← Chapters

ငါက မင်းအဖေလား

Vol. 29 Ch. 426

ငါက မင်းအဖေလား

Vol. 29 Ch. 426

လက်ရှိအချိန်မှာတော့ လျိုဟွား၏မျက်နှာပေါ်တွင် သွေးကြောများထွက်ပေါ်နေပြီး သူ့အမူအရာက ပြင်းထန်နေ၏။ သူက စင်ပေါ်မှာရှိနေသော ဝူရှန်းအတွက် အလွန်အမင်း စိုးရိမ်နေသည့်အလားပင်။

သို့သော် လျိုဟွား ပြောခဲ့သည်များက ဝူရှန်း၏နားထဲသို့ ရောက်လာသောအခါ သူ့ကို ပို၍ဒေါသထွက်စေခဲ့သည်။

ထိုစကားများက ဘယ်လိုလုပ် ဝူရှန်းအတွက် သနားတောင်းပန်တာမျိုး ဖြစ်မည်နည်း။ ဆန့်ကျင်ဘက်အနေဖြင့် ရွှီဖန်းကို ဒေါသထွက်စေပြီး ဝူရှန်းအား မြန်မြန်သေစေချင်နေသလိုပင်။

ရွှီဖန်း၏ပါးစပ်ထောင့်ကနေ အပြုံးတစ်ခု ပေါ်လာ၏။ လျိုဟွား၏ရည်ရွယ်ချက်များကို သူ ဘယ်လိုလုပ် မသိဘဲနေမည်နည်း။

လျိုဟွား၏စကားများကြောင့် သူ ဒေါသထွက်သွားချိန်မှာ ဝူရှန်းကို သတ်မိပြီး သူ၏သေခြင်းတရားကို စောင့်ဆိုင်းရလိမ့်မည်။ လျိုမိသားစုက သူ သေသည်အထိ မရပ်ဘဲ နောက်ကလိုက်ရုံတင်မက ဥပဒေအရ သူ အပြစ်ပေးခံရလိမ့်မည်။

သူ မတ်တပ်ရပ်ကာ လျိုဟွားကို ကြည့်၍ လှောင်လိုက်သည်။ 

"လျိုမိသားစုသခင်လေး...ပြိုင်ပွဲမတိုင်ခင်မှာ ရှုံးနိမ့်သူက အနိုင်ရသူကို ဒူးထောက်ပြီး ကိုယ့်ကိုယ်ကိုယ် ဆယ်ချက် ရိုက်ပြရမယ်လို့ ကျွန်တော်တို့ သဘောတူခဲ့ကြတယ်၊ လျိုမိသားစုသခင်လေးက မမေ့သွားဘူး မဟုတ်လား"

ဝူရှန်းက လျိုမိသားစု၏ခွေးတစ်ကောင်သာ ဖြစ်၏။ ရွှီဖန်း တကယ်ရင်ဆိုင်ချင်တာက လျိုဟွားပင်။

ခုံပေါ်မှာ တည်ငြိမ်စွာ ထိုင်နေသော ဝမ်ကောချန်သည် ရွှီဖန်း၏တည်ငြိမ်မှုများကို မြင်သောအခါ သက်ပြင်းချမိသည်။ သူ ရွှီဖန်းအား ပို၍ချီးကျူးလိုသည့်ပုံစံဖြင့် ကြည့်လိုက်မိ၏။

ရွှီဖန်းက ဘာကိုမှ ထည့်မစဉ်းစားဘဲ လုပ်တတ်သူ ဖြစ်ပြီး လျိုဟွား၏လှုံ့ဆော်မှုအား မခံနိုင်မှာကို ဝမ်ကောချန် စိုးရိမ်ခဲ့သည်။ ထိုသို့ဖြစ်ခဲ့လျှင် ဘယ်လောက်ပင် အရည်အချင်းရှိပါစေ သူ့အနာဂတ်က အကန့်အသတ်ရှိလိမ့်မည်။

