← Chapters

ခြေကုန်လက်ပန်းကျခြင်း

Vol. 29 Ch. 427

ခြေကုန်လက်ပန်းကျခြင်း

Vol. 29 Ch. 427

မွေးကတည်းက လျိုဟွားသည် ဘယ်သူ့ရှေ့မှာမှ ဒူးထောက်ဖူးခြင်း မရှိခဲ့ပေ။ အခုလို သနားစရာကောင်းသောအခြေအနေမျိုးက ပို၍တောင် မရှိခဲ့ပေ။

နှစ်၂၀ ကျော်ကြာရှိခဲ့သည့် သူ၏ဂုဏ်သိက္ခာ၊ သူ၏မာန၊ သူ၏ထောင်လွှားမှုများအားလုံးက လေထဲတွင် မီးခိုးကဲ့သို့ ပျောက်ကွယ်သွားလေပြီ။

ဖြောင်း! ဖြောင်း! ဖြောင်း!

လျိုဟွား၏မျက်လုံးများက သွေးနီရောင်ဖြစ်နေပြီး ရွှီဖန်းအား ပါးစပ်အဟောင်းသားဖြင့် ကြည့်နေသည်။ သူ့မျက်နှာပေါ်မှာ ရူးသွပ်နေသောအမူအရာနှင့်အတူ သူ့ကိုယ်သူ အကြိမ်ကြိမ်ရိုက်နေလေ၏။

ထိုအမူအရာက ရှင်းပေသည်။ 

ဒီနေ့ပြီးနောက်မှာ ဘယ်သူပဲဖြစ်ဖြစ် မင်းကို ကာကွယ်ပေးနိုင်တော့မှာ မဟုတ်ဘူး...ရွှီဖန်း!

မင်း ရွှီဖန်းက မြေမြှုပ်စရာနေရာတောင် မရှိဘဲ သေဆုံးရလိမ့်မယ်!

လူအုပ်ကြီးထဲရှိ မရေတွက်နိုင်သောလူများသည် သူ့ကိုယ်သူ ရူးသွပ်စွာ ရိုက်နှက်နေသော လျိုဟွားကို ကြည့်နေကြ၏။ တစ်စုံတစ်ယောက်က သူတို့ကို လည်ပင်းညှစ်ထားသကဲ့သို့ သူတို့ စကားမပြောနိုင်ဖြစ်နေကြသည်။

ဒီနေ့ ဒီအချိန်မှာပင် သူတို့ထက် အဆင့်အတန်း ပိုမြင့်သော လျိုဟွားက မြေကြီးပေါ်မှာ ဒူးထောက်ပြီး သူ့ကိုယ်သူ ရူးသွပ်စွာ ရိုက်နှက်နေတာကို ကံကောင်းထောက်မစွာဖြင့် မြင်ခွင့်ရခဲ့၏။

ဒါဟာ ကံကောင်းခြင်းလား ကံဆိုးခြင်းလားဆိုတာကို ဘယ်သူမှ မသိကြပေ။

လူတိုင်းက လျိုမိသားစုသခင်လေး ရူးမသွားရန် ဆုတောင်းနေကြသည်။ သူ ရူးသွားရင်တောင်မှ သူတို့အပေါ် ထိုဒေါသကို မထုတ်ဖော်ရန် ဆုတောင်းနေကြ၏။

သူတို့ ဒီကပ်ဆိုးမှာ နည်းနည်းလေးပဲ ပါသွားရင်တောင်မှ ကြီးမားပြီး ကြောက်စရာကောင်းသော လျိုမိသားစုကြောင့် သူတို့ သေဆုံးရသည့်အခါ မြေမြှုပ်စရာနေရာတောင် မရှိဘဲ သေဆုံးနိုင်လေသည်။

ဖြောင်း! ဖြောင်း! ဖြောင်း!

