတာပေါ့ ။
မင်းကိုချက်ခြင်းမသတ်သေးဘဲ မင်းရဲ့ခန္တာကိုယ်အစိတ်အပိုင်းတွေကိုတစ်ခုချင်းဖြတ်တောက်ပြီးး မြစ်ဝါမြစ်ထဲကိုငါးတွေကိုကျွေးပစ်မယ်။
မင်းသေဆုံးခြင်းကိုတောင့်တတဲ့အထိ ငါက ဖြေးဖြေးချင်းနှိပ်စက်ပြမယ် “
အဖိုးအိုမှ လူငယ်အား သွေးဆာသည့်မျက်လုံးများဖြင့်ကြည့်ကာ ကြက်သီးထဖွယ်သူ၏အစီအစဉ်များကို တစ်ခုချင်းပြောပြလိုက်သည်။
လူငယ်မှာ အဖိုးအို၏စကားများကို ပြီးဆုံးအောင်စောင့်စားမနေတော့ဘဲ မြေပြင်အားခြေတစ်ချက်ဆောင့်ကာ အဖိုးအိုထံသို့ မြားတစ်စင်းလိုတိုးဝင်သွားသည် ။
တစ်ဆက်တည်းပင် အအရှိန်အဟုန်ဖြင့် ပေါင်းစပ်၍သူ၏အပြင်းထန်ဆုံးဓားကွက်အားနောက်ထပ်တစ်ကြိမ်ထုတ်သုံးလိုက်ပြန်သည်။
“ တောင်နှင့်မြစ်အား ပိုင်းဖြတ်ခြင်း “
ထင်းရှီ၏ဓားကွက်မှာ အားအရှိန်အဟုန်ဖြင့်ပေါင်းစပ်ထားခြင်းကြောင့် ပုံမှန်ထက်ပို၍ပြင်းထန်နေသည် ။
ထိုဓားကွက်အား သူအသုံးပြုသည်မှာ ဒုတိယအကြိမ်ရှိပြီဖြစ်သော်လည်း အားအင်လျော့ကျမသွားဘဲ ယခင်ကထက်ပို၍ပြင်းထန်လာသည်။
အမှန်မှာ ထင်းရှီထိုတိုက်ပွဲအားများစွာအလေးအနက်ထားလေသည် ။မြစ်ဝါနဂါးဂိုဏ်းမှရေဘုရင်ဆိုသူများကို သူ့အနေဖြင့် အလွယ်တကူအနိုင်ယူနိုင်စွမ်းရှိသော်လည်း ယခုအဖိုးအိုမှာမူ မလွယ်ကူပေ။
အဖိုးအို၏သိုင်းပညာမှာ သိုင်းဝိဇ္ဇာအဆင့်သို့ခြေလှမ်းတစ်ဝက်ဝင်ရောက်နေသည့်အပြင် အဖိူးအို၏နှစ်ပေါင်းများစွာတိုက်ခိုက်ခဲ့သည့်တိုက်ပွဲအတွေ့အကြုံများက သူ့ထက်များစွာပိုလေသည်။
သို့သော် ထင်းရှီ၏ဓားကွက်များမှာ အဖိုးအိုအား ကောင်းစွာဖိအားပေးနိုင်ကာ ယခုအချိန်အထိ အပေါ်စီးမှတိုက်ခိုက်နိုက်လေသည်။
“ ကောင်းပြီလေ မင်းကငါ့ကိုဖိအားပေးနေတာဆိုတော့လဲ “
အဖိုးအိုမှညဒေါသထွက်လာပုံရသည်။ သူ၏သိုင်စပညာမှာ ထင်းရှီထက်သာလွန်နေသော်လည်း ထင်းရှီ၏ဓားကွက်များကိုယခုအချိန်အထိ ထိုးဖောက်ခြင်းမပြုနိုင်သေးပေ။
