← Chapters

တစ်ချက်တည်းဖြင့် ဝူရှန်းကို ရှုံးစေခြင်း

Vol. 29 Ch. 425

တစ်ချက်တည်းဖြင့် ဝူရှန်းကို ရှုံးစေခြင်း

Vol. 29 Ch. 425

ပွဲကျင်းပရာနေရာတစ်ခုလုံးက သေလောက်အောင် တိတ်ဆိတ်နေသည်။

ဘယ်သူကမှ အထင်မကြီးခဲ့သော ရွှီဖန်းက သူ သေဆုံးရတော့မည့်အခြေအနေမှာ မမျှော်လင့်ထားဘဲ ဝူရှန်း၏အနောက်ဘက်မှာ ပေါ်လာ၏။ သူက နတ်ဘုရားတစ်ပါးကဲ့သို့ ဝူရှန်း၏ လည်ပင်းကို သူ့လက်တစ်ဖက်တည်းဖြင့် ကိုင်ထားပြီး လေထဲမှာ မြှောက်ထားလေသည်။

ဝမ်ကောချန်၊ ဝူထျန်းနှင့် တခြားသူများက ရွှီဖန်း၏နည်းလမ်းတွေကို သိနားလည်ထားသော်လည်း သူတို့အရှေ့မှ အံ့အားသင့်စရာ မြင်ကွင်းကြောင့် အံ့ဩမိနေတုန်းပင်။

သူက သရဲတစ်ကောင်ကဲ့သို့ပင်။ 

တစ်ချက်တည်းဖြင့် ဖမ်းဆွဲနိုင်ခဲ့၏။

လျိုဟွားအနေနှင့် သူကတော့ လုံးဝကို ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။

ဝူရှန်းက ဘယ်သူနည်း။ ထိုသူက လျိုမိသားစု၏လက်နက်တစ်ခုပင်။ လျိုမိသားစု၏အကြီးအကဲတောင်မှ ဝူရှန်းနှင့် စကားပြောသောအခါ လေးစားမှုပေးရ၏။

ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူတိုင်းသည် မိသားစုကြီးများ၏ တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုများပင်။

အခုတော့ လျိုဟွား အားကိုးနေသည့်ဝူရှန်းကို ရွှီဖန်းက တစ်ချက်တည်းဖြင့် အနိုင်ရခဲ့သည်။

လူတိုင်းက ထိတ်လန့်နေသောအခြေအနေမှာသာ ရှိနေသေး၏။ သို့သော် ဤအဖြစ်အပျက်၏အလယ်မှာရှိနေသော ဝူရှန်းကတော့ အမြန်ဆုံး သတိပြန်ဝင်လာခဲ့သည်။

စိတ်ပျက်အားငယ်ဖွယ်ကောင်းသော အခြေအနေမှာတောင် ဝူရှန်းက စိတ်မပူခဲ့ပေ။ သူက သူ၏အတွင်းအားကို လည်ပတ်ကာ သူ့လက်ထဲရှိ နဂါးနှစ်ကောင်ဓားကို လှည့်၍ သူ့အနောက်ကို မသိမသာ ခုတ်လိုက်၏။

ခြင်္သေ့အနေဖြင့် ယုန်ကို တိုက်လျှင်တောင် သူ့ခွန်အားအားလုံးကို အသုံးပြုတတ်သည်။ ရွှီဖန်းဆိုသည့်လူငယ်လေးက ထူးဆန်းပြီး အစွမ်းထက်သော်လည်း သူက အလွန်ငယ်သေး၏။ သူ့ကို ဖမ်းပြီးနောက်မှာတောင် သူ့ကို အသေသတ်နိုင်မည့် အခွင့်အရေးကို ရယူခြင်းမရှိခဲ့ပေ။ 

ဒါဆိုလျှင် သူ၏ငယ်ရွယ်မှုနှင့် ပေါ့ဆမှုအတွက် သေသွားရတာက ပိုကောင်းဦးမည်။

ဝူရှန်းလက်ထဲရှိ နဂါးနှစ်ကောင်ဓားမှာ ပင်လယ်ထဲတွင် အမြန်သွားနေသော သင်္ဘောတစ်စီးကဲ့သို့ပင် လေထဲမှာ လှပသောအကွေးပုံစံတစ်ခုကို ဆွဲ၍ ရွှီဖန်းဆီကို ခုတ်ချလိုက်လေသည်။ ဒီတစ်ခါမှာတော့ ရွှီဖန်းကို နှစ်ပိုင်းပြတ်ပြီး သေစေမှာ သေချာ၏။