လျိုဟွားသည် နောက်ဆုံးမှာ သူ့ကိုယ်သူ အကြိမ် ၂၀ရိုက်ပြီးနောက် ယိုင်နဲ့စွာဖြင့် မတ်တပ်ရပ်လာ၏။ သွေးနီရောင်မျက်လုံးများဖြင့် ရွှီဖန်းကို မော့ကြည့်ကာ မကောင်းဆိုးဝါးလို ပြုံးပြလာသည်။

ဘယ်သူပင်ဖြစ်ပါစေ လျိုဟွား၏ ရွှီဖန်းအပေါ် ထားရှိသော သတ်ဖြတ်လိုစိတ်ကို မတားဆီးနိုင်တော့ပေ။

ရွှီဖန်းက မြေကြီးပေါ် ဒူးထောက်ချပြီး သူ့ကိုယ်သူ အကြိမ် ၂၀၀၀၀ ရိုက်ခဲ့ရင်တောင် သူ့နှလုံးသားထဲက ဒေါသကို မငြိမ်းသက်နိုင်ပေ။

ရွှီဖန်းက သေရမည်ပင်။

ရွှီဖန်းသည် ကြောက်စရာကောင်းပုံပေါက်နေသော လျိုဟွားကို ကြည့်ကာ အနည်းငယ် ပြုံး၍ နောက်တစ်ခါ အေးစက်စွာ ပြောလိုက်၏။

"ဒူးထောက်"

လျိုဟွားတင်မက လူတိုင်းက ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

သူ ဒူးထောက်ပြီးပြီ မဟုတ်ဘူးလား။

ဘာလို့ လျိုဟွားက ဒူးထောက်ဖို့ လိုနေသေးတာလဲ။

လျိုဟွားက အရူးတစ်ယောက်လိုမျိုး ရွှီဖန်းကို အသံခပ်အက်အက်ဖြင့် အော်ဟစ်လာ၏။

"ဘာလို့ ငါ့ကို ဒူးထောက်ခိုင်းနေတာလဲ၊ မင်း ပြောခဲ့တဲ့စကားကို မင်းကိုယ်တိုင်က မတည်ဘူး!"

လက်ရှိအချိန်တွင် လျိုဟွားသည် သူ့စိတ်ကို လုံးဝဆုံးရှုံးလုနီးပါး ဖြစ်နေလေပြီ။

ရွှီဖန်း ပြုံးလိုက်ကာ အရူးလိုဖြစ်နေသော လျိုဟွားကို ကြည့်၍ ပေါ့ပေါ့ပါးပါးပင် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူက ကောင်းမွန်သောရည်ရွယ်ချက်ကို ပြသနေသကဲ့သို့ လျိုဟွားကို ရှင်းပြလိုက်၏။

"မင်း ငါ့ကို အထင်လွဲနေပြီ၊ ငါက ဘယ်လိုလုပ်ပြီး ကိုယ့်စကားကိုယ် မတည်ဘဲ နေမှာလဲ၊ ခုနက မင်း ဒူးထောက်ပြီး မင်းကိုယ်မင်း ရိုက်ခဲ့တာက ငါတို့ရဲ့ အရင်လောင်းကြေးကြောင့်ပဲ"

ဒီလိုပြောပြီးနောက် ရွှီဖန်း၏လေသံက ပြောင်းသွားသည်။

"ဒါပေမဲ့ မင်းရဲ့မျက်လုံးတွေက ငါ့ကို စိတ်မပျော်မရွှင် ဖြစ်စေတယ်၊ ဒါကြောင့် မင်းကို ဒူးထောက်ခိုင်းပြီး မင်းကိုယ်မင်း အကြိမ် ၂၀ ထပ်ရိုက်ခိုင်းဖို့ ငါ ဆုံးဖြတ်လိုက်တယ်၊ ဒါမှပဲ မစ္စတာဝူကို မင်းဆီ ပြန်ပေးနိုင်မယ်"

ရွှီဖန်း၏စကားများက လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေ၏။

ပွဲထဲရှိ လူတိုင်းမှာ လေအေးတစ်ချက်ကို ရှူသွင်းလိုက်မိကြသည်။

မတိုင်ခင်က သူတို့သည် ရွှီဖန်းက ပေါ့ဆပြီး လျိုမိသားစုသခင်လေးကို စိန်ခေါ်ရန် သူ့ကိုယ်သူ အလွန်အထင်ကြီးနေသည်ဟု အမြဲခံစားခဲ့ရ၏။ သို့သော် အခုတော့ ရွှီဖန်းက လျိုဟွားကို မြေကြီးပေါ် ရိုက်ချကာ ရက်ရက်စက်စက် အရှက်ခွဲတော့မည့်ပုံပေါ်သည်။

