← Chapters

အပြုံးလေး

Vol. 29 Ch. 421

အပြုံးလေး

Vol. 29 Ch. 421

ရွှီဖန်း၏စကားများက မိုးကြိုးပစ်သကဲ့သို့ စွန်းဖေးဖေး၏စိတ်ထဲကို ဝင်ရောက်သွားလေသည်။

အရွယ်ရောက်လာကတည်းက စွန်းဖေးဖေးက အမြဲတမ်း ပြုံးနေခဲ့၏။ မိသားစုထဲမှ အကြီးအကဲများကို ပြုံးပြသည်။ ပရိသတ်များကို ပြုံးပြ၏။ စင်ပေါ်မှာ ပြုံးပြပြီး သူငယ်ချင်းများကို ပြုံးပြလေ့ရှိသည်။

သို့သော်ငြား အစကနေ အဆုံးအထိ စွန်းဖေးဖေးသည် သူ့ကိုတော့ တကယ်စိတ်ပါလက်ပါဖြင့် တစ်ခါမှ မပြုံးပြခဲ့ပေ။ သေးငယ်သော အပြုံးတစ်ခုတောင် မပြုံးပြခဲ့ပေ။ 

စွန်းဖေးဖေးသည် ခေါင်းကိုမော့ကာ သူမ၏စိတ်နှလုံးအောက်ခြေကနေ ထွက်ပေါ်လာသည့် တောက်ပသော အပြုံးတစ်ခုကို ရွှီဖန်းအတွက် ပေးအပ်လိုက်၏။ 

ရွှီဖန်းအတွက်မူ အလွန်လှပသောအမျိုးသမီးများကို အများကြီး မြင်ခဲ့ဖူးသော်လည်း စွန်းဖေးဖေး၏ပြုံးနေသည့် မျက်နှာကို မြင်လိုက်ရချိန်မှာ အံ့အားသင့်နေတုန်းပင်။

ရှေးခေတ်တုန်းက ကြားဖူးသည့် "အပြုံးတစ်ခုက အသက်တစ်ရာကို ပြုစားနိုင်တယ်" နှင့် "အပြုံးတစ်ခုက နိုင်ငံတစ်ခုလုံးကို မှောက်လှန်ပစ်နိုင်တယ်" ဟူသော စကားလုံးများကမူ စွန်းဖေးဖေးအပြုံး၏တောက်ပမှုကို ဖော်ပြရန် မလုံလောက်သေးပေ။

ဒီအချိန်မှာမှ ရွှီဖန်းသည် ရှေးခေတ်ကျိုးဘုရင်က ဘာကြောင့်များ မင်းသားများအား ကစားခဲ့တာလဲဆိုတာကို နောက်ဆုံးမှာ နားလည်သွားခဲ့သည်။ 

သူက အလှပဂေးများ၏နှလုံးသားကို အနိုင်ယူရန်အတွက်သာ ပြုလုပ်ခဲ့ခြင်းပင်။

အလှပဂေးများ၏အပြုံးက ဆွဲဆောင်မှုရှိ၏။

မတွန့်ဆုတ်တော့ဘဲ ရွှီဖန်းသည် ထိုလှပသောမျက်နှာလေးကို တိုက်ရိုက်ကိုင်ကာ နမ်းရှိုက်လိုက်သည်။

သူ အရင်ပြောခဲ့သောစကားများက စွန်းဖေးဖေးကို နှစ်သိမ့်ရန်သက်သက်သာဆိုလျှင် အခုအချိန်မှာတော့ ရွှီဖန်းက တကယ်စိတ်လှုပ်ရှားနေခြင်းပင်။

စွန်းဖေးဖေးကလည်း အနမ်းကို ရှောင်လွှဲခြင်း မရှိခဲ့ပေ။ 

တစ်စက္ကန့်၊ ၁၀ စက္ကန့်၊ တစ်မိနစ်။

တစ်မိနစ်ကြာပြီးနောက် စွန်းဖေးဖေးက အသက်ရှူကျပ်လာပြီး သူတို့နှစ်ယောက် နောက်ဆုံးမှာတော့ ခွဲခွာလိုက်ကြ၏။

ရွှီဖန်းမှာ စွန်းဖေးဖေးကို နမ်းပြီးနောက် သူမ၏နီမြန်းနေသောပါးပြင်များကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားခဲ့သည်။

ဒါက ဘာလဲ?