ဝူရှန်း၏ဓားချက်က အလွန်မြန်သည်။ သို့သော် ရွှီဖန်း၏လက်လှုပ်ရှားမှုက ပိုမြန်၏။ စင်မြင့်အောက်ရှိ လူအုပ်ကြီးသည် သူတို့မျက်လုံးရှေ့၌ ဝါးသွားသည်ကိုသာ ခံစားလိုက်ရသည်။ လျှပ်စီးကဲ့သို့ပင် ရွှီဖန်း၏ညာဘက်လက်က ဝူရှန်း၏လက်မောင်းကို ထိုးလိုက်လေ၏။

"အား!"

ဝူရှန်းက နာကျင်စွာ အော်ဟစ်လာသည်။ ရွှီဖန်းနှင့် နီးစပ်နေသော နဂါးနှစ်ကောင်ဓားက ဝူရှန်း၏ ပျော့ခွေသွားသောလက်မောင်းများနှင့်အတူ အားမရှိစွာ ပြုတ်ကျသွားခဲ့၏။

နဂါးနှစ်ကောင်ဓားက ပြုတ်ကျသွားခဲ့ပြီး ကြည်လင်ပြတ်သားသောအသံတစ်ခုကို ထုတ်ဖော်ပေးလာသည်။ ဝူရှန်း၏မျက်နှာက ပြာနှမ်းနေပြီး သေလောက်အောင် တိတ်ဆိတ်နေ၏။ 

အလွန်အားကောင်းသည်!

ရွှီဖန်းဟု ခေါ်သော ဒီလူငယ်လေး၏အပြုအမူများက သူ့ပြိုင်ဘက်ကို အထင်သေး၍ မဟုတ်ပေ။ သူ့ပြိုင်ဘက်ကို မျက်စိထဲမှာတောင် မထည့်ထားသောကြောင့်ပင်။

ခုနက သရဲလိုမျိုး အရှိန်အဟုန်က အဆင့်များစွာ ကျော်လွန်နေသည်။ ကမ္ဘာမြေအဆင့်၏ အထွတ်အထိပ်အဆင့်မှာရှိသော ထိုကျွမ်းကျင်သူများကတောင် ယှဉ်နိုင်မည် မဟုတ်ပေ။

ကမ္ဘာပေါ်မှာရှိသော ကိုယ်ခံအတတ်ပညာများအားလုံးထဲ အရှိန်ကသာ မရှုံးနိုင်ခြင်းပင်။

ကမ္ဘာမြေအစောပိုင်းအဆင့် လူငယ်လေးတစ်ယောက်ထံမှာ ဒီလိုအရှိန်အဟုန်မျိုး ရှိနေ၏။

သူ တကယ်ပင် ရှုံးနိမ့်ခဲ့သည်။

ရွှီဖန်းက ဉာဏ်အလင်းရပြီး ကံကောင်းစွာဖြင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ အလွှာတစ်ခုအား မြင်နိုင်ခဲ့တာကို ဝူရှန်းက မသိခဲ့ပေ။ ရွှီဖန်း၏အမြင်က မတိုင်ခင်ကနှင့် နှိုင်းယှဉ်၍မရနိုင်တော့ချေ။

ထို့အပြင် ဆေးအာနိသင်များနှင့် မိုးပျံအိုးသိုင်းကျမ်း၏ အံ့သြဖွယ်ရာကောင်းသော အကျိုးသက်​ရောက်မှုများနှင့်အတူ အားသာချက်များအားလုံး စုစည်းသွားကာ ဤကဲ့သို့ ထိတ်လန့်စရာ မြင်ကွင်းတစ်ခုကို ဖန်တီးနိုင်ခဲ့၏။