ဤအဖြစ်က သူ့ကိုအနည်းငယ်မခံချိမခံသာဖြစ်ကာ ဒေါပွစေသည်။
“ သွေးအရိပ်လှုပ်ရှားမှု “
အဖိုးအို၏လှုပ်ရှားမှုများမှာ ပို၍မြန်ဆန်လာသည်။ သူ၏လက်ဝါးနှစ်ဖက်သည်လည်းအနီရောင်သမ်းလာကာ ထူးခြားသည့်သိုင်းကွက်တစ်မျိုးမျိုးကို ထုတ်ဖော်နေပုံရသည် ။
ထို့နောက် အဖိုးအိုမှထင်းရှီ၏ရှေ့သို့ရိပ်ခနဲရောက်လာကာ သူ၏သွေးနီရောင်သမ်းလျက်ရှိသည့်လက်ဝါးများဖြင့်ရိုက်ချလိုက်သည် ။
လက်ဝါးနှစ်ဖက်မှာ လေထုကိုခွဲ၍တိုးဝင်လာကာ အဖိုးအိုမှာ အတွင်းအားပြည့်ဝနေပြီး သူ၏တိုက်ခိုက်မှုမှာလည်း ကြောက်မက်ဖွယ်ရာဖြစ်သည်။
ထင်းရှီလည်း ထိုတိုက်ကွက်အားရင်မဆိုင်ရဲပေ။ သူ၏ခန္တာကိုယ်အား အလျှင်အမြန်လှုပ်ရှားလိုက်သောအခါ နောက်ဘက်သို့ရောက်ရှိသွားသည်။
ထင်းရှီလည်း အဖိုးအို၏လက်ဝါးရိုက်ချက်ကြောင့်နောက်ဘက်အတော်ဝေးဝေးသို့ခုန်ဆုတ်လိုက်ကာ မျက်မှောင်ကြုတ်သွားသည်။
ထို့နောက် အဖိုးအိုအား စူးစိုက်ကြည့်၍ တီးတိုးရေရွတ်လိုက်သည်။
“ သွေးမိစ္ဆာလက်ဝါးသိုင်း ခင်ဗျားက သွေးမိစ္ဆာလား “
ထင်းရှီ၏ အံ့ဩနေပုံရသည့်လေသံကြောင့် အဖိုးအိုသည်လည်း ရပ်တန့်သွားသည်။ ထို့နောက် ခြောက်ချားဖွယ်ရယ်မောလိုက်သည်။
“ မင်းလိုနောက်ပေါက်သိုင်းသမားလေးတစ်ယောက်က ငါ့ကိုသိနေမယ်လို့မထင်ထားဘူး ဟုတ်တယ် ငါကသွေးမိစ္ဆာပဲ “
အဖိုးအို၏ဝန်ခံစကားကြောင့် ထင်းရှီလည်း ခေါင်းညိမ့်လိုက်မိသည် ။ ယခုတိုက်ပွဲမှာ ပို၍ခက်ခဲလာမည်မှာ သေချာသလောက်ရှိနေသည်။
သို့သော် သူ၏ရင်ထဲတွင်ကြောက်စိတ်လုံးဝမရှိပေ။ အဖိုးအိုမှာ သိုင်းကြောက်ရွံ့ထိတ်လန့်ကြသည့်သွေးမိစ္ဆာဖြစ်သော်လည်း သူ့အတွင်ကမူ သေချာပေါက်သတ်ဖြတ်ရမည့် ပြိုင်ဘက်တစ်ဦးဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့် မြစ်ဝါနဂါးဂိုဏ်းမှလက်ကျန်ဂိုဏ်းသားများမှာမူ လွန်စွာတုန်လှုပ်ကုန်ကြသည်။