အချင်းချင်းမချစ်ကြဘူးဆိုတာကြီးက ဘာဖြစ်သွားတာလဲ?

အကယ်၍ သူသာ ဒီလိုထူးဆန်းသောဦးနှောက်ရှိသည့် အမျိုးသမီးကို တကယ်လက်ထပ်လိုက်ရမည်ဆိုလျှင် သူ့ဘဝကတော့...

ရွှီဖန်း ကြောင်အနေဆဲမှာပင် စွန်းဖေးဖေးက မျက်နှာနီနီဖြင့် ထွက်ပြေးသွားခဲ့လေ၏။

သူ သက်ပြင်းအရှည်ကြီး ချမိကာ...

"ငါ လှည့်စားခံလိုက်ရပြီ အလှပဂေးရဲ့ နည်းဗျူဟာပဲ..."

သူ ထိုသို့ပြောနေသော်လည်း နမ်းမိပြီးကတည်းက ရွှီဖန်းက စွန်းဖေးဖေးအတွက် သဘာဝကျစွာပင် တာဝန်ယူရမှာဖြစ်သည်။

သူမက လက်ထပ်သင့်သည်ဆိုလည်း လက်ထပ်ရမှာပင်။

ဒါဟာ လျိုမိသားစု၏တစ်ဝက်လောက်သာရှိသော စွန်းမိသားစုတစ်ခု​လေးသာ။

သူတို့ နားမထောင်ဘူးဆိုလျှင် ရန်ပွဲတစ်ခု ဖန်တီးရတော့ရော ဘာဖြစ်လဲ။

ယောက်ျားတစ်ယောက်မှာ ယောက်ျားပီသသော စိတ်ဓာတ်ရှိရမည်။

တောင်းပန်ပါတယ် စွန်းမိသားစု။ မင်းတို့မိသားစုရဲ့ စွန်းဖေးဖေးကို ငါ ရွှီဖန်း ယူသွားမယ်။ မကျေနပ်ဘူးလား? ဒါဆို အရှုံးပေးတဲ့အထိ တိုက်ရတာပေါ့!

ရွှီဖန်း ပြုံးကာ ပွဲရှိရာဘက်ကို လျှောက်သွားလိုက်သည်။

သူတို့၏ထိုင်ခုံများဆီ ပြန်ရောက်ပြီးနောက် အရာအားလုံးက အရင်လိုသာ ပြန်ဖြစ်သွားခဲ့၏။ ဝူထျန်းနှင့် တခြားသူများက ဝမ်ကောချန်နှင့် အရင်က အကြောင်းများကို စကားပြောနေတုန်းပင်။ ဒီအခိုက်အတန့်မှာ စွန်းဖေးဖေးကတော့ ရွှီဖန်းကို ကြည့်ကာ ပျော်ရွှင်စွာ ရယ်မောနေခဲ့သည်။

ရုတ်တရက်ပင် ပွဲခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်းက ပွဲဝင်ပေါက်ဘက်သို့ လှည့်ကြည့်လိုက်ကြ၏။ 

ဝူထျန်းနှင့်တခြားသူများလည်း စကားပြောရပ်ကာ ပြုံးလိုက်ကြသည်။ သူတို့ လူတိုင်း၏အကြည့်များနှင့်အတူ ပွဲဝင်ပေါက်ဘက်သို့ ကြည့်လိုက်ကြ၏။

လူတွေဆီကနေ ဒီလောက်လေးနက်စွာ ဆက်ဆံခြင်းကို ခံယူနိုင်တာက လျိုမိသားစုသခင်လေး လျိုဟွားပင် ဖြစ်မည်။

