← Chapters

ဘဝကပြဇာတ်တစ်ပုဒ်ကဲ့သို့ပင်။

Vol. 29 Ch. 423

ဘဝကပြဇာတ်တစ်ပုဒ်ကဲ့သို့ပင်။

Vol. 29 Ch. 423

လောင်းကြေးအကြောင်းကို စကားအနည်းငယ်နှင့် ရှင်းပြပြီးနောက် လျိုဟွားက သူ့အကြည့်ကို ရွှီဖန်းဆီ လှည့်လိုက်သည်။ သူက မိုက်ကို ပါးစပ်နားမှာ ကပ်၍ အနည်းငယ်ပိုပိုလိုလို အော်ပြောလာ၏။

"နောက်ပြီးတော့ မစ္စတာရွှီကို စင်မြင့်ပေါ်ကို ကြိုဆိုဖို့အတွက် အပြင်းထန်ဆုံး လက်ခုပ်သြဘာသံတွေနဲ့ ဖိတ်ခေါ်လိုက်ကြရအောင်!" 

လက်ခုပ်သြဘာသံများ ထွက်ပေါ်လာသော်လည်း ထိုအရာက နွေးထွေးမှုနှင့် အားအင်များမရှိပေ။ ဒီလိုအခြေအနေအောက်မှာ ဘယ်သူကမှ ရှိုးပွဲကြည့်ရင်း ပေါ့ပေါ့ဆဆ လက်ခုပ်တီးရဲမှာ မဟုတ်ပေ။

လျိုမိသားစုသခင်လေးက မပျော်ဘူးဆိုလျှင် ရွှီဖန်းက သူ့အသက်ကို တကယ်ပင် ဆုံးရှုံးရလိမ့်မည်။ လူအုပ်ကြီး၏သနားညှာတာသော အကြည့်များအောက်မှာ ရွှီဖန်းသည်ပေါ့ပေါ့ပါးပါးဖြင့် စင်မြင့်ဆီသို့ လျှောက်သွားလိုက်သည်။

ခုနကတင် ရွှီဖန်းသည် နာမည်ကြီးအနုပညာရှင် စွန်းဖေးဖေးနှင့်အတူ သီချင်းဆိုရန် စင်မြင့်ပေါ်သို့ တစ်ခါတက်ခဲ့ဖူး၏။ အခုတော့ ရွှီဖန်းက အမျိုးသားတစ်ယောက်နှင့် ကိုယ်ခံပညာဖလှယ်ရန် စင်မြင့်ပေါ်သို့ တစ်ခါပြန်တက်လာပြန်သည်။

ဟုတ်ပါ၏။ ထိုအရာက တကယ်ဖလှယ်တာမျိုးတော့ မဟုတ်ပေ၊ သို့သော်ငြား အသက်နဲ့ သေခြင်းတရား၏တိုက်ပွဲပင်။

စင်ပေါ်ကို လျှောက်သွားပြီးနောက် ရွှီဖန်းသည် စားပွဲ၏ဘေးမှာ ရပ်လိုက်၏။ သူက ဓားများကဲ့သို့ ထက်ရှသော မျက်လုံးများဖြင့် လျိုဟွားကို စိုက်ကြည့်နေသည်။

"ကြည့်ရတာ ကျွန်တော်တို့ရဲ့မစ္စတာရွှီက ဒီကိုယ်ခံပညာပြိုင်ပွဲမှာ အရမ်းကို ယုံကြည်မှုရှိပုံရတယ်၊ မစ္စတာရွှီက ဟွားချန်ကိုယ်ခံပညာကျောင်းရဲ့ 

ကျောင်းအုပ်ကြီးဖြစ်တယ်လို့ ပြောကြတယ်၊ လက်ရှိမှာတော့ သူ့မှာ ကျောင်းသားမရှိသေးပါဘူး ပြီးတော့ သူ့မှာ အသက်၇၀ကျော် နည်းပြတစ်ယောက်ပဲရှိသေးတယ်၊ ဒါပေမယ့်လို့ မစ္စတာရွှီက ကိုယ်ခံပညာမသိဘူးလို့ မဆိုလိုပါဘူး၊ ဆန့်ကျင်ဘက်အနေနဲ့ မစ္စတာရွှီက ဒီနယ်ပယ်မှာ တကယ့်ကို ကိုယ်ခံပညာကျွမ်းကျင်သူတစ်ယောက်ပါပဲ"