သို့သော်ငြား သူတို့အချင်းချင်း အထောက်အထားများ လဲလှယ်ခဲ့ရင်တောင်မှ ဝမ်ကောချန်သည် ရွှီဖန်းနေရာမှာ သူသာဆိုလျှင် အခုလို တည်ငြိမ်နိုင်မည်မဟုတ်ပေ။

လူငယ်လေးက မာနကြီး၏။ သူ၏ထူးချွန်သောဆေးပညာစွမ်းရည်များနှင့် ကိုယ်ခံပညာလောက၌ မရှုံးနိမ့်နိုင်မှုများနှင့်ဆိုလျှင် သူက တခြားသူများကို ဘယ်လိုလုပ် မျက်စိထဲ ထည့်မည်နည်း။ သို့သော် ရွှီဖန်းက ဒီလောက်အထိကို တည်ငြိမ်နေသည်။ အလွန်းတည်ငြိမ်လွန်း၍ ကြောက်စရာကောင်း၏။

လူတိုင်းက တိတ်ဆိတ်သွားပြီး ရွှီဖန်းနှင့် လျိုဟွားကို ကြည့်နေကြသည်။

ဒီနေ့ဖြစ်ခဲ့သမျှက သူတို့စိတ်ကူးထားသကဲ့သို့ ရိုးရှင်းပုံမပေါ်ပေ။ ရွှီဖန်းက သေခြင်းတရား၏အဓိပ္ပာယ်ကို မသိသူ မဟုတ်ပေ။ သူ့နည်းလမ်းများက ထူးခြား

၏။ ဒီနေ့ သူ၏လုပ်ဆောင်ချက်များက ကြိုတင်ပြင်ဆင်ထားပုံရသည်။

လျိုမိသားစု၏မျက်နှာဖြစ်သော လျိုဟွားအနေနှင့်လည်း သူ့ရာထူးနှင့်အထောက်အထားရှိနေ၏။

ဒီလိုကြီးမားသောရှိုးပွဲမျိုးကို သူတို့ဘဝမှာ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ဒီနေ့မှာ မတော်တဆဖြင့် ကြုံခဲ့ကြသည်။ ဒါကို သူတို့ ဘယ်လိုလုပ် အလွတ်ခံမည်နည်း။

ရွှီဖန်း၏တည်ငြိမ်မှုကို မြင်တော့ လျိုဟွားကလည်း သူ၏ဟန်ပန်ကို လက်လျှော့လိုက်၏။ သူ ရွှီဖန်းအား ဒေါသထွက်စေလို့ မရပေ။ ထို့အပြင် ဝူရှန်းကိုပါ စော်ကားမိသွားလျှင် သူ့ဒုက္ခသူ ရှာနေသလို ဖြစ်သွားလိမ့်မည်။

"မစ္စတာရွှီ ဒီနေ့ဖြစ်ခဲ့သမျှအရာအားလုံးက ကျွန်တော် လျိုဟွားရဲ့အမှားပါ၊ အစက မစ္စတာရွှီနဲ့ ယှဉ်ပြိုင်စေခဲ့ရတဲ့ အကြောင်းရင်းက သူကနေတဆင့် ဆက်သွယ်ပြီး ကျွန်တော်တို့ရဲ့ခင်မင်ရင်းနှီးမှုကို တိုးစေဖို့ဖြစ်တယ်၊ ဒါပေမဲ့ ကျွန်တော် လျိုဟွားက ပြုစားခံလိုက်ရတယ်...မစ္စတာရွှီနဲ့ လောင်းကြေးထပ်မိတာ ကျွန်တော် လျိုဟွား မှားသွားပါတယ်"

ထိုသို့ပြောရင်း လျိုဟွားသည် ရွှီဖန်းဆီသို့ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

"မစ္စတာရွှီ ကျွန်တော်လျိုဟွားက မစ္စတာရွှီကို တောင်းပန်ဖို့ ဆန္ဒရှိပါတယ်"