လက်ရှိအချိန်မှာ လျိုဟွားက အလွန်ကို စိတ်တည်ငြိမ်နေပုံရသည်။ သူက အရင်လိုပင် အနက်

ရောင်ရှပ်အင်္ကျီကို ဝတ်ထား၏။ သူ့ဆံပင်ကလည်း အရင်လိုပင် တောက်ပြောင်နေပြီး သူ့မျက်နှာပေါ်မှာ ခပ်သဲ့သဲ့အပြုံးတစ်ခု ပေါ်နေသည်။

သို့သော်ငြား ဒီတစ်ခေါက်မှာတော့ လျိုဟွားက မတိုင်ခင်ကလို ပြုမူခဲ့ခြင်း မရှိပေ။ သူ့လက်ကို လူအုပ်ကြီးဆီ ဝှေ့ယမ်းပြပြီး အနည်းငယ်လောက် ရယ်ရယ်မောမော လုပ်ပြတာမျိုး မရှိတော့ပေ။ ထိုအစား သူက ရွှီဖန်းရှိရာကို တန်းတန်းမတ်မတ် လျှောက်လာခဲ့၏။

လျိုဟွား၏နောက်ကနေ သက်လတ်ပိုင်းအရွယ် လူတစ်ယောက်လည်း လိုက်လာသည်။ သူက အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ ဆံပင်ရှည်နှင့် မုတ်ဆိတ်ရှည်များရှိ၏။ သူက အသက် ၄၀ ဝန်းကျင်လောက်ရှိပုံရပြီး ရှည်လျားသောခြေလှမ်းများနှင့် တည်ငြိမ်သောအသက်ရှူနှုန်းရှိသည်။

ရွှီဖန်း အနည်းငယ်ပြုံးလိုက်၏။ သူကလည်း လျိုဟွား၏အကြည့်ကို ပြန်ကြည့်လိုက်ကာ လျိုဟွား၏မျက်လုံးထဲကနေ ထိုးထွက်လာသော သတ်ဖြတ်လိုစိတ်နှင့် ပြန်တိုက်ခိုက်လိုက်သည်။

သို့သော် လျိုဟွားက သူ့ဆီလျှောက်လာသောအခါ သူ့မျက်နှာပေါ်မှာ တောက်ပသည့်အပြုံးတစ်ခု ပေါ်လာလေ၏။ သူ့မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်များလည်း ပျောက်ကွယ်သွားသည်။

လုံးဝတိတ်ဆိတ်နေတာကို လျစ်လျူရှု၍ လျိုဟွားက ဆံပင်ရှည်နှင့် သက်လတ်ပိုင်းအရွယ်လူကို ဝမ်ကောချန်ဆီ တိုက်ရိုက်ခေါ်လာပြီး ပြုံးပြရင်း ဦးညွှတ်ကာ ပြောလာ၏။

"အဘိုးဝမ် ဒီကလေးက ခုနက နည်းနည်းလေး ပိုသောက်မိသွားတယ်၊ အဘိုးဝမ်ရဲ့ရှေ့မှာ အရမ်းမူးပြီး အရူးလိုလုပ်မိလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး"

ဒီတစ်ခါမှာ လျိုဟွား၏ခါးက သိပ်ပြီးမကွေးညွတ်ထားသော်လည်း သူ့စကားကတော့ ရိုးသားမှုအပြည့်ပင်။ တကယ်ပင် နောင်တရနေသလိုပင်။

ဝမ်ကောချန်က သူ့လက်ကို အနည်းငယ်မြှောက်၍ လျစ်လျူရှုသော လေသံဖြင့် ပြန်ဖြေလိုက်သည်။

"အဆင်ပြေပါတယ်"

ဝမ်ကောချန်ဘက်ကိုကတော့ မျက်နှာသာပေးရုံသက်သက်ပင်။ လျိုဟွားသည် ဝမ်ကောချန်ကို နှုတ်ဆက်ကာ ရွှီဖန်းဘက်ကို လှည့်လိုက်၏။ သူ့မျက်နှာပေါ်ရှိ အပြုံးက ပိုပြီးကျယ်ပြန့်လာသည်။