လျိုဟွားက ထိုစကားများကို ထူးဆန်းသောလေသံဖြင့် ပြော၏။ ထိုအရာမှာ အနုတ်လက္ခဏာပြနေသော လေသံကို အသုံးပြုနေတာ ရှင်းပေသည်။

ပွဲကြည့်စင်အောက်က လူအုပ်ကြီးသည် မယှဉ်သာနိုင်လောက်အောင် လိုက်လျောညီထွေမှုရှိစွာဖြင့် ရယ်မောလိုက်ကြ၏။

လျိုဟွား၏စကားအနည်းငယ်က ရွှီဖန်း၏အောက်ခြေရောက်နေသောအခြေအနေကို လုံးဝရှင်းလင်းစွာ သိသွားစေခဲ့သည်။ သဘာဝကျစွာဖြင့် ပစ္စုပ္ပန်မှာရှိသော အရေးပါသည့် ပုဂ္ဂိုလ်အုပ်စုသည် ယုတ္တိရှိစွာပင် လျိုဟွားဘက်ကနေ ရပ်တည်ရန် ရွေးချယ်ခဲ့ကြ၏။

ကျောင်းသားတစ်ယောက်မှမရှိသော ကျောင်းအုပ်ကြီးဖြစ်သည့် ရွှီဖန်းအပေါ်၌ ဘယ်သူကမှ အကောင်းမြင်တာမျိုး မရှိပေ။ ရွှီဖန်းက ဒီပွဲမှာ တကယ်အနိုင်ရခဲ့ရင်တောင် လျိုမိသားစုသခင်လေး၏ဂုဏ်အသရေကို ထပ်ပြီးထိပါးခဲ့မည်ဆိုလျှင် ရွှီဖန်း၏အဆုံးသတ်က ဆိုးရွားနေဦးမှာပင်။

ဝမ်ကောချန်၏ဘက်မှာတော့ ဝူထျန်းနှင့် ဝမ်ကောချန်က လျိုဟွား၏စကားများကို ကြားသောအခါ ပြုံးမိကြသည်။

ဝမ်ကောချန်နှင့် ဝူထျန်းတို့သည် ရွှီဖန်း၏နည်းလမ်းများနှင့် စွမ်းရည်ကို ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရဖူး၏။ ဝူရှန်းလို ရိုးရိုးတန်းတန်း လေ့ကျင့်ရေးသင်တန်းဆရာတစ်ယောက်က ရွှီဖန်းနှင့် ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်မည်နည်း။ ဖြစ်နိုင်သည်မှာ ရွှီဖန်းက သူ့လက်ချောင်းကို နည်းနည်းလေးလှုပ်ရုံနှင့် သူ့ပြိုင်ဘက်ကို ချေမှုန်းနိုင်မှာပင်။

တုန့်ဝေနှင့် တခြားသူများအနေဖြင့် သူတို့က ရွှီဖန်း၏လုပ်ဆောင်ချက်များကို ကိုယ်တိုင် မမြင်ဖူးကြသော်လည်း ရွှီဖန်း၏အရည်အချင်းများအကြောင်းကို ဝူထျန်းဆီကနေ ကြားသိပြီးသား ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ရွှီဖန်း၏စွမ်းရည်များအပေါ် ယုံကြည်မှုရှိခဲ့ကြ၏။

ခုနက သူတို့ ရုတ်တရက် ထရပ်လိုက်သောအခါ ဝမ်ကောချန်က လျစ်လျူရှုခဲ့သည်မှာ ဤအလောင်းအစားကို ဆက်ဖြစ်နေစေရန်ပင်။ မဟုတ်လျှင်ပင် ဝမ်ကောချန်နှင့် တခြားသူများက ပြောနိုင်သည်။ လျိုဟွား၏စကားများကို ကြားရစဥ်၌ ပြုံးနေနိုင်သူတစ်ဦးမှာ ရွှီဖန်းသာ ဖြစ်၏။