တစ်ကွက်တည်းဖြင့် ဝူရှန်းကို အနိုင်ယူနိုင်ခဲ့သည်။

ဝူရှန်း၏လက်မောင်းနှစ်ဖက်စလုံးကို ရွှီဖန်းက အသုံးမပြုနိုင်အောင် လုပ်ခဲ့ပြီး ယခု အားမရှိစွာ တွဲကျနေလေ၏။ သို့သော် ဝူရှန်းကို မသန်မစွမ်းဖြစ်စေခဲ့သည်မှာ သူ့လက်မောင်းများတင်မကဘဲ သူ၏မရှုံးနိမ့်နိုင်သောစိတ်ဓာတ်လည်း ပါဝင်ပေသည်။

ဝူရှန်းက ကမ္ဘာမြေအဆင့်ကို အခုမှ ဝင်ရောက်လာသော လူငယ်တစ်ယောက် မဟုတ်ပေ။ သူသည် တစ်ဆင့်ချင်းစီ တက်လှမ်းကာ ကမ္ဘာမြေအဆင့်၏အလယ်အလတ်အဆင့်မှာ ၁၀ နှစ်ကျော်ကြာရှိနေသည့် ဝါရင့်အကြီးအကဲတစ်ဦး ဖြစ်၏။

သူကြုံတွေ့ခဲ့ရသော ပုံစံအမျိုးမျိုးရှိသည့် တိုက်ပွဲများမှာ အောင်ပွဲရာနှင့်ချီသော တိုက်ပွဲများဖြစ်ပြီး ကမ္ဘာမြေအစောပိုင်းအဆင့် လူငယ်လေးတစ်ယောက်

ကြောင့် တစ်ကွက်တည်းဖြင့် ရှုံးနိမ့်ခဲ့ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

လက်ရှိအချိန်မှာ ဝူရှန်းသည် ခုခံရန် လုံးဝလက်လျှော့လိုက်ပြီဖြစ်ပြီး ခွေးသေကောင်တစ်ကောင်ကဲ့သို့ ရွှီဖန်း၏လက်ဖြင့် လေထဲမှာ ဆွဲကိုင်ခံထားရ၏။

ဒီအဖြစ်အပျက်ဖြစ်ပြီးနောက်မှာ ရွှီဖန်းက ဝူရှန်းကို ဘေးကင်းစွာ လွှတ်ပေးခဲ့လျှင်တောင် ဝူရှန်းအနေဖြင့် နောက်တစ်ဆင့် တက်လှမ်းရန် ခက်ခဲလိမ့်မည်။

သူ၏ တာအိုနှလုံးသားက ပျက်စီးသွားလေပြီ။

"ရွှီဖန်း! မစ္စတာဝူက ရှုံးသွားပြီပဲ မစ္စတာဝူရှန်းကို အမြန်ချပေးလိုက်ပါ!"

ထိုအချိန်မှာ လျိုဟွားကလည်း နောက်ဆုံးမှာ သတိပြန်ဝင်လာပြီး စင်ပေါ်မှာရှိနေသော ရွှီဖန်းကို ရူးသွပ်စွာ အော်ဟစ်ပြောလာသည်။

ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူကို ဆုံးရှုံးရခြင်း၏အကျိုးဆက်များကို လျိုဟွားကတောင် 

မတတ်နိုင်ပေ။

ရွှီဖန်းသည် ဝူရှန်းကို ကိုင်ထားကာ သူ့မျက်နှာပေါ်တွင် အေးစက်သောအပြုံးတစ်ခု ပေါ်လာ၏။ သူ လက်တစ်ဖက်တည်းဖြင့် ဝူရှန်းကို ကိုင်ထားလျက် တစ်ဖက်ကိုလှည့်ကာ ဓားတစ်ချောင်းကဲ့သို့ ထက်ရှသောအကြည့်ဖြင့် လျိုဟွားကို ကြည့်လိုက်သည်။

"ဒူးထောက်!"