သူတို့၏ဂိုဏ်းချုပ်အားဖူဟိုင်ကျင့်ဟုသိထားရာမှ ယခုသွေးမိစ္ဆာဆိုသည့် ကြောက်မက်ဖွယ်သိုင်းထိပ်သီးကြီးမှာ သူတို့၏ဂိုဏ်းချုပ်ဖြစ်နေသည် ။
သွေးမိစ္ဆာမှ သူ့ဂိုဏ်းသားများ၏ဘက်သို့လှည့်ကာရယ်မောလိုက်သည်။
“ ဖူဟိုင်ကျင့်ကို လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ထဲက ငါရှင်းပစ်ပြီးပြီ ဖူဟိုင်ကျင့်နေရာကိုအယောင်ဆောင်နေတာက ဒုဂိုဏ်းချုပ် မျက်နှာတစ်ရာပဲ ။
အခုမြစ်ဝါနဂါးဂိုဏ်းကို ဂိုဏ်းသေးသေးလေးကနေ ဂိုဏ်းဝင်တစ်ထောင်ကျော်နဲ့ ထိပ်တန်းအဆင့်ဂိုဏ်းကြီးဖြစ်လာအောင် ငါပျိုးထောင်ပေးခဲ့တာပဲ။
ဒါပေမယ့်မထင်မိဘူး ။မဟာမိတ်အဖွဲကငါတို့ကိုလာရောက်တိုက်ခိုက်လိမ့်မယ်လို့ ဒါပေမယ့် သိပ်တော့ကိစ္စမရှိပါဘူး သူတို့ငါတို့ဂိုဏ်းကိုတိုက်ခိုက်တာထက် အဆပေါင်းများစွာပြန်ပြီးပေးဆပ်စေရမယ် “
သွေးမိစ္ဆာ၏စကားကြောင့် မြစ်ဝါနဂါးဂိုဏ်းသားများမှာ အံ့အားသင့်ကာတိတ်ဆိတ်နေကြရာမှ ဝမ်းမြောက်ဝမ်းသာဖြင့်အော်ဟစ်လိုက်ကြသည်။
သူတို့အနေဖြင့် ဂိုဏ်းအား မည်သူတည်ထောင်သည်ဆိုသည်က များစွာအရေးမပါလှပေ ။ အရေးကြီးသည်က သူတို့ဂိုဏ်းပို၍အင်အားကြီးမားကာ သိုင်းလောကတွင်လက်မထောင်နိုင်ရန်ဖြစ်သည် ။
ယခုဂိုဏ်းချုပ်ဖြစ်နေသည့်သွေးမိစ္ဆာမှာ ဖူဟိုင်ကျင့်ထက်ပင်များစွာအစွမ်းထက်သေးသည်။
သူတို့ဂိုဏ်း၏မူလတည်ထောင်သူမှာ သာမန်အဆင့်လွန်သိုင်းသမားလေးသာဖြစ်သည်။ ထို့နောက်တွင် သုံးနှစ်အတွင်းအင်အားတဟုန်ထိုးတိုးပွားလာခြင်းမှာ သွေးမိစ္ဆာကြောင့်ဖြစ်မှန်း သူတို့ရိပ်စားမိလိုက်ကြသည်။
သွေးမိစ္ဆာမှာ လွန်ခဲ့သည့်နှစ်နှစ်ဆယ်ကျော်က သိုင်းလောင်တွင် ထင်ရှားသည့်အဆင့်လွန်သိုင်းသမားတစ်ဦးဖြစ်သည်။
သူ၏သွေးမိစ္ဆာလက်ဝါးသိုင်းကြောင့်ပင် သွေးမိစ္ဆာဟူသည့်ဘွဲ့ကိုရရှိလညခြင်းဖြစ်သည်။ သူ၏လက်ဝါးသိုင်းမှာ လွန်စွာအစွမ်းထက်သလို လေ့ကျင့်သည့်နည်းလမ်းများမှာလည်း အောက်လမ်းဆန်လှသည်။