ဤသဘောထားက အမှားလုပ်မိသောလူငယ်တစ်ယောက်ကဲ့သို့ပင်။ အလွန်ယဉ်ကျေးပြီး ဘာအမှားမှ ရှာလို့မရပေ။

ပွဲကြည့်နေသည့် လူတိုင်းက အံ့အားသင့်စွာဖြင့် အသက်ရှူရပ်သွားကြလေ၏။ လျိုဟွားက ရွှီဖန်းကို တကယ်ပင် အလျှော့ပေးလိုက်လေပြီ။

မတိုင်ခင်က လူတိုင်းသည် ရွှီဖန်းကို ကြည့်သောအခါ လူပြက်တစ်ယောက်ကဲ့သို့ ကြည့်ခဲ့ကြသည်။ သို့သော် ရွှီဖန်းကတော့ အမြဲတမ်း တည်ငြိမ်နေခဲ့၏။ အခုကြည့်ရတာတော့ သူတို့ကသာ တကယ့်လူပြက်များဖြစ်နေခြင်းပင်။ ရွှီဖန်းက သူတို့ကို အာရုံတောင်မလာပေ။

သူတို့၏မျက်လုံးထဲမှ ကြောက်ရွံ့မှုများနှင့်အတူ လူတိုင်းက ရွှီဖန်းဘက်ကို စိုးရိမ်တကြီး ကြည့်နေကြသည်။ 

လျိုဟွားကို ဖိနှိပ်နိုင်ခဲ့တာကြောင့် ရွှီဖန်းက ကျေနပ်သင့်သည် မဟုတ်ပါလော။

ရွှီဖန်းကတော့ အနည်းငယ်မျက်မှောင်ကြုတ်နေ၏။ ခါးကုန်းထားသောလျိုဟွားကို သူ ရင်ဆိုင်လိုက်ကာ အံ့အားသင့်စရာတစ်ခုကို ပြောလိုက်လေသည်။

"ငါက မင်းအဖေလား"

လက်ရှိအချိန်မှာ လျိုဟွားတင်မကဘဲ တခြားသူများပါ အံ့အားသင့်သွားလေ၏။

ဒီလိုလေးနက်ပြီး လေထုတင်းကျပ်နေသော အခါသမယမှာ အင်အားကြီးမားသောရွှီဖန်းက လျိုဟွားကို အခုလိုမေးခွန်းမျိုး တကယ်ပင် မေးခဲ့သည်။

သူ လျိုဟွားကို အရှက်ရအောင် လုပ်နေတာလား။ လျိုဟွားကို ရန်စပြီး တစ်ဖက်က မသေသေးသရွေ့ အလျှော့မပေးခြင်းက ဘာအကျိုးရှိမည်နည်း။

လူငယ်လေးက အရင်က ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအပေါ်မှာ ဒေါသထွက်နေတုန်းလား။ 

ချထားသင့်သည့်အရာကိုတော့ ချလိုက်ရမည်ပင်။

လျိုဟွားသည် သူ့သွားများကို ကျစ်ကျစ်ပါအောင် ကြိတ်၍ သူ့လက်ဖဝါးထဲသို့ သူ၏ချွန်ထက်သောလက်သည်းများကို ထိုးသွင်းလိုက်မိသည်။ သူ့လက်ဖဝါးကနေ သွေးပါ ကျဆင်းလာ၏။

ဘယ်သူကမှ သူ့အပေါ် ဒီလိုရိုင်းရိုင်းစိုင်းစိုင်း မပြုမူရဲခဲ့ပေ။ 

ဒီအဖြစ်အပျက်ဖြစ်ပြီးနောက် ကြီးမားသောတန်ဖိုးတစ်ခုကို သူ ပေးရလျှင်တောင် သူ ရွှီဖန်းကို သတ်နိုင်သည်အထိ အနားယူမည် မဟုတ်ပေ။

အသက်ပြင်းပြင်းရှူသွင်းပြီးနောက် လျိုဟွားသည် ရွှီဖန်းအား တစ်ခါပြန်၍ လေးစားစွာ ဦးညွှတ်လျက် တိုးတိုးလေး ပြောလိုက်သည်။