ရွှီဖန်းက လျိုဟွား သို့မဟုတ် လျိုမိသားစုကို သူ့မျက်လုံးထဲ ထည့်ထားပုံမပေါ်ပေ။

လျိုဟွားကတော့ သူ့နှုတ်ခမ်းများကို သွေးထွက်သည်အထိ ကိုက်ထားပြီးလေပြီ။

ဒီအဖြစ်အပျက်မတိုင်ခင်ကလည်း လျိုဟွားသည် ရွှီဖန်းက မာနကြီးနေသည်ဟု တွေးခဲ့၏။ သို့သော် အခုတော့ တကယ် မာနကြီးသူမှာ သူ ဖြစ်နေပုံရသည်။

သူ ဝူရှန်း၏တိုက်ခိုက်ရေးစွမ်းအားအပေါ်မှာ အများကြီး အားကိုးခဲ့၏။ ဝူရှန်းတစ်ယောက်တည်းကို သူ ခေါ်လာပြီး ပွဲကို တည်ငြိမ်စွာ တက်ရောက်ခဲ့သည်။ အခု ဝူရှန်းက မြေပြင်ပေါ် လဲကျသွားသည့်အခါ သူ့မှာ အားကိုးစရာ ဘယ်သူမှ မရှိတော့ပေ။

"ရွှီဖန်း အရမ်းမလွန်လာနဲ့!"

ထိုစကားက သူ့သွားများကြားကနေ ညှစ်ထုတ်လိုက်သလိုမျိုး အေးစက်သောလေအေးကို 

ယူဆောင်လာလေ၏။

သို့သော်ငြား အခုလိုအခြေအနေတွင် ဘယ်လိုပင်ကြည့်ကြည့် ထိုစကားက အားနည်းလွန်းသည်။ ထွက်ပြေးချင်နေသည့် လူတစ်ယောက်ကဲ့သို့ပင် လျိုဟွားသည် သူ့၏နောက်ဆုံးအခြေအနေကို ရောက်နေလေပြီ။

ရွှီဖန်း ပြုံးလိုက်ကာ ဝူရှန်း၏ခြေထောက်ကို နင်းလိုက်၏။ ဝူရှန်း၏သွေးကြောများက ဖောင်းကြွလာပြီး သူ့အမူအရာက ရူးသွပ်တော့မလို တွန့်လိမ်သွားလေသည်။ နဖူးပေါ်ကနေ ချွေးများစီးကျလာပြီးကြီးမားသောနာကျင်မှုကို ခံစားနေရသလိုပင်။ သို့သော်ငြား သူက အသံမထွက်ခဲ့ပေ။

ရွှီဖန်းက ဝူရှန်း၏သွေးကြောများကို ပိတ်ထားပြီးသား ဖြစ်၏။ လက်ရှိအချိန်မှာ ဝူရှန်းသည် ကြမ်းပြင်ပေါ်မှာ သေလုနီးပါး ဖြစ်နေလေပြီ။

လျိုဟွား လက်မလျှော့သေးတာကို မြင်သောအခါ ရွှီဖန်းက ဘာမှမပြောခဲ့ပေ။ သူ့မျက်နှာပေါ်မှ အေးစက်သောအပြုံးနှင့်အတူ သူ ထပ်နင်းချလိုက်သည်။ ဒီတစ်ခါမှာတော့ ဝူရှန်း၏ကျန်သည့် ခြေတစ်ဖက်ကို နင်းလိုက်ခြင်းပင်။

ခုနက ဝူရှန်း၏လက်မောင်းများကို ရွှီဖန်းက ချိုးခဲ့လေ၏။ ဒီအချိန်မှာ သူ့ခြေထောက်နှစ်ဖက်စလုံးကို ရွှီဖန်းက စကားပြောရင်း ရယ်မောလျက် မသန်မစွမ်းဖြစ်စေခဲ့သည်။