ထို့ကြောင့်ပင် နဂါးစိမ်းဂိုဏ်းချုပ်သွမ့်ကျန်းမင်နှင့်တိုက်ခိုက်ကြပြီး ပျောက်ကွယ်သွားခြင်းဖြစ်သည်။
သိုင်းလောကသားများမှ သွေးမိစ္ဆာအားသေဆုံးသွားပြီဟု ထင်ခဲ့ကြသော်လည်း မသေဆုံးသေးဘဲ မြစ်ဝါနဂါးဂိုဏ်း၏ကြိုးကိုင်သူဖြစ်နေသည်။
သွေးမိစ္ဆာမှ သူ၏ဂိုဏ်းသားများအားရှင်းပြပြီးသည့်နောက်တွင် ထင်းရှီအား ရက်စက်သည့်အကြည့်ဖြင့် ကြည့်လိုက်သည် ။
“ မင်းက ငါ့ရဲ့အကြောင်းကိုသိပြီးပြီဆိုတော့ အခုသေလို့ရပြီ “
သွေးမိစ္ဆာမှ အေးစက်စွာပြော၍ ထငိးရှီထံသို့ခုန်ဝင်လာသည်။ တစ်ဆက်တည်း သူ၏သွေးနီရောင်လက်ဝါးများအားဝေ့ယမ်းကာတိုက်ခိုက်လိုကရောင်လက်ဝါးများအားဝေ့ယမ်းကာတိုက်ခိုက်လိုက်သည်။
“ ဝုန်းး.. “
ထင်းရှီရပ်နေသည့်နေရာတွင် အပေါက်ကြီးတစ်ခုဖြစ်သွားကာ ဖုန်မှုန့်များလုံးတတ်လာသည် ။ထိုအချိန်တွင်ထင်းရှီ၏ခန္တာကိုယ်မှာ ထိုနေရာတွင်မရှိတော့ပေ ။
သွေးမိစ္ဆာမှာ အန္တရယ်အငွေ့အသက်ကိုခံစားလိုက်မိ၍ မျက်မှောင်ကြုတ်သွားကာ ခန္တာကိုယ်အား အလျှင်အမြန်စောင်းပေးလိုက်သည် ။
တောက်ပနေသည့်ဓားတစ်ချောင်းမှာ သွေးမိစ္ဆာ၏နံဘေးမှဖြတ်ကျော်သွားကာ သူ၏ဝတ်စုံကိုပင်ထိုးခွဲသွားသည် ။
အကယ်၍သွေးမိစ္ဆာသာအချိန်အနည်းငယ်နောက်ကျသွားပါက ထိုဓားမှာ သူ၏နံကြားထဲသို့ စိုက်ဝင်သွားပေမည် ။
သွေးမိစ္ဆာမှာ ပထမဦးဆုံးအကြိမ်အဖြစ်တုန်လှုပ်သွားမိသည် ။ထင်းရှီအား သူပေါ့ပေါ့လေူသဘောထားကာ ဒေါသနှင့်တိုက်ခိုက်လိုက်သည့်အတွက် ပထမတိုက်ကွက်ဖြင့်ပင် ဒဏ်ရာပြင်းထန်စွာရတော့မလိုဖြစ်သွားသည်။
ထို့နောက် ထင်းရှီ၏ခန္တာကိုယ်မှာ သူ၏ဘေးဘက်တွင်ပေါ်လာကာ လွဲချော်သွားသည့်ဓားချက်အားအလျားလိုက်ပြောင်းကာ သွေးမိစ္ဆာ၏ရင်ဘက်ဆီသို့ ဖြတ်ဆွဲချလိုက်သည် ။
သွေးမိစ္ဆာမှာ ယခုတစ်ကြိမ်တွင် သတိထားနေပြီဖြစ်သည့်အလျှောက်ခန္တာကိုယ်အားနောက်ဘက်သို့လှန်ချကာရှောင်တိမ်းလိုက်သည်။