ဘဝက ပြဇာတ်တစ်ခုလိုပင်။ အားလုံးက မိမိဘဝအတွက် သရုပ်ဆောင်နေကြသည်။

ဒီလိုသရုပ်ဆောင်မှုမျိုးမှာ ထူးချွန်သော နာမည်ကြီးတစ်ဦးဖြစ်သည့် စွန်းဖေးဖေး၏နှလုံးသားကတော့ လက်ရှိအချိန်မှာ တစ်ခါပြန်ပြီး တင်းကြပ်သွားပြန်၏။

စွန်းဖေးဖေးကလည်း ရွှီဖန်းထံ၌ လျှို့ဝှက်နည်းလမ်းအချို့ရှိနေတာကို သိသည်။ ဟိုတယ်မှာတုန်းက မန်နေဂျာအစ်ကိုကျန်း၏ အပြည့်အဝတိုက်ခိုက်မှု သို့မဟုတ် လျှို့ဝှက်တိုက်ခိုက်မှုကို ရွှီဖန်းက အလွယ်တကူ ဖြေရှင်းနိုင်ခဲ့၏။ သို့သော်ငြား ရွှီဖန်းက ဘယ်လောက်အစွမ်းထက်လဲဆိုတာကိုတော့ စွန်းဖေးဖေးက သေချာမသိထားပေ။

ထို့အပြင် ရွှီဖန်းနှင့် နမ်းခဲ့ခြင်းက စွန်းဖေးဖေးကို လုံးဝဖမ်းစားနိုင်ခဲ့လေသည်။ လက်ရှိအချိန်မှာတော့ စွန်းဖေးဖေး၏နှလုံးသားက ရွှီဖန်းအပေါ်၌ လုံးဝအာရုံစိုက်နေ၏။ စကားပုံအရတော့ ဂရုစိုက်လေ ရှုပ်ထွေးလေပင်။ ဒီအချိန်မှာ စွန်းဖေးဖေး၏စိတ်နှလုံးက ရှုပ်ထွေးနေသည်။

ရွှီဖန်းက စင်ပေါ်မတက်ခင်မှာ စွန်းဖေးဖေးကို သူ့မျက်လုံးများဖြင့် အကြိမ်အနည်းငယ် အချက်မပြခဲ့လျှင် သူမသည် စောစောကတည်းက ထရပ်ပြီး ပြိုင်ပွဲကို နှောင့်ယှက်လိုက်နိုင်၏။ 

စင်ပေါ်မှာ လျိုဟွားကတော့ ရွှီဖန်းကို နောက်ပြောင်နေပြီး စိတ်ကြည်နေသည်။ သူက တစ်ဖန်ပြန်ပြီး မိတ်ဆက်စကား စတင်လိုက်၏။

"ပရိသတ်အားလုံးပဲ နောက်ထပ် စင်ပေါ်ကို ရောက်လာမယ့်သူကတော့ ပေကျင်းက မစ္စတာ ဝူရှန်းပါ၊ မစ္စတာဝူရှန်းက ပေကျင်းကိုယ်ခံပညာလောကမှာ ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးပါ၊ အရင်တုန်းက လေ့ကျင့်ရေးသင်တန်း၈၇ ခုကို စိန်ခေါ်ခဲ့ပြီး တစ်ခါမှ မရှုံးခဲ့ဖူးဘူး၊ နောက်ပိုင်းမှာ ယန်ရှန်းကိုယ်ခံပညာကျောင်းကို တည်ထောင်တဲ့အခါ သူ့တပည့်အရေအတွက်က ရေတွက်လို့တောင်မရတော့ဘူး၊ ဆရာဝူရဲ့လက်ထဲကနေ ထွက်သွားပြီးနောက် ကိုယ်ခံပညာလောကမှာ အတော်ဆုံးတိုက်ခိုက်ရေးသမားတွေ ဖြစ်လာခဲ့တဲ့ ကျောင်းသားတွေက အယောက်တစ်ရာကျော်တောင် ရှိတယ်"