ဝူရှန်းကို ကယ်ဆယ်ပြီး သူ့ခြေထောက်များနှင့် လက်မောင်းများကို ပြန်ဆက်နိုင်ခဲ့ရင်တောင်မှ သူ၏တိုက်ခိုက်ရေးစွမ်းအားက အနာဂတ်မှာ အများကြီး လျော့နည်းသွားလိမ့်မည်။ ပြန်ကောင်းရန် စဉ်းတောင် မစဉ်းစားလေနှင့်။

"ရွှီဖန်း!"

လျိုဟွားက နောက်ဆုံးမှာတော့ ရွှီဖန်းကို ရူးသွပ်စွာ အော်ဟစ်လာလေ၏။ ထို့နောက်မှာ သူသည် သူ၏နှိုင်းယှဉ်၍မရအောင် မောက်မာသော ဦးခေါင်းကို လေးနက်စွာ ငုံ့လျက်​ ပြောလိုက်သည်။

"ငါ ဒူးထောက်ပါ့မယ်"

ဒုန်း!

လျိုဟွားသည် ရွှီဖန်း၏ခြေထောက်များရှေ့မှာ တစ်ခါပြန်၍ ဒူးထောက်ခဲ့ပြီး သူ့ကိုယ်သူ ရိုက်နှက်တော့၏။

ရွှီဖန်းက လျိုဟွားကို အားဘယ်လောက်ထည့်၍ ရိုက်ရမည်ဟု မပြောခဲ့သော်လည်း လျိုဟွား၏ပါးစပ်ထဲမှာတော့ သွေးများဖြင့် ပြည့်နေခဲ့သည်။

လျိုဟွားသည် သူခံစားခဲ့ရသော ဆုံးရှုံးမှုနှင့် အရှက်ရမှုအတွက် သူ့ကိုယ်သူတောင် ခွင့်မလွှတ်နိုင်ပေ။

ဖြောင်း! ဖြောင်း! ဖြောင်း! ဖြောင်း!

ထိုပါးရိုက်သံက အလွန်ကြည်လင်ပြတ်သားနေပြီး သေလောက်အောင် တိတ်ဆိတ်နေသော ပွဲခင်းတစ်ခုလုံးမှာ ပဲ့တင်သံထပ်နေ၏။ ထိုအသံက ပရိသတ်အားလုံး၏နှလုံးသားထဲကို နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားလေသည်။

မကြာခင်မှာပင် လျိုဟွားက သူ့ကိုယ်သူ အကြိမ် ၂၀ ထပ်ရိုက်ပြီးခဲ့၏။ သို့သော် လျိုဟွားက မရပ်သေးပေ။ ထိုအစား သူ ရွှီဖန်းကို သူ၏သွေးနီရောင် မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်နေပြီး သူ့ကိုယ်သူ အကြိမ်ကြိမ် ရိုက်နှက်နေလေသည်။

ဒီနှုန်းအတိုင်းသာဆိုလျှင် ရွှီဖန်းသာ မတားပါက လျိုဟွားသည် သူ သေသည်အထိ သူ့ကိုယ်သူ ရိုက်နေလိမ့်မည်။

ထိုအရာက လျိုဟွား၏ရွှီဖန်းအပေါ်ထားရှိသော မုန်းတီးမှုပင်။ သူက သူ့သဘောထားကို ပြသရန် ကြိုးစားနေပြီး သူ မသေသရွေ့ ရပ်မည် မဟုတ်ပေ။

လျိုဟွား သတိလစ်တော့မည့်အချိန်မှာ ရွှီဖန်းသည် သူ့အကြည့်ကို ဖြည်းဖြည်းချင်း ပြောင်းလိုက်ပြီး အရူးကဲ့သို့ ဖြစ်နေသော လျိုဟွား၏မျက်နှာကို ကြည့်

လိုက်သည်။

"ထွက်သွား! အခုကစပြီး မင်းတို့လျိုမိသားစုက တစ်နှစ်အတွင်းမှာ ချန်ဟိုင်းကို ထပ်ပြီးခြေချရဲရင် အကျိုးဆက်တွေကို ခံစားရလိမ့်မယ်"