ရွှီဖန်း၏ရေခဲကဲ့သို့အေးစက်သောအသံက တိတ်ဆိတ်နေသည့် နေရာပတ်ပတ်လည်တွင် ပျံ့နှံ့သွားခဲ့၏။

ပွဲထဲမှာရှိသော လူတိုင်းသည် စင်ပေါ်ရှိ စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ရွှီဖန်းကို ကြည့်နေရင်း သူတို့၏မျက်လုံးများက ပြူးကျယ်သွားလေသည်။ သူတို့၏မျက်နှာများက မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေ၏။

ရွှီဖန်းက ဝူရှန်းကို အနိုင်ယူနိုင်ခဲ့တာကပင် အံ့မခန်းဖြစ်ရန် လုံလောက်နေလေပြီ။ အခုတော့ ရွှီဖန်းက ပိုပြီး ရဲတင်းသောတောင်းဆိုချက်တစ်ခုကို ထပ်လုပ်လာပြန်သည်။ လျိုဟွားကို ဒူးထောက်ခိုင်းခြင်းပင်။

ဒါက လျိုဟွား၏မျက်နှာကို ရိုက်တာ မဟုတ်တော့ဘဲ လျိုမိသားစုတစ်ခုလုံး၏မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်။

လျိုဟွားကသာ ဒူးထောက်ပြီး လျိုမိသားစုကို ပြန်သွားသည်နှင့် လျိုဟွားကို ကြိုဆိုနေမည့်အရာမှာ အလွန်ကြောက်စရာကောင်းပြီး ကောင်းကင်ကိုပင် လွှမ်းခြုံထားနိုင်သော ဒေါသဖြစ်လိမ့်မည်။

တခြားသူများက ဒူးထောက်ရခြင်း၏ရလဒ်ကို သေချာမသိနိုင်သော်လည်း လျိုဟွားကတော့ ထိုအရာကို ကောင်းကောင်းသိထား၏။ သို့သော် ဝူရှန်းကို ရွှီဖန်းက လေထဲမှာ မြှောက်ထားပြီး သူ့အသက်က ကြိုးတစ်ချောင်းပေါ်မှာ မလုံမခြုံ ဖြစ်နေလေသည်။

လျိုဟွား၏လက်ရှိအခြေအနေက ရှေ့မတိုးနိုင်၊ နောက်မဆုတ်နိုင်ဖြစ်နေ၏။

သွားများကိုကျစ်ကျစ်ပါအောင် ကြိတ်လျက် လျိုဟွားက သူ့လက်သီးအား အသံထွက်သည်အထိ ဆုပ်ထားလေသည်။ သူ ရွှီဖန်း၏မျက်လုံးများကို တည့်တည့်

စိုက်ကြည့်ကာ အသံခပ်အက်အက်ဖြင့် ပြောလိုက်၏။

"ဒါက နောက်ဆုံးသတိပေးချက်ပဲ၊ မစ္စတာဝူကို ချပေးလိုက် မဟုတ်ရင် လျိုမိသားစုနဲ့ မင်းနဲ့ကြားကပဋိပက္ခက သေတဲ့အထိ ရပ်မှာမဟုတ်ဘူး!" 

နောက်ဆုံးမှာ လျိုဟွားသည် ဒူးမထောက်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ ကမ္ဘာမြေအဆင့်

ကျွမ်းကျင်သူကို ဆုံးရှုံးရလျှင်တောင် လျိုမိသားစု၏ဂုဏ်သိက္ခာကိုတော့ ဆုံးရှုံးခွင့်မပြုနိုင်ပေ။

ထို့အပြင် နေ့ခင်းကြောင်တောင်ကြီး ကောင်းကင်ပြာအောက်မှာ လူတိုင်း၏အကြည့်များအောက်၌ ရွှီဖန်းက တကယ်ပင် သတ်ရဲမည်လား။

ခပ်သဲ့သဲ့ပြုံးပြလျက် ရွှီဖန်းသည် ခေါင်းအသာယမ်းကာ ဝူရှန်းကို တိုးတိုးလေးပြောလိုက်၏။

"သခင်က စွန့်ပစ်လိုက်တဲ့ ခွေးတစ်ကောင်အနေနဲ့ မင်းက တကယ်ကို သနားစရာကောင်းတယ်..."