ဝူရှန်းက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီးသားဖြစ်ပြီး စင်မြင့်ပေါ်ကို လျှောက်လာသည်။ သူက လျိုဟွား၏ဘေးမှာ ရပ်ကာ ရွှီဖန်းကို စိုက်ကြည့်နေ၏။ ကြည့်ရတာတော့ လျိုဟွား၏အမိန့်ကို စောင့်နေပြီး ရွှီဖန်းကို အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲပစ်တော့မည့်

အလားပင်။ 

ပွဲကြည့်စင်အောက်က လူအုပ်ကြီးထံမှ ဟစ်အော်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ လျိုဟွားကိုထားဦး...ဝူရှန်း၏ဂုဏ်သိက္ခာကိုတောင် သူတို့နှိုင်းယှဉ်လို့မရပေ။

ပေကျင်းကိုယ်ခံပညာလောက၏ဒဏ္ဍာရီလာပုဂ္ဂိုလ်။ သူ၏အကောင်းဆုံးသော ကျောင်းသားတစ်ရာ။

တရုတ်နိုင်ငံမှာ ဆက်ဆံရေးများက ရှုပ်ထွေး၏။ အရေးကြီးပုဂ္ဂိုလ်ကြီးများသည် ကျောင်းသားတစ်ရာကျော်၏အဓိပ္ပာယ်ကို နားလည်နိုင်သည်။

ဒီလိုအကောင်ကြီးတစ်ဦးက တကယ်ပင် ဒဏ္ဍာရီလာတစ်ဦးဖြစ်ရန် ထိုက်တန်ပေ၏။

လူအုပ်ကြီးက ပြင်းပြင်းထန်ထန် အားပေးနေကြသည်။ မတိုင်ခင်က ရွှီဖန်းကို မိတ်ဆက်စဥ်မှာ လက်ခုပ်သြဘာသံများက သိပ်မရှိပေ။ လူအုပ်ကြီးက ဤနည်းလမ်းကို အသုံးပြု၍ ပြိုင်ပွဲ၏အခြေအနေကို အထွတ်အထိပ်ဆီသို့ တွန်းပို့ခဲ့ကြသည်။

လူတိုင်းက ရွှီဖန်းတစ်ယောက် ရယ်စရာဖြစ်လာမည်ကို စောင့်ကြည့်နေကြ၏။ ရွှီဖန်းရှုံးသွားသည်နှင့် လူတိုင်းက ပျော်ရွှင်ကြလိမ့်မည်။ အကြီးအကဲဝမ်တောင် ဘာမှပြောနိုင်တော့မှာ မဟုတ်ပေ။ 

ရွှီဖန်းက ဒီလောက်ထိရဲတင်းလွန်းတာကြောင့် ဤနေရာမှာပင် အသတ်ခံရလျှင်တောင် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်နိုင်ပြီး ကိုယ့်သေလမ်းကိုယ်ရှာခဲ့သည်ဟု ပြောရမှာပင်။

သို့သော်ငြား လူတိုင်းက ဝမ်ကောချန်၏မျက်နှာကို တိတ်တိတ်လေး ကြည့်လိုက်သောအခါ အကြီးအကဲဝမ်က ဝူထျန်း၊ တခြားသူများနှင့် ပျော်ရွှင်စွာ စကားပြောနေသည်ကို တွေ့လိုက်ရ၏။ သူက ရွှီဖန်း၏ဘေးကင်းရေးအတွက် စိတ်ပူနေပုံမပေါ်ပေ။

ထိုမြင်ကွင်းကိုမြင်တော့ လူတိုင်းက သက်ပြင်းချမိကြသည်။ ရွှီဖန်းကို အကြီးအကဲဝမ်က နောက်ဆုံးမှာတော့ စွန့်လွှတ်လိုက်လေပြီ။