သူ ဝူရှန်း၏တန်ထျန်းကို ကန်လိုက်သောအခါ ဝူရှန်းသည် အရှိန်ပြင်းသည့် ကုန်တင်ကားနှင့် တိုက်မိသကဲ့သို့ လေထဲကို မြင့်မြင့်ပျံတက်သွားလေ၏။ သူ လေထဲမှာပင် လျိုဟွားကို တိုက်မိပြီး လျိုဟွားနှင့်အတူ စင်ပေါ်ကနေ ပျံထွက်သွားသည်။

ဘုန်း!

သူတို့နှစ်ယောက်စလုံး စားပွဲတစ်ခုပေါ်ကို ပြုတ်ကျသွားခဲ့ပြီး သစ်သားစားပွဲအား အစိတ်စိတ်အမြွှာမြွှာ ဖြစ်စေခဲ့၏။

လျိုဟွားသည် ပါးစပ်ကနေ သွေးတစ်ပွက်အန်ထုတ်လိုက်မိပြီး သူ့ပါးစပ်ထောင့်က သွေးများကို သုတ်လိုက်သည်။ သူ ရွှီဖန်းအား သူ၏သွေးနီရောင် မျက်လုံးများဖြင့် ကြည့်ကာ မတ်တပ်ရပ်လိုက်၏။ ထို့နောက် ဝူရှန်းကို တွဲကာ ပွဲကျင်းပရာနေရာကနေ ထွက်သွားခဲ့လေသည်။ 

သူတို့နှစ်ယောက်၏နောက်ကျောကို ကြည့်ရသည်မှာ မယှဥ်သာနိုင်အောင် ဆိုးရွားသော မြင်ကွင်းတစ်ခုကို ကြည့်နေရသကဲ့သို့ပင်။ သူတို့၏မာနကြီးပြီး မောက်မာခဲ့သော အမူအရာများနှင့် ယခုကို နှိုင်းယှဉ်လျှင် ကွာခြားမှုက ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင်။

ပွဲကျင်းပရာနေရာတစ်ခုလုံးက သေလောက်အောင် တိတ်ဆိတ်နေလေ၏။

လူတိုင်း၏ ပါးစပ်များက ပွင့်ဟနေပြီး မျက်လုံးများက ပြူးကျယ်နေသော်လည်း ဘယ်သူကမှ အနည်းငယ်လေးတောင် အသံမထွက်ရဲကြပေ။

လူအုပ်ကြီး၏တုန်လှုပ်နေသောအကြည့်များကို ရင်ဆိုင်ရင်း ရွှီဖန်းသည် သူ့လက်များကို သုံးကာ ပေါ့ပေါ့ပါးပါးလက်ခုပ်တီးလိုက်ပြီးနောက် စင်ပေါ်တက်ခဲ့တုန်းကအတိုင်းပင် ပေါ့ပါးစွာဖြင့် စင်အောက်ကို လျှောက်ဆင်းသွားလိုက်သည်။

သူ စင်ပေါ်တက်ခဲ့သောအခါက လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေခဲ့၏။ ယခု သူ စင်အောက်ကို ဆင်းလာသောအခါ လူအုပ်ကြီးတစ်ခုလုံးက ကြောက်စရာကောင်းစွာ တိတ်ဆိတ်နေလေသည်။

ဝမ်ကောချန်၏ဘေးသို့ ရွှီဖန်း လျှောက်သွားလိုက်လေ၏။ ဝမ်ကောချန်က နောက်ဆုံးမှာတော့ ပြုံးလာသည်။ သူတို့နှစ်ယောက်က အချင်းချင်းနားလည်နေသကဲ့သို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

နောက်ထပ်စကားတစ်ခွန်းမှ မပြောတော့ဘဲ ဝမ်ကောချန်သည် ထရပ်လိုက်ကာ ဝမ်ကျိ၏အကူအညီဖြင့် ပွဲကျင်းပရာနေရာကနေ ထွက်သွားလိုက်သည်။

*************************

All Chapters