"မစ္စတာရွှီက တကယ်ကိုထူးခြားတာပဲ၊ ကျွန်တော် အစောပိုင်းက ရိုင်းပျမိပါတယ်၊ ဒါပေမဲ့ မစ္စတာရွှီနဲ့ အရက်သောက်ပြိုင်ပွဲမှာတော့ ကျွန်တော် လျိုဟွားက လုံးဝရှုံးနိမ့်ခဲ့ပြီး ကျွန်တော့်ရဲ့ရှုံးနိမ့်မှုကိုလည်း လက်ခံပါတယ်"

လျိုဟွား၏စကားများက ကျယ်လောင်ကာ ရှင်းလင်းနေ၏။ သူ့အပေါ် မနေနိုင်အောင်ချီးကျူးချင်သည့် ကတိသစ္စာရှိသူတစ်ယောက်လိုပင်။

သို့သော် ရွှီဖန်းကတော့ လျိုဟွား၏စိတ်နေစိတ်ထားကို ကောင်းကောင်းသိသည်။

ရွှီဖန်းသည် သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းကာ ပုံမှန်လေသံဖြင့် ပြန်ဖြေလိုက်၏။

"လျိုမိသားစုသခင်လေးက အရမ်းယဉ်ကျေးနေပါပြီ"

ရွှီဖန်းက တည်ငြိမ်ပြီး အေးအေးဆေးဆေးရှိနေစဥ်မှာ ဝူထျန်းနှင့် တခြားသူအနည်းငယ်ကတော့ လျိုဟွားကို လှောင်ပြောင်နေကြသည်။ 

"ခုနတုန်းက ဘယ်သူကများ အခွင့်အရေးယူပြီး လည်လှီးပြခဲ့တာလဲ"

"ဒီခေတ်မှာ တကယ်ပဲ ဒီလိုလူမျိုးရှိသေးလား"

"အဲ့ဒီတုန်းက သူ တစ်စုံတစ်ယောက်ကို သတ်ဖို့ကြိုးစားနေတယ်လို့ ငါထင်ခဲ့တယ်၊ ဒါပေမဲ့ နောက်ဆုံးမှာ သူက ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ လုပ်လိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး"

ဝူထျန်း၏လှောင်ပြောင်မှုများကို ရင်ဆိုင်ရသောအခါ ဝမ်ကောချန်က သူ့မျက်ခွံများကို အနည်းငယ်သာမြှောက်၍ တိတ်ဆိတ်နေ၏။ သူ့သဘောထားက ပိုရှင်းသည်။ 

ဒီလူတွေက ငါ့လူတွေပဲ...ငါ မင်းအကြောင်းပြောနေရင် သူတို့လိုက်ပြောမှာပဲ...ငါက မင်းကို ရယ်မောခဲ့တယ်...ဒါကြောင့် သူတို့ ရယ်မောမှာပဲ...မင်းကတော့ သည်းခံလို့ပဲ ရမယ်။

ဒီအချိန်မှာ လျိုဟွားကလည်း ရှက်ရွံ့မှုမရှိ၊ ဒေါသလည်းမထွက်ပေ။ သူ့မျက်နှာပေါ်ရှိအပြုံးက ပိုကြီးလာ၏။ အလွန်ကြီးလွန်း၍ တောင့်တင်းကာ အေးစက်နေလေသည်။

"မစ္စတာရွှီနဲ့အကြီးအကဲဝမ်ကို တောင်းပန်တာအပြင် ကျွန်တော် ဒီကို လာတာက ကျွန်တော့်ကတိကို လိုက်နာဖို့ အထူးလာခဲ့တာပါ၊ ကျွန်တော်တို့ အရင်က ပြောခဲ့ပြီးပြီ၊ အနိုင်ရတဲ့သူက ရှုံးတဲ့သူကို အခြေအနေတစ်ခု တောင်းဆိုနိုင်တယ်၊ မစ္စတာရွှီက အနိုင်ရခဲ့တယ် ပြီးတော့ မျှတစွာ အနိုင်ရခဲ့တယ်၊ ဒါဆိုရင် လျိုဟွားက အရမ်းလေးစားတယ်၊ မစ္စတာရွှီမှာ အခြေအနေတစ်စုံတစ်ရာ ရှိတယ်ဆိုရင် တောင်းဆိုလိုက်ပါ"