"မဟုတ်ပါဘူး"

ရွှီဖန်းက ဟာသတစ်ခုကို ရယ်နေသလို အားပါးတရရယ်လာ၏။

"ငါက မင်းအဖေ မဟုတ်ကတည်းက ငါ့ကို အခုလိုတောင်းပန်တာက ဘာအသုံးဝင်မှာလဲ၊ ခုနက မင်းပဲ ငါ့ကို သတ်ချင်ခဲ့တယ်၊ ဒါပေမဲ့ ငါ အခု မင်းကို ချနင်းထားနိုင်ပြီးမှ ငါ့ကို တောင်းပန်လာတယ်ဆိုတော့ ငါက မင်းကို ခွင့်လွှတ်ရမယ်တဲ့လား"

ရွှီဖန်းက ရပ်တန့်ရန် မကြိုးစားခဲ့ပေ။ သူ့စကားများက လှောင်ပြောင်မှုနှင့် အရှက်ခွဲမှုများ ပြည့်နှက်နေသည်။ ပွဲကျင်းပရာနေရာမှာ ဘယ်သူကမှ အသံမထွက်ရဲကြပေ။ လူတိုင်းသည် ပါးစပ်အဟောင်းသားဖြင့် ရွှီဖန်းကို ကြည့်နေကြ၏။

တောက်! တောက်!

လျိုဟွား၏လက်ထဲကနေ သွေးများ ယိုစိမ့်ကျနေသည်။ တိတ်ဆိတ်နေသောခန်းမထဲတွင် ထိုအသံကို ရှင်းရှင်းလင်းလင်း ကြားနိုင်ပေ၏။ လျိုဟွား၏ နှလုံးသားထဲ၌ ဒေါသများ ပြင်းထန်နေခဲ့သည်။

သူ့ဘက်က အစွမ်းကုန် မတိုက်ခိုက်တော့ပေ။ လျိုဟွားသည် အခု သူ ရွှီဖန်းကို အစွမ်းကုန်တိုက်ခိုက်ပါက သူသာလျှင် အရှက်ရပြီး အဆုံးသတ်ရလိမ့်မည်ဆိုတာကို ရှင်းရှင်းလင်းလင်း သိပေ၏။

"ဒါဆို မင်းက ဘာလိုချင်လို့လဲ"

လျိုဟွားသည် ထိုစကားများအား သူ့လည်ချောင်းထဲကနေ အားကိုးရာမဲ့စွာ ညှစ်ထုတ်လိုက်ရသည်။ လူတိုင်းမှာ အဆုံးမရှိသော သတ်ဖြတ်လိုစိတ်ကို ထိုအသံကနေတဆင့် ကြားနေရ၏။

ရွှီဖန်း၏အပြုံးက လုံးဝလျော့မသွားပေ။ သူ့လက်ညှိုးကို ဆန့်ထုတ်ကာ ညင်သာစွာ ရယ်မောလိုက်သည်။  

"မင်းမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်၊ ပထမရွေးချယ်မှုက ဒူးထောက်ပြီး ငါ့ကို အဖေလို့ ခေါ်လိုက်...မင်းရဲ့အဖေ ဖြစ်လာပြီးနောက်မှာတော့ သားဖြစ်သူက ဘယ်လောက်ပဲ ရိုင်းစိုင်းပါစေ မင်းအဖေတစ်ယောက်အနေနဲ့ ငါ မင်းကို ခွင့်လွှတ်ပေးမှာပါ"

လျိုဟွား၏အသံက အက်ရှနေပြီး သူ့ဒေါသကို ဖိနှိပ်ထားလေ၏။ 

"ဒုတိယနည်းကရော"

ကွင်းထဲမှာရှိသောလူတိုင်းသည် သူတို့၏အသက်ရှူနှုန်းကို ထိန်းထားကာ စင်မြင့်ပေါ်ရှိ နတ်ဆိုးတစ်ပါးကဲ့သို့ ရွှီဖန်းအား တိတ်တဆိတ် ကြည့်နေကြသည်။