သူ့ကိုယ်သူ ရေရွတ်နေတာဖြစ်သော်လည်း ပွဲကျင်းပရာနေရာ၏ထောင့်တိုင်းကို ထိုအသံက ပျံ့နှံ့သွားခဲ့သည်။ လျိုဟွား၏မျက်နှာကလည်းကြောက်စရာကောင်းလာ၏။

သို့သော် လျိုဟွားက ဘာမှမပြောခင်မှာ ရွှီဖန်းသည် ဝူရှန်း၏လည်ပင်းကို ပိုပြီးတင်းအောင် ဆုပ်ကိုင်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ထို့နောက် သူ ဝူရှန်း၏မျက်နှာကို နင်းလိုက်၏။ ဝူရှန်း၏မျက်နှာကို နင်းထားသော ခြေထောက်က အနည်းငယ်လှည့်သွားလေသည်။ ဝူရှန်းသည် နာကျင်စွာ အော်ဟစ်လျက် သူ့မျက်လုံးထောင့်ကနေ မျက်ရည်များက စီးကျလာ၏။

လက်ရှိအချိန်မှာ ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူ၏ ဂုဏ်သိက္ခာက လုံးဝပျောက်ကွယ်သွားခဲ့သည်။ ဝူရှန်း၏နှလုံးသားက ဒေါသများဖြင့် ပြည့်နှက်နေ၏။ ရွှီဖန်းကိုသာမက လျိုဟွားအပေါ်မှာလည်း ဖြစ်သည်။

ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူသည် ဘယ်နေရာကိုပင် သွားသွား အမြဲတမ်းဂုဏ်ရှိ၍ အမြင့်ဆုံးအဆင့်မှာ ရှိ၏။ လျိုမိသားစု၏ခေါင်းဆောင်ကတောင် သူ့ကို ဂုဏ်သရေရှိသောဧည့်သည်အဖြစ် သဘောထားပြီး လေးစားမှုကို ပြသခဲ့သည်။

ဒါတောင်မှ ဒီလျိုဟွားက သူကို စွန့်လွှတ်ခဲ့၏။ ဝူရှန်းက ဘယ်လိုလုပ် ဒေါသမထွက်ဘဲ စိတ်အေးအေးနေနိုင်မည်နည်း။

စင်အောက်တွင် လျိုဟွား၏မျက်နှာက ဝူရှန်းထက်တောင် ပို၍ကြောက်စရာကောင်းနေ၏။ လျိုဟွားက ဝူရှန်း၏လက်ရှိအတွေးများကို ဘယ်လိုလုပ် မသိနိုင်မည်နည်း။

သို့သော် လျိုဟွားမှာလည်း ရွေးချယ်စရာ မရှိပေ။ သူသာ ဒူးထောက်ပြီး လျိုမိသားစုအား မျက်နှာပျက်စေခဲ့လျှင် လျိုမိသားစု၏အမွေခံအဖြစ် သူ၏ရာထူးကို သေချာပေါက်ကာကွယ်ထားနိုင်တော့မည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဝူရှန်းကို အရှက်ရစေခဲ့လျှင် သို့မဟုတ် ဝူရှန်း သေသွားရင်တောင်မှ လျိုမိသားစုက လျိုဟွားကို အပြစ်ပေးရုံသာ ရှိမည်။ နောက်ဆုံးမှာတော့ ရွှီဖန်း၏ခွန်အားက အလွန်အားကောင်းနေသောကြောင့်ဟူသော အကြောင်းပြချက်ရှိသေး၏။

ဆိုးရွားသောအရာနှစ်ခုထဲက သက်ရောက်မှုနည်းသည့် အရာကို ရွေးချယ်ရခြင်း။ အခုလည်း ဒီလိုပင်။

လက်ရှိအချိန်မှာ လျိုဟွား၏မျက်နှာက ကြောက်စရာကောင်းနေပြီး စင်ပေါ်မှာ ရပ်နေသော ရွှီဖန်းကို ဒေါသတကြီး အော်ဟစ်လာသည်။

"ရွှီဖန်း! မင်း တကယ်ပဲ လျိုမိသားစုနဲ့ စစ်ကြေညာတော့မှာလား၊ ငါတို့ ရှုံးနိမ့်သွားပြီပဲ၊ မစ္စတာဝူကို ချပေးလိုက်...ဒါဆို လျိုမိသားစုက မင်းရဲ့အသက်ကို ချမ်းသာပေးမယ်"

************************

All Chapters