သို့သော်ငြား ဒီလိုစဉ်းစားကြည့်ရင်လည်း ဒါက သဘာဝကျသောကိစ္စပင်။ ရွှီဖန်း၏ လုပ်ဆောင်ချက်က အလွန်ရဲတင်းပြီး ပေါ့ဆသည်။ အကြီးအကဲဝမ်က ရွှီဖန်းကို ကာကွယ်ပေးချင်ရင်တော့ ကာကွယ်ပေးနိုင်လိမ့်မည်။ သို့သော် ထိုအရာက မတန်ပေ။ 

ဒီလိုရဲတင်းသောလူငယ်လေးတစ်ယောက်အတွက်နှင့် လျိုမိသားစုလို ကြီးမားသောအရာတစ်ခုကို ရန်စခြင်း။ မည်သူမဆို ဘယ်လမ်းကိုရွေးချယ်ရမလဲဆိုတာကို သိကြ၏။

စင်မြင့်ပေါ်မှာ ဝူရှန်း၏မျက်လုံးများက ရွှီဖန်းကို ကြည့်လာသောအခါ မီးတောက်များဖြင့် ပြည့်

နေသည်။ သို့သော် ရွှီဖန်းကတော့ ဘာမှမဖြစ်ခဲ့သလိုပင် ငြိမ်သက်စွာ ရပ်နေတုန်းပင်။

လျိုဟွားက ထိုအခြေအနေကို မြင်တော့ ပြုံးကာ ရွှီဖန်းကို မေးလာ၏။

"မစ္စတာရွှီက ဘယ်လက်နက်ကို ကျွမ်းကျင်သလဲဆိုတာ ကျွန်တော်သိချင်မိတယ်၊ မစ္စတာဝူရှန်းက မစ္စတာရွှီကို လက်နက်ရွေးချယ်ခွင့်ပေးဖို့ ဆန္ဒရှိပါတယ်"

ထိုစကားက ဝူရှန်း၏ယုံကြည်မှုကို ဖော်ပြနေသည်။ 

မင်း လက်နက် ၁၈ မျိုးထဲက ဘယ်ဟာကိုမဆို ရွေးနိုင်တယ်၊ ငါ မင်းကို ဘယ်ဟာနဲ့မဆို အနိုင်ယူနိုင်တယ်!

သို့သော် ရွှီဖန်းက သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလာပြီး ပြော၏။

"ကျွန်တော်က လက်နက်တွေသုံးရတာ မကြိုက်ဘူး၊ လက်သီးကိုပဲ အများဆုံး သုံးရတာကြိုက်တယ်၊ မစ္စတာဝူရှန်းအတွက်ပဲ ရွေးချယ်ဖို့ ချန်ထားပေးတာ ပိုကောင်းပါတယ်"

ရွှီဖန်း၏စကားများက နက်နဲသောပင်လယ်ထဲကို ပစ်ချလိုက်သည့် ဗုံးတစ်လုံးလိုပင် လူအုပ်ကြီးကြားမှာ ကြီးမားသောလှိုင်းလုံးများကို တစ်ဖန်ဖြစ်ပေါ်စေခဲ့သည်။

သူတို့ မောက်မာသောသူများကို မြင်ဖူးသော်လည်း ရွှီဖန်းလိုမျိုး မောက်မာသူကို တစ်ခါမှ မမြင်ဖူးပေ။ သူက နောက်ဘဝမှာ လူဖြစ်ရန်အတွက် သေရန် အလျင်လိုနေ၏။

လျိုဟွားက ရွှီဖန်း၏စကားများကို ကြားသောအခါ သူ့ပါးစပ်ထောင့်ကနေ လှောင်ပြောင်ပြုံးလိုက်လေသည်။ သူ့အကြံအဖန်များ အောင်မြင်သွားသကဲ့သို့ပင်။ သူက ဝူရှန်းရှိရာကို လှည့်ပြီး လျှောက်သွားလိုက်၏။

***********************

All Chapters