ရွှီဖန်း၏မျက်နှာပေါ်မှ တည်ငြိမ်သောအမူအရာကို ကြည့်ရင်း လူတိုင်းသည် မတိုင်ခင်က အလွန်ကို ဂုဏ်သိက္ခာရှိပြီး အမြင့်ဆုံးအဆင့်မှာရှိသော လျိုမိသားစုသခင်လေးက တစ်ကယ်တမ်းကျ ဘာမှမထူးခြားဘူးဆိုသည့် စိတ်ကူးတစ်ခုကို ရုတ်တရက် ရသွားကြ၏။

"ဒုတိယရွေးချယ်မှုက..."

ရွှီဖန်း အနည်းငယ် ပြုံးလိုက်သည်။

"ဒါပေါ့... ငါတို့ရဲ့ အရင်သဘောတူညီချက်ကို ဖြည့်ဆည်းပေးဖို့ပဲ၊ မင်းနဲ့ မင်းရဲ့မစ္စတာဝူက မြေကြီးပေါ်မှာ ဒူးထောက်ပြီး မင်းတို့ကိုယ်မင်းတို့ ဆယ်ချက် ရိုက်ရမယ်၊ ဒါပေမဲ့ မစ္စတာဝူရဲ့ လက်ရှိအခြေအနေကို ကြည့်ရတာတော့ သဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်ဖို့ နည်းလမ်းမရှိတော့တဲ့ပုံပဲ၊ ဒါကြောင့် လျိုမိသားစုသခင်လေးက မစ္စတာဝူရဲ့နေရာကို ယူပေးရမှာပေါ့"

လျိုဟွားသည် သူ့ခေါင်းကို မြှောက်ကာ နတ်ဆိုးကဲ့သို့ ရွှီဖန်းအား စိုက်ကြည့်လာ၏။ မသိမသာဖြင့် သူ့မျက်လုံးများက သွေးနီရောင် ပြောင်းသွားခဲ့လေပြီ။

ရွှီဖန်းက လျိုဟွားကို အဆုံးစွန်ထိ တွန်းပို့ခဲ့သည်။ လွတ်မြောက်ရန် လမ်းမရှိတော့ပေ။

နောက်ခံအရလည်း အကြီးအကဲဝမ်က ခုံပေါ်မှာ တည်ငြိမ်သောအမူအရာဖြင့် ထိုင်နေလေ၏။ လျိုမိသားစုတစ်ခုလုံးဆိုရင်တောင်မှ အကြီးအကဲဝမ်၏အာဏာနှင့် နှိုင်းယှဉ်လျှင် သိပ်မကြီးပေ။

ကိုယ်ခံပညာစွမ်းအားနှင့် နှိုင်းယှဉ်လျှင် လျိုဟွား၏အားကိုးရာဖြစ်သောမစ္စတာဝူအား ရွှီဖန်းက ခွေးသေကောင်လိုမျိုး နင်းထားလေသည်။

ဖြေရှင်းရန် နည်းလမ်းမရှိတော့ပေ။

သွေးစွန်းနေသည့် မျက်လုံးများဖြင့် လျိုဟွားသည် သူ့ခြေထောက်များကို ဆွဲကာ ရွှီဖန်းဆီသို့ တစ်လှမ်းချင်းစီ လျှောက်သွားလိုက်၏။ 

သူ လျိုဟွားက ချန်ဟိုင်းခရီးစဉ်မှာ လုံးဝကို ရှုံးနိမ့်ခဲ့ရသည်။

ဒုန်း!

လျိုဟွားက ရွှီဖန်းဆီသို့ လျှောက်သွားကာ ခေါင်းငုံ့လျက် ရွှီဖန်းအရှေ့မှာ လေးလံစွာဖြင့် ဒူးထောက်ချလိုက်လေ၏။

*******************

All Chapters