လျိုဟွား၏စကားများကို ကြားသောအခါ ကောင်းကောင်းမသိသူများက အလွန်ပျော်ရွှင်ကြလိမ့်မည်။

ဒီလို ပွင့်ပွင့်လင်းလင်းရှိသူ၊ ဒီလို ပွင့်ပွင့်လင်းလင်းရှိသောစကားများက တောင်းဆိုမှုများ မပြောခဲ့လျှင်တောင် သူတို့ သူငယ်ချင်းဖြစ်နိုင်ကောင်း ဖြစ်နိုင်လိမ့်မည်။

သို့သော် ရွှီဖန်းက လျိုဟွား၏ရည်ရွယ်ချက်များကို ဘယ်လိုလုပ် မသိနိုင်မည်နည်း။ အခြေအနေက အခြေအနေပင်။ သူ လုပ်ရမယ်လို့ မဆိုထားပေ။ ထို့အပြင် သူ့ဘက်က သဘောတူခဲ့ရင်တောင်မှ သူ့စကားကို ပြန်မလှန်နိုင်မှာတဲ့လား။

လျိုမိသားစုက အင်အားကြီးလျှင် ဘာအသုံးဝင်သနည်း။ ဟုတ်ပေ၏။ အသုံးဝင်တာ များစွာရှိသည်။ ဥပမာ သူ့ကို တောင်းဆိုသူအား သတ်ပစ်နိုင်တာမျိုးပင်။

အနည်းငယ်ပြုံးကာ ရွှီဖန်းသည် သူ့တောင်းဆိုချက်ကို အလျင်မလိုဘဲ ပြောလိုက်သည်။

"လျိုမိသားစုနဲ့ ကျွန်တော်နဲ့ကြားက ဆက်ဆံရေးနဲ့ပတ်သက်ပြီး ကျွန်တော်က မင်းတို့ကို ရှင်းပြရင်တောင်မှ မင်းကို စည်းရုံးနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် မင်းတို့လျိုမိသားစု တစ်နှစ်အတွင်းမှာ ချန်ဟိုင်းပြည်နယ်ထဲ ခြေမချဖို့ စည်းကမ်းတစ်ခု သတ်မှတ်လိုက်ရင်ရော ဘယ်လိုလဲ"

ဤအခြေအနေက ရွှီဖန်းနှင့် ဝမ်ကောချန်တို့ ဒီပွဲမှာ ပါဝင်ရသည့် အကြောင်းရင်းပင်။ လျိုဟွားက ဒီတစ်ခါ သေချာပေါက် သဘောတူမှာ မဟုတ်ဘူးဆိုတာကို သိနေသော်လည်း သူတို့ဘက်က အရင်ဦးဆုံး ကျယ်ကျယ်လောင်လောင် ထုတ်ပြောရဦးမှာပင်။ သူတို့၏ လက်သီးများနှင့်ဖြစ်စေ ဝမ်ကောချန်က သူ့အာဏာနှင့်ဖိအားပေးတာဖြစ်စေ သူတို့က လျိုဟွားကို သဘောတူအောင် လုပ်ရလိမ့်မည်။

ထိုအကြောင်းကို ကြားတော့ လျိုဟွားက တွန့်ဆုတ်ခြင်းမရှိဘဲ ခေါင်းညိတ်လိုက်၏။

"မစ္စတာရွှီရဲ့အခြေအနေက တရားလွန်ပေမယ့် ကျွန်တော် သဘောတူပါတယ်"

ပြောပြီးသည်နှင့် လျိုဟွားက သူ့ကိုယ်သူ ရေရွတ်နေသည်။ သူ၏ကြည့်ကောင်းသောမျက်ခုံးများက တဖန်တွန့်သွားကာ... 

"ဒါပေမဲ့..."

**********************

All Chapters